Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

လမ္းခြဲေတာ့မယ္လုိ႕ ဖြင့္ေျပာအၿပီး ၆ ရက္အၾကာမွာ အသတ္ခံခဲ့ရတာ ျဖစ္ဖြယ္႐ွိပါတယ္။

စင္ကာပူႏုိင္ငံမွာ အမ်ဳိးသားတစ္ဦးက လမ္းခြဲေတာ့မယ္လုိ႕ ေျပာခဲ့တဲ့ ခ်စ္သူမိန္းကေလးကုိ အေလးမ ဝိတ္တုံးျဖင့္ ထုသတ္ခဲ့ၿပီး ကုိယ့္ကုိယ္ကုိယ္ ေသေၾကာင္းႀကံစည္မႈ ျဖစ္ပြားခဲ့ေၾကာင္း ေသမႈေသခင္း စုံစမ္းစစ္ေဆးေရးဌာနက ေျပာပါတယ္။

ငုယင္သီသုထရန္ (Nguyen Thi Thu Trang) အမည္႐ွိ အမ်ဳိးသမီးရဲ႕အေလာင္းကုိ မာစီလင္းလမ္းမ (Marsiling Lane) ႐ွိ မီနီဘတ္စ္ကား ယာဥ္ေမာင္း အန္ပုိဟြာ (Ang PohHwa) ရဲ႕ တုိက္ခန္းအတြင္း ယခုႏွစ္ ေမလ ၁၈ ရက္က ေတြ႕႐ွိခဲ့ရပါတယ္။

ယခုအခါ မူခင္းေဆးပညာဆုိင္ရာ ကၽြမ္းက်င္သူေတြရဲ႕ စစ္ေဆးမႈ အစီရင္ခံစာအရ ငုယင္သီသုထရန္ဟာ ဦးေခါင္းခြံကြဲေအာင္ ထု႐ုိက္ခံခဲ့ရတဲ့ ဒဏ္ရာျဖင့္ ေသဆုံးခဲ့ေၾကာင္း သတင္းထုတ္ျပန္ခဲ့ပါတယ္။ ထု႐ိုက္ခံရတဲ့ဒဏ္ရာ ျပင္းထန္ခဲ့ၿပီး အဆုိပါ အမ်ဳိးသမီးရဲ႕ ဦးေခါင္းခြံကုိ ကြဲေၾကသြားေစခဲ့တယ္လို႕ ဆုိပါတယ္။

ငုယင္သီသုထရန္ကုိ ေသေစခဲ့တဲ့ အဆုိပါ ဒဏ္ရာအျပင္ သူမရဲ႕ပါးေပၚမွာ အ႐ုိးျမင္ရတဲ့အထိ ေပါက္ၿပဲစုတ္ျပတ္ဒဏ္ရာ၊ မ်က္ခြံေပၚမွာ ပြန္းပဲ့ဒဏ္ရာမ်ားနဲ႕ နဖူးေနရာမွာ ဦးေခါင္းထိပ္အထိ ၄ လက္မေက်ာ္႐ွိတဲ့ ဒဏ္ရာတုိ႕ကုိလည္း ေတြ႕႐ွိရေၾကာင္း ေသမႈေသခင္း စစ္ေဆးေရးဌာနရဲ႕ ထုတ္ျပန္ခ်က္မွ ေဖာ္ျပထားပါတယ္။

မႈခင္းေဆးပညာဆုိင္ရာ ဆရာဝန္ ေဂ်ာ့ဂ်္ေပါလ္ရဲ႕ ေကာက္ခ်က္ခ်မႈအရ ငုယင္သီသုထရန္ဟာ သူမရဲ႕အေလာင္းကုိ ေမလ ၁၉ ရက္မွာ ခြဲစိတ္စစ္ေဆးမႈမျပဳမီ လြန္ခဲ့တဲ့ ၂ ရက္ သို႕မဟုတ္ ၃ ရက္ကတည္းက ေသဆုံးခဲ့ဖြယ္႐ွိတယ္လို႕လည္း သိရပါတယ္။

