Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

“လူစားတယ္” ဆိုတဲ့ စကားရပ္က ..
ကၽြန္ေတာ္တို႔ လူမႈနယ္ပယ္မွာ ၾကားဖူးေနက် ..
ဘယ္ၿမဳိ႕ဘယ္ရြာ ဘယ္ေနရာက လူစားတယ္ ..
ဘယ္ေခ်ာင္း ဘယ္ကန္ ဘယ္ေကြ႕က လူလဲတယ္ စသျဖင့္ ..
အခုလည္း အဲ့ဒီလိုဘဲဗ် ..
အခု ေျပာျပမယ့္ လူစားတယ္ ဆိုတဲ့ ေနရာက ..
တစ္ျခားေနရာ မဟုတ္ ..
ကၽြန္ေတာ့္အိမ္ေရွ႕တည့္တည့္ ..
အိမ္ ဆိုေပမယ့္ ဝန္ထမ္းလိုင္းခန္းပါ ...

ကၽြန္ေတာ္က စည္ပင္ဝန္ထမ္းတစ္ဦး ..
နယ္ၿမဳိ႕တစ္ၿမဳိ႕ကို ရာထူးတိုးနဲ႔ ေျပာင္းေရႊ႕ေရာက္ရွိရင္း
႐ံုးဝန္းထဲမွာ ရွိတဲ့ စည္ပင္ဝန္ထမ္းအိမ္ယာမွာ ေနရတယ္ ..
ဝန္ထမ္းအိမ္ေတြက (၆)လံုးဘဲ ရွိတာပါ ..
လံုးခ်င္း(၂)လံုးနဲ႔ (၂)ခန္းတြဲ(၄)လံုးေပါ့ ..
ကၽြန္ေတာ္ ေနတဲ့ လိုင္းခန္းက ..
႐ံုးမ်က္ႏွာစာ လမ္းေဘးတင္ ...
႐ံုးေဘးမွာက လက္ေထာက္ညႊန္မွဴးအိမ္ ...
ၿပီးရင္ ကၽြန္ေတာ္ ေနတဲ့ (၂)ခန္းတြဲ လိုင္းခန္း ..
က်န္တာေတြက ႐ံုးအေနာက္ဘက္ျခမ္းမွာပါ ..
ကၽြန္ေတာ့္ေဘးခန္းမွာ ဦးေအာင္မ်ဳိးတို႔ လင္မယားေနတယ္..
သူတို႔က ကေလး အဖတ္မတင္လို႔ မရွိဘူး ..

ကၽြန္ေတာ့္နာမည္ က “ေက်ာ္လြင္” ..
ဇနီးသည္က “မာမာခင္” မို႔ “အမာ”လို႔ ေခၚတယ္ ..
သားသမီး(၂)ေယာက္ ..
အႀကီးေကာင္ သားေလးက (၇)တန္း ..
သားငယ္က(၄)တန္းေက်ာင္းသားေတြ ..
ဒီနယ္ၿမဳိ႕ေလးကို ေရာက္တာ (၆)လေက်ာ္ၿပီေပါ့ဗ်ာ ..

ကၽြန္ေတာ္ ဝန္ထမ္းအိမ္ယာမွာ ေနခဲ့တဲ့
(၆)လတာ ကာလအတြင္း ...
အိမ္ေရွ႕ လမ္းမမွာ ယာဥ္တိုက္မႈေၾကာင့္ ..
လူေသဆံုးမႈ (၂)ႀကိမ္ေတာင္ ရွိသြားၿပီ ..
တစ္ႀကိမ္က ကားနဲ႔ ဆိုင္ကယ္နဲ႔ တိုက္ေသတာ ..
ေနာက္တစ္ႀကိမ္က ..
ဆိုင္ကယ္ မူးၿပီး ေမာင္းလာရင္း ေမွာက္ေသတာ..
ကၽြန္ေတာ္ မေရာက္ခင္ကလည္း ..
ယာဥ္တိုက္မႈေၾကာင့္ ေသဆံုးမႈေတြ ရွိခဲ့ေၾကာင္း သိရတယ္ ..
ဒဏ္ရာရတာ မပါဘူးေနာ္ ..
လူေသဆံုးတာခ်ည္းဘဲ ေျပာတာပါ ..
အဲ့ဒီ့ေတာ့ ရပ္ကြက္ထဲကေရာ ႐ံုးမွာေရာ ..
ေျပာစမွတ္ တြင္တာက ..
“စည္ပင္႐ံုးေရွ႕က လူစားတယ္” ဆိုတာပါဘဲ ..

ဟုတ္ၿပီ ...
လူစားတယ္ (လူ မၾကာခဏ ေသတယ္ေပါ့ဗ်ာ)ဆိုေတာ့
သရဲမေျခာက္ဘူးလား? ေမးခ်င္ၾကမယ္ ..
အမွန္အတိုင္း ဝန္ခံရရင္ ...
ကၽြန္ေတာ္ ေနထိုင္ခဲ့တဲ့ ကာလတစ္ေလွ်ာက္ ...
တစ္ႀကိမ္တစ္ခါမွ သရဲ အေျခာက္ မခံဖူးခဲ့ပါဘူး ..
အဲ့ဒီ့ေတာ့ ၾကားဖူးနားဝ ၾကားခဲ့ဖူးတဲ့ ..
လူစားတဲ့ ကိုးေလာင္းေကြ႕ေတြ ..
ေျခာက္ေလာင္းေကြ႕ေတြ စသျဖင့္ေတြက ..
လူေတြ စကားကို ခ်ဲ႕ကားေျပာခဲ့ၾကတာလား? လို႔ ..
ကၽြန္ေတာ္ ထင္ျမင္မိခဲ့တဲ့အထိ ..

ယာဥ္တိုက္မႈ ေသဆံုးမႈ ျဖစ္တဲ့အခါတိုင္း..
ကၽြန္ေတာ့္ အိမ္ေရွ႕တည့္တည့္ မဟုတ္ခဲ့ရင္ေတာင္ ..
မ်က္ေစာင္းထိုးေလာက္ ..
ေပ(၁၀၀)ဝန္းက်င္အတြင္းမွာဘဲ ေသဆံုးၾကတာပါ ..
ကၽြန္ေတာ္ မေရာက္ခင္ႏွစ္က ဘုန္းႀကီးပင့္ၿပီး
ပရိတ္တရားနာဖူးတယ္လို႔ သိရတယ္ ..

ကၽြန္ေတာ့္ လိုင္းခန္းအိမ္နဲ႔ ႐ံုးဝန္းၿခံစည္း႐ိုးက ..
႐ံုးဝန္းအတြင္း ကားလမ္းေလး အပါအဝင္
ေပ(၂၀)သာသာဘဲ ေဝးတယ္ ..
ၿခံစည္း႐ိုးနဲ႔ ကားလမ္းက (၁၂)ေပသာသာ ..
ၿခံစည္း႐ိုးနဲ႔ ကားလမ္းအၾကားမွာ ..
အလွစိုက္ထားတဲ့ ျမက္ခင္းျပင္ ရွိတယ္ ..
တ႐ုတ္စကားပင္တန္းေလးလည္း စိုက္ထားတာေပါ့ ..
တစ္ခါတစ္ေလ ကိုယ့္မိသားစုခ်ည္း
ဒါမွ မဟုတ္ တစ္ဖက္အိမ္က ကိုေအာင္မ်ဳိးတို႔ မိသားစုပါ
႐ံုးဝန္း အဝင္ေပါက္မွာ ခံုေတြခ် ထိုင္စကားေျပာတယ္ ..
ကေလးေတြက ျမက္ခင္းျပင္မွာ ေဆာ့တယ္ ..
အဲ့ဒီ့အတြက္ ဘာသရဲမွ မေတြ႕ဖူး မျမင္ဖူး ..
အေျခာက္မခံဖူးဘူးလို႔ ေျပာတာ ..

ကၽြန္ေတာ္တို႔ ႐ံုးေရွ႕ ကားလမ္းက ၿမဳိ႕တြင္းေရွာင္လမ္းမို႔
ကုန္ကားႀကီးေတြ ျဖတ္ေလ့ရွိတယ္ ..
႐ံုးအေရွ႕မွာေတာ့ ရပ္ကြက္ ရွိတယ္ ..
“သစၥာၿမဳိင္ရပ္ကြက္” တဲ့ ..

ေန႔တစ္ေန႔ ညေနေစာင္း ..
ကၽြန္ေတာ္ ေရခ်ဳိးၿပီး ၿမဳိ႕ထဲ မီးေခ်ာင္းသြားဝယ္ဖို႔
ဆိုင္ကယ္ေပၚ တက္ေနတုန္း ..
ကားလမ္းမဆီက ..
ဒုန္း !!! ... ဆိုတဲ့ အသံႀကီး ၾကားလိုက္တယ္ ..
ဟာ ! တုိက္ျပန္ၿပီလား? ဟ ..
ဆိုင္ကယ္ကို ေဒါက္ ျပန္ေထာက္ၿပီး ..
ယာဥ္တိုက္မႈ ျဖစ္ေနတဲ့ ကားလမ္းမဆီ အေျပးသြားလိုက္တယ္ ..
႐ံုးေရွ႕ လၻက္ရည္ဆိုင္မွာ ထိုင္ေနတဲ့ ..
လူတစ္ခ်ဳိ႕လည္း ဝိုင္းလာၾကတယ္ ..

