ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အၾကမ္းဖက္တိုက္ ခိုက္မႈေၾကာင့္ ေမာင္ေတာခ႐ိုင္ တြင္ ပိတ္ထားခဲ့သည့္ အေျခခံ ပညာေက်ာင္းမ်ားအနက္ ေက်ာင္း ၃၀၀ ခန္႔ကို ႏိုဝင္ဘာလကုန္တြင္ ဖြင့္လွစ္ရန္ စီစဥ္ေနေၾကာင္း ေမာင္ေတာခ႐ိုင္ ပညာေရးမွဴးဦးအုန္းျမင့္က ေျပာသည္။

ေမာင္ေတာခ႐ိုင္ (ေမာင္ ေတာၿမိဳ႕ႏွင့္ ဘူးသီးေတာင္ၿမိဳ႕ နယ္)တြင္ ၿပီးခဲ့သည့္ ၾသဂုတ္ ၂၅ ရက္က အၾကမ္းဖက္မႈေၾကာင့္ ေက်ာင္းေလးရာေက်ာ္ ပိတ္ထား ရၿပီး အခ်ဳိ႕ကို စက္တင္ဘာလ ကုန္မွ စတင္ဖြင့္လွစ္သည္။

‘‘လံုၿခံဳေရးအေျခအေနနဲ႔ ေက်ာင္းသားအေျခအေနေပၚမူ တည္ၿပီး ေက်ာင္းေတြ ဆက္ဖြင့္ သြားမွာျဖစ္ပါတယ္’’ဟု ခ႐ုိင္ ပညာေရးမွဴးက ေျပာသည္။

လက္ရွိတြင္ ေမာင္ေတာၿမိဳ႕ နယ္ရွိ အေျခခံပညာေက်ာင္း ၁၈၃ ေက်ာင္းအနက္ ၅၅ေက်ာင္း ဖြင့္လွစ္ႏိုင္ခဲ့ၿပီး ဘူးသီးေတာင္ၿမိဳ႕နယ္ရွိ ၂၂၁ ေက်ာင္းအနက္ ၇၅ ေက်ာင္း ဖြင့္လွစ္ထားေၾကာင္း ဦးအုန္းျမင့္က ဆိုသည္။

ေမာင္ေတာခ႐ိုင္တြင္ ဆက္ လက္ဖြင့္လွစ္ရန္ အေျခခံပညာ ေက်ာင္း ၂၇၄ ေက်ာင္း က်န္ရွိေနေသးသည္။

ေက်ာင္းမ်ားဖြင့္လွစ္ေနၿပီျဖစ္ေသာ္လည္း အခ်ဳိ႕ေက်ာင္းမ်ားတြင္ ေက်ာင္းတက္သည့္ ေက်ာင္းသားဦးေရ နည္းပါးေနေသးေၾကာင္း ဆရာအခ်ဳိ႕ကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


အကြမ်းဖက်တိုက် ခိုက်မှုကြောင့် မောင်တောခရိုင် တွင် ပိတ်ထားခဲ့သည့် အခြေခံ ပညာကျောင်းများအနက် ကျောင်း ၃၀၀ ခန့်ကို နိုဝင်ဘာလကုန်တွင် ဖွင့်လှစ်ရန် စီစဉ်နေကြောင်း မောင်တောခရိုင် ပညာရေးမှူးဦးအုန်းမြင့်က ပြောသည်။

မောင်တောခရိုင် (မောင် တောမြို့နှင့် ဘူးသီးတောင်မြို့ နယ်)တွင် ပြီးခဲ့သည့် သြဂုတ် ၂၅ ရက်က အကြမ်းဖက်မှုကြောင့် ကျောင်းလေးရာကျော် ပိတ်ထား ရပြီး အချို့ကို စက်တင်ဘာလ ကုန်မှ စတင်ဖွင့်လှစ်သည်။

‘‘လုံခြုံရေးအခြေအနေနဲ့ ကျောင်းသားအခြေအနေပေါ်မူ တည်ပြီး ကျောင်းတွေ ဆက်ဖွင့် သွားမှာဖြစ်ပါတယ်’’ဟု ခရိုင် ပညာရေးမှူးက ပြောသည်။

လက်ရှိတွင် မောင်တောမြို့ နယ်ရှိ အခြေခံပညာကျောင်း ၁၈၃ ကျောင်းအနက် ၅၅ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ဘူးသီးတောင်မြို့နယ်ရှိ ၂၂၁ ကျောင်းအနက် ၇၅ ကျောင်း ဖွင့်လှစ်ထားကြောင်း ဦးအုန်းမြင့်က ဆိုသည်။

မောင်တောခရိုင်တွင် ဆက် လက်ဖွင့်လှစ်ရန် အခြေခံပညာ ကျောင်း ၂၇၄ ကျောင်း ကျန်ရှိနေသေးသည်။

ကျောင်းများဖွင့်လှစ်နေပြီဖြစ်သော်လည်း အချို့ကျောင်းများတွင် ကျောင်းတက်သည့် ကျောင်းသားဦးရေ နည်းပါးနေသေးကြောင်း ဆရာအချို့ကပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top