အသက္ ၃၁ ႏွစ္အ႐ြယ္ ငုယင္သီသုထရန္ကုိ သတ္ခဲ့တဲ့ သူမရဲ႕ခ်စ္သူ အမ်ဳိးသားဟာလည္း တုိက္ေပၚမွခုန္ခ်ၿပီး ကုိယ့္ကုိယ္ကုိယ္ သတ္ေသသြားခဲ့တာေၾကာင့္ သူမကုိ မည္သုိ႕သတ္ခဲ့ေၾကာင္း တရားခံထြက္ဆုိခ်က္ကုိေတာ့ ရ႐ိွႏုိင္မွာ မဟုတ္ပါဘူး။

"သက္ေသအေထာက္အထားေတြအရ အန္ပုိဟြာက သူ႕ခ်စ္သူ ငုယင္သီသုထရန္ရဲ႕ ဦးေခါင္းပုိင္းကုိ အေလးမ ဝိတ္တုံးနဲ႕ ထု႐ုိက္ခဲ့ရာက ဦးေႏွာက္ထိခုိက္ဒဏ္ရာေၾကာင့္ ေသဆုံးခဲ့တာ ျဖစ္ပါတယ္" လုိ႕ ေသမႈေသခင္း စစ္ေဆးေရးအရာ႐ွိ ကမ္မလာ ပြန္နမ္ပါလမ္က ႏုိဝင္ဘာ ၆ ရက္မွာ ေျပာပါတယ္။

"အေထာက္အထားေတြအရ အန္ပုိဟြာကလည္း သူ႕ခ်စ္သူကုိ သတ္ၿပီးေနာက္မွာ တုိက္အျမင့္ကေန ခုန္ခ်ၿပီး ကုိယ့္ကုိယ္ကုိယ္ သတ္ေသသြားခဲ့ပါတယ္" လုိ႕လည္း ကမ္မလာက ျဖည့္စြက္ ေျပာခဲ့ပါတယ္။

အသက္ ၅၈ ႏွစ္အ႐ြယ္ အန္ပိုဟြာရဲ႕အေလာင္းကုိ ေမလ ၁၈ ရက္ ေဒသစံေတာ္ခ်ိန္ မနက္ ၁း၅၃က မာစီလင္းလမ္းမ႐ွိ တုိက္ခန္းေအာက္မွာ ေတြ႕႐ွိခဲ့ပါတယ္။

ရဲတပ္ဖြဲ႕က အန္ပုိဟြာရဲ႕ အိတ္ကပ္အတြင္းမွာ ေသာ့တြဲတစ္ခုနဲ႕ ႏုိင္ငံသားမွတ္ပုံတင္ကတ္ျပားတုိ႕ကုိ စစ္ေဆးေတြ႕႐ွိခဲ့ၿပီး ၎ရဲ႕ လက္ေကာက္ဝတ္ႏွစ္ဖက္လုံးမွာလည္း လီွးျဖတ္ထားတဲ့ ဒဏ္ရာေတြ ေတြ႕ခဲ့ရပါတယ္။

ထုိ႕ေနာက္ ရဲတပ္ဖြဲ႕က စုံစမ္းမႈေတြ ျပဳလုပ္ၿပီးေနာက္ အဆုိပါတုိက္ခန္း ၅ ထပ္မွာ႐ွိတဲ့ အန္ပုိဟြာ ေနထုိင္ရာအခန္းကုိ ဝင္ေရာက္စစ္ေဆးရာ အိပ္ခန္းအတြင္း ေမြ႕ရာေပၚမွာ အဝတ္အစားမပါဘဲ ေသြးမ်ားေပက်ံေနတဲ့ ငုယင္သီသုထရန္ရဲ႕ အေလာင္းကုိ ေတြ႕႐ွိခဲ့ရပါတယ္။

အခန္းတြင္း ႐ွာေဖြစစ္ေဆးခဲ့ရာမွ အဂၤလိပ္ဘာသာျဖင့္ "Vicky Sorry Sorry" လုိ႕ အန္ပုိဟြာ ေရးသားထားခဲ့တဲ့ မွတ္စုတိုတစ္ခုကုိ ေကာ္ဖီစားပြဲေအာက္မွာ ေတြ႕ခဲ့ရေၾကာင္း ရဲမွတ္တမ္းေတြမွာ ေဖာ္ျပထားပါတယ္။

