ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

လူတိုင္းဟာ အနညး္နဲ႔အမ်ားေတာ့ နာက်င္စရာေတြ ရွိတတ္ၾကပါတယ္။ ဒါကို တစ္ခ်ိဳ႔က ပြင့္ပြင့္လင္းလင္းေဖာ္ျပတဲ့ သူေတြလည္း ႐ွိတယ္။ တစ္ခ်ိဳ႕က်ျပန္ေတာ့လည္း ရင္ထဲမွာပဲ သိမ္းထားျပီး အျပင္ပန္းမွာ ဘာမွမျဖစ္သလို ေနၾကတယ္။ ဒါေပမယ့္ အျပင္ပန္းက ဘာမွမျဖစ္သလိုေနလည္း အထဲမွာ နာက်င္ေနလားဆိုတာ ဒီအခ်က္ေတြကို ၾကည့္ရင္သိႏိုင္ပါတယ္....

(၁) အားနာလြန္းတယ္

အားနာတတ္လြန္းတာလညး္ နာက်င္မႈရဲ႕ လကၡဏာတစ္ခုျဖစ္တယ္။ ရင္ထဲမွာ နာက်င္စရာမ်ားတဲ့သူ ေတာ္ေတာ္မ်ားမ်ားဟာ သူမ်ားကို ျငင္းရမွာ အရမး္အားနာတတ္ပါတယ္။ သူတို႔ကိုယ္တိုင္ နာက်င္ဖူးတဲ့သူေတြျဖစ္ေတာ့ သူတု႔ိကုိ ေတာင္းဆိုတာေတြ၊ အကူအညီေတာင္းတာေတြကို ျငင္းလိုက္ရင္ တစ္ဖက္သားစိတ္ထိခိုက္မွာ အရမး္ စိုးရိမ္တတ္ၾကတဲ့သူေတြပါ။ ဒီလိုနဲ႔ပဲ သူတို႔ဘယ္ေလာက္ပင္ပန္းပင္ပန္း အားနာလြန္းတဲ့ အက်င့္ေၾကာင့္ မႏိုင္ဝန္ထမ္းၾကပါတယ္။

(၂) ညဖက္အိပ္မေပ်ာ္ဘူး

စိတ္ဒဏ္ရာရွိတဲ့သူေတြဟာ ညဖက္ အိပ္မေပ်ာ္ၾကပါဘူး။ သူတို႔ကို စိတ္ထိခိုက္ေစမယ့္ အရာေတြကို ၾကိဳးစားျပီးေ မ့ထားရင္ေတာင္ မသိစိတ္က အျမဲစြဲလန္းေနတာျဖစ္တယ္။ သူတို႔ရဲ႕ ဝမ္းနညး္မႈ၊ နာက်င္မႈေတြက သူတို႔ကို အိပ္မေပ်္ာေစတာပါ။ ဒါေၾကာင့္ သန္းေခါင္ေက်ာ္အထိ တစ္ေယာက္တညး္ ကိုယ့္ကိုယ္ကို အိပ္ေပ်ာ္ေအာင္ ေခ်ာ႔သိပ္ၾကရတယ္။

(၃)စိတ္ျမန္တယ္

သူတို႔ဟာ စိတ္အရမ္းျမန္ပါတယ္။ တစ္ခုခုလုပ္မယ္ဆို ခ်က္ခ်င္းထလုပ္တယ္၊ ဘာအစီအစဥ္မွမရွိပဲ ရုတ္တရက္ အထုပ္ဆြဲျပီး ေလွ်ာက္လည္တာမ်ိဳး၊ မုန္႔သြားစားတာမ်ိဳးေတြ လုပ္တတ္ပါတယ္။ သူတို႔စိတ္ကုိ မွီတဲ့သူငယ္ခ်င္းမ်္ိဳးလည္း ေတာ္ေတ္ာေလးကိုရွားပါတယ္။ တကယ္ေတာ့ သူတို႔စိတ္ျမန္တယ္ဆိုတာကလည္း သူတို႔စိတ္ထဲမွာ နာက်င္ေနတဲ့အခါက်ေတာ့ လုပ္ခ်င္တာကို ထလုပ္လိုက္ရမွ စိတ္သက္သာၾကလို႔ပါ။

