Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ေစ်းႀကီးႀကီးေပးရတဲ့ ေပါင္းေဆးေတြမွ ဆံသားေလး လွေအာင္ စြမ္းေဆာင္ႏိုင္တာ မဟုတ္ပါဘူး… သဘာဝအသီးအႏွံေတြကလည္း ေယာင္းဆံသားေလး လွပေပ်ာ့ေပ်ာင္းေနေအာင္ ေဆာင္ရြက္ေပးႏိုင္ပါတယ္…လူတစ္ေယာက္နဲ႔ တစ္ေယာက္ဟာလည္္း ဆံသားခ်င္းက မတူညီၾကတာမို႔ ကိုယ့္ရဲ႕ ဆံသားက ဘယ္လိုအေနအထားလဲ.. ဘယ္လို ျပႆနာေတြရွိေနတာလဲဆိုတာေပၚမူတည္ၿပီး ကိုယ့္ရဲ႕ဆံသား ျပႆနာ နဲ ့ကိုက္ညီမယ့္ ေပါင္းေဆးက ဘာေပါင္းေဆးေလး ျဖစ္မလဲ ဆိုတာကို အက္ဒမင္နဲ ့အတူတူ ရွာပံုေတာ္ ဖြင့္ၾကည့္ၾကရေအာင္….

 အုန္းဆီ ေပါင္းေဆး

အုန္းဆီ (စားပြဲတင္ဇြန္း ၂ ဇြန္း) ၊ သံလြင္ဆီ ( စားပြဲတင္ဇြန္း ၁ ဇြန္း ) တို႔ကို ေရာစပ္ေပးပါ…ဒီဆီကိုေတာ့ ဆံသားအဖ်ားေလးေတြကို အဓိက လိမ္းေပးရမွာပါ… ၿပီးရင္ Shower Cap ေလး ေခါင္းမွာ စြပ္ထားလိုက္ၿပီး ၁၅ မိနစ္ ၊ မိနစ္ ၃၀ ေလာက္ အဲ့အတိုင္းေလး ထားေပးလိုက္ပါ… ၿပီးၿပီ ဆိုရင္ေတာ့ ေခါင္းေလ်ွာ္လို႔ရပါၿပီ… ဒီနည္းလမ္းဟာ ဆံသားေျခာက္ေသြ႕ျခင္းေတြကို ေတာ္ေတာ္ႀကီးကို သက္သာေစၿပီး အုန္းဆီက ပရိုတိန္းဆံုးရံႈးျခင္းကို သက္သာေစတာမို႔ ပ်က္စီးေနတဲ့ ဆံသားေတြကိုပါ ျပန္လည္ကုသေပးႏုိင္သလို သံလြင္ဆီကလည္း ဦးေရျပားရဲ႕ အစိုဓာတ္ကို ထိန္းညွိေပးတာမို႔ ေဗာက္ေတြကို သက္သာေစပါတယ္။

ပ်ားရည္ ေပါင္းေဆး

ပ်ားရည္ခြက္တစ္ဝက္ ၊ သံလြင္ဆီ ( စားပြဲတင္ဇြန္း ၂ ဇြန္း ) တို႔ကို ေရာေႏွာၿပီး အသင့္ျပင္ထားေပးပါ.. ဒီအေရာကို လုပ္ၿပီး ခဏထားထားတဲ့အခ်ိန္မွာ ေခါင္းအရင္ေလွ်ာ္လိုက္ပါ ဆံသားေလးေတြ နည္းနည္း စိုထိုင္းထိုင္းျဖစ္လာတဲ့အထိ အေျခာက္ခံၿပီးရင္ေတာ့ ပ်ားရည္ေပါင္းေဆးကို ဆံသားေလးေတြေပၚမွာ ႏွံ႕စပ္ေအာင္ ေသခ်ာလိုက္လိမ္းေပးၿပီး စိမ့္ဝင္သြားသည္ထိ ႏွိပ္နယ္ေပးပါ… ၁၀မိနစ္ေလာက္ထားျပီး ေရေသခ်ာေဆးခ်ၿပီးရင္ေတာ့ ႏူးညံ့ ေပ်ာ့စင္းေနတဲ့ ဆံသားေလးကို ပိုင္ဆိုင္ ႏိုင္ပါျပီေနာ္… တစ္ခါလုပ္ တစ္ခါသိသာတာမို႔ ဒါလည္း စမ္းၾကည့္ရင္ အက်ိဳးယုတ္မယ္မထင္ပါဘူးေနာ္.. အဓိကကေတာ့ ဆံသားပ်က္စီးတာ ဘာညာ မရွိဘဲ နဂိုေကာင္းၿပီးသားဆံပင္ကိုပဲ ပိုၿပီး ႏူးညံ့ေပ်ာ့ေပ်ာင္းခ်င္တဲ့ ေယာင္းတို႔အတြက္ ဒီနည္းလမ္းက သင့္ေလ်ာ္မွာပါ…