အခန္းတြင္း ႐ွာေဖြစစ္ေဆးခဲ့ရာမွာ ဓားတစ္ေခ်ာင္းနဲ႕ အေလးမ ဝိတ္တုံးတစ္ခုကုိလည္း ေတြ႕႐ွိခဲ့ရၿပီး အန္ပုိဟြာက အဆုိပါ အေလးမ ဝိတ္တုံးျဖင့္ ငုယင္သီသုထရန္ကုိ ထုသတ္ခဲ့ျခင္းျဖစ္ေၾကာင္း ေသမႈေသခင္း စစ္ေဆးေရးဌာနကုိ ေကာက္ခ်က္ခ်ခဲ့ေၾကာင္း သိရပါတယ္။

အန္ပုိဟြာနဲ႕ ငုယင္သီသုထရန္တုိ႕ဟာ ခ်စ္သူေတြ ျဖစ္ခဲ့ၾကေပမဲ့ ငုယင္သီသုထရန္က အီတလီအမ်ဳိးသားတစ္ဦးနဲ႕ ေစ့စပ္လုိက္ၿပီး အီတလီမွာ ေျပာင္းေ႐ႊ႕ေနထုိင္ရန္ စီစဥ္ေနခဲ့တယ္လို႕ ဆုိပါတယ္။ ငုယင္သီသုထရန္က ထုိအေၾကာင္းကုိ အန္ပုိဟြာအား ဖြင့္ေျပာအၿပီး ၆ ရက္အၾကာမွာ အသတ္ခံခဲ့ရဖြယ္႐ွိတယ္လို႕ စုံစမ္းေရးမွဴးေတြက သုံးသပ္ထားပါတယ္။

အမႈစုံစမ္းစစ္ေဆးသူေတြက ၎တုိ႕ႏွစ္ဦးလုံးရဲ႕ စမတ္ဖုန္းမ်ားမွ အျပန္အလွန္ ေပးပုိ႕ထားၾကတဲ့ မက္ေဆ့ခ်္ေတြကုိ စစ္ေဆးခဲ့ၾကေၾကာင္းလည္း သိရပါတယ္။

ယခင္က အိမ္ေထာင္႐ွိခဲ့ဖူးၿပီး ကြား႐ွင္းထားကာ ကေလးတစ္ဦး႐ွိတဲ့ ဗီယက္နမ္ အမ်ဳိးသမီး ငုယင္သီသုထရန္ဟာ စင္ကာပူ႐ွိ Ce La Vi ဘားဆုိင္မွာ အလုပ္လုပ္ကုိင္ခဲ့သူျဖစ္ၿပီး သူမကုိ ဗစ္ကီ (Vicky) အမည္ျဖင့္လည္း သိထားခဲ့ၾကတယ္လို႕ ဆုိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
လမ်းခွဲတော့မယ်လို့ ဖွင့်ပြောအပြီး ၆ ရက်အကြာမှာ အသတ်ခံခဲ့ရတာ ဖြစ်ဖွယ်ရှိပါတယ်။

စင်ကာပူနိုင်ငံမှာ အမျိုးသားတစ်ဦးက လမ်းခွဲတော့မယ်လို့ ပြောခဲ့တဲ့ ချစ်သူမိန်းကလေးကို အလေးမ ဝိတ်တုံးဖြင့် ထုသတ်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှု ဖြစ်ပွားခဲ့ကြောင်း သေမှုသေခင်း စုံစမ်းစစ်ဆေးရေးဌာနက ပြောပါတယ်။

ငုယင်သီသုထရန် (Nguyen Thi Thu Trang) အမည်ရှိ အမျိုးသမီးရဲ့အလောင်းကို မာစီလင်းလမ်းမ (Marsiling Lane) ရှိ မီနီဘတ်စ်ကား ယာဉ်မောင်း အန်ပိုဟွာ (Ang PohHwa) ရဲ့ တိုက်ခန်းအတွင်း ယခုနှစ် မေလ ၁၈ ရက်က တွေ့ရှိခဲ့ရပါတယ်။

