Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မာရ္နတ္ ဆိုတာ သံသရာလြတ္ေၾကာင္းကလြဲရင္ ဘာလုပ္လုပ္ အျမဲအေကာင္းျမင္တယ္။သံသရာလြတ္ေၾကာင္း လုပ္လို႔ကေတာ့ နည္းမ်ဳိးစံုနဲ႔တားတယ္။သိဒၶတၳမင္းသား ေတာထြက္ခ်ိန္မွာလည္း တားခဲ့တယ္။ဘုရားျဖစ္ကာနီးခ်ိန္မွာလည္း ေလႀကီးမိုးႀကီး ျပာပူမီးနဲ႔ ေမွာင္ႀကီးတစ္တန္ဓားလွံမႂကြင္း ပစ္ခတ္ခြင္းၿပီး ေႏွာင့္ယွက္တယ္

ေဘးနားမွာရွိေနတဲ့ ဘုရားျဖစ္တာနဲ႔ ႀကိဳဆိုမယ့္သူေတြထြက္ေျပးၾကတယ္။သိၾကားမင္းက ခရုသင္း၊ ျဗဟၼာမင္းက ထီးျဖဴ၊ ပၪၥသိခၤနတ္မင္းက ေဗလုဝေစာင္း။

ကိုယ့္ပစၥည္း ဘယ္နားက်န္မွန္းေတာင္မသိေအာင္ ထြက္ေျပးၾကတယ္။(တကယ္ေတာ့ ေဗလုဝေစာင္းက မာရ္နတ္ရဲ႕အပိုင္ ဘုရားေလာင္း ၆ႏွစ္လံုးလံုးအျပစ္လုပ္ရင္ေထာက္ျပၿပီး ေပ်ာ္ေပ်ာ္ပါးပါးတီးဖို႔ ဂ်ဳိင္းၾကားညႇပ္လာတာ။၆ႏွစ္လံုး အျပစ္တစ္ခ်က္မွ မရွိတဲ့ ဘုရားေလာင္းကို စိတ္ပ်က္လက္ပ်က္ေစာင့္ၾကည့္ရင္းက ထြက္က်ေနခဲ့တာ။ ဒါကိုသိၾကားမင္းက ေကာက္ၿပီး ပၪၥသိခၤနတ္မင္းကိုေပးလိုက္တာ ###^^^ဒီေနရာမွာက က်မ္းညႇိစရာေတြမ်ားတာရယ္ ပို႔စ္နဲ႔လည္းသိပ္မဆိုင္လို႔ဒီေလာက္ပါပဲ)

သမီးေတာ္ သံုးေယာက္ရဲ႕ အလွအပ၊ အေတြ႕အထိ၊ အေမႊးနံ႔သာ၊ အရက္ေသစာမ်ဳိးစံုနဲ႔ ေႏွာင့္ယွက္တယ္။မရဘူး။အရုဏ္တက္ခ်ိန္မွာပဲ အရဟတၱဖိုလ္အထြတ္တပ္တဲ့ အာသေဝါတရားတို႔ အျမစ္မက်န္ဖယ္ရွားၿပီး သဗၺညဳတဉာဏ္ကို ရသြားတယ္။ဒီေတာ့ သတၱသတၱာဟ ၄၉ရက္ရဲ႕ အလြန္ အ႒မသတၱာဟ အဇပါလေညာင္ပင္ကိုဘုရားေနာက္တဖန္ ျပန္ေရာက္ခ်ိန္မွာ မာရ္နတ္က အခ်ိဳသပ္နဲ႔ လာေတာင္းပန္တယ္။

အရွင္ဘုရားအေနနဲ႔ အရဟတၱဖိုလ္လည္း တိုင္ပါၿပီဘုရား။အရွင္ဘုရား ပရိနိဗၺာန္ျပဳပါေတာ့လို႔ လာေတာင္းပန္တယ္။
ဘုရားက ျပန္ေျပာတယ္။ငါဘုရားမွာ ဘိကၡဳ၊ ဘိကၡဳနီ၊ ဥပါသကာ၊ ဥပါသိကာ ပရိသတ္ေလးပါးတို႔က တရားေတြကို