ေထာပတ္သီး ေပါင္းေဆး

ေဖ်ာ္ရည္ေဖ်ာ္စက္ (Blender)ထဲမွာ ေထာပတ္သီးတစ္ဝက္ နဲ႔ ၾကက္ဥအႏွစ္တစ္လံုးနဲ႔ကို ေသခ်ာေၾကသြားေအာင္ ႀကိတ္ေပးပါ… ၿပီးရင္ ဆံပင္အရင္းကေန အဖ်ားအထိ ေသခ်ာလိုက္ လိမ္းေပးၿပီး ၁၀မိနစ္ ၁၅မိနစ္ေလာက္ shower cap ျဖစ္ေစ၊ တဘက္နဲ႔ျဖစ္ေစ ေပါင္းေပးပါ… အခ်ိန္ျပည့္သြားလို႔ ေခါင္းေလွ်ာ္ၿပီးရင္ေတာ့ ဆံပင္အတြက္ လိုအပ္ေနတဲ့ အာဟာရေတြ ျဖည့္ၿပီးသားျဖစ္သြားမွာပါလိမ့္မယ္.. ရလဒ္ပိုေကာင္းခ်င္တယ္ဆိုရင္ေတာ့ ေခါင္းေလွ်ာ္တဲ့ေနရာမွာ ၾကက္သီးေႏြးေရနဲ႔အရင္ေသခ်ာေလွ်ာ္ၿပီး ေနာက္ဆံုး ေရေအးေလး ျပန္ေလာင္းခ်လိုက္ပါ… ဒီနည္းလမ္းကလည္း ေထာပတ္သီးနဲ႔ ၾကက္ဥအႏွစ္အစြမ္းေၾကာင့္ ဆံပင္ကို ေရဓာတ္ျဖည့္ေပးၿပီး ေပ်ာ့ေပ်ာင္းေစကာ ေဗာက္ေတြရွိရင္လည္း သက္သာသြားေစႏုိင္ပါတယ္…

ရွားေစာင္းလက္ပတ္ ေပါင္းေဆး

အလွအပနဲ႔ ပတ္သက္ရင္ ရွားေစာင္းလက္ပတ္က ၿပိဳင္ဘက္ကင္းဆိုတာေတာ့ ေယာင္းတို႔ သိၿပီးသားျဖစ္မွာပါ… ဒီေတာ့ ဆံပင္ေလး ႏူးညံ့ေပ်ာ့ေပ်ာင္းေနေအာင္ ရွားေစာင္းလက္ပတ္ကို ဘယ္လိုသံုးမလဲဆိုတာေလးကို ထပ္ၾကည့္ရေအာင္ေနာ္… ရွားေစာင္းလက္ပတ္ ခြက္ ၄ ပံု ၁ ပံု ၊ သံပုရာသီး တစ္ဝက္ (အရည္) ၊ Argan Oil အနည္းငယ္ တို ့ကို ေရာစပ္လိုက္ပါ… ပထမဆံုး ေခါင္းေလွ်ာ္လိုက္ပါ…ေခါင္းေလွ်ာ္အၿပီး ေပ်ာ့ေဆးသံုးမယ့္ေနရာမွာ သံုးေနက် ေပ်ာ့ေဆး၊ ေပါင္းေဆးကို မသံုးေတာ့ဘဲ ရွားေစာင္းလက္ပတ္ေပါင္းေဆးေလးကိုပဲ ဆံသားအႏွံ႕လိမ္းလုိက္ပါ… ၃ မိနစ္ – ၅ မိနစ္ ေလာက္ ထားျပီးေတာ့ ေခါင္းျပန္ေလွ်ာ္ေပးရင္ေတာ့ အရင္ကနဲ႔လားလားမွမဆိုင္ဘဲ ႏူးညံ့ေပ်ာ့ေပ်ာင္းေနတဲ့ ဆံသားေလးကို ရရွိေစႏုိင္မွာပါ… ဒီနည္းလမ္းကေတာ့ ဆံပင္ေတြ ကၽြတ္လွပါခ်ည္ရဲ႕ဆိုတဲ့ ေယာင္းေယာင္းတို႔နဲ႔ ပိုၿပီးသင့္ေလ်ာ္ပါတယ္ေနာ္…

