ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီးတြင္ ႏုိ၀င္ဘာလ ၃ ရက္ေန ့နံနက္ ၅ နာရီ မိနစ္ ၅ဝ က ေဗာဓိကုန္း အျမန္လမ္းပိုင္း၌ Canter ယာဥ္မွToyota Hiace ယာဥ္အားဝင္တိုက္ျခင္း၊ မြန္းလြဲ ၁ နာရီ ၁၅ မိနစ္က ေပပင္ေလး အျမန္ လမ္းအပိုင္း မိုင္တိုင္ ၂၆၇/၃ ႏွင့္ ၂၆၇/၄ အၾကားတြင္ ယာဥ္ေမာင္း ဥကၠာေက်ာ္ ေမာင္းႏွင္လာေသာ Landcruiser အနက္ေရာင္ ေမာ္ေတာ္ယာဥ္မွ ေမာ္ေတာ္ဆိုင္ကယ္အား ဝင္တိုက္မိျခင္း၊ မြန္းလြဲ ၂ နာရီ ၁၅ မိနစ္က ေဘာနီ အျမန္လမ္းအပိုင္း မိုင္တိုင္အမွတ္ ၄၉/၂ အနီး ယာဥ္ေမာင္း စိုးေက်ာ္သူ ေမာင္းႏွင္လာေသာCaldina ေမာ္ေတာ္ယာဥ္မွာ ယာဥ္ေမာင္းအိပ္ငိုက္ၿပီး အရွိန္မထိန္းႏိုင္ဘဲ လမ္းလယ္ကြၽန္းေပၚသို႔ တိမ္းေမွာက္ခဲ့၍ တေန ့အတြင္း ယာဥ္ မေတာ္တဆမႈသုံးႀကိမ္ျဖစ္ခဲ့ေၾကာင္း သိရသည္။

ပထမျဖစ္စဥ္တြင္Toyota Hiace ယာဥ္ေပၚမွ ေလးဦး၊Canter ယာဥ္ေပၚမွႏွစ္ဦး ေပါင္းေျခာက္ဦး ဒဏ္ရာရရွိခဲ့သည္။

ဒုတိယျဖစ္စဥ္တြင္ ဆိုင္ကယ္ေမာင္းႏွင္သူမွာ ဒဏ္ရာရရွိခဲ့ၿပီးLandcruiser ယာဥ္မွာ အနည္းငယ္ပ်က္စီးသြားသည္။

တတိယျဖစ္စဥ္တြင္ Caldinaယာဥ္မွာ ပက္လက္လန္ အေနအထား တိမ္းေမွာက္ခဲ့ေသာ္လည္း ယာဥ္ေပၚပါရွိသူ ငါးဦးမွာ ဒဏ္ရာရရွိခဲ့ျခင္းမရွိေခ်။

ဒဏ္ရာရရွိသူမ်ားအား အျမန္လမ္းရဲတပ္ဖြဲ႕ပိုင္ ေမာ္ေတာ္ယာဥ္မ်ားႏွင့္ နီးစပ္ရာေဆး႐ုံမ်ားသို႔ ပို႔ေဆာင္ေပးခဲ့သည္။

သို႔ပါ၍ ယာဥ္ကို မဆင္မျခင္ ေပါ့ဆစြာေမာင္းႏွင္သူ ယာဥ္ေမာင္းမ်ားႏွင့္ အျမန္လမ္းေပၚတြင္ ဆိုင္ကယ္စီးနင္းခြင့္မရွိဘဲ စီးနင္းသူအား သက္ဆိုင္ရာက အမႈဖြင့္ေရးယူထားေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် နိုဝင်ဘာလ ၃ ရက်နေ့နံနက် ၅ နာရီ မိနစ် ၅ဝ က ဗောဓိကုန်း အမြန်လမ်းပိုင်း၌ Canter ယာဉ်မှToyota Hiace ယာဉ်အားဝင်တိုက်ခြင်း၊ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်က ပေပင်လေး အမြန် လမ်းအပိုင်း မိုင်တိုင် ၂၆၇/၃ နှင့် ၂၆၇/၄ အကြားတွင် ယာဉ်မောင်း ဥက္ကာကျော် မောင်းနှင်လာသော Landcruiser အနက်ရောင် မော်တော်ယာဉ်မှ မော်တော်ဆိုင်ကယ်အား ဝင်တိုက်မိခြင်း၊ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်က ဘောနီ အမြန်လမ်းအပိုင်း မိုင်တိုင်အမှတ် ၄၉/၂ အနီး ယာဉ်မောင်း စိုးကျော်သူ မောင်းနှင်လာသောCaldina မော်တော်ယာဉ်မှာ ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်သို့ တိမ်းမှောက်ခဲ့၍ တနေ့အတွင်း ယာဉ် မတော်တဆမှုသုံးကြိမ်ဖြစ်ခဲ့ကြောင်း သိရသည်။

ပထမဖြစ်စဉ်တွင်Toyota Hiace ယာဉ်ပေါ်မှ လေးဦး၊Canter ယာဉ်ပေါ်မှနှစ်ဦး ပေါင်းခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။

ဒုတိယဖြစ်စဉ်တွင် ဆိုင်ကယ်မောင်းနှင်သူမှာ ဒဏ်ရာရရှိခဲ့ပြီးLandcruiser ယာဉ်မှာ အနည်းငယ်ပျက်စီးသွားသည်။

တတိယဖြစ်စဉ်တွင် Caldinaယာဉ်မှာ ပက်လက်လန် အနေအထား တိမ်းမှောက်ခဲ့သော်လည်း ယာဉ်ပေါ်ပါရှိသူ ငါးဦးမှာ ဒဏ်ရာရရှိခဲ့ခြင်းမရှိချေ။

ဒဏ်ရာရရှိသူများအား အမြန်လမ်းရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ်များနှင့် နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ပေးခဲ့သည်။

သို့ပါ၍ ယာဉ်ကို မဆင်မခြင် ပေါ့ဆစွာမောင်းနှင်သူ ယာဉ်မောင်းများနှင့် အမြန်လမ်းပေါ်တွင် ဆိုင်ကယ်စီးနင်းခွင့်မရှိဘဲ စီးနင်းသူအား သက်ဆိုင်ရာက အမှုဖွင့်ရေးယူထားကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top