Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အထီးက်န္ျခင္းနုဲ႔စိတ္က်ေဝဒနာဟာ လူငယ္ေတြနဲ႔ သက္ၾကီးပိုင္းေတြမွုာ သက္ေရာက္မႈခ်င္း ကြာျခားပါတယ္။ အသက္ၾကီးသူေတြမွာ စိတ္က်ေဝဒနာဟာ က်န္းမာေရးျပႆနာေတြရွိလာတာ၊ လုပ္ေဆာင္နုိင္စြမ္းနည္းလာတာေတြနဲ႔အတူ ခံစားလာရတတ္ျပီး လကၡဏာ တာရွည္တတ္ပါတယ္။

လူၾကီးမိဘေတြမွာ စိတ္ဓာတ္က်ျခင္းေၾကာင့္ လုပ္ေဆာင္နိုင္စြမ္းေတြေလ်ာ့က်လာေစနိုင္ျပိီး ရွိရင္းစြဲေရာဂါေတြကို ပိုဆိုးေစျပီး အသက္ဆံုးရံႈးရနုိင္တဲ့အႏၱရာယ္ကို တိုးေစနိုင္တယ္လို႔  ေလ့လာေတြ႔ရွိခ်က္ကေတြက ေဖာ္ျပၾကပါတယ္။ လူၾကီးေတြမွာ စိတ္ဓာတ္က်ျခင္းကို ဂရုတစိုက္ မကုသေပးနိုင္ရင္ ရုတ္တရက္ႏွလံုးေဖာက္ျခင္းျဖစ္လာရာကေန အသက္ဆံုးရံ႔ႈးရတဲ့အထိ  ျဖစ္ေစနုိင္ပါတယ္။

မိဘေတြဟာ အသက္ၾကီးလာတာနဲ႔အမွ် ေမာင္ႏွမသားခ်င္း၊ဇနီး/ခင္ပြန္း ကြယ္လြန္သြားလို႔၊ ဒါမွမဟုတ္ အလုပ္ကေနအျငိမ္းစားယူ လိုက္ရလို႔၊ အိုးအိမ္ေနရာေျပာင္းေရႊ႕လိုက္ရလို႔ စသည္ျဖင့္ လူမႈဘဝမွာဆံုးရံႈးမႈေတြၾကံဳလာရပါတယ္။  ဒီလိုအေျပာင္းအလဲေတြရယ္၊ အသက္ၾကီးသူေတြက အရာရာေႏွးေကြးက်ဆင္းလာတယ္ဆိုတဲ့အခ်က္ရယ္ေၾကာင့္ သူတို႔မွာျဖစ္လာတဲ့ စိတ္က်ေဝဒနာလကၡဏာေတြကို ေဘးလူေတြက သတိမထားမိလိုက္ဘဲ ရွိတတ္ပါတယ္။

ကိုယ္ခ်စ္ခင္ရတဲ့မိဘေတြမွာ စိတ္က်ေရာဂါလကၡဏာေတြရွိမရွိ ေစာေစာသိထားမွသာလွ်င္ ေရရွည္မခံစားရမီ ထိန္းသိမ္းကူညီနိုင္မွာပါ။ေတြ႔ရမ်ားတဲ့ ေရာဂါလကၡဏာေတြကေတာ့ –

    ပံုမွန္မဟုတ္ဘဲ ေမာပန္းအားကုန္ျခင္း
    ၾကိဳက္ႏွစ္သက္ေလ့ရွိတဲ့ အလုပ္ေတြကို စိတ္မဝင္စားေတာ့ျခင္း
    လူမႈေရးကိစၥေတြကို ေရွာင္ဖယ္ေနျခင္း
    အေၾကာင္းရင္းမရွိဘဲ ကိုယ္အေလးခ်ိန္က်ဆင္းျခင္း
    အိပ္စက္ပံုအမူအက်င့္ေတြေျပာင္းလဲလာျခင္း (ပိုအိပ္လာတာ သို႔မဟုတ္ အိပ္မရေတာ့တာ)
    လူပိုတစ္ေယာက္လို႔ ကိုယ့္ကိုယ္ကုိယ္ထင္ျမင္လာျခင္း
    အဆံုးစီရင္မယ့္အေတြးေတြ၊ ၾကိဳးပမ္းတာေတြရွိလာျခင္း