ပ်ားရည္ ငွက္ေပ်ာသီး ေပါင္းေဆး

ငွက္ေပ်ာသီး တစ္လံုး ၊ ပ်ားရည္ ( စားပြဲတင္ဇြန္း ၁ ဇြန္း ) ၊ သံလြင္ဆီ ( စားပြဲတင္ဇြန္း ၁ ဇြန္း ) ၊ လာဗင္ဒါဆီ ( အနည္းငယ္ ) တို ့ကို ေရာစပ္ေပးပါ…… ေသခ်ာ သမေအာင္ ေရာေပးဖို ့နည္းနည္းေတာ့ လက္ဝင္ေပမယ့္ သမေအာင္ေရာမွပဲ အေကာင္းဆံုး ရလဒ္ကို ရမွာမို႔ စိတ္ရွည္လက္ရွည္သာ ေရာေပးပါေနာ္… ဘာမွမလုပ္ရေသးတဲ့ ဆံပင္ေပၚ ေပါင္းေဆးကို ဒီတုိင္းလိမ္းေပးလို႔ရသလို ဆံပင္ကို နည္းနည္းစိုထိုင္းထိုင္းျဖစ္ေအာင္လုပ္ၿပီးမွ လိမ္းေပးလည္းရပါတယ္..  အေကာင္းဆံုးရလဒ္ကို ရဖို႔ကေတာ့ ထံုးစံအတုိင္း လိမ္းတဲ့အခ်ိန္ ေသခ်ာစိမ့္ဝင္သြားေအာင္ ဦးေရျပားကို ညင္ညင္သာသာေလး ႏွိပ္နယ္ေပးဖို႔လိုပါတယ္… shower capနဲ႔ ၁၅ မိနစ္ေလာက္ စြပ္ေပးထားၿပီးေတာ့ ေရေသခ်ာ ျပန္ေဆးခ်ေပးပါ…ဒီနည္းလမ္းကိုေတာ့ ေနေရာင္ေၾကာင့္ ဆံသားအရမ္း ပ်က္စီးေနၿပီး အစိုဓာတ္ အရမ္းလိုအပ္ေနတဲ့ ဆံသားေတြအတြက္ အသံုးျပဳသင့္ပါတယ္…

