လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

၂၀၁၇ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲကို ဓာတုေဗဒ၊ ႐ူပေဗဒ၊ ဇီဝေဗဒ ဘာသာတြဲမ်ားျဖင့္ေအာင္ျမင္ၿပီး ေဆးတကၠသိုလ္(မႏၲေလး)တြင္ ဖြင့္လွစ္သင္ၾကားမည့္ ပထမႏွစ္ ေဆးပညာသင္တန္း(၁၂/၂၀၁၇)သင္တန္းသို႔ တင္ေရာက္ခြင့္ရရွိသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားစာရင္းကို ႏိုဝင္ဘာလ ၁၇ရက္ေန႔က ထုတ္ျပန္ေၾကညာခဲ႔ရာ ေက်ာင္းသား (၁၆၈)ဦး၊ ေက်ာင္းသူ (၁၆၈)ဦး၊ စုစုေပါင္း(၃၃၆)ဦး တက္ေရာက္သင္ၾကားခြင့္ရရွိေၾကာင္း သိရသည္။

အဆိုပါဝင္ခြင့္ရေက်ာင္းသား၊ ေက်ာင္းသူမ်ားအေနျဖင့္ ေက်ာင္းဝင္ခြင့္ေလ်ွာက္လႊာမ်ားကို ႏိုဝင္ဘာလ ၂၀ရက္ေန႔မွ ၂၈ရက္ေန႔အထိ ေန႔စဥ္ နံနက္ ၉နာရီမွ မြန္းလြဲ ၂နာရီ အထိ အမ်ိဳးသမီးနားေနခန္း၊ ပင္မေဆာင္ေအာက္ထပ္တြင္ လက္ခံေဆာင္ရြက္ေပးမည္ျဖစ္ၿပီး သတ္မွတ္ရက္ထက္ေနာက္မက်ေစဘဲ အခ်ိန္မီတင္သြင္းရမည္ျဖစ္ကာ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလ ၄ရက္(တနလၤာေန႔)တြင္ သင္တန္းစတင္ ဖြင့္လွစ္မည္ ျဖစ္ေၾကာင္း ယင္းတကၠသိုလ္၏ ေၾကညာခ်က္မ်ားအရ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
၂၀၁၇ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ဘာသာတွဲများဖြင့်အောင်မြင်ပြီး ဆေးတက္ကသိုလ်(မန္တလေး)တွင် ဖွင့်လှစ်သင်ကြားမည့် ပထမနှစ် ဆေးပညာသင်တန်း(၁၂/၂၀၁၇)သင်တန်းသို့ တင်ရောက်ခွင့်ရရှိသည့် ကျောင်းသား၊ ကျောင်းသူများစာရင်းကို နိုဝင်ဘာလ ၁၇ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ရာ ကျောင်းသား (၁၆၈)ဦး၊ ကျောင်းသူ (၁၆၈)ဦး၊ စုစုပေါင်း(၃၃၆)ဦး တက်ရောက်သင်ကြားခွင့်ရရှိကြောင်း သိရသည်။

အဆိုပါဝင်ခွင့်ရကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းဝင်ခွင့်လျှောက်လွှာများကို နိုဝင်ဘာလ ၂၀ရက်နေ့မှ ၂၈ရက်နေ့အထိ နေ့စဉ် နံနက် ၉နာရီမှ မွန်းလွဲ ၂နာရီ အထိ အမျိုးသမီးနားနေခန်း၊ ပင်မဆောင်အောက်ထပ်တွင် လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပြီး သတ်မှတ်ရက်ထက်နောက်မကျစေဘဲ အချိန်မီတင်သွင်းရမည်ဖြစ်ကာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၄ရက်(တနင်္လာနေ့)တွင် သင်တန်းစတင် ဖွင့်လှစ်မည် ဖြစ်ကြောင်း ယင်းတက္ကသိုလ်၏ ကြေညာချက်များအရ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top