ယခုအခါ မူခင်းဆေးပညာဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ စစ်ဆေးမှု အစီရင်ခံစာအရ ငုယင်သီသုထရန်ဟာ ဦးခေါင်းခွံကွဲအောင် ထုရိုက်ခံခဲ့ရတဲ့ ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ ထုရိုက်ခံရတဲ့ဒဏ်ရာ ပြင်းထန်ခဲ့ပြီး အဆိုပါ အမျိုးသမီးရဲ့ ဦးခေါင်းခွံကို ကွဲကြေသွားစေခဲ့တယ်လို့ ဆိုပါတယ်။

ငုယင်သီသုထရန်ကို သေစေခဲ့တဲ့ အဆိုပါ ဒဏ်ရာအပြင် သူမရဲ့ပါးပေါ်မှာ အရိုးမြင်ရတဲ့အထိ ပေါက်ပြဲစုတ်ပြတ်ဒဏ်ရာ၊ မျက်ခွံပေါ်မှာ ပွန်းပဲ့ဒဏ်ရာများနဲ့ နဖူးနေရာမှာ ဦးခေါင်းထိပ်အထိ ၄ လက်မကျော်ရှိတဲ့ ဒဏ်ရာတို့ကိုလည်း တွေ့ရှိရကြောင်း သေမှုသေခင်း စစ်ဆေးရေးဌာနရဲ့ ထုတ်ပြန်ချက်မှ ဖော်ပြထားပါတယ်။

မှုခင်းဆေးပညာဆိုင်ရာ ဆရာဝန် ဂျော့ဂျ်ပေါလ်ရဲ့ ကောက်ချက်ချမှုအရ ငုယင်သီသုထရန်ဟာ သူမရဲ့အလောင်းကို မေလ ၁၉ ရက်မှာ ခွဲစိတ်စစ်ဆေးမှုမပြုမီ လွန်ခဲ့တဲ့ ၂ ရက် သို့မဟုတ် ၃ ရက်ကတည်းက သေဆုံးခဲ့ဖွယ်ရှိတယ်လို့လည်း သိရပါတယ်။

အသက် ၃၁ နှစ်အရွယ် ငုယင်သီသုထရန်ကို သတ်ခဲ့တဲ့ သူမရဲ့ချစ်သူ အမျိုးသားဟာလည်း တိုက်ပေါ်မှခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တာကြောင့် သူမကို မည်သို့သတ်ခဲ့ကြောင်း တရားခံထွက်ဆိုချက်ကိုတော့ ရရှိနိုင်မှာ မဟုတ်ပါဘူး။

"သက်သေအထောက်အထားတွေအရ အန်ပိုဟွာက သူ့ချစ်သူ ငုယင်သီသုထရန်ရဲ့ ဦးခေါင်းပိုင်းကို အလေးမ ဝိတ်တုံးနဲ့ ထုရိုက်ခဲ့ရာက ဦးနှောက်ထိခိုက်ဒဏ်ရာကြောင့် သေဆုံးခဲ့တာ ဖြစ်ပါတယ်" လို့ သေမှုသေခင်း စစ်ဆေးရေးအရာရှိ ကမ်မလာ ပွန်နမ်ပါလမ်က နိုဝင်ဘာ ၆ ရက်မှာ ပြောပါတယ်။

"အထောက်အထားတွေအရ အန်ပိုဟွာကလည်း သူ့ချစ်သူကို သတ်ပြီးနောက်မှာ တိုက်အမြင့်ကနေ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပါတယ်" လို့လည်း ကမ်မလာက ဖြည့်စွက် ပြောခဲ့ပါတယ်။

အသက် ၅၈ နှစ်အရွယ် အန်ပိုဟွာရဲ့အလောင်းကို မေလ ၁၈ ရက် ဒေသစံတော်ချိန် မနက် ၁း၅၃က မာစီလင်းလမ်းမရှိ တိုက်ခန်းအောက်မှာ တွေ့ရှိခဲ့ပါတယ်။