ကုန္ကားအလြတ္တစ္စီးေအာက္မွာ ..
တ႐ုတ္ဆိုင္ကယ္တစ္စီးနဲ႔ ေယာက်ာ္းလူလတ္ပိုင္း(၂)ေယာက္ ..
ကၽြန္ေတာ္ ေရာက္ကတည္းက ..
(၂)ေယာက္လံုး ပြဲခ်င္းၿပီး ေသေနၿပီ ..
ဆိုင္ကယ္ေမာင္းတဲ့ သူကေတာ့ ...
ဦးေႏွာက္နဲ႔ အူေတြေတာင္ ထြက္လို႔ ..
ကားဘီး တက္ၾကိတ္ထားတာ ..
ကားသမားက ထြက္ေျပးဖို႔ ဟန္ျပင္ေနတာမို႔
ရပ္ကြက္ထဲက လူေတြက ဖမ္းခ်ဳပ္ထားတယ္ ..
မွားတာက ကားသမား မွားတာဗ် ..
ေရွ႕က သံုးဘီးဆိုင္ကယ္ ကို ေက်ာ္တဲ့အခ်ိန္ ..
တစ္ဖက္ ယာဥ္ေၾကာက ေမာင္းလာတဲ့ ..
ဆိုင္ကယ္ကို မ်က္ႏွာခ်င္းဆိုင္ ဝင္တိုက္လိုက္တာ ..
ေသြးေတြမွ ကားလမ္းေပၚမွာ အိုင္ထြန္းေနလို႔ ..
ေနာက္ပိုင္း ရဲတပ္ဖြဲ႕ဝင္ေတြ ေရာက္လာၿပီး ..
လုပ္စရာ ကိုင္စရာ ရွိတာေတြ ဆက္လုပ္သြားၾကတယ္ ..
ကၽြန္ေတာ္ ၿမဳိ႕ထဲမွာ မီးေခ်ာင္းဝယ္ၿပီး ျပန္လာေတာ့ ..
ကားလမ္းေပၚက ဦးေႏွာက္ဖတ္ေတြ ေသြးေတြေတာင္
ရပ္ကြက္ထဲက လူေတြက ေရေဆးခ်ၿပီးၿပီ ..
ၾကည့္လိုက္ေတာ့ အနိ္မ့္ပိုင္းျဖစ္တဲ့ လမ္းေဘး
ကၽြန္ေတာ္တို႔ ျမက္ခင္းျပင္ရဲ႕ အစပ္
အုတ္ေဘာင္ေလး ေဘးမွာေတာင္ ..
ကားလမ္းေပၚက ေရေဆးခ်လို႔ ..
ေသြးေတြ ဦးေႏွာက္ဖတ္လိုလို ျဖဴျဖဴေဖြးေဖြး အဖတ္တစ္ခ်ဳိ႕နဲ႔
ေရာေနတဲ့ ေရအိုင္ ေရကြက္ေတြ ေတြ႕တယ္ ..
ေနာက္ေတာ့ ေပ်ာက္သြားမွာပါ ..
ေလာေလာဆယ္ေတာ့ ေအာ္ဂလီဆန္သြားတယ္ ..
ညေနစာ စားရမွာေတာင္ မစားခ်င္ေတာ့ ..

မေျခာက္ပါဘူး ဆိုတဲ့ လူစားတဲ့ ေနရာ စေျခာက္ၿပီ ..

ယာဥ္တိုက္ လူေသဆံုးမႈျဖစ္ၿပီး (၅)ရက္ေျမာက္ေန႔ ..
လိုင္းခန္းအေရွ႕မွာ ထိုင္ခံုေတြ ခ်ၿပီး
ကၽြန္ေတာ္နဲ႔ ကုိေအာင္မ်ုိးတို႔ လင္မယား ထိုင္စကားေျပာေနတုန္း ..
အခ်ိန္က ည(၉)နာရီေက်ာ္ၿပီဗ် ...
ကၽြန္ေတာ့္ ဇနီးနဲ႔ ကေလးေတြက TV ၾကည့္ေနၾကတယ္ ..
ရာသီဥတုကလည္း ေႏြရာသီဆိုေတာ့ ..
အိမ္ထဲမွာလည္း ပူျပီး မေနခ်င္လို႔ ..
အျပင္မွာ ေလညွင္းထြက္ခံေနတာပါ ..

“အံမယ္ေလး !!! ...
ဟိုေန႔က ႐ံုးေရွ႕မွာ ေသတဲ့ လူေတြလား? မသိဘူး..”
ေျပာလိုက္သူက ကိုေအာင္မ်ဳိးရဲ႕ ဇနီး “မသင္း” ..
လက္ညွဳိးထုိးျပေနလို႔ ၾကည့္လိုက္ေတာ့ ..
ဟုတ္ပါ့ဗ်ာ ..
႐ံုးဝန္းၿခံစည္း႐ိုး သံတိုင္ေတြ ၾကားမွာ ..
လြန္ခဲ့တဲ့ (၅)ရက္က ႐ံုးေရွ႕မွာ ေသသြားတဲ့ ..
လူ(၂)ေယာက္ ...
အဲ !!! မွားလို႔ သရဲ(၂)ေကာင္ ..
ေသတုန္းက ပံုအတိုင္းဘဲ ..
တစ္ေကာင္က ေခါင္းတစ္ျခမ္း ပဲ့ေနတယ္ ..
ေနာက္တစ္ေကာင္က ေခါင္းမွာ ေသြးေတြနဲ႔ ..
ဘာလို႔ အဲ့ဒီ့လူေတြလို႔ တပ္အပ္ေျပာႏိုင္လဲ ဆိုေတာ့ ..
သူတို႔ ယာဥ္တိုက္မႈျဖစ္လို႔ ကၽြန္ေတာ္တို႔ သြားၾကည့္ေတာ့ ..
ကုိေအာင္မ်ဳိးတို႔ လင္မယားလည္း ပါတယ္ ..
ေနာက္ၿပီး ယာဥ္တိုက္မႈကို ..
ကၽြန္ေတာ္ ဓာတ္ပံု႐ိုက္ၿပီး ...
Facebook ေပၚေတာင္ တင္လိုက္ေသးတာကိုးဗ် ..
(ေသတဲ့လူေတြရဲ႕ မ်က္ႏွာကိုေတာ့ ..
Photoshop နဲ႔ ႐ုပ္ဖ်က္ၿပီး တင္ခဲ့)
ကၽြန္ေတာ့္ ဖုန္းထဲမွာေတာင္ ...
အဲ့ဒီ့ပံုေတြ ရွိေနေသးတယ္ ...
ကၽြန္ေတာ္တို႔နဲ႔ မ်က္ေစာင္းထိုးအေနအထားေပါ့ ..
ကိုေအာင္မ်ဳိး ဇနီး မသင္းကေတာ့ ..
ေျပာၿပီးတာနဲ႔ ေၾကာက္ၿပီး အိမ္ထဲ ဝင္ေျပးသြားၿပီ ..
ေၾကာင္ၿပီး မတ္တပ္ရပ္ က်န္ေနခဲ့တာက ..
ကၽြန္ေတာ္နဲ႔ ကိုေအာင္မ်ုိး ..
ကၽြန္ေတာ္တို႔ကလည္း သူတို႔ကို ၾကည့္ ..
သူတို႔က ကၽြန္ေတာ္တို႔ကို ၾကည့္ေနတာ မဟုတ္ဘူးဗ် ..
သူတို႔ ၾကည့္ေနတာက ေဘးအိမ္ဘက္ကို ..
သံတိုင္ၿခံစည္း႐ိုးရဲ႕ အုတ္တိုင္ေတြမွာ အလွထြန္းထားတဲ့
မီးလံုးေရာင္ေတြေၾကာင့္ ျမင္ေနရတာေလ ..
အလြန္ဆံုးရွိလွ ေပ(၃၀)ေလာက္ဘဲ ေဝးတာေလ ..

အသက္(၄၀)ေက်ာ္မွာ သရဲဆိုတာ ..
ပထမဆံုး မ်က္ျမင္ကိုယ္ေတြ႕ ျမင္လိုက္ရတာဗ်ဳိ႕ ..
အစကေတာ့ မျမင္ဖူးေတာ့ ..
ေၾကာက္တတ္သလိုလို မေၾကာက္တတ္သလိုလိုနဲ႔ ..
ခု ကိုယ္တိုင္ မ်က္စိတပ္အပ္ ..
ေနာက္ၿပီး ကိုယ္တစ္ေယာက္တည္း ျမင္တာ မဟုတ္ ..
ကိုေအာင္မ်ဳိးတို႔ လင္မယားပါ ျမင္လိုက္ရတာဆိုေတာ့ ..
ၾကက္သီးေမြးညင္းေတြ ျဖန္းျဖန္းထ ..

ျမင္ေနရတဲ့ပံုစံက ထင္ထင္ရွားရွား ျမင္ရလိုက္ ..
အရိပ္ပံုစံ ျဖစ္သြားလိုက္ ပံုစံမ်ဳိးပါ ..
ကၽြန္ေတာ္တို႔ ေၾကာင္ၿပီး ရပ္ၾကည့္ေနတာ
ခန္႔မွန္း (၃)မိနစ္ေလာက္ၾကာမယ္ ..
ေနာက္ေတာ့ အဲ့ဒီ့ သရဲႏွစ္ေကာင္ ျပန္လွည့္ထြက္သြားတယ္ ..
ကၽြန္ေတာ္တို႔လည္း သံတိုင္ၿခံစည္း႐ိုးၾကားထဲ
အေဝးကေန ရွာၾကည့္ေပမယ့္ ေပ်ာက္သြားတယ္ဗ် ..

ကိုေအာင္မ်ဳိး ပံုစံ ၾကည့္ရတာ ...
သူလည္း လန္႔ေနတဲ့ ပံုဘဲ ..
အသံေတြေတာင္ နည္းနည္းတုန္ေနေသး ..
“ဒီတစ္ခါဘဲ ႀကဳံဖူးေသးတယ္ ကိုေက်ာ္လြင္ေရ” တဲ့ .
မသင္း ေျပာျပလို႔ ကၽြန္ေတာ့္ဇနီးလည္း သိ ..
ေနာက္ေန႔မနက္က်ေတာ့ ႐ံုးမွာ သိကုန္ၾကေရာ ..
တစ္ေနကုန္ ဟိုလူကလာေမးလိုက္ ..
ဒီလူက လာေမးလိုက္နဲ႔ ေျဖရွင္းေနရတယ္ ..
လူ ဆိုတာက စပ္စုတဲ့ အမ်ဳိးကိုးဗ် ..

ေနာက္(၃)ရက္ေလာက္အၾကာ ...
အရင္ကဆို ႐ံုးဝန္းထဲမွာဘဲျဖစ္ျဖစ္ လမ္းေလွ်ာက္ထြက္ရင္ ..
ၿခံစည္း႐ိုးအေပါက္ဝထိ ေလွ်ာက္ေနက် ..
ဟိုသရဲႏွစ္ေကာင္ ေတြ႕ၿပီးကတည္းက ..
လမ္းကို မေလွ်ာက္ျဖစ္ေတာ့တာ ..
အနားမွာ ဘြားခနဲ ေပၚလာမွ ဒုကၡေလဗ်ာ ..