– ပိုင္ပိုင္ႏုိင္ႏုိင္မေဆာင္ရြက္ႏုိင္ၾကေသးဘူးဆိုလၽွင္

– သူတပါးကို မေဟာေျပာႏုိင္ေသးဘူးဆိုလၽွင္

– ဆန္႔က်င္ဘက္လာေျပာလို႔မွ မႏွိမ္နင္းႏုိင္ေသးဘူးဆိုလၽွင္

ဂုဏ္အရည္အခ်င္းမျပည့္ေသးသေရြ႕ပရိနိဗၺာန္မျပဳေသးဘူးလို႔ ျငင္းခဲ့တယ္။မာရ္နတ္စိတ္ပ်က္ပ်က္နဲ႔ ျပန္သြားတယ္။ၾကားကာလေတြမွာ ၾကံဳရင္ၾကံဳသလို ေႏွာင့္ယွက္တယ္။ဘုရားက မာရ္နတ္အေပၚမွာေရာ က်န္သတၱဝါေတြအေပၚမွာေရာ ေမတၱာထားတယ္။

အေႏွာင့္အယွက္ေတြကို ဂရုမစိုက္ပဲ ဆက္လက္ တရားျပတယ္။သတၱဝါေတြအေပၚမွာ ကရုဏာထားၿပီး တရားျပတယ္။
မာရ္နတ္ေႏွာင့္ယွက္သမၽွကို ဥေပကၡာနဲ႔ ခြင့္လႊတ္ေပးခဲ့တယ္။(မာရ္နတ္ မေႏွာင့္ယွက္ႏုိင္ေအာင္ ခ်ဳပ္ထားတာပဲ ျဖစ္ျဖစ္
မလုပ္ရျခင္းအေၾကာင္း ေနာက္မွ ထင္ရွားပါလိမ့္မယ္)

ဘိကၡဳနီသာသနာအတြက္ မိေထြးေတာ္ေဂါတမီတို႔ ႀကိဳးစားေနခ်ိန္မွာမာရ္နတ္မေႏွာင့္ယွက္ရတဲ့အေၾကာင္းကေတာ့ ဘိကၡဳနီသာသနာေပၚမွပရိသတ္ ၄ပါးစံုမယ္။ ဒီပရိသတ္ေလးပါးစံုၿပီးမွ ဘုရားပရိနိဗၺာန္ျပဳမွာမို႔ မေႏွာက္ယွက္ခဲ့တာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Ma Ma Lay
#Unicode Version#
မာရ်နတ် ဆိုတာ သံသရာလွတ်ကြောင်းကလွဲရင် ဘာလုပ်လုပ် အမြဲအကောင်းမြင်တယ်။သံသရာလွတ်ကြောင်း လုပ်လို့ကတော့ နည်းမျိုးစုံနဲ့တားတယ်။သိဒ္ဓတ္ထမင်းသား တောထွက်ချိန်မှာလည်း တားခဲ့တယ်။ဘုရားဖြစ်ကာနီးချိန်မှာလည်း လေကြီးမိုးကြီး ပြာပူမီးနဲ့ မှောင်ကြီးတစ်တန်ဓားလှံမကြွင်း ပစ်ခတ်ခွင်းပြီး နှောင့်ယှက်တယ်

ဘေးနားမှာရှိနေတဲ့ ဘုရားဖြစ်တာနဲ့ ကြိုဆိုမယ့်သူတွေထွက်ပြေးကြတယ်။သိကြားမင်းက ခရုသင်း၊ ဗြဟ္မာမင်းက ထီးဖြူ၊ ပဉ္စသိင်္ခနတ်မင်းက ဗေလုဝစောင်း။

ကိုယ့်ပစ္စည်း ဘယ်နားကျန်မှန်းတောင်မသိအောင် ထွက်ပြေးကြတယ်။(တကယ်တော့ ဗေလုဝစောင်းက မာရ်နတ်ရဲ့အပိုင် ဘုရားလောင်း ၆နှစ်လုံးလုံးအပြစ်လုပ်ရင်ထောက်ပြပြီး ပျော်ပျော်ပါးပါးတီးဖို့ ဂျိုင်းကြားညှပ်လာတာ။၆နှစ်လုံး အပြစ်တစ်ချက်မှ မရှိတဲ့ ဘုရားလောင်းကို စိတ်ပျက်လက်ပျက်စောင့်ကြည့်ရင်းက ထွက်ကျနေခဲ့တာ။ ဒါကိုသိကြားမင်းက ကောက်ပြီး ပဉ္စသိင်္ခနတ်မင်းကိုပေးလိုက်တာ ###^^^ဒီနေရာမှာက ကျမ်းညှိစရာတွေများတာရယ် ပို့စ်နဲ့လည်းသိပ်မဆိုင်လို့ဒီလောက်ပါပဲ)