ႏြားႏို ့ပ်ားရည္ ေပါင္းေဆး

ႏြားႏို ့ခြက္ တစ္ဝက္ ၊ ပ်ားရည္ လက္ဖက္ရည္ဇြန္း ၁ ဇြန္းတို႔ကို ေရာစပ္လိုက္ပါ… ေရာတဲ့ေနရာမွာ ႏြားႏို ့ကို အပူခ်ိန္ နည္းနည္းနဲ ့အပူေပးၿပီးေတာ့ ပ်ားရည္ေပ်ာ္ဝင္သြားသည္ထိ ေသခ်ာေမႊေပးၿပီး ေရာဖို႔လုိပါတယ္… ၿပီးရင္ေတာ့ Spray ျဖန္းတဲ့ ဘူးေလး ထဲကို ထည့္ျပီးေတာ့ ဆံသားေတြေပၚမွာ ႏွံ႕စပ္ေအာင္ လိုက္ျဖန္းေပးပါ… မ်က္ႏွာသုတ္ပုဝါ ဒါမွမဟုတ္ shower capေလး စြပ္ၿပီးေတာ့ မိနစ္ ၂၀ – ၃၀ ေလာက္ ထားလိုက္ပါ.. အခ်ိန္ျပည့္သြားလို႔ ေရေဆးခ်ၿပီးတဲ့အခါ ေပ်ာ့ေပ်ာင္းျပီးေတာ့ လွပတဲ့ ဆံသားေလးကို လက္ေတြ႕ျမင္ေတြ႕ရမွာပါ… ဒါလည္း ေနေရာင္နဲ႔ ထိေတြ႕တာမ်ားၿပီး ေျခာက္ေသြ႕ပ်က္စီးေနတဲ့ ဆံပင္ေတြကို အစိုဓာတ္ျဖည့္ေပးဖို႔နဲ႔ ျပန္လည္ျပဳျပင္ဖို႔ အေတာ္ကို အသံုးဝင္တဲ့ နည္းလမ္းေလးပါ…

ေထာပတ္သီး အုန္းႏို ့ေပါင္းေဆး

ေထာပတ္သီးတစ္လံုး ၊ အုန္းႏို ့ခြက္ တစ္ဝက္ ၊ သံလြင္ဆီ စားပြဲတင္ဇြန္း ၁ ဇြန္း ၊ ပ်ားရည္ စားပြဲတင္ ဇြန္း ၁ ဇြန္း ( မထည့္လည္းရပါတယ္ ) တို ့ကို သမေအာင္ ေရာေႏွာေပးပါ…ဦးေရျပားနဲ႔ ဆံပင္ေတြမွာ ႏွံ႕စပ္ေအာင္လိမ္းေပးၿပီး  မ်က္ႏွာသုတ္ ပုဝါကိုနဲ႔ ေခါင္းမွာပတ္ၿပီး ေပါင္းထားေပးလိုက္ပါ… မိနစ္ ၂၀ – ၃၀ ေလာက္ၾကာလာရင္ေတာ့ ေျဖခ်ၿပီး ေခါင္းေလွ်ာ္လိုက္ပါ…ဒီေပါင္းတင္ေဆးကေတာ့ ေျခာက္ေသြ႕ၿပီးေတာ့ ၾကမ္းတမ္းေနတဲ့ ဆံသားေတြ ကို ျပန္လည္လွပလာေစၿပီး အံ့ၾသစရာေကာင္းေလာက္ေအာင္ ႏူးညံ့ေတာက္ပလာေအာင္ လုပ္ေပးႏုိင္ပါတယ္…

    ႏြားႏို ့ငွက္ေပ်ာသီး ေပါင္းေဆး

ငွက္ေပ်ာသီးတစ္လံုး နဲ႔ ႏြားႏို ့အနည္းငယ္တို႔ကို ေရာစပ္ေပးပါ… ပ်ားရည္ ( စားပြဲတင္ဇြန္း ၁ ဇြန္း ) နဲ႔ ဗာဒံဆီ ( စားပြဲတင္ဇြန္း ၁ ဇြန္း ) ေတြ အလြယ္တကူရွိလို႔ ေပါင္းထည့္ခ်င္တယ္ဆိုလည္း ထည့္ေပးလို႔ရပါတယ္… ေရာတဲ့ေနရာမွာ ေဖ်ာ္ရည္ေဖ်ာ္စက္ထဲ ထည့္ေရာတာက ပိုေကာင္းပါတယ္.. ေခါင္းမေလွ်ာ္ခင္ နာရီဝက္ေလာက္ႀကိဳျပီး ဒီအေရာကို လိမ္းထားေပးပါ…ေခါင္းေလွ်ာ္တဲ့အခ်ိန္မွာေတာ့ အေပၚမွာေျပာခဲ့သလို ၾကက္သီးေႏြးေရေလးနဲ႔ ေလွ်ာ္ေပးတာက ပိုေကာင္းတဲ့ ရလဒ္ကိုရေစပါတယ္.. ဒီနည္းလမ္းကေတာ့ ေယာင္းတို႔ရဲ႕ဆံသားကို ပိုးသားလို ႏူးညံ့ေစၿပီး ေတာက္ေျပာင္ေခ်ာမြတ္ေနေစမွာပါ…