စိတ္ဓာတ္က်လာေစတဲ့အေၾကာင္းရင္းေတြကဘာလဲ

    ရွိႏွင့္ျပီးသား စိတ္က်ေဝဒနာ – သင့္မိဘက သူ႔ရဲ႕ဘဝမွာ ေထာင့္ေပါင္းစံုကစိတ္ဓာတ္က်စရာေတြၾကံဳလာခဲ့ရဖူးသူျဖစ္ရင္ သူအသက္ၾကီးရင့္လာတဲ့အခါ ေရာဂါေဟာင္းျပန္ေပၚတတ္ပါတယ္။ နဂိုတည္းက ျပႆနာေျဖရွင္းနိုင္စြမ္းနဲ႔အဆိုးျမင္စိတ္ကို ျပဳျပင္နိုင္စြမ္း အားနည္းလို႔ စိတ္က်ေဝဒနာကို မကုသနိုင္ခဲ့တဲ့သူေတြဟာ အသက္ၾကီးရင့္လာခ်ိန္မွာ စိတ္ကိုျပန္လည္ျပဳျပင္ထိန္းသိမ္းဖို႔ ပိုခက္ခဲ နိူင္ပါတယ္။

    ရွိႏွင့္ျပီးသား စိုးရိမ္ပူပန္စိတ္ – ပူပင္ေသာကမ်ားတဲ့ အတိတ္ရွိခဲ့သူေတြဟာ အသက္ၾကီးလာတဲ့အခါ ပိုေၾကာက္တတ္လာပါတယ္။ ေနာက္ဆံုးေတာ့ စိုးရိမ္စိတ္ေၾကာင့္ ဟိုေၾကာက္ဒီေၾကာက္နဲ႔ တစ္ဦးတည္းသီးျခားျဖစ္ျပီးအထီးက်န္လာရပါတယ္။ လူၾကီးမိဘေတြ အိမ္တြင္းေအာင္းေနတာမ်ားလာျပီး မိတ္ေဆြေတြ၊ သာေရးနာေရးကိစၥေတြကို ေရွာင္ေနျပီဆိုရင္ သတိထားပါ။ စိတ္က်ေဝဒနာ ျဖစ္လာနိုင္ပါတယ္။

    ကုန္ဆံုးခဲ့တဲ့ဘဝကို ျပန္သံုးသပ္ဆင္ျခင္ဖို႔ အခက္အခဲရွိေနျခင္း – က်န္းမာေပ်ာ္ရႊင္စြာအသက္ၾကီးျခင္းရဲ႕လွ်ိဳ႕ဝွက္ခ်က္က ကိုုယ့္ဘဝကိုယ္ျပန္လည္သံုးသပ္ဖို႔၊ အေကာင္းျမင္စိတ္နဲ႔ဂုဏ္ယူဖို႔ ၊ခြင့္လႊတ္စိတ္ေမြးဖို႔၊ တျခားသူေတြအေပၚ အာဃာတမထားေတာ့ဖို႔ ျဖစ္ပါတယ္။ တခ်ိဳ႕မွာေတာ့ ကိုယ့္ဘဝကို ျပန္လည္သံုးသပ္ဖို႔ အခက္အခဲရွိေနတတ္ပါတယ္။ ဥပမာ- ေမြးခ်င္းညီအစ္ကိုေမာင္ႏွ္မ တစ္ဦးဦးအေပၚ မေက်နပ္မႈကမျပီးမစီးနုိင္ေသးဘဲ၊ ေဒါသျဖစ္ေနဆဲ၊ အာဃာတဆက္ထားေနဆဲ ခံစားေနရနိုင္ပါတယ္။ မျပီးမစီးနိူင္တဲ့ ဒီစိတ္ေၾကာင့္ပဲ စိတ္ပိုင္းဆိုင္ရာ အဆိပ္အေတာက္ျဖစ္ေစကာ ေပ်ာ္ရႊင္နုိင္စြမ္းနဲ႔ ေအးခ်မ္းနုိင္စြမ္းတို႔မွာ အတားအဆီးျဖစ္ေစ ပါတယ္။

