ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

လွဳိင္ျမိဳ့နယ္က ရက္ရက္စက္စက္ပစၥည္းယူလူသတ္ မွဳ ေၾကာင့္
ေသဆံုးသြားရတဲ့ ေဒၚေကသီလိွဳင္က ဒီလပိုင္းအတြင္းမွာ သူ့ရဲ့ ေဖ့ဘြတ္ေပၚမွာ
ေအာက္ပါ သံေ၀ဂစာေလးကိုေရးသားခဲ့ပါတယ္။
ေသဆုံးရမယ့္ အေၾကာင္း နိမိတ္ေတြကို သူကိုယ္တိုင္ၾကိဳတင္သိျမင္ေနလို့
ဒီလိုေရးသားခဲ့ေလ ျခင္းေပလားေတြးထင္စရာပါပဲ။
……………………………………………………………………………………….
က်ြန္မတို ့ခ်စ္တဲ့သူမွန္သမ်ွ
တစ္ေန ့ေတာ့ ေသဆံုးရလိမ့္မယ္
😢😢😢

အေမသာ ေသသြားရင္
အေဖသာေသသြားရင္
ေယာက်ာ္းသာေသသြားရင္
ေမာင္ေလးသာ ေသသြားရင္
ေခြးေလးသာ ေသသြားရင္
စသည္ျဖင့္
ကိုယ္ ခ်စ္တဲ့
သူေတြကြယ္လြန္သြားမွာကို
က်ြန္မတို႔ ေတြးမိတိုင္း အပူျကီးပူပန္တတ္ျကပါတယ္

ဒါေပမဲ့ စိတ္ပူေနတိုင္း ေျကာက္ေနတိုင္း
လူတစ္ေယာက္ရဲ့ ေသဖို႔ပါတဲ့
ကံတရားကို တားဆီးလို ့မရနိုင္ပါ

မနက္ျဖန္ ဘာျဖစ္မယ္ဆိုတာ
ဘယ္သူ မွအတပ္မေျပာနိုင္

Expired Date လို ့ေခၚတဲ့ က်ြန္မတို ့ရဲ့
သက္တမ္း ကုန္ဆံုး ရက္ဟာ ေနာက္ထပ္
၁ပတ္ပဲက်န္ေတာ့တာျဖစ္နိုင္သလို
အနွစ္၃၀ေလာက္မွ
ေရာက္လာတာမ်ိဳး လဲျဖစ္နိုင္ပါတယ္

က်ြန္မတို ့ခ််စ္တဲ့သူေတြ အရင္ေသတာျဖစ္နိုင္သလို
ကိုယ္က သူတို ့ထက္ အရင္
ေသသြားတာမ်ိဳး လည္းျဖစ္နိုင္တာပဲေလ

မသိနိုင္တဲ့အရာတစ္ခုကို ျကိုေတြးျပီး ေျကာက္လန္ ့စိတ္ပူေနမဲ့အစား အသက္ရွင္ က်န္းမာ လ်က္ အတူတူ ရွိေနခိုက္မွာ ပိုခ်စ္ဖို ့လိုပါတယ္

အေမ့ဆီ ဖံုးမဆက္မိတာျကာျပီလား
ခုပဲဆက္လိုက္ပါ
အဖိုးအဖြား အိမ္မေရာက္တာျကာျပီလား
ခုပဲသြားေတြ ့လိုက္ပါ
ေမာင္နွမအခ်င္းခ်င္း ကေတာက္ကဆျဖစ္ထားလား
ခုပဲျပန္ေခၚ လိုက္ပါ

ဒီတစ္ျကိမ္ေတြ ့လိုက္ရတာ
စကားေျပာလိုက္ရတာ
နွုတ္ဆက္လိုက္ရတာ
ရယ္ေမာလိုက္ရတာ ဒီဘဝအတြက္ ေနာက္ဆံုးလည္း ျဖစ္နိုင္ပါတယ္

ခ်စ္သူကို နမ္းတဲ့အခါ ေပြ ့ဖက္တဲ့အခါ ဒါေနာက္ဆံုးျဖစ္နိုင္ပါလားလို ့သေဘာထားျပီး ေထြးေပြ႔နမ္းေမြႊးပါ