ဒီနည္းလမ္းေတြနဲ႔ဆို ဆံသားေတြလွပေနဖုိ႔ ပိုက္ဆံေတြ အမ်ားႀကီးသံုးေနစရာမလိုေတာ့ဘူးေနာ္… အလြယ္တကူလည္းရွာလို႔ရတယ္.. သံုးၾကည့္ရင္လည္း တကယ္ကို သိသာတဲ့နည္းလမ္းေလးေတြဆိုေတာ့ ကဲ.. ဘာလိုေသးလဲေနာ္…

ခ်စ္ရတဲ့ ေယာင္းေလးေတြ ဆံသားလွလွေလးေတြကို ပိုင္ဆိုင္ႏိုင္ၾကပါေစေနာ္….

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Akari ( For Her Myanmar )

# Unicode Version ျဖင့္ ဖတ္ပါ #

ဈေးကြီးကြီးပေးရတဲ့ ပေါင်းဆေးတွေမှ ဆံသားလေး လှအောင် စွမ်းဆောင်နိုင်တာ မဟုတ်ပါဘူး… သဘာဝအသီးအနှံတွေကလည်း ယောင်းဆံသားလေး လှပပျော့ပျောင်းနေအောင် ဆောင်ရွက်ပေးနိုင်ပါတယ်…လူတစ်ယောက်နဲ့ တစ်ယောက်ဟာလည်း ဆံသားချင်းက မတူညီကြတာမို့ ကိုယ့်ရဲ့ ဆံသားက ဘယ်လိုအနေအထားလဲ.. ဘယ်လို ပြဿနာတွေရှိနေတာလဲဆိုတာပေါ်မူတည်ပြီး ကိုယ့်ရဲ့ဆံသား ပြဿနာ နဲ့ကိုက်ညီမယ့် ပေါင်းဆေးက ဘာပေါင်းဆေးလေး ဖြစ်မလဲ ဆိုတာကို အက်ဒမင်နဲ့အတူတူ ရှာပုံတော် ဖွင့်ကြည့်ကြရအောင်….

 အုန်းဆီ ပေါင်းဆေး

အုန်းဆီ (စားပွဲတင်ဇွန်း ၂ ဇွန်း) ၊ သံလွင်ဆီ ( စားပွဲတင်ဇွန်း ၁ ဇွန်း ) တို့ကို ရောစပ်ပေးပါ…ဒီဆီကိုတော့ ဆံသားအဖျားလေးတွေကို အဓိက လိမ်းပေးရမှာပါ… ပြီးရင် Shower Cap လေး ခေါင်းမှာ စွပ်ထားလိုက်ပြီး ၁၅ မိနစ် ၊ မိနစ် ၃၀ လောက် အဲ့အတိုင်းလေး ထားပေးလိုက်ပါ… ပြီးပြီ ဆိုရင်တော့ ခေါင်းလျှော်လို့ရပါပြီ… ဒီနည်းလမ်းဟာ ဆံသားခြောက်သွေ့ခြင်းတွေကို တော်တော်ကြီးကို သက်သာစေပြီး အုန်းဆီက ပရိုတိန်းဆုံးရှုံးခြင်းကို သက်သာစေတာမို့ ပျက်စီးနေတဲ့ ဆံသားတွေကိုပါ ပြန်လည်ကုသပေးနိုင်သလို သံလွင်ဆီကလည်း ဦးရေပြားရဲ့ အစိုဓာတ်ကို ထိန်းညှိပေးတာမို့ ဗောက်တွေကို သက်သာစေပါတယ်။