    အသိမိတ္ေဆြေတြနဲ႔မိသားစုဝင္ေတြဆံုးပါးသြားျခင္း –  ရြယ္တူတန္းတူမိတ္ေဆြသူငယ္ခ်င္းေတြ တစ္ဦးျပီးတစ္ဦး ဆံုးပါးသြားၾကတာနဲ႔ပဲ ဝမ္းနည္းအားငယ္စိတ္နဲ႔ ေလာကၾကိီးကေနေပ်ာ္စရာမေကာင္းေတာ့ဘူးလို႔ ေတြးျမင္လာတတ္ပါတယ္။ ဇနီး သို႔မဟုတ္ ခင္ပြန္းဆံုးရံႈးရျခင္းကလည္း ၾကီးမားတဲ့ စိတ္ဒဏ္ရာျဖစ္ျပီး သူမရွိရင္ ဘယ္လိုေနပါ့မလဲအေတြးနဲ႔တင္ စိတ္ဓာတ္က်လာေစပါတယ္။

    စြမ္းေဆာင္ရည္က်ဆင္းျခင္း – ကိုယ္အရင္ကလုပ္ခဲ့ဖူးတဲ့အလုပ္ေတြကို လုပ္ေဆာင္နုိင္စြမ္းမရွိေတာ့ဘူးလို႔ သိလာတဲ့အခါ စိတ္ရႈပ္လာျပီး ေၾကာက္စိတ္ဝင္လာပါတယ္။ ဘဝကအခ်ိန္ကုန္ဖို႔ နီးနီးေလးက်န္ေတာ့တယ္ဆိုတဲ့ အေတြးကလည္း ႏွိပ္စက္လာပါတယ္။ အေတ္ာမ်ားမ်ားက သူမ်ားအကူအညီယူေနတာထက္ လြတ္လပ္စြာေနထိုင္ဖို႔ဘက္ ေရြးခ်ယ္သြားၾကေပမယ့္ တခ်ိဳ႕မ်ာေတာ့ စြမ္းေဆာင္ရည္က်ဆင္းမႈကေန အထီးက်န္ျဖစ္လာျပီး အသံုးမက်ေတာ့သလိုလို စိတ္ဓာတ္က်လာတတ္ပါတယ္။

ဒါေတြအျပင္ ေရာဂါေဝဒနာေတြခံစားေနရတဲ့ လူၾကီးမိဘေတြမွာလည္း က်န္းမာေရးေၾကာင့္ စိတ္ပ်က္အားငယ္ကာ အထီးက်န္စိတ္ ခံစားလာေလ့ရွိတာေၾကာင့္ လကၡဏာေတြကို ဂရုစိုက္ေလ့လာျပီးအားေပးကူညီသင့္ပါတယ္။

စိတ္ဓာတ္က်ေနတဲ့ ကိုယ့္မိဘကို ဘယ္လိုကူညီအားေပးမလဲ

    မိဘေတြရဲ႕လြတ္လပ္ခြင့္ကိုတန္ဖိုးထားပါ။ လိုက္ခ်ဳပ္ခ်ယ္ဖို႔မၾကိဳးစားပါနဲ႔။
    စိတ္က်ေရာဂါအေၾကာင္းကို ေလ့လာပါ။ ကိုယ့္မိဘေတြ ပိန္သြားတာ၊ ညအိပ္မေပ်ာ္တာ၊ ေမွ်ာ္လင့္ခ်က္မဲ့သလိုျဖစ္ေနတာ၊ အျပဳအမုူေတြေျပာင္းလဲလာတာ၊ အခ်ိန္တိုင္းလိုလိုအားနည္းႏြမ္းလ်ေနတာေတြဟာ စိတ္က်ေဝဒနာလကၡဏာေတြ ဆိုတာသတိထားမိလာပါလိမ့္မယ္။

    စကားေျပာေပးပါ။ မိဘေတြနဲ႔စကားစျမည္ေျပာၾကတဲ့အခါ စိတ္က်ေရာဂါအေၾကာင္းထည့္မေျပာဖို႔ေတာ့သတိျပဳပါ။ စိတ္ပူတဲ့၊ ဂရုစိုက္တဲ့အေၾကာင္းကစေျပာျပီး သူတို႔က ဘယ္ေလာက္အေရးပါေၾကာင္း၊ ေပ်ာ္ရႊင္ေနတာျမင္လိုေၾကာင္းေျပာျပပါ။ ဘာေတြခံစား ေနရသလဲ၊ သူတို႔ရဲ႕အေျပာင္းအလဲေတြအေၾကာင္း ေမးၾကည့္ပါ။ ေနလို႔မေပ်ာ္ေတာ့တဲ့အေၾကာင္း ေျပာလာခဲ့ရင္ေတာ့ ကြ်မ္းက်င္သူ ေတြနဲ႔တိုင္ပင္ျပီး အၾကံျပဳခ်က္ရယူပါ။