အိမ္ထဲမွာ ဘီယာေသာက္ရင္လည္း ပူတာမို႔
ကၽြန္ေတာ္နဲ႔ ကိုေအာင္မ်ဳိး အခန္းအျပင္မွာ
ထိုင္ခံုေတြ ခ်ၿပီး ဘီယာထိုင္ေသာက္ေနခ်ိန္
ည(၈)နာရီစြန္းစြန္းေလးဘဲ ရွိဦးမယ္ဗ် ..

“ကိုေက်ာ္လြင္ .. ဟိုမွာ ဟိုေကာင္ေတြ ...”
ကိုေအာင္မ်ဳိး ျပတဲ့ေနရာကို ၾကည့္လိုက္ေတာ့ ..
ကားတိုက္ေသတဲ့ သရဲႏွစ္ေကာင္ကို
ၿခံစည္း႐ိုးမွာ ထပ္ေတြ႕႕လိုက္ရျပန္တယ္ ..
“ဟာ ! ဒီေကာင္ေတြ ဒီေနရာကို စြဲေနၿပီ ထင္တယ္ဗ် ..”
အရင္တစ္ခါ ေတြ႕ခဲ့သလိုဘဲ ..
လက္ေထာက္ညႊန္မွဴး အိမ္ေရွ႕တည့္တည့္ ၿခံစည္း႐ိုးအျပင္မွာ ..
ေဘးတေစာင္းအေနအထား ..
ကၽြန္ေတာ္တို႔ ေသာက္ထားတဲ့ ဘီယာေတာင္ အမူးေျပသြားတယ္ ..
“ကၽြန္ေတာ္တို႔ဘဲ ျမင္ေနရတာလား? မသိဘူးဗ် ..
လၻက္ရည္ဆိုင္က ကိုလွဝင္းကို ဖုန္းဆက္ၿပီး ေျပာလိုက္ဦးမယ္ ..”

ကၽြန္ေတာ့္ဖုန္းထဲက ကိုလွဝင္းရဲ႕ ဖုန္းနံပါတ္ကို ရွာရင္း
ဖုန္းေခၚလိုက္တယ္ ..
“ကိုလွဝင္း ေရ ..........”
သူ႔ဆိုင္ဘက္ကေရာ ျမင္ရလား? ေမးၾကည့္တာပါ ..
ကိုလွဝင္း လည္း ဖုန္းကိုင္ရင္းနဲ႔ဘဲ ..
သူ႔ဆိုင္(ဆိုင္ကေတာ့ ပိတ္ထားပါၿပီ) အျပင္ဘက္ကို
ေခ်ာင္းၾကည့္လိုက္တယ္ ထင္တယ္ ...
“ဘာမွ မေတြ႕ဘူး” တဲ့ေလ ..
ေသခ်ာေအာင္ ထပ္ၾကည့္ခိုင္းလိုက္ေသးတယ္ ..
ဘာအရိပ္အေယာင္မွ မေတြ႕တာ တဲ့ ..
ကၽြန္ေတာ္တို႔ႏွစ္ေယာက္က ခုထိကို ေတြ႕ေနရတုန္းေလ ..
ကိုလွဝင္း က်ေတာ့ မေတြ႕ဘူး ..
“ကၽြန္ေတာ္ ဆရာတို႔ ႐ံုးဘက္ကို ခုထြက္လာၿပီ” ..တဲ့ ..
ကၽြန္ေတာ္တို႔ ၾကည့္ေနတုန္းမွာဘဲ ..
ကိုလွဝင္းတစ္ေယာက္ ႐ံုးဘက္ျခမ္းကို
ကားလမ္းကူးလာတာ ေတြ႕လိုက္တယ္ ..
ဂိတ္ၿခံစည္း႐ိုးေသာ့က မပိတ္ရေသးပါဘူး ..
ခ်က္ဘဲ ထိုးထားေသးတာမို႔ ကၽြန္ေတာ္တို႔ႏွစ္ေယာက္
တံခါးဖြင့္ဖို႔ အတူ ထြက္သြားလိုက္တယ္ ..
ကိုလွဝင္းနဲ႔ ဟိုသရဲႏွစ္ေကာင္က
(၁၅)ေပေလာက္ဘဲ ေဝးမယ္ဗ် ..
ေဘးခ်င္းကပ္ အေနအထား ...
သူက ဘာလို႔ မေတြ႕တာလဲ?
တကယ့္ကို စဥ္းစားစရာပါ ..
ကၽြန္ေတာ္နဲ႔ ကိုေအာင္မ်ဳိး ဂိတ္ကို မေရာက္ခင္
သရဲႏွစ္ေကာင္ တ႐ုတ္စကားပင္ဘက္ကို ထြက္သြားတယ္ ..
ဂိတ္တံခါးဖြင့္ၿပီး ၿခံဝန္းအျပင္ကို ၾကည့္လိုက္ေတာ့
သရဲႏွစ္ေကာင္ကို မေတြ႕ရေတာ့ဘူးဗ် ..
အဲ့ဒါနဲ႔ ကိုလွဝင္းကို ..
ကၽြန္ေတာ္တို႔ ျမင္ေနရေၾကာင္း ေျပာျပလိုက္တယ္ ..
“အဲ့ဒါဆို ဒီေကာင္ေတြ ဆရာတို႔ ႐ံုးေရွ႕မွာ ..
စြဲေနတဲ့သေဘာ ထင္တယ္”တဲ့ ..
ကိုလွဝင္း သူ႔ဆိုင္ကို ျပန္သြားတဲ့အခ်ိန္အထိ ..
သရဲႏွစ္ေကာင္ ျပန္ေပၚမလာပါဘူး ..

ကၽြန္ေတာ္တို႔ ႏွစ္ေယာက္ တိုင္ပင္လိုက္ၾကတယ္ ..
မနက္က်ရင္ ႐ံုးပိတ္ရက္ ..
ေဘးအိမ္က လက္ေထာက္ညႊန္မွဴးကို ...
ကၽြန္ေတာ္တို႔ ျမင္ေနရတာ သိေအာင္ သတင္းပို႔လိုက္မယ္လို႔ေလ ..
လူႀကီး သိထားေတာ့ ပိုေကာင္းတာေပါ့ ..
ကၽြန္ေတာ္တို႔ ဆရာက မိသားစု ေခၚမထားပါဘူး ..
သူ႔မိသားစုက ေရႊဘိုမွာ ေနတာ ..
တစ္ခါတစ္ေလမွ အလည္လာၾကတယ္ေလ ..
ခုလည္း ဆရာနဲ႔ သူ႔တပည့္တစ္ေယာက္ဘဲ ..
႐ံုးထဲက အိမ္မွာ ေနတာပါ ..

မနက္မိုးလင္းေတာ့ ..
ကိုေအာင္မ်ဳိးကို လွမ္းေခၚလိုက္ၿပီး ..
ဆရာ့ အိမ္ဘက္ကို ကူးလာခဲ့လိုက္တယ္ ..
ဆရာ ဘုရားဝတ္ျပဳေနလို႔ အျပင္မွာ ခဏရပ္ေစာင့္ေနလိုက္တယ္ ..
ခဏအၾကာမွာေတာ့ အိမ္အျပင္ကို ထြက္လာတယ္ ..

“ကိုေအာင္မ်ဳိးနဲ႔ ကိုေက်ာ္လြင္တို႔ ဘာကိစၥရွိလို႔လဲ?ဗ်..”
ကၽြန္ေတာ္တို႔ သိတာျမင္တာေတြ ဆရာ႔ကို သတင္းပို႔လိုက္တယ္ ..
ဆရာလည္း အံ့အားသင့္သြားတာေပါ့ ..
“ညတိုင္း ေတြ႕ေနရတာလား?” လို႔ ေမးတာနဲ႔
ညတိုင္းေတာ့ မဟုတ္ေၾကာင္း ..
ရံဖန္ရံခါ ျမင္ေတြ႕ေနရေၾကာင္း ျပန္ေျပာျပလိုက္တယ္ ..
အဲ့ဒါဆို ဒီညကစၿပီး သူလည္း ေစာင့္ၾကည့္မယ္ တဲ့ ..

ဆရာ ေစာင့္ၾကည့္မယ္ဆိုမွဘဲ ..
သရဲႏွစ္ေကာင္ကို မေတြ႕တာ (၄)ရက္ေက်ာ္သြားၿပီ ..
ဆရာကလည္း မယံုတစ္ဝက္ ယံုတစ္ဝက္ျဖစ္ေနမွာ အေသအခ်ာဘဲ ..

ကၽြန္ေတာ္တို႔ ဆရာကိုယ္တိုင္ သရဲႏွစ္ေကာင္နဲ႔ ဆံုၿပီ

ည(၉)နာရီေက်ာ္ ....
ကၽြန္ေတာ္တို႔ မိသားစု TV ၾကည့္ေနတုန္း
အိမ္အေပါက္ဝမွာ ဆရာ႔ကို ေတြ႕လိုက္ရတယ္ ..
“ကိုေက်ာ္လြင္ ခဏ ...” ဆိုလို႔ ..
ကၽြန္ေတာ္ အိမ္အျပင္ကို ထြက္လိုက္တယ္ ..