ပျားရည် ပေါင်းဆေး

ပျားရည်ခွက်တစ်ဝက် ၊ သံလွင်ဆီ ( စားပွဲတင်ဇွန်း ၂ ဇွန်း ) တို့ကို ရောနှောပြီး အသင့်ပြင်ထားပေးပါ.. ဒီအရောကို လုပ်ပြီး ခဏထားထားတဲ့အချိန်မှာ ခေါင်းအရင်လျှော်လိုက်ပါ ဆံသားလေးတွေ နည်းနည်း စိုထိုင်းထိုင်းဖြစ်လာတဲ့အထိ အခြောက်ခံပြီးရင်တော့ ပျားရည်ပေါင်းဆေးကို ဆံသားလေးတွေပေါ်မှာ နှံ့စပ်အောင် သေချာလိုက်လိမ်းပေးပြီး စိမ့်ဝင်သွားသည်ထိ နှိပ်နယ်ပေးပါ… ၁၀မိနစ်လောက်ထားပြီး ရေသေချာဆေးချပြီးရင်တော့ နူးညံ့ ပျော့စင်းနေတဲ့ ဆံသားလေးကို ပိုင်ဆိုင် နိုင်ပါပြီနော်… တစ်ခါလုပ် တစ်ခါသိသာတာမို့ ဒါလည်း စမ်းကြည့်ရင် အကျိုးယုတ်မယ်မထင်ပါဘူးနော်.. အဓိကကတော့ ဆံသားပျက်စီးတာ ဘာညာ မရှိဘဲ နဂိုကောင်းပြီးသားဆံပင်ကိုပဲ ပိုပြီး နူးညံ့ပျော့ပျောင်းချင်တဲ့ ယောင်းတို့အတွက် ဒီနည်းလမ်းက သင့်လျော်မှာပါ…

ထောပတ်သီး ပေါင်းဆေး

ဖျော်ရည်ဖျော်စက် (Blender)ထဲမှာ ထောပတ်သီးတစ်ဝက် နဲ့ ကြက်ဥအနှစ်တစ်လုံးနဲ့ကို သေချာကြေသွားအောင် ကြိတ်ပေးပါ… ပြီးရင် ဆံပင်အရင်းကနေ အဖျားအထိ သေချာလိုက် လိမ်းပေးပြီး ၁၀မိနစ် ၁၅မိနစ်လောက် shower cap ဖြစ်စေ၊ တဘက်နဲ့ဖြစ်စေ ပေါင်းပေးပါ… အချိန်ပြည့်သွားလို့ ခေါင်းလျှော်ပြီးရင်တော့ ဆံပင်အတွက် လိုအပ်နေတဲ့ အာဟာရတွေ ဖြည့်ပြီးသားဖြစ်သွားမှာပါလိမ့်မယ်.. ရလဒ်ပိုကောင်းချင်တယ်ဆိုရင်တော့ ခေါင်းလျှော်တဲ့နေရာမှာ ကြက်သီးနွေးရေနဲ့အရင်သေချာလျှော်ပြီး နောက်ဆုံး ရေအေးလေး ပြန်လောင်းချလိုက်ပါ… ဒီနည်းလမ်းကလည်း ထောပတ်သီးနဲ့ ကြက်ဥအနှစ်အစွမ်းကြောင့် ဆံပင်ကို ရေဓာတ်ဖြည့်ပေးပြီး ပျော့ပျောင်းစေကာ ဗောက်တွေရှိရင်လည်း သက်သာသွားစေနိုင်ပါတယ်…