    မိဘေတြနဲ႔ အခ်ိန္ကုန္ဆံုးေပးပါ။ မိဘေတြက ေပၚေပၚတင္တင္ မေဖာ္ျပခဲ့ရင္ေတာင္ သင့္ကိုသိပ္ခ်စ္ၾကမွာပါ။ ကိုယ္ကလည္း မိဘေတြကိုခ်စ္တဲ့အေၾကာင္းျပသေပးျပိီး အတူအခ်ိန္ကုန္ဆံုးေပးပါ။ ဟင္းအတူခ်က္တာမ်ိဳး၊ ဖဲခ်ပ္ကစားတာမ်ိဳး၊ တီဗီၾကည့္ရင္း အတူစားေသာက္ၾကတာမ်ိဳး၊ အတူလမ္းထြက္ေလွ်ာက္တာမ်ိဳး ေပ်ာ္စရာေကာင္းတာေတြ ဖန္တီးနုိ္င္ပါတယ္။

    မိဘေတြကို အျပင္ေခၚသြားပါ။ သဘာဝတရား၊ ေနေရာင္ျခည္နဲ႔ ေလေကာင္းေလသန္႔တို႔က သူတို႔ကို စိတ္ေပါ့ပါး အပန္းေျပေစျပီး လမ္းေလ််ာက္ထြက္ျခင္းကလည္း စိတ္ဖိစီးမႈေလ်ာ့ပါးေစပါတယ္။

    မိဘေတြကို ခ်စ္ခင္ေၾကာင္းျပေပးပါ။ တခါတရံမွာ စိတ္ဓာတ္က်ေနသူေတြဟာ သူတို႔ကိုဘယ္သူမွမခ်စ္ေတာ့၊ မလိုခ်င္ေတာ့ဘူးလို႔ ေတြးထင္လာတတ္ၾကတာေၾကာင့္ အျပဳသေဘာအေတြးေတြ ေမြးျမဴေပးလိုက္ပါ။ မိဘေတြကို တရင္းတႏွီးေပြ႕ဖက္ျပီး ဖက္လွဲတကင္းေနေပးပါ။ အခ်စ္မခံရရင္ အထီးက်န္စိတ္နဲ႔ စိတ္ဓာတ္က်ျခင္း ပိုဆိုးရြားလာနုိင္ပါတယ္။ အျပည့္အဝဂရုစိုက္ ခ်စ္ခင္ျခင္းခံရတဲ့ လူၾကီးမိဘေတြဟာ ပိုေပ်ာ္ရႊင္ျပီး ပိုက်န္းမာၾကပါတယ္။

    စိတ္က်ေဝဒနာခံစားေနရတဲ့သူတစ္ေယာက္ဟာ ကိုယ့္ကိုယ္ကိုယ္ဂရုမစိုက္နုိင္ေတာ့သလို လုပ္ေနက် အလုပ္ေတြကိုလည္း စိတ္ကုန္ေနတတ္ပါတယ္။ ကိုယ့္မိဘ လုပ္ေနက်အလုပ္ေတြကို ကူလုပ္ေပးဖို႔ၾကိဳးစားပါ။

    ေနာက္ဆံုးအခ်က္ကေတာ့ သူတို႔ကိုယ္တိုင္လုပ္လို႔ရေနတဲ့ကိစၥေတြမွာ ကိုယ္တိုင္ပဲလုပ္ပါေစ။ – ဥပမာ- အက်ႌလဲတာ၊ေရခ်ိဳးတာ၊ သနပ္ခါးလူးတာ၊ လိုမ်ိဳူး အေသးအဖြဲေလးေတြမွာ ဝင္မလုပ္ေပးပါနဲ႔။ ဝင္လုပ္ေပးတာက အကူအညီျဖစ္ေစတယ္ဆိုေပမယ့္ သူတို႔မွာ ဘာမွလုပ္နုိင္စြမ္းမရွိေတာ့ပါဘူးလို႔ အေတြးဝင္လာနုိင္ပါတယ္။