မျကာခင္ သူ ့ကို ဆံုးရွံုးရေတာ့မွာပါလား ဆိုတဲ့စိတ္မ်ိဳးနဲ ့ အစြမ္းကုန္ခ်စ္လိုက္ပါ ဖက္လိုက္ပါ

ကိုယ္ခ်စ္ရသူေတြနဲ ့အတူရွိေနရတဲ့ဘဝက ဘယ္ေလာက္ေတာင္ကံေကာင္းလိုက္သလဲ စဥ္းစားမိပါေစတဲ့

တစ္ခါတစ္ေလ အိမ္မွာ မိသားစု တြင္းမွာ ခ်စ္သူေတြျကားမွာ အဆင္မေျပတာေတြ တစ္ေယာက္နဲ့တစ္ေယာက္ ဘာမဟုတ္တာေလးနဲ ့စိတ္အခန္ ့မသင့္ျဖစ္ျကတာေတြ
ကပ္သပ္ေနတာေတြ
စကားအနိုင္လုေျပာေနတာေတြ
စိတ္​နာေအာင္ ေျပာေနျကတာေတြကို ရွိတတ္ပါတယ္
အဲဒါေတြကို အခ်ိန္မွီရပ္လိုက္ပါ
ဘာျဖစ္လို႔လဲ ဆိုရင္ က်ြန္မတို ့မွာ အခ်ိန္ဘယ္ေလာက္က်န္ေသးသလဲဆိုတာ ဘယ္သူမွကို မသိနိုင္ျကလို ့ပါ

တစ္ေယာက္ထဲ ရပ္တည္မေနနိုင္တဲ့ လူ ့ဘဝ
ခ်စ္သူခင္သူေတြဝန္းရံေနမွ လံုျခံုေႏြးေထြးတဲ့ လူ ့ဘဝမွာ ဆက္ဆံေရးဆိုတာဟာ အေရးအျကီးဆံုးပါ

က်ြန္မ ကိုယ္တိုင္ အပါအဝင္ က်ြန္မတို႔ ့ခ်စ္သူေတြလည္း ဘယ္ေတာ့မွန္းမသိတဲ့ တစ္ေန ့့မွာေတာ့ ေသဆံုးျကရလိမ့္မယ္ဆိုတာ သိထားရင္ သူတို ့နဲ ့ရန္ျဖစ္ခ်င္ေတာ့မွာ မဟုတ္ပါ

အခ်င္းခ်င္း ပိုလို႔ခ်စ္္နိုင္ၾကပါေစ….

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
လှိုင်မြို့နယ်က ရက်ရက်စက်စက်ပစ္စည်းယူလူသတ် မှု ကြောင့်
သေဆုံးသွားရတဲ့ ဒေါ်ကေသီလှိုင်က ဒီလပိုင်းအတွင်းမှာ သူ့ရဲ့ ဖေ့ဘွတ်ပေါ်မှာ
အောက်ပါ သံဝေဂစာလေးကိုရေးသားခဲ့ပါတယ်။
သေဆုံးရမယ့် အကြောင်း နိမိတ်တွေကို သူကိုယ်တိုင်ကြိုတင်သိမြင်နေလို့
ဒီလိုရေးသားခဲ့လေ ခြင်းပေလားတွေးထင်စရာပါပဲ။
……………………………………………………………………………………….
ကျွန်မတို့ချစ်တဲ့သူမှန်သမျှ
တစ်နေ့တော့ သေဆုံးရလိမ့်မယ်
😢😢😢

အမေသာ သေသွားရင်
အဖေသာသေသွားရင်
ယောကျာ်းသာသေသွားရင်
မောင်လေးသာ သေသွားရင်
ခွေးလေးသာ သေသွားရင်
စသည်ဖြင့်
ကိုယ် ချစ်တဲ့
သူတွေကွယ်လွန်သွားမှာကို
ကျွန်မတို့ တွေးမိတိုင်း အပူကြီးပူပန်တတ်ကြပါတယ်

ဒါပေမဲ့ စိတ်ပူနေတိုင်း ကြောက်နေတိုင်း
လူတစ်ယောက်ရဲ့ သေဖို့ပါတဲ့
ကံတရားကို တားဆီးလို့မရနိုင်ပါ