ရှားစောင်းလက်ပတ် ပေါင်းဆေး

အလှအပနဲ့ ပတ်သက်ရင် ရှားစောင်းလက်ပတ်က ပြိုင်ဘက်ကင်းဆိုတာတော့ ယောင်းတို့ သိပြီးသားဖြစ်မှာပါ… ဒီတော့ ဆံပင်လေး နူးညံ့ပျော့ပျောင်းနေအောင် ရှားစောင်းလက်ပတ်ကို ဘယ်လိုသုံးမလဲဆိုတာလေးကို ထပ်ကြည့်ရအောင်နော်… ရှားစောင်းလက်ပတ် ခွက် ၄ ပုံ ၁ ပုံ ၊ သံပုရာသီး တစ်ဝက် (အရည်) ၊ Argan Oil အနည်းငယ် တို့ကို ရောစပ်လိုက်ပါ… ပထမဆုံး ခေါင်းလျှော်လိုက်ပါ…ခေါင်းလျှော်အပြီး ပျော့ဆေးသုံးမယ့်နေရာမှာ သုံးနေကျ ပျော့ဆေး၊ ပေါင်းဆေးကို မသုံးတော့ဘဲ ရှားစောင်းလက်ပတ်ပေါင်းဆေးလေးကိုပဲ ဆံသားအနှံ့လိမ်းလိုက်ပါ… ၃ မိနစ် – ၅ မိနစ် လောက် ထားပြီးတော့ ခေါင်းပြန်လျှော်ပေးရင်တော့ အရင်ကနဲ့လားလားမှမဆိုင်ဘဲ နူးညံ့ပျော့ပျောင်းနေတဲ့ ဆံသားလေးကို ရရှိစေနိုင်မှာပါ… ဒီနည်းလမ်းကတော့ ဆံပင်တွေ ကျွတ်လှပါချည်ရဲ့ဆိုတဲ့ ယောင်းယောင်းတို့နဲ့ ပိုပြီးသင့်လျော်ပါတယ်နော်…

ပျားရည် ငှက်ပျောသီး ပေါင်းဆေး

ငှက်ပျောသီး တစ်လုံး ၊ ပျားရည် ( စားပွဲတင်ဇွန်း ၁ ဇွန်း ) ၊ သံလွင်ဆီ ( စားပွဲတင်ဇွန်း ၁ ဇွန်း ) ၊ လာဗင်ဒါဆီ ( အနည်းငယ် ) တို့ကို ရောစပ်ပေးပါ…… သေချာ သမအောင် ရောပေးဖို့နည်းနည်းတော့ လက်ဝင်ပေမယ့် သမအောင်ရောမှပဲ အကောင်းဆုံး ရလဒ်ကို ရမှာမို့ စိတ်ရှည်လက်ရှည်သာ ရောပေးပါနော်… ဘာမှမလုပ်ရသေးတဲ့ ဆံပင်ပေါ် ပေါင်းဆေးကို ဒီတိုင်းလိမ်းပေးလို့ရသလို ဆံပင်ကို နည်းနည်းစိုထိုင်းထိုင်းဖြစ်အောင်လုပ်ပြီးမှ လိမ်းပေးလည်းရပါတယ်..  အကောင်းဆုံးရလဒ်ကို ရဖို့ကတော့ ထုံးစံအတိုင်း လိမ်းတဲ့အချိန် သေချာစိမ့်ဝင်သွားအောင် ဦးရေပြားကို ညင်ညင်သာသာလေး နှိပ်နယ်ပေးဖို့လိုပါတယ်… shower capနဲ့ ၁၅ မိနစ်လောက် စွပ်ပေးထားပြီးတော့ ရေသေချာ ပြန်ဆေးချပေးပါ…ဒီနည်းလမ်းကိုတော့ နေရောင်ကြောင့် ဆံသားအရမ်း ပျက်စီးနေပြီး အစိုဓာတ် အရမ်းလိုအပ်နေတဲ့ ဆံသားတွေအတွက် အသုံးပြုသင့်ပါတယ်…

နွားနို့ပျားရည် ပေါင်းဆေး

နွားနို့ခွက် တစ်ဝက် ၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို ရောစပ်လိုက်ပါ… ရောတဲ့နေရာမှာ နွားနို့ကို အပူချိန် နည်းနည်းနဲ့အပူပေးပြီးတော့ ပျားရည်ပျော်ဝင်သွားသည်ထိ သေချာမွှေပေးပြီး ရောဖို့လိုပါတယ်… ပြီးရင်တော့ Spray ဖြန်းတဲ့ ဘူးလေး ထဲကို ထည့်ပြီးတော့ ဆံသားတွေပေါ်မှာ နှံ့စပ်အောင် လိုက်ဖြန်းပေးပါ… မျက်နှာသုတ်ပုဝါ ဒါမှမဟုတ် shower capလေး စွပ်ပြီးတော့ မိနစ် ၂၀ – ၃၀ လောက် ထားလိုက်ပါ.. အချိန်ပြည့်သွားလို့ ရေဆေးချပြီးတဲ့အခါ ပျော့ပျောင်းပြီးတော့ လှပတဲ့ ဆံသားလေးကို လက်တွေ့မြင်တွေ့ရမှာပါ… ဒါလည်း နေရောင်နဲ့ ထိတွေ့တာများပြီး ခြောက်သွေ့ပျက်စီးနေတဲ့ ဆံပင်တွေကို အစိုဓာတ်ဖြည့်ပေးဖို့နဲ့ ပြန်လည်ပြုပြင်ဖို့ အတော်ကို အသုံးဝင်တဲ့ နည်းလမ်းလေးပါ…