    စိတ္ေပ်ာ္ရႊင္ရျခင္းနဲ႔ သားသမီးေတြရဲ႕ခ်စ္ခင္ဂရုစိုက္ခံရျခင္းက အေကာင္းဆံုးေဆးတစ္ခြက္ျဖစ္တာေၾကာင့္ မိဘေတြကို စိတ္ဖိစီးမႈ မရွိေအာင္ ၾကိဳးစားထားရွိေပးရံုနဲ႔ ေဝဒနာေလ်ာ့ပါးေစမွာေသခ်ာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
အထီးကျန်ခြင်းနုဲ့စိတ်ကျဝေဒနာဟာ လူငယ်တွေနဲ့ သက်ကြီးပိုင်းတွေမှုာ သက်ရောက်မှုချင်း ကွာခြားပါတယ်။ အသက်ကြီးသူတွေမှာ စိတ်ကျဝေဒနာဟာ ကျန်းမာရေးပြဿနာတွေရှိလာတာ၊ လုပ်ဆောင်နိုင်စွမ်းနည်းလာတာတွေနဲ့အတူ ခံစားလာရတတ်ပြီး လက္ခဏာ တာရှည်တတ်ပါတယ်။

လူကြီးမိဘတွေမှာ စိတ်ဓာတ်ကျခြင်းကြောင့် လုပ်ဆောင်နိုင်စွမ်းတွေလျော့ကျလာစေနိုင်ပြီး ရှိရင်းစွဲရောဂါတွေကို ပိုဆိုးစေပြီး အသက်ဆုံးရှုံးရနိုင်တဲ့အန္တရာယ်ကို တိုးစေနိုင်တယ်လို့  လေ့လာတွေ့ရှိချက်ကတွေက ဖော်ပြကြပါတယ်။ လူကြီးတွေမှာ စိတ်ဓာတ်ကျခြင်းကို ဂရုတစိုက် မကုသပေးနိုင်ရင် ရုတ်တရက်နှလုံးဖောက်ခြင်းဖြစ်လာရာကနေ အသက်ဆုံးရံ့ှုးရတဲ့အထိ  ဖြစ်စေနိုင်ပါတယ်။

မိဘတွေဟာ အသက်ကြီးလာတာနဲ့အမျှ မောင်နှမသားချင်း၊ဇနီး/ခင်ပွန်း ကွယ်လွန်သွားလို့၊ ဒါမှမဟုတ် အလုပ်ကနေအငြိမ်းစားယူ လိုက်ရလို့၊ အိုးအိမ်နေရာပြောင်းရွှေ့လိုက်ရလို့ စသည်ဖြင့် လူမှုဘဝမှာဆုံးရှုံးမှုတွေကြုံလာရပါတယ်။  ဒီလိုအပြောင်းအလဲတွေရယ်၊ အသက်ကြီးသူတွေက အရာရာနှေးကွေးကျဆင်းလာတယ်ဆိုတဲ့အချက်ရယ်ကြောင့် သူတို့မှာဖြစ်လာတဲ့ စိတ်ကျဝေဒနာလက္ခဏာတွေကို ဘေးလူတွေက သတိမထားမိလိုက်ဘဲ ရှိတတ်ပါတယ်။

ကိုယ်ချစ်ခင်ရတဲ့မိဘတွေမှာ စိတ်ကျရောဂါလက္ခဏာတွေရှိမရှိ စောစောသိထားမှသာလျှင် ရေရှည်မခံစားရမီ ထိန်းသိမ်းကူညီနိုင်မှာပါ။တွေ့ရများတဲ့ ရောဂါလက္ခဏာတွေကတော့ –