မနက်ဖြန် ဘာဖြစ်မယ်ဆိုတာ
ဘယ်သူ မှအတပ်မပြောနိုင်

Expired Date လို့ခေါ်တဲ့ ကျွန်မတို့ရဲ့
သက်တမ်း ကုန်ဆုံး ရက်ဟာ နောက်ထပ်
၁ပတ်ပဲကျန်တော့တာဖြစ်နိုင်သလို
အနှစ်၃၀လောက်မှ
ရောက်လာတာမျိုး လဲဖြစ်နိုင်ပါတယ်

ကျွန်မတို့ချျစ်တဲ့သူတွေ အရင်သေတာဖြစ်နိုင်သလို
ကိုယ်က သူတို့ထက် အရင်
သေသွားတာမျိုး လည်းဖြစ်နိုင်တာပဲလေ

မသိနိုင်တဲ့အရာတစ်ခုကို ကြိုတွေးပြီး ကြောက်လန့်စိတ်ပူနေမဲ့အစား အသက်ရှင် ကျန်းမာ လျက် အတူတူ ရှိနေခိုက်မှာ ပိုချစ်ဖို့လိုပါတယ်

အမေ့ဆီ ဖုံးမဆက်မိတာကြာပြီလား
ခုပဲဆက်လိုက်ပါ
အဖိုးအဖွား အိမ်မရောက်တာကြာပြီလား
ခုပဲသွားတွေ့လိုက်ပါ
မောင်နှမအချင်းချင်း ကတောက်ကဆဖြစ်ထားလား
ခုပဲပြန်ခေါ် လိုက်ပါ

ဒီတစ်ကြိမ်တွေ့လိုက်ရတာ
စကားပြောလိုက်ရတာ
နှုတ်ဆက်လိုက်ရတာ
ရယ်မောလိုက်ရတာ ဒီဘဝအတွက် နောက်ဆုံးလည်း ဖြစ်နိုင်ပါတယ်

ချစ်သူကို နမ်းတဲ့အခါ ပွေ့ဖက်တဲ့အခါ ဒါနောက်ဆုံးဖြစ်နိုင်ပါလားလို့သဘောထားပြီး ထွေးပွေ့နမ်းမွှေးပါ

မကြာခင် သူ့ကို ဆုံးရှုံးရတော့မှာပါလား ဆိုတဲ့စိတ်မျိုးနဲ့ အစွမ်းကုန်ချစ်လိုက်ပါ ဖက်လိုက်ပါ

ကိုယ်ချစ်ရသူတွေနဲ့အတူရှိနေရတဲ့ဘဝက ဘယ်လောက်တောင်ကံကောင်းလိုက်သလဲ စဉ်းစားမိပါစေတဲ့

တစ်ခါတစ်လေ အိမ်မှာ မိသားစု တွင်းမှာ ချစ်သူတွေကြားမှာ အဆင်မပြေတာတွေ တစ်ယောက်နဲ့တစ်ယောက် ဘာမဟုတ်တာလေးနဲ့စိတ်အခန့်မသင့်ဖြစ်ကြတာတွေ
ကပ်သပ်နေတာတွေ
စကားအနိုင်လုပြောနေတာတွေ
စိတ်နာအောင် ပြောနေကြတာတွေကို ရှိတတ်ပါတယ်
အဲဒါတွေကို အချိန်မှီရပ်လိုက်ပါ
ဘာဖြစ်လို့လဲ ဆိုရင် ကျွန်မတို့မှာ အချိန်ဘယ်လောက်ကျန်သေးသလဲဆိုတာ ဘယ်သူမှကို မသိနိုင်ကြလို့ပါ

တစ်ယောက်ထဲ ရပ်တည်မနေနိုင်တဲ့ လူ့ဘဝ
ချစ်သူခင်သူတွေဝန်းရံနေမှ လုံခြုံနွေးထွေးတဲ့ လူ့ဘဝမှာ ဆက်ဆံရေးဆိုတာဟာ အရေးအကြီးဆုံးပါ

ကျွန်မ ကိုယ်တိုင် အပါအဝင် ကျွန်မတို့ချစ်သူတွေလည်း ဘယ်တော့မှန်းမသိတဲ့ တစ်နေ့မှာတော့ သေဆုံးကြရလိမ့်မယ်ဆိုတာ သိထားရင် သူတို့နဲ့ရန်ဖြစ်ချင်တော့မှာ မဟုတ်ပါ

အချင်းချင်း ပိုလို့ချစ်နိုင်ကြပါစေ….

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top