ထောပတ်သီး အုန်းနို့ပေါင်းဆေး

ထောပတ်သီးတစ်လုံး ၊ အုန်းနို့ခွက် တစ်ဝက် ၊ သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း ၊ ပျားရည် စားပွဲတင် ဇွန်း ၁ ဇွန်း ( မထည့်လည်းရပါတယ် ) တို့ကို သမအောင် ရောနှောပေးပါ…ဦးရေပြားနဲ့ ဆံပင်တွေမှာ နှံ့စပ်အောင်လိမ်းပေးပြီး  မျက်နှာသုတ် ပုဝါကိုနဲ့ ခေါင်းမှာပတ်ပြီး ပေါင်းထားပေးလိုက်ပါ… မိနစ် ၂၀ – ၃၀ လောက်ကြာလာရင်တော့ ဖြေချပြီး ခေါင်းလျှော်လိုက်ပါ…ဒီပေါင်းတင်ဆေးကတော့ ခြောက်သွေ့ပြီးတော့ ကြမ်းတမ်းနေတဲ့ ဆံသားတွေ ကို ပြန်လည်လှပလာစေပြီး အံ့သြစရာကောင်းလောက်အောင် နူးညံ့တောက်ပလာအောင် လုပ်ပေးနိုင်ပါတယ်…

    နွားနို့ငှက်ပျောသီး ပေါင်းဆေး

ငှက်ပျောသီးတစ်လုံး နဲ့ နွားနို့အနည်းငယ်တို့ကို ရောစပ်ပေးပါ… ပျားရည် ( စားပွဲတင်ဇွန်း ၁ ဇွန်း ) နဲ့ ဗာဒံဆီ ( စားပွဲတင်ဇွန်း ၁ ဇွန်း ) တွေ အလွယ်တကူရှိလို့ ပေါင်းထည့်ချင်တယ်ဆိုလည်း ထည့်ပေးလို့ရပါတယ်… ရောတဲ့နေရာမှာ ဖျော်ရည်ဖျော်စက်ထဲ ထည့်ရောတာက ပိုကောင်းပါတယ်.. ခေါင်းမလျှော်ခင် နာရီဝက်လောက်ကြိုပြီး ဒီအရောကို လိမ်းထားပေးပါ…ခေါင်းလျှော်တဲ့အချိန်မှာတော့ အပေါ်မှာပြောခဲ့သလို ကြက်သီးနွေးရေလေးနဲ့ လျှော်ပေးတာက ပိုကောင်းတဲ့ ရလဒ်ကိုရစေပါတယ်.. ဒီနည်းလမ်းကတော့ ယောင်းတို့ရဲ့ဆံသားကို ပိုးသားလို နူးညံ့စေပြီး တောက်ပြောင်ချောမွတ်နေစေမှာပါ…

ဒီနည်းလမ်းတွေနဲ့ဆို ဆံသားတွေလှပနေဖို့ ပိုက်ဆံတွေ အများကြီးသုံးနေစရာမလိုတော့ဘူးနော်… အလွယ်တကူလည်းရှာလို့ရတယ်.. သုံးကြည့်ရင်လည်း တကယ်ကို သိသာတဲ့နည်းလမ်းလေးတွေဆိုတော့ ကဲ.. ဘာလိုသေးလဲနော်…

ချစ်ရတဲ့ ယောင်းလေးတွေ ဆံသားလှလှလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်….

ဖိုးသူတော် (www.phothutaw.com)
Credit: Akari ( For Her Myanmar )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top