    ပုံမှန်မဟုတ်ဘဲ မောပန်းအားကုန်ခြင်း
    ကြိုက်နှစ်သက်လေ့ရှိတဲ့ အလုပ်တွေကို စိတ်မဝင်စားတော့ခြင်း
    လူမှုရေးကိစ္စတွေကို ရှောင်ဖယ်နေခြင်း
    အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်ကျဆင်းခြင်း
    အိပ်စက်ပုံအမူအကျင့်တွေပြောင်းလဲလာခြင်း (ပိုအိပ်လာတာ သို့မဟုတ် အိပ်မရတော့တာ)
    လူပိုတစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ်ထင်မြင်လာခြင်း
    အဆုံးစီရင်မယ့်အတွေးတွေ၊ ကြိုးပမ်းတာတွေရှိလာခြင်း

စိတ်ဓာတ်ကျလာစေတဲ့အကြောင်းရင်းတွေကဘာလဲ

    ရှိနှင့်ပြီးသား စိတ်ကျဝေဒနာ – သင့်မိဘက သူ့ရဲ့ဘဝမှာ ထောင့်ပေါင်းစုံကစိတ်ဓာတ်ကျစရာတွေကြုံလာခဲ့ရဖူးသူဖြစ်ရင် သူအသက်ကြီးရင့်လာတဲ့အခါ ရောဂါဟောင်းပြန်ပေါ်တတ်ပါတယ်။ နဂိုတည်းက ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့အဆိုးမြင်စိတ်ကို ပြုပြင်နိုင်စွမ်း အားနည်းလို့ စိတ်ကျဝေဒနာကို မကုသနိုင်ခဲ့တဲ့သူတွေဟာ အသက်ကြီးရင့်လာချိန်မှာ စိတ်ကိုပြန်လည်ပြုပြင်ထိန်းသိမ်းဖို့ ပိုခက်ခဲ နိူင်ပါတယ်။

    ရှိနှင့်ပြီးသား စိုးရိမ်ပူပန်စိတ် – ပူပင်သောကများတဲ့ အတိတ်ရှိခဲ့သူတွေဟာ အသက်ကြီးလာတဲ့အခါ ပိုကြောက်တတ်လာပါတယ်။ နောက်ဆုံးတော့ စိုးရိမ်စိတ်ကြောင့် ဟိုကြောက်ဒီကြောက်နဲ့ တစ်ဦးတည်းသီးခြားဖြစ်ပြီးအထီးကျန်လာရပါတယ်။ လူကြီးမိဘတွေ အိမ်တွင်းအောင်းနေတာများလာပြီး မိတ်ဆွေတွေ၊ သာရေးနာရေးကိစ္စတွေကို ရှောင်နေပြီဆိုရင် သတိထားပါ။ စိတ်ကျဝေဒနာ ဖြစ်လာနိုင်ပါတယ်။

    ကုန်ဆုံးခဲ့တဲ့ဘဝကို ပြန်သုံးသပ်ဆင်ခြင်ဖို့ အခက်အခဲရှိနေခြင်း – ကျန်းမာပျော်ရွှင်စွာအသက်ကြီးခြင်းရဲ့လျှို့ဝှက်ချက်က ကိုုယ့်ဘဝကိုယ်ပြန်လည်သုံးသပ်ဖို့၊ အကောင်းမြင်စိတ်နဲ့ဂုဏ်ယူဖို့ ၊ခွင့်လွှတ်စိတ်မွေးဖို့၊ တခြားသူတွေအပေါ် အာဃာတမထားတော့ဖို့ ဖြစ်ပါတယ်။ တချို့မှာတော့ ကိုယ့်ဘဝကို ပြန်လည်သုံးသပ်ဖို့ အခက်အခဲရှိနေတတ်ပါတယ်။ ဥပမာ- မွေးချင်းညီအစ်ကိုမောင်နှ်မ တစ်ဦးဦးအပေါ် မကျေနပ်မှုကမပြီးမစီးနိုင်သေးဘဲ၊ ဒေါသဖြစ်နေဆဲ၊ အာဃာတဆက်ထားနေဆဲ ခံစားနေရနိုင်ပါတယ်။ မပြီးမစီးနိူင်တဲ့ ဒီစိတ်ကြောင့်ပဲ စိတ်ပိုင်းဆိုင်ရာ အဆိပ်အတောက်ဖြစ်စေကာ ပျော်ရွှင်နိုင်စွမ်းနဲ့ အေးချမ်းနိုင်စွမ်းတို့မှာ အတားအဆီးဖြစ်စေ ပါတယ်။

