Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

၁၉၆၉ ခုႏွစ္ ဇူလိုင္လ ၂၀ ရက္ေန႔တုန္းက Apollo 11 အာကာသယာဥ္မွ တဆင့္ လကမာၻေပၚကို ပထမဆုံးအႀကိမ္အျဖစ္ ေနးလ္ အမ္စထေရာင္း (Neil Armstrong)နဲ႔ ဘပ္ဇ္ အဲဒရင္ (Buzz Aldrin) အသုံးျပဳခဲ့တဲ့ လဆင္း အာကာသယာဥ္ Lunar Module “Eagle” ရဲ႕ပုံစံတူ ေ႐ႊ႐ုပ္တုကို ေဒၚလာ တစ္သိန္းခြဲနဲ႔ ဒီတစ္ပတ္အတြင္းမွာ ေလလံဆြဲသြားမယ္ လို႔သိရပါတယ္။

ဒီလဆင္း အာကာသယာဥ္ပုံစံတူ ႐ုပ္တုေလးဟာ အျမင့္ ၆.၂၅ လက္မရွိၿပီး ၁၈ ကာရက္ အရည္အေသြးရွိေ႐ႊျဖင့္ ျပင္သစ္ ရတနာပညာရွင္ ကာတီးရား (Cartier)ျပဳလုပ္ခဲ့တာျဖစ္ၿပီး ဒီလို ႐ုပ္တုမ်ိဳး ကမာၻမွာ ၃ ႐ုပ္သာရွိတယ္လို႔ သိရပါတယ္။

ဒီ႐ုပ္တုေလးေတြကို Apollo 11 အာကာသယာဥ္မႉးေတြျဖစ္တဲ့ ေနးလ္အမ္စထေရာင္း၊ ဘပ္ဇ္ အယ္ဒရင္းနဲ႔ မိုက္ကယ္ေကာလင္းတို႔ ၁၉၆၉ ခုႏွစ္ေအာက္တိုဘာလက ျပင္သစ္ႏိုင္ငံကို အလည္ေရာက္လာခဲ့ခ်ိန္မွာ ျပင္သစ္ သတင္းစာ လီဖီဂါ႐ို (Le Figaro) က လက္ေဆာင္ေပးခဲ့တာလည္း ျဖစ္ပါတယ္။

ဒီ႐ုပ္တု ၃ ခုထဲမွာ ဘပ္ဇ္ အယ္ဒရင္းကေတာ့ သူပိုင္ဆိုင္တဲ့ ႐ုပ္တုကို အရင္ဆုံးေရာင္းခ်ခဲ့ၿပီး ေနးလ္အမ္စထေရာင္းကေတာ့ သူပိုင္ဆိုင္တဲ့ ႐ုပ္တုေလးကို အိုဟိုင္းယိုး ျပည္နယ္ ဝါပါကိုနီတာၿမိဳ႕ မွာရွိတဲ့ အမ္စထေရာင္း အာကာသနဲ႔ေလေၾကာင္းဆိုင္ရာျပတိုက္ကို လႉဒါန္းခဲ့ပါတယ္။ ဒါေပမဲ့ အမ္စထေရာင္းပိုင္တဲ့ ႐ုပ္တုေလးဟာ ဒီႏွစ္ ဇူလိုင္လအတြင္းမွာပဲ ျပတိုက္ကေန အခိုးခံခဲ့ရပါတယ္။ ေနာက္ဆုံး မိုက္ကယ္ေကာလင္း ပိုင္ဆိုင္တဲ့ ႐ုပ္တုေလးကေတာ့ ၂၀၀၃ ခုႏွစ္တုန္းက ကာတီးယား ကုမၸဏီမွ ေဒၚလာ ၅ ေသာင္းခြဲနဲ႔ ျပန္လည္ဝယ္ယူခဲ့ၿပီးေနာက္ပိုင္းမွာ ကာတီးယား ကုမၸဏီပိုင္ပစၥည္း ျဖစ္ေနပါၿပီ။