“ကၽြန္ေတာ္ ကိုယ္တိုင္ အခုေလးတင္ ...
ဟိုႏွစ္ေကာင္ကို ေတြ႕ခဲ့ၿပီဗ် ..”
“ဗ်ာ !!! ဘယ္လို ေတြ႕ခဲ့တာလဲ? ဆရာ ...”
“ကၽြန္ေတာ္ အခု Dinner က ျပန္လာတာ ..
(ဆရာက သူ႔ကား သူကိုယ္တိုင္ ေမာင္းတာပါ)
ၿခံေပါက္ဝ ေရာက္ေတာ့ ဟြန္းတီးလိုက္လို႔
အိမ္က တပည့္ ဖိုးခ်ဳိ တံခါးဖြင့္ဖို႔ ထြက္လာတယ္ ..
ဘာရယ္ မဟုတ္ဘူးဗ် ..
ညာဘက္ကို ၾကည့္မိလိုက္ေတာ့မွ ..
ခင္ဗ်ားတို႔ ေျပာေနတဲ့ ႏွစ္ေကာင္ ျဖစ္မယ္ ထင္တယ္ဗ် ..
တစ္ကိုယ္လံုး ေသြးေတြနဲ႔ ..
တစ္ေကာင္ဆို ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေနတယ္ ..
ကၽြန္ေတာ့္ကို ၾကည့္ေနၾကတယ္ဗ် ..
ကၽြန္ေတာ္လည္း ႐ုတ္တရက္ဆိုေတာ့ လန္႔ဖ်ပ္သြားတာေပါ့ ..
ဖိုးခ်ဳိကို တံခါးအျမန္ဖြင့္ခိုင္းၿပီး
ကားကို ၿခံထဲ အျမန္ေမာင္းဝင္လာရတယ္ ..
ခင္ဗ်ားကို ေခၚဖို႔ လာေတာ့ ဟိုေကာင္ေတြကို မေတြ႕ေတာ့ဘူးဗ် ..
ခုနက ၿခံစည္း႐ိုးနားမွာ ေသခ်ာကို ျမင္လိုက္ရတာ ..”

“ဆရာ ... ခဏေနာ္ ..”
အိမ္ထဲ ေျပးဝင္ ကၽြန္ေတာ့္ဖုန္း သြားယူၿပီး
ဖုန္းထဲက အဲ့ဒီ့ႏွစ္ေယာက္ ကားတိုက္ေသတုန္းက
ကၽြန္ေတာ္ ႐ိုက္ထားတဲ့ ပံုေတြ ျပလိုက္တယ္ ..
ဆရာက ကၽြန္ေတာ့္ဖုန္းကို ယူၾကည့္ရင္း ..
“ေသခ်ာတာေပါ့ဗ်ာ .. အဲ့ဒီ့ႏွစ္ေကာင္ဘဲ ...
အဲ့ဒီ့ အဝတ္အစားေတြအတိုင္းဘဲ...” တဲ့ ..
ဒါဆို ေသခ်ာသြားၿပီေပါ့ ..
႐ံုးေရွ႕မွာ ကားတိုက္ေသတဲ့ ႏွစ္ေယာက္
မကၽြတ္ဘဲ ႐ံုးေရွ႕မွာ လာစြဲေနၿပီ ...
ဆရာကေတာ့ သူ႔အိမ္ မျပန္ခင္ ေျပာသြားတယ္ …
“ဒီအတိုင္းေတာ့ မျဖစ္ဘူး ..
တစ္ခုခုေတာ့ လုပ္မွရမယ္” တဲ့ ..

ေနာက္ရက္ေတြမွာေတာ့ ..
အဲ့ဒီ့ သရဲႏွစ္ေကာင္ကို မျမင္ေတြ႕ရေတာ့တာမုိ႔
စိတ္ခ်မ္းသာသလိုလိုဘဲဗ် ..

ကၽြန္ေတာ့္သားႏွစ္ေယာက္ကို ဒုကၡေပးၿပီ

ေက်ာင္းပိတ္ရက္တစ္ရက္မွာ ..
“ေဖႀကီးေရ … ေဖႀကီးေရ လာပါဦး ..
အငယ္ေလး ဘာျဖစ္ေနလဲ? မသိဘူး ..”
သားႀကီးရဲ႕ ေခၚသံၾကားလို႔
ကၽြန္ေတာ္ အိမ္ျပင္ထြက္ၾကည့္လိုက္တယ္ ..
အခ်ိန္က ညေနေမွာင္စပ်ဳိးခ်ိန္ …
အိမ္ျပင္က လွမ္းၾကည့္တာ သိပ္မသဲကြဲတာမို႔
႐ံုးဝန္းၿခံစည္း႐ိုးအျပင္ကို အျမန္ေျပးထြက္လိုက္တယ္ ..
ၿခံစည္း႐ိုးတိုင္ လံုၿခဳံေရးမီးလံုးအလွေတြ ထြန္းထားၿပီးပါၿပီ ..

ကၽြန္ေတာ္ ႐ံုးဂိတ္ေပါက္ဝကို ေရာက္ေတာ့
သားႀကီးက ကၽြန္ေတာ့္အနား ေျပးကပ္တယ္ ..
သားငယ္ကို ၾကည့္လိုက္ေတာ့ …
႐ံုးေရွ႕ျမက္ခင္းျပင္ တ႐ုတ္စကားပင္မွာ ကပ္ၿပီး
မတ္တပ္ရပ္ရင္း ငိုေနတယ္ ..
အသံ လံုးဝ မထြက္ပါဘူး ..
မ်က္ရည္ေတြေတာ့ က်ေနတယ္ ..
သစ္ပင္ေပၚက ျပဳတ္က်တာလား? လို႔ ေတြးၿပီး
ကၽြန္ေတာ္ စိတ္ပူသြားတာမို႔
သားငယ္ဆီ အေျပးသြားလိုက္မိတယ္ …
သားငယ္ဆီ မေရာက္ခင္ ေျခလွမ္း(၃)လွမ္းေလာက္အလိုမွာ
တစ္စံုတစ္ခုနဲ႔ ဝင္တိုက္မိသလို ခံစားလိုက္ရတယ္ ..
ကၽြန္ေတာ္ ယိုင္သြားတယ္ ..
ေရွ႕ကို ဆက္တိုးဖို႔ လုပ္တယ္ ..
တစ္စံုတစ္ခုက ကၽြန္ေတာ့္ကို တြန္းထုတ္လိုက္သလိုမ်ဳိး ..
ကၽြန္ေတာ္ အေနာက္ကို ျပန္ယိုင္သြားတယ္ …
တကယ္တမ္းေတာ့ ကၽြန္ေတာ္နဲ႔ သားငယ္ အၾကားမွာ
ဘာဆို ဘာမွ မရွိ ..
ေျခလွမ္း(၃)လွမ္းစာေလာက္ဘဲ ေဝးတယ္ ..
ထပ္တိုးၾကည့္တယ္ ..
မရဘူး ..
ထပ္တြန္းထုတ္ခံရတယ္ ..
ကၽြန္ေတာ္ သတိျပဳမိသြားၿပီ ..
ဟိုသရဲႏွစ္ေကာင္ လုပ္ေနတာျဖစ္မယ္ ..
ခ်က္ခ်င္းဆိုသလို သားငယ္ေလးအတြက္
အရမ္းစိတ္ပူ စိုးရိမ္သြားမိတယ္ ..

“အမာေရ … အမာ …”
အသံကုန္ေအာင္ ဇနီးျဖစ္သူကို လွမ္းေအာ္ေခၚလိုက္တယ္ ..
ကၽြန္ေတာ့္ဇနီး အိမ္အျပင္ဝကို ထြက္လာတယ္ ..
“ဘုရားစင္က ပရိတ္ရည္ဗူး အျမန္ယူလာခဲ့ ..
လာ .. လာ ျမန္ ျမန္ …”
(ကၽြန္ေတာ့္အသံေတြ တုန္ရီလို႔ ေနပါတယ္ ..)
ကၽြန္ေတာ့္ ေအာ္သံ ၾကားလို႔ ..
ေဘးအိမ္က မသင္း လည္း ထြက္ၾကည့္ေနတာမို႔ ..
“မသင္း .. ကိုေအာင္မ်ဳိးကို လႊတ္ေပးပါဦး ..
ဟိုေကာင္ေတြ ကၽြန္ေတာ့္ သားငယ္ကို ဆြဲထားလို႔ ..”

ခဏအၾကာမွာ ဇနီးသည္နဲ႔ ကိုေအာင္မ်ဳိးတို႔ လင္မယား
႐ံုးေရွ႕ျမက္ခင္းျပင္ကို ေရာက္လာၾကတယ္ ..
ဇနီး ဆီက ပရိတ္ရည္ ထည့္ထားတဲ့ ..
ေရသန္႔ဗူးကို အဖံုး အျမန္ဖြင့္လို႔ ..
တ႐ုတ္စကားပင္ရဲ႕ ပင္စည္ ..
သားေလးဆီကိုေရာ ေဘးဘက္ေတြကိုပါ ..
တစ္ဗူးလံုး ကုန္ေအာင္ လိုက္ပက္ျဖန္းလိုက္တယ္ ..

“ဟီး … ဟီး .. ေဖႀကီး … ဟီး …” ဆိုၿပီး
သားငယ္ေလး ကၽြန္ေတာ့္ဆီ ငိုရင္း ေျပးထြက္လာလို႔
ကၽြန္ေတာ္ သားေလးကို ဆီးႀကဳိဖမ္းေပြ႕ခ်ီလိုက္ရင္း
႐ံုးဝန္းထဲ အျမန္ေျပးဝင္ခဲ့တယ္ ..
“အမာ ျမန္ျမန္လာ .. သားႀကီးကို ေခၚ ..
ကိုေအာင္မ်ဳိး အထဲကို ျပန္ဝင္ရေအာင္ …”

အိမ္ထဲ ေရာက္ေတာ့ သားငယ္ေလး ငိုေနလြန္းလို႔
မနည္းေခ်ာ့ရတယ္ ..
ကေလး ေတာ္ေတာ္ေၾကာက္သြားတယ္ထင္တယ္ဗ် ..
သူ ဘာေတြ႕လိုက္ရလို႔လဲ? မသိဘူး ..
ကေလး စိတ္ျပန္ၾကည္ေအာင္ ေခ်ာ့ေမာ့ရင္း ..
အငိုတိတ္လုခါမွ ေခ်ာ့ေမာ့ေမးျမန္းရတယ္ ..
(ကိုေအာင္မ်ဳိးတို႔ လင္မယားလည္း ကၽြန္ေတာ့္အိမ္ထဲမွာ)

“သားေလး ခုနက ဘာျဖစ္လို႔လဲဟင္?
မေၾကာက္နဲ႔ေတာ့ေနာ္ ေဖႀကီးတို႔ ရွိတယ္ ..”
(ကေလးကို ေမးေနတုန္းမွာဘဲ ေဘးအိမ္က ..
လက္ေထာက္ညႊန္မွဴး ဆရာ ထပ္ေရာက္လာတယ္ )