သမီးတော် သုံးယောက်ရဲ့ အလှအပ၊ အတွေ့အထိ၊ အမွှေးနံ့သာ၊ အရက်သေစာမျိုးစုံနဲ့ နှောင့်ယှက်တယ်။မရဘူး။အရုဏ်တက်ချိန်မှာပဲ အရဟတ္တဖိုလ်အထွတ်တပ်တဲ့ အာသဝေါတရားတို့ အမြစ်မကျန်ဖယ်ရှားပြီး သဗ္ဗညုတဉာဏ်ကို ရသွားတယ်။ဒီတော့ သတ္တသတ္တာဟ ၄၉ရက်ရဲ့ အလွန် အဋ္ဌမသတ္တာဟ အဇပါလညောင်ပင်ကိုဘုရားနောက်တဖန် ပြန်ရောက်ချိန်မှာ မာရ်နတ်က အချိုသပ်နဲ့ လာတောင်းပန်တယ်။

အရှင်ဘုရားအနေနဲ့ အရဟတ္တဖိုလ်လည်း တိုင်ပါပြီဘုရား။အရှင်ဘုရား ပရိနိဗ္ဗာန်ပြုပါတော့လို့ လာတောင်းပန်တယ်။
ဘုရားက ပြန်ပြောတယ်။ငါဘုရားမှာ ဘိက္ခု၊ ဘိက္ခုနီ၊ ဥပါသကာ၊ ဥပါသိကာ ပရိသတ်လေးပါးတို့က တရားတွေကို

– ပိုင်ပိုင်နိုင်နိုင်မဆောင်ရွက်နိုင်ကြသေးဘူးဆိုလျှင်

– သူတပါးကို မဟောပြောနိုင်သေးဘူးဆိုလျှင်

– ဆန့်ကျင်ဘက်လာပြောလို့မှ မနှိမ်နင်းနိုင်သေးဘူးဆိုလျှင်

ဂုဏ်အရည်အချင်းမပြည့်သေးသရွေ့ပရိနိဗ္ဗာန်မပြုသေးဘူးလို့ ငြင်းခဲ့တယ်။မာရ်နတ်စိတ်ပျက်ပျက်နဲ့ ပြန်သွားတယ်။ကြားကာလတွေမှာ ကြုံရင်ကြုံသလို နှောင့်ယှက်တယ်။ဘုရားက မာရ်နတ်အပေါ်မှာရော ကျန်သတ္တဝါတွေအပေါ်မှာရော မေတ္တာထားတယ်။

အနှောင့်အယှက်တွေကို ဂရုမစိုက်ပဲ ဆက်လက် တရားပြတယ်။သတ္တဝါတွေအပေါ်မှာ ကရုဏာထားပြီး တရားပြတယ်။
မာရ်နတ်နှောင့်ယှက်သမျှကို ဥပေက္ခာနဲ့ ခွင့်လွှတ်ပေးခဲ့တယ်။(မာရ်နတ် မနှောင့်ယှက်နိုင်အောင် ချုပ်ထားတာပဲ ဖြစ်ဖြစ်
မလုပ်ရခြင်းအကြောင်း နောက်မှ ထင်ရှားပါလိမ့်မယ်)

ဘိက္ခုနီသာသနာအတွက် မိထွေးတော်ဂေါတမီတို့ ကြိုးစားနေချိန်မှာမာရ်နတ်မနှောင့်ယှက်ရတဲ့အကြောင်းကတော့ ဘိက္ခုနီသာသနာပေါ်မှပရိသတ် ၄ပါးစုံမယ်။ ဒီပရိသတ်လေးပါးစုံပြီးမှ ဘုရားပရိနိဗ္ဗာန်ပြုမှာမို့ မနှောက်ယှက်ခဲ့တာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Ma Ma Lay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top