(၄) စိတ္ကူးယဥ္ရတာကိုၾကိဳက္တယ္

နာက်င္စရာမ်ားတဲ့သူေတြဟာ စိတ္ကူးယဥ္ရတာကို အရမး္ၾကိဳက္ပါတယ္။ သူတို႔ဘဝရဲ႕ မျဖစ္ခဲ့တဲ့အရာေတြ၊ မျပည့္စုံခဲ့တဲ့အရာေတြကို စိတ္ကူးထဲမွာ တည္ေဆာက္တတ္ၾကတယ္။ အနာဂတ္မွာ သူတို႔လိုခ်င္တဲ့ အရာေလးေတြ၊ ရည္မွန္းခ်က္ေလးေတြ၊ ျဖစ္ခ်င္တဲ့ ဆႏၵေလးေတြကို စိတ္ကူးထဲမွာ ပံုေဖာ္ျပီး ကုိယ့္ကိုယ္ကို ေျဖသိမ့္တတ္တဲ့သူမ်ိဳးပါ။ ဒါေၾကာင့္ ဒီလုိလူေတြဟာ တစ္ခါတေလ တစ္ေယာက္တည္း သီးသန္႔အခ်ိန္ယူရတာကို ႏွစ္သက္ျပီး အဲဒီ့အခ်ိန္မွာ သူ႔ကို ေႏွာက္ယွက္တာ မၾကိဳက္ပါဘူး။

(၅) သူငယ္ခ်င္းမက္တယ္

သူတို႔ဟာ အေပါင္းအသင္း၊ သူငယ္ခ်င္းေတြကို အထူးတြယ္တာတဲ့သူေတြပါ။ သူတို႔အတြက္ဆို ဘာမဆိုလုပ္ေပးခ်င္ၾကတဲ့ သူမ်ိဳးေတြပါ။ ဒါေပမယ့္ သူတို႔တကယ္ခင္တဲ့ သူငယ္ခ်င္း အမ်ားၾကီးမရွိပါဘူး။ ရွိတဲ့ အနညး္ငယ္ကိုလည္း အရမး္ခ်စ္ျပီး အရမး္ အနစ္နာခံတတ္ၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lovingnews

# Unicode Version ျဖင့္ ဖတ္ပါ #
လူတိုင်းဟာ အနည်းနဲ့အများတော့ နာကျင်စရာတွေ ရှိတတ်ကြပါတယ်။ ဒါကို တစ်ချို့က ပွင့်ပွင့်လင်းလင်းဖော်ပြတဲ့ သူတွေလည်း ရှိတယ်။ တစ်ချို့ကျပြန်တော့လည်း ရင်ထဲမှာပဲ သိမ်းထားပြီး အပြင်ပန်းမှာ ဘာမှမဖြစ်သလို နေကြတယ်။ ဒါပေမယ့် အပြင်ပန်းက ဘာမှမဖြစ်သလိုနေလည်း အထဲမှာ နာကျင်နေလားဆိုတာ ဒီအချက်တွေကို ကြည့်ရင်သိနိုင်ပါတယ်....

(၁) အားနာလွန်းတယ်

အားနာတတ်လွန်းတာလည်း နာကျင်မှုရဲ့ လက္ခဏာတစ်ခုဖြစ်တယ်။ ရင်ထဲမှာ နာကျင်စရာများတဲ့သူ တော်တော်များများဟာ သူများကို ငြင်းရမှာ အရမ်းအားနာတတ်ပါတယ်။ သူတို့ကိုယ်တိုင် နာကျင်ဖူးတဲ့သူတွေဖြစ်တော့ သူတု့ိကို တောင်းဆိုတာတွေ၊ အကူအညီတောင်းတာတွေကို ငြင်းလိုက်ရင် တစ်ဖက်သားစိတ်ထိခိုက်မှာ အရမ်း စိုးရိမ်တတ်ကြတဲ့သူတွေပါ။ ဒီလိုနဲ့ပဲ သူတို့ဘယ်လောက်ပင်ပန်းပင်ပန်း အားနာလွန်းတဲ့ အကျင့်ကြောင့် မနိုင်ဝန်ထမ်းကြပါတယ်။