    အသိမိတ်ဆွေတွေနဲ့မိသားစုဝင်တွေဆုံးပါးသွားခြင်း –  ရွယ်တူတန်းတူမိတ်ဆွေသူငယ်ချင်းတွေ တစ်ဦးပြီးတစ်ဦး ဆုံးပါးသွားကြတာနဲ့ပဲ ဝမ်းနည်းအားငယ်စိတ်နဲ့ လောကကြီးကနေပျော်စရာမကောင်းတော့ဘူးလို့ တွေးမြင်လာတတ်ပါတယ်။ ဇနီး သို့မဟုတ် ခင်ပွန်းဆုံးရှုံးရခြင်းကလည်း ကြီးမားတဲ့ စိတ်ဒဏ်ရာဖြစ်ပြီး သူမရှိရင် ဘယ်လိုနေပါ့မလဲအတွေးနဲ့တင် စိတ်ဓာတ်ကျလာစေပါတယ်။

    စွမ်းဆောင်ရည်ကျဆင်းခြင်း – ကိုယ်အရင်ကလုပ်ခဲ့ဖူးတဲ့အလုပ်တွေကို လုပ်ဆောင်နိုင်စွမ်းမရှိတော့ဘူးလို့ သိလာတဲ့အခါ စိတ်ရှုပ်လာပြီး ကြောက်စိတ်ဝင်လာပါတယ်။ ဘဝကအချိန်ကုန်ဖို့ နီးနီးလေးကျန်တော့တယ်ဆိုတဲ့ အတွေးကလည်း နှိပ်စက်လာပါတယ်။ အတေ်ာများများက သူများအကူအညီယူနေတာထက် လွတ်လပ်စွာနေထိုင်ဖို့ဘက် ရွေးချယ်သွားကြပေမယ့် တချို့မျာတော့ စွမ်းဆောင်ရည်ကျဆင်းမှုကနေ အထီးကျန်ဖြစ်လာပြီး အသုံးမကျတော့သလိုလို စိတ်ဓာတ်ကျလာတတ်ပါတယ်။

ဒါတွေအပြင် ရောဂါဝေဒနာတွေခံစားနေရတဲ့ လူကြီးမိဘတွေမှာလည်း ကျန်းမာရေးကြောင့် စိတ်ပျက်အားငယ်ကာ အထီးကျန်စိတ် ခံစားလာလေ့ရှိတာကြောင့် လက္ခဏာတွေကို ဂရုစိုက်လေ့လာပြီးအားပေးကူညီသင့်ပါတယ်။

စိတ်ဓာတ်ကျနေတဲ့ ကိုယ့်မိဘကို ဘယ်လိုကူညီအားပေးမလဲ

    မိဘတွေရဲ့လွတ်လပ်ခွင့်ကိုတန်ဖိုးထားပါ။ လိုက်ချုပ်ချယ်ဖို့မကြိုးစားပါနဲ့။
    စိတ်ကျရောဂါအကြောင်းကို လေ့လာပါ။ ကိုယ့်မိဘတွေ ပိန်သွားတာ၊ ညအိပ်မပျော်တာ၊ မျှော်လင့်ချက်မဲ့သလိုဖြစ်နေတာ၊ အပြုအမုူတွေပြောင်းလဲလာတာ၊ အချိန်တိုင်းလိုလိုအားနည်းနွမ်းလျနေတာတွေဟာ စိတ်ကျဝေဒနာလက္ခဏာတွေ ဆိုတာသတိထားမိလာပါလိမ့်မယ်။

    စကားပြောပေးပါ။ မိဘတွေနဲ့စကားစမြည်ပြောကြတဲ့အခါ စိတ်ကျရောဂါအကြောင်းထည့်မပြောဖို့တော့သတိပြုပါ။ စိတ်ပူတဲ့၊ ဂရုစိုက်တဲ့အကြောင်းကစပြောပြီး သူတို့က ဘယ်လောက်အရေးပါကြောင်း၊ ပျော်ရွှင်နေတာမြင်လိုကြောင်းပြောပြပါ။ ဘာတွေခံစား နေရသလဲ၊ သူတို့ရဲ့အပြောင်းအလဲတွေအကြောင်း မေးကြည့်ပါ။ နေလို့မပျော်တော့တဲ့အကြောင်း ပြောလာခဲ့ရင်တော့ ကျွမ်းကျင်သူ တွေနဲ့တိုင်ပင်ပြီး အကြံပြုချက်ရယူပါ။

