Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

နာမည္ေက်ာ္ အဆိုေတာ္ ေရာခ့္ကာႀကီး ေဇာ္ဝင္းထြဋ္ မိသားစု နွင့္ Rဇာနည္ မိသားစု တို႔က မိတၳီလာ ေဒသမွာရွိတဲ့ ေရွးေဟာင္း ဘုရား ေစတီ မ်ားကို ထီးတင္ပဲြ ျပဳလုပ္ခဲ့ၾကတယ္လို႔ သိရွိရပါတယ္။

(ႏိုဝင္ဘာလ ၆ ရက္) မွာေတာ့ ဘုရားထီးတင္ ကုသိုလ္ ယူေနၾကတဲ့ ၾကည္ႏူးဖြယ္ရာ ဓာတ္ပံုမ်ား ေဖ့စ္ဘြက္ စာမ်က္ႏွာေပၚကို ေရာက္ရွိလာခဲ့ပါတယ္။

မိတၳီလာျမဳိ႕အနီး မုန္တိုင္ေက်းရြာမွာ တည္ရွိတဲ့ ေရွးေဟာင္းဘုရားမ်ားျဖစ္ၾကတဲ့  ျပည္လုံးခ်မ္းသာေစတီ ,ေရႊဘုံသာေစတီ ,ေငြဘုံသာ ေစတီ ဘုရားမ်ားအား ျပန္လည္ျပဳျပင္မြမ္းမံျခင္း ေရႊထီးေတာ္ -စိန္ဖူးေတာ္-ဌက္ျမတ္နာေတာ္မ်ား တင္လွဴပူေဇာ္ျခင္း ႏွင့္ ဗုဒၶဘိေသကအေနကဇာတင္ မဟာမဂၤလာအလွဴပြဲ ျပဳလုပ္ၾကတယ္လို့ သိရွိရပါတယ္။

အလွဴရွင္မ်ားကေတာ့ အဆိုေတာ္ ေဇာ္ဝင္းထဋ္ မိသားစု ၊ အဆိုေတာ္ R ဇာနည္ မိသားစု ႏွင့္ ကိုေအာင္သူ (မႏၲေလး) တို႔ ျဖစ္ၾကတယ္လို့ သိရွိရပါတယ္။

ယခင္ ဆယ္စုႏွစ္မ်ားမွစျပီး ယခုတိုင္ ပရိတ္သတ္ လက္ခံအႀကိဳက္ေတြ႔ေနဆဲ ေရာ့ခ္ဂီတ ပညာရွင္တစ္ဦးျဖစ္တဲ့ ေဇာ္ဝင္းထဋ္က ၿပီးခဲ့သည္ရက္ပိုင္းကလည္း အာဇာနည္ ၊ ေဝလတို႔ႏွင့္အတူ ေဆးေပါင္းခတဲ့ည ေဖ်ာ္ေျဖပဲြႀကီးကို ေအာင္ျမင္စြာ ျပဳလုပ္ၿပီး ပရိတ္သတ္နဲ႔ ထိေတြ႔ခဲ့ၾကတယ္လို့သိရွိရပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
နာမည်ကျော် အဆိုတော် ရောခ့်ကာကြီး ဇော်ဝင်းထွဋ် မိသားစု နှင့် Rဇာနည် မိသားစု တို့က မိတ္ထီလာ ဒေသမှာရှိတဲ့ ရှေးဟောင်း ဘုရား စေတီ များကို ထီးတင်ပွဲ ပြုလုပ်ခဲ့ကြတယ်လို့ သိရှိရပါတယ်။

(နိုဝင်ဘာလ ၆ ရက်) မှာတော့ ဘုရားထီးတင် ကုသိုလ် ယူနေကြတဲ့ ကြည်နူးဖွယ်ရာ ဓာတ်ပုံများ ဖေ့စ်ဘွက် စာမျက်နှာပေါ်ကို ရောက်ရှိလာခဲ့ပါတယ်။

မိတ္ထီလာမြို့အနီး မုန်တိုင်ကျေးရွာမှာ တည်ရှိတဲ့ ရှေးဟောင်းဘုရားများဖြစ်ကြတဲ့  ပြည်လုံးချမ်းသာစေတီ ,ရွှေဘုံသာစေတီ ,ငွေဘုံသာ စေတီ ဘုရားများအား ပြန်လည်ပြုပြင်မွမ်းမံခြင်း ရွှေထီးတော် -စိန်ဖူးတော်-ဌက်မြတ်နာတော်များ တင်လှူပူဇော်ခြင်း နှင့် ဗုဒ္ဓဘိသေကအနေကဇာတင် မဟာမင်္ဂလာအလှူပွဲ ပြုလုပ်ကြတယ်လို့ သိရှိရပါတယ်။

အလှူရှင်များကတော့ အဆိုတော် ဇော်ဝင်းထဋ် မိသားစု ၊ အဆိုတော် R ဇာနည် မိသားစု နှင့် ကိုအောင်သူ (မန္တလေး) တို့ ဖြစ်ကြတယ်လို့ သိရှိရပါတယ်။

ယခင် ဆယ်စုနှစ်များမှစပြီး ယခုတိုင် ပရိတ်သတ် လက်ခံအကြိုက်တွေ့နေဆဲ ရော့ခ်ဂီတ ပညာရှင်တစ်ဦးဖြစ်တဲ့ ဇော်ဝင်းထဋ်က ပြီးခဲ့သည်ရက်ပိုင်းကလည်း အာဇာနည် ၊ ဝေလတို့နှင့်အတူ ဆေးပေါင်းခတဲ့ည ဖျော်ဖြေပွဲကြီးကို အောင်မြင်စွာ ပြုလုပ်ပြီး ပရိတ်သတ်နဲ့ ထိတွေ့ခဲ့ကြတယ်လို့သိရှိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top