ဒီေ႐ႊ႐ုပ္တုေလးေတြကို Apollo 11 အာကာသယာဥ္မႉး ၃ ဦးထံ လက္ေဆာင္ေပးခဲ့သူကေတာ့ ျပင္သစ္ သတင္းစာ လီဖီဂါ႐ို (Le Figaro)ျဖစ္ၿပီး ကုန္က်စရိတ္ကိုေတာ့ သူ႔ရဲ႕ စာဖတ္သူေတြထံမွ အလႉခံကာ ကာတီးယားကို လုပ္ခိုင္းခဲ့တာ ျဖစ္ပါတယ္။ လႉဒါန္းသူမ်ားရဲ႕ နာမည္မ်ားကိုေတာ့ ႐ုပ္တု တစ္ခုခ်င္းစီတိုင္းရဲ႕ အတြင္းထဲမွာ မိုက္ခ႐ို ဖလင္နဲ႔ ေရးထားပါတယ္။

ဒီလို ပုံမွန္မဟုတ္တဲ့ လႉဒါန္းပြဲ ေအာင္ျမင္ခဲ့တာက ျပင္သစ္ႏိုင္ငံရဲ႕ လအေပၚ ဆင္းသက္ျခင္း အေပၚ စိတ္ဝင္စားျခင္းကို ျပသေနၿပီး လူအမ်ားက ဒီ အာကာသာယာဥ္မႉး ၃ ေယာက္ကို ဘယ္ေလာက္ေလးစားၾကသလဲဆိုတာ ျပေနပါတယ္။

႐ုပ္တု တစ္႐ုပ္ခ်င္းစီဟာ ၈၄၈ ဂရမ္ ( ၁.၈ ေပါင္) ခန႔္ရွိၿပီး လဆင္းအာကာသယာဥ္ပုံစံအတိုင္း ကာတီးယားက ျပဳလုပ္ထားတာ ျဖစ္ၿပီး အဆင္းနဲ႔အတက္မွာ အသုံးျပဳရတဲ့ ပစၥည္းေတြကိုလည္း ျဖဳတ္ႏိုင္တပ္ႏိုင္တယ္ လို႔သိရပါတယ္။ ယခုေလလံတင္မယ့္ ႐ုပ္တုမွာေတာ့ ျဖဳတ္လို႔ တပ္လို႔ရႏိုင္တဲ့ အစိတ္အပိုင္းေတြ ျဖစ္တဲ့ ေဒါက္တိုင္ နဲ႔ အန္တာနာ တစ္ခ်ိဳ႕ေတာ့ေပ်ာက္ဆုံးေနၿပီး အနည္းငယ္စြန္းထင္းေနေပမဲ့ ေလလံတင္အဖြဲ႕ကေတာ့ ၾကာသာပေတးေန႔ေလလံပြဲမွာ ေဒၚလာ ၁ သိန္းခြဲေလာက္ ရႏိုင္ဖို႔ ေမွ်ာ္မွန္းထားတယ္ လို႔သိရပါတယ္။ အခုေရာင္းခ်မယ့္ ႐ုပ္တုေလးက အယ္ဒရင္ပိုင္႐ုပ္တု ျဖစ္ၿပီး အယ္ဒရင္ အရင္ကေရာင္းခ်ခဲ့တဲ့အတြက္ အခုေလလံပြဲမွာ သူနဲ႔မသက္ဆိုင္ေတာ့ဘူးလို႔သိရပါတယ္။ ကာတီးယား ကုမၸဏီကေတာ့ ကုန္က်စရိတ္ကို ဝယ္ယူသူက အကုန္အက်ခံမယ္ဆိုရင္ ေပ်ာက္ဆုံးေနတဲ့ ပစၥည္းေတြအားလုံးကို ျပန္ထည့္ေပးႏိုင္တယ္ လို႔ဆိုပါတယ္။