ေမးၾကည့္လို႔ သိရတာကေတာ့ ..
သူတို႔ ညီအစ္ကိုႏွစ္ေယာက္ ႐ံုးေရွ႕ျမက္ခင္းျပင္မွာ
ေက်ာင္းပိတ္ရက္မို႔ ညေနေစာင္း ေဆာ့ေနရင္း ..
သားငယ္ေလးက တ႐ုတ္စကားပင္ဘက္ကို ေရာက္တဲ့အခ်ိန္
လူႀကီးတစ္ေယာက္က သူ႔ကို ဆြဲေခၚထားတယ္ ..
တစ္ကိုယ္လံုး ေသြးေတြနဲ႔တဲ့ ..
(ဟိုသရဲေတြဆိုတာ ေသခ်ာသြားၿပီ…)
သားငယ္ေလးလည္း ေၾကာက္ၿပီး ႐ုန္းကန္တယ္ ..
ဒါေပမယ့္ ဟိုသရဲက မလႊတ္ဘူး ..
အဲ့ဒါနဲ႔ သားႀကီးက သူ႔ညီ ဘာျဖစ္တာလဲ? ဆိုၿပီး
သူ႔ညီဆီ ကပ္ေတာ့ ကၽြန္ေတာ့္လိုဘဲ
(၂)ခါေတာင္ တြန္းထုတ္ခံရတာ ..
အဲ့ဒီ့ေတာ့မွ သားႀကီးက ေၾကာက္ၿပီး
ကၽြန္ေတာ့္ကို လွမ္းေအာ္ေခၚတာေလ ..
သားငယ္ေလးရဲ႕ ပါးစပ္ကိုလည္း လက္နဲ႔ ပိတ္ထားတယ္တဲ့ …
အဲ့ဒါေၾကာင့္ ကၽြန္ေတာ္ ေရာက္တဲ့အခ်ိန္ ..
သားငယ္ေလး ငိုေနတာ ျမင္ၿပီး
ငိုတဲ့ အသံ မၾကားရတာကိုး …
ကၽြန္ေတာ္ သားငယ္ေလးဆီ ကပ္တဲ့အခ်ိန္မွာ ..
ေနာက္သရဲတစ္ေကာင္က တြန္းထုတ္ေနတာတဲ့ေလ ..
သရဲေတြကို ဒီတစ္ခါ ျမင္ရတာက ..
သားငယ္ေလးတစ္ေယာက္ပါဘဲ ..
သူ႔အစ္ကိုေရာ ကၽြန္ေတာ္တို႔ပါ ..
ဘယ္သူမွ မျမင္လိုက္ရပါဘူး ..
(ကေလးေၾကာက္မွာ စိုးလို႔ ဆက္မေမးျဖစ္ေတာ့ပါ)

ဆရာရယ္ ..
ကၽြန္ေတာ္ရယ္ ..
ကိုေအာင္မ်ဳိး လင္မယားရယ္ အိမ္အျပင္ထြက္ၿပီး
တိုင္ပင္ေျပာဆိုၾကတယ္ ..
ဇနီး အမာ ကေတာ့ ကေလးေတြကို အိမ္ထဲမွာ ေခ်ာ့ေနတုန္း ..

“ဘယ္လိုလုပ္ၾကမလဲ? ဆရာ ..”
ဆရာလည္း စဥ္းစားဟန္ျပဳၿပီးေတာ့မွ ..
“ကၽြန္ေတာ္တို႔ အႏၱရာယ္ကင္းပရိတ္ ရြတ္မွ ရေတာ့မယ္ ..
မနက္ျဖန္က်ရင္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးနဲ႔ ဆံုၿပီး ေျပာၾကတာေပါ့” ..

ေနာက္တစ္ေန႔မွာ ကၽြန္ေတာ္တို႔ ႐ံုးပိုင္းအရာရွိေတြနဲ႔
ရပ္ကြက္က လူႀကီးပိုင္းေတြ ဆရာ႔႐ံုးခန္းမွာ
ေတြ႕ဆံုေဆြးေႏြးျဖစ္တယ္ ..
ေနာက္ဆံုးေတာ့ ရပ္ကြက္လူႀကီးတစ္ေယာက္က ..
(         )ဆရာေတာ္ကို ပင့္ဖိတ္ဖို႔ အႀကံျပဳတာမို႔
ကၽြန္ေတာ္တို႔အားလံုး လက္သင့္ခံလိုက္ၾကတယ္ ..

ေတြ႕ဆံုေဆြးေႏြးပြဲ ၿပီးတာနဲ႔ ..
ကၽြန္ေတာ္နဲ႔ ရပ္ကြက္လူႀကီး(၂)ေယာက္ ..
(         )ဆရာေတာ္ကို အေျခအေန အက်ဳိးအေၾကာင္း
သြားေရာက္ ေလွ်ာက္တင္ၾကတယ္ ..
ဆရာေတာ္က မနက္ျဖန္ မနက္(၉)နာရီမွာ ၾကြလာမယ္ေျပာလို႔
ေန႔ဆြမ္းကပ္ရေအာင္ ႐ံုးက စာေရးမေတြနဲ႔
ကၽြန္ေတာ္တို႔ ဇနီးသည္ေတြ ပူးေပါင္းၿပီး
ဝယ္ၾကျခမ္းၾက ခ်က္ၾကျပဳတ္ၾကေပါ့ဗ်ာ ..
(အဲ့ဒီ့ညလည္း ဟိုသရဲႏွစ္ေကာင္ကို ထပ္မေတြ႕ပါဘူး)

ေနာက္တစ္ေန႔ မနက္မွာ ဆရာေတာ္တို႔ ၾကြေရာက္လာတာမို႔
႐ံုးေရွ႕ျမက္ခင္းျပင္မွာဘဲ ..
အႏၱရာယ္ကင္းပရိတ္ ရြတ္ဖတ္ဖို႔ စီစဥ္လိုက္ပါတယ္ ..
ဆရာေတာ္တို႔ ရြတ္ဖတ္ၿပီးတဲ့ အခ်ိန္မွာ
ေငြဖလားတစ္ခုထဲ အေမႊးနံ႔သာ ေရာထားတဲ့ ေရနဲ႔
သေျပခက္နဲ႔ ႐ံုးေရွ႕ျမက္ခင္းျပင္တစ္ဝိုက္ကို
လိုက္ပက္ျဖန္းတယ္ ..
(တ႐ုတ္စကားပင္ႀကီးနားမွာ ဆရာေတာ္ မတ္တပ္ရပ္ၿပီး
ေျပာေနတာ ေတြ႕တယ္ ..
ပါးစပ္လႈပ္႐ံုသာ ေျပာဆိုေနတာမို႔ မၾကားရဘူး)
ကားလမ္းမတစ္ေလွ်ာက္မွာလည္း
ဆရာေတာ္က ေရသန္႔ဗူးထဲက ပရိတ္ရည္ေတြကို
ပက္ျဖန္းခိုင္းလို႔ ရပ္ကြက္ထဲက လူတစ္ခ်ဳိ႕နဲ႔
႐ံုးက ေကာင္ေလးေတြလည္း လိုက္ပက္ျဖန္းလိုက္ၾကေသးတယ္ ..

အႏၱရာယ္ကင္းပရိတ္နာၿပီးေတာ့
ဆရာေတာ္တို႔ကို ေန႔ဆြမ္း ႐ံုးမွာ ကပ္လွဴ ..
ဆြမ္းဘုဥ္းၿပီးေတာ့ ဆရာေတာ္တို႔ ျပန္မယ္ဆိုမွ ..
ဆရာေတာ္က လက္ေထာက္ညႊန္မွဴးနဲ႔ ကၽြန္ေတာ္တို႔ အရာရွိေတြကို
သီးျခားေခၚၿပီး ကပ္ေျပာတယ္ ..
(က်န္တဲ့သူေတြ မသိေစခ်င္လို႔ ..
ေၾကာက္လန္႔မွာ စိုးလို႔ ေနမွာပါ ..)

“ဒကာႀကီးတို႔ ေျပာတာ နာနာဘာဝ (၂)ေကာင္ေနာ္ ..”
“တင္ပါ့ ဘုရား ..
တပည့္ေတာ္တို႔ ျမင္တာေတာ့ ေလွ်ာက္တင္ခဲ့သလိုဘဲ
ကားတိုက္ေသတဲ့ ႏွစ္ေယာက္တည္းပါ ဘုရား …”
“တကယ္ေတာ့ (၄)ေကာင္ေတာင္ ရွိတယ္ ဒကာႀကီးတို႔ရဲ႕ ..
ခုေတာ့ စိုးရိမ္ပူပန္မေနပါနဲ႔ေတာ့ ..
ဘုန္းႀကီးလည္း သူတို႔ကို လြတ္ရာကၽြတ္ရာ သြားဖို႔
မိန္႔ၾကားၿပီးပါၿပီ ..
တ႐ုတ္စကားပင္ကေတာ့ အသစ္ျပန္စိုက္လိုက္ေပါ့ …”

ဆရာေတာ္ ျပန္ၾကြသြားေတာ့ ..
ကၽြန္ေတာ္တို႔ အရာရွိပိုင္း ေဆြးေႏြးျဖစ္ၾကတယ္ ..
ဆရာေတာ္ ကားေပၚတက္ ထြက္ခါနီး ေနာက္ဆံုး ေျပာသြားတဲ့ ..
“တ႐ုတ္စကားပင္ကေတာ့ အသစ္ျပန္စိုက္လိုက္ေပါ့” ဆိုတဲ့
စကားကို နားမလည္ၾကဘူး ..
အပင္ကို အျမစ္က တူးထုတ္ပစ္ၿပီး
အသစ္တစ္ပင္ ျပန္ေျပာင္းစိုက္ရမွာလား? မသိဘူး ..
ေနာက္ေန႔မွ ဆရာေတာ္ကို ရွင္းရွင္းလင္းလင္းသိရေအာင္
ျပန္သြားေမးၾကဖို႔ စီစဥ္လိုက္ၾကတယ္ ..