    မိဘတွေနဲ့ အချိန်ကုန်ဆုံးပေးပါ။ မိဘတွေက ပေါ်ပေါ်တင်တင် မဖော်ပြခဲ့ရင်တောင် သင့်ကိုသိပ်ချစ်ကြမှာပါ။ ကိုယ်ကလည်း မိဘတွေကိုချစ်တဲ့အကြောင်းပြသပေးပြီး အတူအချိန်ကုန်ဆုံးပေးပါ။ ဟင်းအတူချက်တာမျိုး၊ ဖဲချပ်ကစားတာမျိုး၊ တီဗီကြည့်ရင်း အတူစားသောက်ကြတာမျိုး၊ အတူလမ်းထွက်လျှောက်တာမျိုး ပျော်စရာကောင်းတာတွေ ဖန်တီးနိုင်ပါတယ်။

    မိဘတွေကို အပြင်ခေါ်သွားပါ။ သဘာဝတရား၊ နေရောင်ခြည်နဲ့ လေကောင်းလေသန့်တို့က သူတို့ကို စိတ်ပေါ့ပါး အပန်းပြေစေပြီး လမ်းလျေျာက်ထွက်ခြင်းကလည်း စိတ်ဖိစီးမှုလျော့ပါးစေပါတယ်။

    မိဘတွေကို ချစ်ခင်ကြောင်းပြပေးပါ။ တခါတရံမှာ စိတ်ဓာတ်ကျနေသူတွေဟာ သူတို့ကိုဘယ်သူမှမချစ်တော့၊ မလိုချင်တော့ဘူးလို့ တွေးထင်လာတတ်ကြတာကြောင့် အပြုသဘောအတွေးတွေ မွေးမြူပေးလိုက်ပါ။ မိဘတွေကို တရင်းတနှီးပွေ့ဖက်ပြီး ဖက်လှဲတကင်းနေပေးပါ။ အချစ်မခံရရင် အထီးကျန်စိတ်နဲ့ စိတ်ဓာတ်ကျခြင်း ပိုဆိုးရွားလာနိုင်ပါတယ်။ အပြည့်အဝဂရုစိုက် ချစ်ခင်ခြင်းခံရတဲ့ လူကြီးမိဘတွေဟာ ပိုပျော်ရွှင်ပြီး ပိုကျန်းမာကြပါတယ်။

    စိတ်ကျဝေဒနာခံစားနေရတဲ့သူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ်ဂရုမစိုက်နိုင်တော့သလို လုပ်နေကျ အလုပ်တွေကိုလည်း စိတ်ကုန်နေတတ်ပါတယ်။ ကိုယ့်မိဘ လုပ်နေကျအလုပ်တွေကို ကူလုပ်ပေးဖို့ကြိုးစားပါ။

    နောက်ဆုံးအချက်ကတော့ သူတို့ကိုယ်တိုင်လုပ်လို့ရနေတဲ့ကိစ္စတွေမှာ ကိုယ်တိုင်ပဲလုပ်ပါစေ။ – ဥပမာ- အကျႌလဲတာ၊ရေချိုးတာ၊ သနပ်ခါးလူးတာ၊ လိုမျိုူး အသေးအဖွဲလေးတွေမှာ ဝင်မလုပ်ပေးပါနဲ့။ ဝင်လုပ်ပေးတာက အကူအညီဖြစ်စေတယ်ဆိုပေမယ့် သူတို့မှာ ဘာမှလုပ်နိုင်စွမ်းမရှိတော့ပါဘူးလို့ အတွေးဝင်လာနိုင်ပါတယ်။

    စိတ်ပျော်ရွှင်ရခြင်းနဲ့ သားသမီးတွေရဲ့ချစ်ခင်ဂရုစိုက်ခံရခြင်းက အကောင်းဆုံးဆေးတစ်ခွက်ဖြစ်တာကြောင့် မိဘတွေကို စိတ်ဖိစီးမှု မရှိအောင် ကြိုးစားထားရှိပေးရုံနဲ့ ဝေဒနာလျော့ပါးစေမှာသေချာပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top