ဒီေ႐ႊ႐ုပ္တုေလး သာမကဘဲ ဒီေလ့လံပြဲမွာ Apollo 11 အာကာယာဥ္ ခရီးစဥ္မွာ အသုံးျပဳခဲ့တဲ့ ပစၥည္းေတြျဖစ္တဲ့ Lunar Module ဆင္းသက္ျခင္း ကို စစ္ေဆးခဲ့တဲ့ စာ႐ြက္၊ လေပၚကို သယ္သြားခဲ့တဲ့ အေမရိကန္အလံနဲ႔ အယ္ဒရင္ ၁၉၆၄ ခုႏွစ္တုန္းက ေရးခဲ့တဲ့ စာတစ္ေစာင္တို႔ကိုပါ ေလလံတင္သြားမယ္ လို႔သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: လူမို(ရိုးရာေလး)
#Unicode Version#
၁၉၆၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တုန်းက Apollo 11 အာကာသယာဉ်မှ တဆင့် လကမ္ဘာပေါ်ကို ပထမဆုံးအကြိမ်အဖြစ် နေးလ် အမ်စထရောင်း (Neil Armstrong)နဲ့ ဘပ်ဇ် အဲဒရင် (Buzz Aldrin) အသုံးပြုခဲ့တဲ့ လဆင်း အာကာသယာဉ် Lunar Module “Eagle” ရဲ့ပုံစံတူ ရွှေရုပ်တုကို ဒေါ်လာ တစ်သိန်းခွဲနဲ့ ဒီတစ်ပတ်အတွင်းမှာ လေလံဆွဲသွားမယ် လို့သိရပါတယ်။

ဒီလဆင်း အာကာသယာဉ်ပုံစံတူ ရုပ်တုလေးဟာ အမြင့် ၆.၂၅ လက်မရှိပြီး ၁၈ ကာရက် အရည်အသွေးရှိရွှေဖြင့် ပြင်သစ် ရတနာပညာရှင် ကာတီးရား (Cartier)ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီလို ရုပ်တုမျိုး ကမ္ဘာမှာ ၃ ရုပ်သာရှိတယ်လို့ သိရပါတယ်။

ဒီရုပ်တုလေးတွေကို Apollo 11 အာကာသယာဉ်မှူးတွေဖြစ်တဲ့ နေးလ်အမ်စထရောင်း၊ ဘပ်ဇ် အယ်ဒရင်းနဲ့ မိုက်ကယ်ကောလင်းတို့ ၁၉၆၉ ခုနှစ်အောက်တိုဘာလက ပြင်သစ်နိုင်ငံကို အလည်ရောက်လာခဲ့ချိန်မှာ ပြင်သစ် သတင်းစာ လီဖီဂါရို (Le Figaro) က လက်ဆောင်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

ဒီရုပ်တု ၃ ခုထဲမှာ ဘပ်ဇ် အယ်ဒရင်းကတော့ သူပိုင်ဆိုင်တဲ့ ရုပ်တုကို အရင်ဆုံးရောင်းချခဲ့ပြီး နေးလ်အမ်စထရောင်းကတော့ သူပိုင်ဆိုင်တဲ့ ရုပ်တုလေးကို အိုဟိုင်းယိုး ပြည်နယ် ဝါပါကိုနီတာမြို့ မှာရှိတဲ့ အမ်စထရောင်း အာကာသနဲ့လေကြောင်းဆိုင်ရာပြတိုက်ကို လှူဒါန်းခဲ့ပါတယ်။ ဒါပေမဲ့ အမ်စထရောင်းပိုင်တဲ့ ရုပ်တုလေးဟာ ဒီနှစ် ဇူလိုင်လအတွင်းမှာပဲ ပြတိုက်ကနေ အခိုးခံခဲ့ရပါတယ်။ နောက်ဆုံး မိုက်ကယ်ကောလင်း ပိုင်ဆိုင်တဲ့ ရုပ်တုလေးကတော့ ၂၀၀၃ ခုနှစ်တုန်းက ကာတီးယား ကုမ္ပဏီမှ ဒေါ်လာ ၅ သောင်းခွဲနဲ့ ပြန်လည်ဝယ်ယူခဲ့ပြီးနောက်ပိုင်းမှာ ကာတီးယား ကုမ္ပဏီပိုင်ပစ္စည်း ဖြစ်နေပါပြီ။