ညေရာက္ေတာ့ ..
ဆရာေတာ္က နာနာဘာဝေတြ မရွိေတာ့ဘူး ဆိုေပမယ့္
ေၾကာက္လန္႔စိတ္အခံက ရွိေနေသးတာမို႔ ..
႐ံုးဝန္း အျပင္ဘက္ကို ေခ်ာင္းေခ်ာင္းၾကည့္ေနမိတယ္ ..
ညအိပ္ယာဝင္တဲ့အထိ ..
ဘာအရိပ္အေယာင္မွ မျမင္ေတြ႕ရေတာ့တာမို႔
ဆရာေတာ္ မိန္႔ၾကားခဲ့သလိုဘဲ ..
နာနာဘာဝေတြ ေျပာင္းေရႊ႕သြားၿပီ ထင္ပါရယ့္ ..

ေနာက္တစ္ေန႔ နံနက္(၆)နာရီေက်ာ္ ..
“ကိုေက်ာ္လြင္ … ကိုေက်ာ္လြင္ ..”
အိမ္ေရွ႕က ေခၚသံၾကားလို႔ ထြက္ၾကည့္ေတာ့ ..
ေဘးအိမ္က ကိုေအာင္မ်ဳိးတို႔ လင္မယား ..
“လာၾကည့္စမ္းပါဦးဗ်ာ .. ဟိုမွာ …”
ကုိေအာင္မ်ဳိး ျပတဲ့ ေနရာကို ၾကည့္လိုက္ေတာ့ ..
႐ံုးဝန္းအျပင္ ျမက္ခင္းျပင္မွာ စိုက္ထားတဲ့ ..
တစ္နည္းအားျဖင့္ ကၽြန္ေတာ့္သားငယ္ေလးကို
နာနာဘာဝေကာင္ ဆြဲေခၚထားတဲ့ …
တ႐ုတ္စကားပင္ႀကီးက …
သစ္ရြက္ေတြ တစ္ရြက္မွ မရွိေတာ့ဘဲ ..
သစ္ပင္သစ္ကိုင္းသစ္ခက္ခ်ည္းသက္သက္ ျဖစ္လို႔ ေနပါတယ္ ..
သံတိုင္ၿခံစည္း႐ိုးအနားကပ္ၾကည့္ေတာ့ ..
ျမက္ခင္းျပင္မွာ တ႐ုတ္စကားပင္က သစ္ရြက္ေတြက
ေျခာက္ေသြ႕လို႔ ေၾကြက်ေနေလရယ့္ ..
(မေန႔ကအထိ သစ္ပင္ႀကီးက အေကာင္းႀကီးေလဗ်ာ)
ေနာက္ေန႔ေတြမွာ သစ္ရြက္ေတြမ်ား အသစ္ျပန္ထြက္လာမလား?
ေစာင့္ၾကည့္ေနေပမယ့္ ..
အဲ့ဒီ့ တ႐ုတ္စကားပင္ႀကီးကေတာ့ ..
တစ္ရက္ထက္ တစ္ရက္ ေျခာက္ေသြ႕လို႔ လာပါတယ္ ..
(တစ္ျခား တ႐ုတ္စကားပင္မ်ား ဘာမွ မျဖစ္ပါ)
ဆရာေတာ္ဆီ အေျပးသြားေလွ်ာက္တင္ေတာ့ ..
“ဒကာႀကီးတို႔ကို အသစ္ျပန္စိုက္ဖို႔ ေျပာခဲ့ၿပီးသားဘဲေလ” တဲ့ ..

တ႐ုတ္စကားပင္ ေျခာက္ေသြ႕သြားတာ (၄)ရက္ေျမာက္ေန႔မွာဘဲ
သစ္ပင္ကို လူငွားနဲ႔ ေခၚလဲွခ်လိုက္ပါတယ္ ..
အံ့အားသင့္စရာ ေကာင္းလြန္းတာက ..
ဘာလႊ ဘာရဲဒင္းမွ အားစိုက္မသံုးရဘဲ ..
လြယ္လြယ္ကူကူ ၿပဳိလဲသြားတာပါ ..
ပင္စည္ႀကီးက အသားစေတြကို ကိုင္ၾကည့္ေတာ့..
ေျခာက္ေသြ႕ၿပီး ေၾကမြေနၿပီ ..
(၄)ရက္ေလာက္အတြင္း ..
သစ္ပင္ ပင္စည္ႀကီး ေျခာက္ေသြ႕မြေၾကေနတာကို
႐ံုးက အဖြဲ႕ေတြေရာ ..
႐ံုးေရွ႕က ရပ္ကြက္သူ/သားေတြေရာ ..
ပေဟဠိဆန္တဲ့ ပုစာၦတစ္ပုဒ္အျဖစ္နဲ႔သာ က်န္ရစ္ခဲ့ပါတယ္ ..
ေနာက္ပိုင္းေတာ့ အဲ့ဒီ့ တ႐ုတ္စကားပင္ေနရာမွာ
ေနာက္ထပ္ တ႐ုတ္စကားပင္ဘဲ အသစ္တစ္ပင္ ..
ထပ္မံစိုက္ပ်ဳိးခဲ့ပါတယ္ ..

ကၽြန္ေတာ္လည္း ရာထူးတိုးနဲ႔ ေျပာင္းေရႊ႕လာခဲ့ၿပီးေနာက္
အဲ့ဒီ့႐ံုးက ဝန္ထမ္းေဟာင္းအခ်ဳိ႕ကို ..
အေျခအေန ဖုန္းဆက္ေမးၾကည့္ေတာ့ ..
“ဆရာ ေရ ..
႐ံုးေရွ႕မွာေတာ့ ခုထိ ဘာမွ မထူးေတာ့ဘူး ..
ယာဥ္တိုက္မႈလည္း မျဖစ္ေတာ့ဘူး ..
ေအးေဆးျဖစ္သြားၿပီဗ် ..
လူစားတဲ့ေနရာက ေျပာင္းသြားၿပီေလ ဆရာရဲ႕ …”
“ေဟ !!! …..” လို႔သာ ..
ကၽြန္ေတာ္ တလိုက္မိပါေတာ့တယ္ …. ။

မွတ္ခ်က္ ။ မိတ္ေဆြတစ္ဦး၏ ကိုယ္ေတြ႕ႀကဳံျဖစ္ရပ္တစ္ခုအား
ဇာတ္လမ္းအသြင္ ျပန္လည္မြမ္းမံ၍ ေရးသားတင္ဆက္ပါသည္။
စာဖတ္႐ႈသူမိတ္ေဆြမ်ားအား ေက်းဇူးတင္ရွိပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: လူႀကီးသား

# Unicode version ျဖင့္ ဖတ္ပါ #

“လူစားတယ်” ဆိုတဲ့ စကားရပ်က ..
ကျွန်တော်တို့ လူမှုနယ်ပယ်မှာ ကြားဖူးနေကျ ..
ဘယ်မြို့ဘယ်ရွာ ဘယ်နေရာက လူစားတယ် ..
ဘယ်ချောင်း ဘယ်ကန် ဘယ်ကွေ့က လူလဲတယ် စသဖြင့် ..
အခုလည်း အဲ့ဒီလိုဘဲဗျ ..
အခု ပြောပြမယ့် လူစားတယ် ဆိုတဲ့ နေရာက ..
တစ်ခြားနေရာ မဟုတ် ..
ကျွန်တော့်အိမ်ရှေ့တည့်တည့် ..
အိမ် ဆိုပေမယ့် ဝန်ထမ်းလိုင်းခန်းပါ ...

ကျွန်တော်က စည်ပင်ဝန်ထမ်းတစ်ဦး ..
နယ်မြို့တစ်မြို့ကို ရာထူးတိုးနဲ့ ပြောင်းရွှေ့ရောက်ရှိရင်း
ရုံးဝန်းထဲမှာ ရှိတဲ့ စည်ပင်ဝန်ထမ်းအိမ်ယာမှာ နေရတယ် ..
ဝန်ထမ်းအိမ်တွေက (၆)လုံးဘဲ ရှိတာပါ ..
လုံးချင်း(၂)လုံးနဲ့ (၂)ခန်းတွဲ(၄)လုံးပေါ့ ..
ကျွန်တော် နေတဲ့ လိုင်းခန်းက ..
ရုံးမျက်နှာစာ လမ်းဘေးတင် ...
ရုံးဘေးမှာက လက်ထောက်ညွှန်မှူးအိမ် ...
ပြီးရင် ကျွန်တော် နေတဲ့ (၂)ခန်းတွဲ လိုင်းခန်း ..
ကျန်တာတွေက ရုံးအနောက်ဘက်ခြမ်းမှာပါ ..
ကျွန်တော့်ဘေးခန်းမှာ ဦးအောင်မျိုးတို့ လင်မယားနေတယ်..
သူတို့က ကလေး အဖတ်မတင်လို့ မရှိဘူး ..

ကျွန်တော့်နာမည် က “ကျော်လွင်” ..
ဇနီးသည်က “မာမာခင်” မို့ “အမာ”လို့ ခေါ်တယ် ..
သားသမီး(၂)ယောက် ..
အကြီးကောင် သားလေးက (၇)တန်း ..
သားငယ်က(၄)တန်းကျောင်းသားတွေ ..
ဒီနယ်မြို့လေးကို ရောက်တာ (၆)လကျော်ပြီပေါ့ဗျာ ..

ကျွန်တော် ဝန်ထမ်းအိမ်ယာမှာ နေခဲ့တဲ့
(၆)လတာ ကာလအတွင်း ...
အိမ်ရှေ့ လမ်းမမှာ ယာဉ်တိုက်မှုကြောင့် ..
လူသေဆုံးမှု (၂)ကြိမ်တောင် ရှိသွားပြီ ..
တစ်ကြိမ်က ကားနဲ့ ဆိုင်ကယ်နဲ့ တိုက်သေတာ ..
နောက်တစ်ကြိမ်က ..
ဆိုင်ကယ် မူးပြီး မောင်းလာရင်း မှောက်သေတာ..
ကျွန်တော် မရောက်ခင်ကလည်း ..
ယာဉ်တိုက်မှုကြောင့် သေဆုံးမှုတွေ ရှိခဲ့ကြောင်း သိရတယ် ..
ဒဏ်ရာရတာ မပါဘူးနော် ..
လူသေဆုံးတာချည်းဘဲ ပြောတာပါ ..
အဲ့ဒီ့တော့ ရပ်ကွက်ထဲကရော ရုံးမှာရော ..
ပြောစမှတ် တွင်တာက ..
“စည်ပင်ရုံးရှေ့က လူစားတယ်” ဆိုတာပါဘဲ ..