(၂) ညဖက်အိပ်မပျော်ဘူး

စိတ်ဒဏ်ရာရှိတဲ့သူတွေဟာ ညဖက် အိပ်မပျော်ကြပါဘူး။ သူတို့ကို စိတ်ထိခိုက်စေမယ့် အရာတွေကို ကြိုးစားပြီးေ မ့ထားရင်တောင် မသိစိတ်က အမြဲစွဲလန်းနေတာဖြစ်တယ်။ သူတို့ရဲ့ ဝမ်းနည်းမှု၊ နာကျင်မှုတွေက သူတို့ကို အိပ်မပျေ်ာစေတာပါ။ ဒါကြောင့် သန်းခေါင်ကျော်အထိ တစ်ယောက်တည်း ကိုယ့်ကိုယ်ကို အိပ်ပျော်အောင် ချော့သိပ်ကြရတယ်။

(၃)စိတ်မြန်တယ်

သူတို့ဟာ စိတ်အရမ်းမြန်ပါတယ်။ တစ်ခုခုလုပ်မယ်ဆို ချက်ချင်းထလုပ်တယ်၊ ဘာအစီအစဉ်မှမရှိပဲ ရုတ်တရက် အထုပ်ဆွဲပြီး လျှောက်လည်တာမျိုး၊ မုန့်သွားစားတာမျိုးတွေ လုပ်တတ်ပါတယ်။ သူတို့စိတ်ကို မှီတဲ့သူငယ်ချင်းမျိုးလည်း တော်တေ်ာလေးကိုရှားပါတယ်။ တကယ်တော့ သူတို့စိတ်မြန်တယ်ဆိုတာကလည်း သူတို့စိတ်ထဲမှာ နာကျင်နေတဲ့အခါကျတော့ လုပ်ချင်တာကို ထလုပ်လိုက်ရမှ စိတ်သက်သာကြလို့ပါ။

(၄) စိတ်ကူးယဉ်ရတာကိုကြိုက်တယ်

နာကျင်စရာများတဲ့သူတွေဟာ စိတ်ကူးယဉ်ရတာကို အရမ်းကြိုက်ပါတယ်။ သူတို့ဘဝရဲ့ မဖြစ်ခဲ့တဲ့အရာတွေ၊ မပြည့်စုံခဲ့တဲ့အရာတွေကို စိတ်ကူးထဲမှာ တည်ဆောက်တတ်ကြတယ်။ အနာဂတ်မှာ သူတို့လိုချင်တဲ့ အရာလေးတွေ၊ ရည်မှန်းချက်လေးတွေ၊ ဖြစ်ချင်တဲ့ ဆန္ဒလေးတွေကို စိတ်ကူးထဲမှာ ပုံဖော်ပြီး ကိုယ့်ကိုယ်ကို ဖြေသိမ့်တတ်တဲ့သူမျိုးပါ။ ဒါကြောင့် ဒီလိုလူတွေဟာ တစ်ခါတလေ တစ်ယောက်တည်း သီးသန့်အချိန်ယူရတာကို နှစ်သက်ပြီး အဲဒီ့အချိန်မှာ သူ့ကို နှောက်ယှက်တာ မကြိုက်ပါဘူး။

(၅) သူငယ်ချင်းမက်တယ်

သူတို့ဟာ အပေါင်းအသင်း၊ သူငယ်ချင်းတွေကို အထူးတွယ်တာတဲ့သူတွေပါ။ သူတို့အတွက်ဆို ဘာမဆိုလုပ်ပေးချင်ကြတဲ့ သူမျိုးတွေပါ။ ဒါပေမယ့် သူတို့တကယ်ခင်တဲ့ သူငယ်ချင်း အများကြီးမရှိပါဘူး။ ရှိတဲ့ အနည်းငယ်ကိုလည်း အရမ်းချစ်ပြီး အရမ်း အနစ်နာခံတတ်ကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: lovingnews
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top