ဒီရွှေရုပ်တုလေးတွေကို Apollo 11 အာကာသယာဉ်မှူး ၃ ဦးထံ လက်ဆောင်ပေးခဲ့သူကတော့ ပြင်သစ် သတင်းစာ လီဖီဂါရို (Le Figaro)ဖြစ်ပြီး ကုန်ကျစရိတ်ကိုတော့ သူ့ရဲ့ စာဖတ်သူတွေထံမှ အလှူခံကာ ကာတီးယားကို လုပ်ခိုင်းခဲ့တာ ဖြစ်ပါတယ်။ လှူဒါန်းသူများရဲ့ နာမည်များကိုတော့ ရုပ်တု တစ်ခုချင်းစီတိုင်းရဲ့ အတွင်းထဲမှာ မိုက်ခရို ဖလင်နဲ့ ရေးထားပါတယ်။

ဒီလို ပုံမှန်မဟုတ်တဲ့ လှူဒါန်းပွဲ အောင်မြင်ခဲ့တာက ပြင်သစ်နိုင်ငံရဲ့ လအပေါ် ဆင်းသက်ခြင်း အပေါ် စိတ်ဝင်စားခြင်းကို ပြသနေပြီး လူအများက ဒီ အာကာသာယာဉ်မှူး ၃ ယောက်ကို ဘယ်လောက်လေးစားကြသလဲဆိုတာ ပြနေပါတယ်။

ရုပ်တု တစ်ရုပ်ချင်းစီဟာ ၈၄၈ ဂရမ် ( ၁.၈ ပေါင်) ခန့်ရှိပြီး လဆင်းအာကာသယာဉ်ပုံစံအတိုင်း ကာတီးယားက ပြုလုပ်ထားတာ ဖြစ်ပြီး အဆင်းနဲ့အတက်မှာ အသုံးပြုရတဲ့ ပစ္စည်းတွေကိုလည်း ဖြုတ်နိုင်တပ်နိုင်တယ် လို့သိရပါတယ်။ ယခုလေလံတင်မယ့် ရုပ်တုမှာတော့ ဖြုတ်လို့ တပ်လို့ရနိုင်တဲ့ အစိတ်အပိုင်းတွေ ဖြစ်တဲ့ ဒေါက်တိုင် နဲ့ အန်တာနာ တစ်ချို့တော့ပျောက်ဆုံးနေပြီး အနည်းငယ်စွန်းထင်းနေပေမဲ့ လေလံတင်အဖွဲ့ကတော့ ကြာသာပတေးနေ့လေလံပွဲမှာ ဒေါ်လာ ၁ သိန်းခွဲလောက် ရနိုင်ဖို့ မျှော်မှန်းထားတယ် လို့သိရပါတယ်။ အခုရောင်းချမယ့် ရုပ်တုလေးက အယ်ဒရင်ပိုင်ရုပ်တု ဖြစ်ပြီး အယ်ဒရင် အရင်ကရောင်းချခဲ့တဲ့အတွက် အခုလေလံပွဲမှာ သူနဲ့မသက်ဆိုင်တော့ဘူးလို့သိရပါတယ်။ ကာတီးယား ကုမ္ပဏီကတော့ ကုန်ကျစရိတ်ကို ဝယ်ယူသူက အကုန်အကျခံမယ်ဆိုရင် ပျောက်ဆုံးနေတဲ့ ပစ္စည်းတွေအားလုံးကို ပြန်ထည့်ပေးနိုင်တယ် လို့ဆိုပါတယ်။

ဒီရွှေရုပ်တုလေး သာမကဘဲ ဒီလေ့လံပွဲမှာ Apollo 11 အာကာယာဉ် ခရီးစဉ်မှာ အသုံးပြုခဲ့တဲ့ ပစ္စည်းတွေဖြစ်တဲ့ Lunar Module ဆင်းသက်ခြင်း ကို စစ်ဆေးခဲ့တဲ့ စာရွက်၊ လပေါ်ကို သယ်သွားခဲ့တဲ့ အမေရိကန်အလံနဲ့ အယ်ဒရင် ၁၉၆၄ ခုနှစ်တုန်းက ရေးခဲ့တဲ့ စာတစ်စောင်တို့ကိုပါ လေလံတင်သွားမယ် လို့သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: လူမို(ရိုးရာလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top