ဟုတ်ပြီ ...
လူစားတယ် (လူ မကြာခဏ သေတယ်ပေါ့ဗျာ)ဆိုတော့
သရဲမခြောက်ဘူးလား? မေးချင်ကြမယ် ..
အမှန်အတိုင်း ဝန်ခံရရင် ...
ကျွန်တော် နေထိုင်ခဲ့တဲ့ ကာလတစ်လျှောက် ...
တစ်ကြိမ်တစ်ခါမှ သရဲ အခြောက် မခံဖူးခဲ့ပါဘူး ..
အဲ့ဒီ့တော့ ကြားဖူးနားဝ ကြားခဲ့ဖူးတဲ့ ..
လူစားတဲ့ ကိုးလောင်းကွေ့တွေ ..
ခြောက်လောင်းကွေ့တွေ စသဖြင့်တွေက ..
လူတွေ စကားကို ချဲ့ကားပြောခဲ့ကြတာလား? လို့ ..
ကျွန်တော် ထင်မြင်မိခဲ့တဲ့အထိ ..

ယာဉ်တိုက်မှု သေဆုံးမှု ဖြစ်တဲ့အခါတိုင်း..
ကျွန်တော့် အိမ်ရှေ့တည့်တည့် မဟုတ်ခဲ့ရင်တောင် ..
မျက်စောင်းထိုးလောက် ..
ပေ(၁၀၀)ဝန်းကျင်အတွင်းမှာဘဲ သေဆုံးကြတာပါ ..
ကျွန်တော် မရောက်ခင်နှစ်က ဘုန်းကြီးပင့်ပြီး
ပရိတ်တရားနာဖူးတယ်လို့ သိရတယ် ..

ကျွန်တော့် လိုင်းခန်းအိမ်နဲ့ ရုံးဝန်းခြံစည်းရိုးက ..
ရုံးဝန်းအတွင်း ကားလမ်းလေး အပါအဝင်
ပေ(၂၀)သာသာဘဲ ဝေးတယ် ..
ခြံစည်းရိုးနဲ့ ကားလမ်းက (၁၂)ပေသာသာ ..
ခြံစည်းရိုးနဲ့ ကားလမ်းအကြားမှာ ..
အလှစိုက်ထားတဲ့ မြက်ခင်းပြင် ရှိတယ် ..
တရုတ်စကားပင်တန်းလေးလည်း စိုက်ထားတာပေါ့ ..
တစ်ခါတစ်လေ ကိုယ့်မိသားစုချည်း
ဒါမှ မဟုတ် တစ်ဖက်အိမ်က ကိုအောင်မျိုးတို့ မိသားစုပါ
ရုံးဝန်း အဝင်ပေါက်မှာ ခုံတွေချ ထိုင်စကားပြောတယ် ..
ကလေးတွေက မြက်ခင်းပြင်မှာ ဆော့တယ် ..
အဲ့ဒီ့အတွက် ဘာသရဲမှ မတွေ့ဖူး မမြင်ဖူး ..
အခြောက်မခံဖူးဘူးလို့ ပြောတာ ..

ကျွန်တော်တို့ ရုံးရှေ့ ကားလမ်းက မြို့တွင်းရှောင်လမ်းမို့
ကုန်ကားကြီးတွေ ဖြတ်လေ့ရှိတယ် ..
ရုံးအရှေ့မှာတော့ ရပ်ကွက် ရှိတယ် ..
“သစ္စာမြိုင်ရပ်ကွက်” တဲ့ ..

နေ့တစ်နေ့ ညနေစောင်း ..
ကျွန်တော် ရေချိုးပြီး မြို့ထဲ မီးချောင်းသွားဝယ်ဖို့
ဆိုင်ကယ်ပေါ် တက်နေတုန်း ..
ကားလမ်းမဆီက ..
ဒုန်း !!! ... ဆိုတဲ့ အသံကြီး ကြားလိုက်တယ် ..
ဟာ ! တိုက်ပြန်ပြီလား? ဟ ..
ဆိုင်ကယ်ကို ဒေါက် ပြန်ထောက်ပြီး ..
ယာဉ်တိုက်မှု ဖြစ်နေတဲ့ ကားလမ်းမဆီ အပြေးသွားလိုက်တယ် ..
ရုံးရှေ့ လ္ဘက်ရည်ဆိုင်မှာ ထိုင်နေတဲ့ ..
လူတစ်ချို့လည်း ဝိုင်းလာကြတယ် ..

ကုန်ကားအလွတ်တစ်စီးအောက်မှာ ..
တရုတ်ဆိုင်ကယ်တစ်စီးနဲ့ ယောကျာ်းလူလတ်ပိုင်း(၂)ယောက် ..
ကျွန်တော် ရောက်ကတည်းက ..
(၂)ယောက်လုံး ပွဲချင်းပြီး သေနေပြီ ..
ဆိုင်ကယ်မောင်းတဲ့ သူကတော့ ...
ဦးနှောက်နဲ့ အူတွေတောင် ထွက်လို့ ..
ကားဘီး တက်ကြိတ်ထားတာ ..
ကားသမားက ထွက်ပြေးဖို့ ဟန်ပြင်နေတာမို့
ရပ်ကွက်ထဲက လူတွေက ဖမ်းချုပ်ထားတယ် ..
မှားတာက ကားသမား မှားတာဗျ ..
ရှေ့က သုံးဘီးဆိုင်ကယ် ကို ကျော်တဲ့အချိန် ..
တစ်ဖက် ယာဉ်ကြောက မောင်းလာတဲ့ ..
ဆိုင်ကယ်ကို မျက်နှာချင်းဆိုင် ဝင်တိုက်လိုက်တာ ..
သွေးတွေမှ ကားလမ်းပေါ်မှာ အိုင်ထွန်းနေလို့ ..
နောက်ပိုင်း ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ..
လုပ်စရာ ကိုင်စရာ ရှိတာတွေ ဆက်လုပ်သွားကြတယ် ..
ကျွန်တော် မြို့ထဲမှာ မီးချောင်းဝယ်ပြီး ပြန်လာတော့ ..
ကားလမ်းပေါ်က ဦးနှောက်ဖတ်တွေ သွေးတွေတောင်
ရပ်ကွက်ထဲက လူတွေက ရေဆေးချပြီးပြီ ..
ကြည့်လိုက်တော့ အနိမ့်ပိုင်းဖြစ်တဲ့ လမ်းဘေး
ကျွန်တော်တို့ မြက်ခင်းပြင်ရဲ့ အစပ်
အုတ်ဘောင်လေး ဘေးမှာတောင် ..
ကားလမ်းပေါ်က ရေဆေးချလို့ ..
သွေးတွေ ဦးနှောက်ဖတ်လိုလို ဖြူဖြူဖွေးဖွေး အဖတ်တစ်ချို့နဲ့
ရောနေတဲ့ ရေအိုင် ရေကွက်တွေ တွေ့တယ် ..
နောက်တော့ ပျောက်သွားမှာပါ ..
လောလောဆယ်တော့ အော်ဂလီဆန်သွားတယ် ..
ညနေစာ စားရမှာတောင် မစားချင်တော့ ..

မခြောက်ပါဘူး ဆိုတဲ့ လူစားတဲ့ နေရာ စခြောက်ပြီ ..

ယာဉ်တိုက် လူသေဆုံးမှုဖြစ်ပြီး (၅)ရက်မြောက်နေ့ ..
လိုင်းခန်းအရှေ့မှာ ထိုင်ခုံတွေ ချပြီး
ကျွန်တော်နဲ့ ကိုအောင်မျိုးတို့ လင်မယား ထိုင်စကားပြောနေတုန်း ..
အချိန်က ည(၉)နာရီကျော်ပြီဗျ ...
ကျွန်တော့် ဇနီးနဲ့ ကလေးတွေက TV ကြည့်နေကြတယ် ..
ရာသီဥတုကလည်း နွေရာသီဆိုတော့ ..
အိမ်ထဲမှာလည်း ပူပြီး မနေချင်လို့ ..
အပြင်မှာ လေညှင်းထွက်ခံနေတာပါ ..

“အံမယ်လေး !!! ...
ဟိုနေ့က ရုံးရှေ့မှာ သေတဲ့ လူတွေလား? မသိဘူး..”
ပြောလိုက်သူက ကိုအောင်မျိုးရဲ့ ဇနီး “မသင်း” ..
လက်ညှိုးထိုးပြနေလို့ ကြည့်လိုက်တော့ ..
ဟုတ်ပါ့ဗျာ ..
ရုံးဝန်းခြံစည်းရိုး သံတိုင်တွေ ကြားမှာ ..
လွန်ခဲ့တဲ့ (၅)ရက်က ရုံးရှေ့မှာ သေသွားတဲ့ ..
လူ(၂)ယောက် ...
အဲ !!! မှားလို့ သရဲ(၂)ကောင် ..
သေတုန်းက ပုံအတိုင်းဘဲ ..
တစ်ကောင်က ခေါင်းတစ်ခြမ်း ပဲ့နေတယ် ..
နောက်တစ်ကောင်က ခေါင်းမှာ သွေးတွေနဲ့ ..
ဘာလို့ အဲ့ဒီ့လူတွေလို့ တပ်အပ်ပြောနိုင်လဲ ဆိုတော့ ..
သူတို့ ယာဉ်တိုက်မှုဖြစ်လို့ ကျွန်တော်တို့ သွားကြည့်တော့ ..
ကိုအောင်မျိုးတို့ လင်မယားလည်း ပါတယ် ..
နောက်ပြီး ယာဉ်တိုက်မှုကို ..
ကျွန်တော် ဓာတ်ပုံရိုက်ပြီး ...
Facebook ပေါ်တောင် တင်လိုက်သေးတာကိုးဗျ ..
(သေတဲ့လူတွေရဲ့ မျက်နှာကိုတော့ ..
Photoshop နဲ့ ရုပ်ဖျက်ပြီး တင်ခဲ့)
ကျွန်တော့် ဖုန်းထဲမှာတောင် ...
အဲ့ဒီ့ပုံတွေ ရှိနေသေးတယ် ...
ကျွန်တော်တို့နဲ့ မျက်စောင်းထိုးအနေအထားပေါ့ ..
ကိုအောင်မျိုး ဇနီး မသင်းကတော့ ..
ပြောပြီးတာနဲ့ ကြောက်ပြီး အိမ်ထဲ ဝင်ပြေးသွားပြီ ..
ကြောင်ပြီး မတ်တပ်ရပ် ကျန်နေခဲ့တာက ..
ကျွန်တော်နဲ့ ကိုအောင်မျိုး ..
ကျွန်တော်တို့ကလည်း သူတို့ကို ကြည့် ..
သူတို့က ကျွန်တော်တို့ကို ကြည့်နေတာ မဟုတ်ဘူးဗျ ..
သူတို့ ကြည့်နေတာက ဘေးအိမ်ဘက်ကို ..
သံတိုင်ခြံစည်းရိုးရဲ့ အုတ်တိုင်တွေမှာ အလှထွန်းထားတဲ့
မီးလုံးရောင်တွေကြောင့် မြင်နေရတာလေ ..
အလွန်ဆုံးရှိလှ ပေ(၃၀)လောက်ဘဲ ဝေးတာလေ ..