ရဲတပ်ဖွဲ့က အန်ပိုဟွာရဲ့ အိတ်ကပ်အတွင်းမှာ သော့တွဲတစ်ခုနဲ့ နိုင်ငံသားမှတ်ပုံတင်ကတ်ပြားတို့ကို စစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းရဲ့ လက်ကောက်ဝတ်နှစ်ဖက်လုံးမှာလည်း လှီးဖြတ်ထားတဲ့ ဒဏ်ရာတွေ တွေ့ခဲ့ရပါတယ်။

ထို့နောက် ရဲတပ်ဖွဲ့က စုံစမ်းမှုတွေ ပြုလုပ်ပြီးနောက် အဆိုပါတိုက်ခန်း ၅ ထပ်မှာရှိတဲ့ အန်ပိုဟွာ နေထိုင်ရာအခန်းကို ဝင်ရောက်စစ်ဆေးရာ အိပ်ခန်းအတွင်း မွေ့ရာပေါ်မှာ အဝတ်အစားမပါဘဲ သွေးများပေကျံနေတဲ့ ငုယင်သီသုထရန်ရဲ့ အလောင်းကို တွေ့ရှိခဲ့ရပါတယ်။

အခန်းတွင်း ရှာဖွေစစ်ဆေးခဲ့ရာမှ အင်္ဂလိပ်ဘာသာဖြင့် "Vicky Sorry Sorry" လို့ အန်ပိုဟွာ ရေးသားထားခဲ့တဲ့ မှတ်စုတိုတစ်ခုကို ကော်ဖီစားပွဲအောက်မှာ တွေ့ခဲ့ရကြောင်း ရဲမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

အခန်းတွင်း ရှာဖွေစစ်ဆေးခဲ့ရာမှာ ဓားတစ်ချောင်းနဲ့ အလေးမ ဝိတ်တုံးတစ်ခုကိုလည်း တွေ့ရှိခဲ့ရပြီး အန်ပိုဟွာက အဆိုပါ အလေးမ ဝိတ်တုံးဖြင့် ငုယင်သီသုထရန်ကို ထုသတ်ခဲ့ခြင်းဖြစ်ကြောင်း သေမှုသေခင်း စစ်ဆေးရေးဌာနကို ကောက်ချက်ချခဲ့ကြောင်း သိရပါတယ်။

အန်ပိုဟွာနဲ့ ငုယင်သီသုထရန်တို့ဟာ ချစ်သူတွေ ဖြစ်ခဲ့ကြပေမဲ့ ငုယင်သီသုထရန်က အီတလီအမျိုးသားတစ်ဦးနဲ့ စေ့စပ်လိုက်ပြီး အီတလီမှာ ပြောင်းရွှေ့နေထိုင်ရန် စီစဉ်နေခဲ့တယ်လို့ ဆိုပါတယ်။ ငုယင်သီသုထရန်က ထိုအကြောင်းကို အန်ပိုဟွာအား ဖွင့်ပြောအပြီး ၆ ရက်အကြာမှာ အသတ်ခံခဲ့ရဖွယ်ရှိတယ်လို့ စုံစမ်းရေးမှူးတွေက သုံးသပ်ထားပါတယ်။

အမှုစုံစမ်းစစ်ဆေးသူတွေက ၎င်းတို့နှစ်ဦးလုံးရဲ့ စမတ်ဖုန်းများမှ အပြန်အလှန် ပေးပို့ထားကြတဲ့ မက်ဆေ့ချ်တွေကို စစ်ဆေးခဲ့ကြကြောင်းလည်း သိရပါတယ်။

ယခင်က အိမ်ထောင်ရှိခဲ့ဖူးပြီး ကွားရှင်းထားကာ ကလေးတစ်ဦးရှိတဲ့ ဗီယက်နမ် အမျိုးသမီး ငုယင်သီသုထရန်ဟာ စင်ကာပူရှိ Ce La Vi ဘားဆိုင်မှာ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပြီး သူမကို ဗစ်ကီ (Vicky) အမည်ဖြင့်လည်း သိထားခဲ့ကြတယ်လို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top