အသက်(၄၀)ကျော်မှာ သရဲဆိုတာ ..
ပထမဆုံး မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရတာဗျို့ ..
အစကတော့ မမြင်ဖူးတော့ ..
ကြောက်တတ်သလိုလို မကြောက်တတ်သလိုလိုနဲ့ ..
ခု ကိုယ်တိုင် မျက်စိတပ်အပ် ..
နောက်ပြီး ကိုယ်တစ်ယောက်တည်း မြင်တာ မဟုတ် ..
ကိုအောင်မျိုးတို့ လင်မယားပါ မြင်လိုက်ရတာဆိုတော့ ..
ကြက်သီးမွေးညင်းတွေ ဖြန်းဖြန်းထ ..

မြင်နေရတဲ့ပုံစံက ထင်ထင်ရှားရှား မြင်ရလိုက် ..
အရိပ်ပုံစံ ဖြစ်သွားလိုက် ပုံစံမျိုးပါ ..
ကျွန်တော်တို့ ကြောင်ပြီး ရပ်ကြည့်နေတာ
ခန့်မှန်း (၃)မိနစ်လောက်ကြာမယ် ..
နောက်တော့ အဲ့ဒီ့ သရဲနှစ်ကောင် ပြန်လှည့်ထွက်သွားတယ် ..
ကျွန်တော်တို့လည်း သံတိုင်ခြံစည်းရိုးကြားထဲ
အဝေးကနေ ရှာကြည့်ပေမယ့် ပျောက်သွားတယ်ဗျ ..

ကိုအောင်မျိုး ပုံစံ ကြည့်ရတာ ...
သူလည်း လန့်နေတဲ့ ပုံဘဲ ..
အသံတွေတောင် နည်းနည်းတုန်နေသေး ..
“ဒီတစ်ခါဘဲ ကြုံဖူးသေးတယ် ကိုကျော်လွင်ရေ” တဲ့ .
မသင်း ပြောပြလို့ ကျွန်တော့်ဇနီးလည်း သိ ..
နောက်နေ့မနက်ကျတော့ ရုံးမှာ သိကုန်ကြရော ..
တစ်နေကုန် ဟိုလူကလာမေးလိုက် ..
ဒီလူက လာမေးလိုက်နဲ့ ဖြေရှင်းနေရတယ် ..
လူ ဆိုတာက စပ်စုတဲ့ အမျိုးကိုးဗျ ..

နောက်(၃)ရက်လောက်အကြာ ...
အရင်ကဆို ရုံးဝန်းထဲမှာဘဲဖြစ်ဖြစ် လမ်းလျှောက်ထွက်ရင် ..
ခြံစည်းရိုးအပေါက်ဝထိ လျှောက်နေကျ ..
ဟိုသရဲနှစ်ကောင် တွေ့ပြီးကတည်းက ..
လမ်းကို မလျှောက်ဖြစ်တော့တာ ..
အနားမှာ ဘွားခနဲ ပေါ်လာမှ ဒုက္ခလေဗျာ ..

အိမ်ထဲမှာ ဘီယာသောက်ရင်လည်း ပူတာမို့
ကျွန်တော်နဲ့ ကိုအောင်မျိုး အခန်းအပြင်မှာ
ထိုင်ခုံတွေ ချပြီး ဘီယာထိုင်သောက်နေချိန်
ည(၈)နာရီစွန်းစွန်းလေးဘဲ ရှိဦးမယ်ဗျ ..

“ကိုကျော်လွင် .. ဟိုမှာ ဟိုကောင်တွေ ...”
ကိုအောင်မျိုး ပြတဲ့နေရာကို ကြည့်လိုက်တော့ ..
ကားတိုက်သေတဲ့ သရဲနှစ်ကောင်ကို
ခြံစည်းရိုးမှာ ထပ်တွေ့လိုက်ရပြန်တယ် ..
“ဟာ ! ဒီကောင်တွေ ဒီနေရာကို စွဲနေပြီ ထင်တယ်ဗျ ..”
အရင်တစ်ခါ တွေ့ခဲ့သလိုဘဲ ..
လက်ထောက်ညွှန်မှူး အိမ်ရှေ့တည့်တည့် ခြံစည်းရိုးအပြင်မှာ ..
ဘေးတစောင်းအနေအထား ..
ကျွန်တော်တို့ သောက်ထားတဲ့ ဘီယာတောင် အမူးပြေသွားတယ် ..
“ကျွန်တော်တို့ဘဲ မြင်နေရတာလား? မသိဘူးဗျ ..
လ္ဘက်ရည်ဆိုင်က ကိုလှဝင်းကို ဖုန်းဆက်ပြီး ပြောလိုက်ဦးမယ် ..”

ကျွန်တော့်ဖုန်းထဲက ကိုလှဝင်းရဲ့ ဖုန်းနံပါတ်ကို ရှာရင်း
ဖုန်းခေါ်လိုက်တယ် ..
“ကိုလှဝင်း ရေ ..........”
သူ့ဆိုင်ဘက်ကရော မြင်ရလား? မေးကြည့်တာပါ ..
ကိုလှဝင်း လည်း ဖုန်းကိုင်ရင်းနဲ့ဘဲ ..
သူ့ဆိုင်(ဆိုင်ကတော့ ပိတ်ထားပါပြီ) အပြင်ဘက်ကို
ချောင်းကြည့်လိုက်တယ် ထင်တယ် ...
“ဘာမှ မတွေ့ဘူး” တဲ့လေ ..
သေချာအောင် ထပ်ကြည့်ခိုင်းလိုက်သေးတယ် ..
ဘာအရိပ်အယောင်မှ မတွေ့တာ တဲ့ ..
ကျွန်တော်တို့နှစ်ယောက်က ခုထိကို တွေ့နေရတုန်းလေ ..
ကိုလှဝင်း ကျတော့ မတွေ့ဘူး ..
“ကျွန်တော် ဆရာတို့ ရုံးဘက်ကို ခုထွက်လာပြီ” ..တဲ့ ..
ကျွန်တော်တို့ ကြည့်နေတုန်းမှာဘဲ ..
ကိုလှဝင်းတစ်ယောက် ရုံးဘက်ခြမ်းကို
ကားလမ်းကူးလာတာ တွေ့လိုက်တယ် ..
ဂိတ်ခြံစည်းရိုးသော့က မပိတ်ရသေးပါဘူး ..
ချက်ဘဲ ထိုးထားသေးတာမို့ ကျွန်တော်တို့နှစ်ယောက်
တံခါးဖွင့်ဖို့ အတူ ထွက်သွားလိုက်တယ် ..
ကိုလှဝင်းနဲ့ ဟိုသရဲနှစ်ကောင်က
(၁၅)ပေလောက်ဘဲ ဝေးမယ်ဗျ ..
ဘေးချင်းကပ် အနေအထား ...
သူက ဘာလို့ မတွေ့တာလဲ?
တကယ့်ကို စဉ်းစားစရာပါ ..
ကျွန်တော်နဲ့ ကိုအောင်မျိုး ဂိတ်ကို မရောက်ခင်
သရဲနှစ်ကောင် တရုတ်စကားပင်ဘက်ကို ထွက်သွားတယ် ..
ဂိတ်တံခါးဖွင့်ပြီး ခြံဝန်းအပြင်ကို ကြည့်လိုက်တော့
သရဲနှစ်ကောင်ကို မတွေ့ရတော့ဘူးဗျ ..
အဲ့ဒါနဲ့ ကိုလှဝင်းကို ..
ကျွန်တော်တို့ မြင်နေရကြောင်း ပြောပြလိုက်တယ် ..
“အဲ့ဒါဆို ဒီကောင်တွေ ဆရာတို့ ရုံးရှေ့မှာ ..
စွဲနေတဲ့သဘော ထင်တယ်”တဲ့ ..
ကိုလှဝင်း သူ့ဆိုင်ကို ပြန်သွားတဲ့အချိန်အထိ ..
သရဲနှစ်ကောင် ပြန်ပေါ်မလာပါဘူး ..

ကျွန်တော်တို့ နှစ်ယောက် တိုင်ပင်လိုက်ကြတယ် ..
မနက်ကျရင် ရုံးပိတ်ရက် ..
ဘေးအိမ်က လက်ထောက်ညွှန်မှူးကို ...
ကျွန်တော်တို့ မြင်နေရတာ သိအောင် သတင်းပို့လိုက်မယ်လို့လေ ..
လူကြီး သိထားတော့ ပိုကောင်းတာပေါ့ ..
ကျွန်တော်တို့ ဆရာက မိသားစု ခေါ်မထားပါဘူး ..
သူ့မိသားစုက ရွှေဘိုမှာ နေတာ ..
တစ်ခါတစ်လေမှ အလည်လာကြတယ်လေ ..
ခုလည်း ဆရာနဲ့ သူ့တပည့်တစ်ယောက်ဘဲ ..
ရုံးထဲက အိမ်မှာ နေတာပါ ..

မနက်မိုးလင်းတော့ ..
ကိုအောင်မျိုးကို လှမ်းခေါ်လိုက်ပြီး ..
ဆရာ့ အိမ်ဘက်ကို ကူးလာခဲ့လိုက်တယ် ..
ဆရာ ဘုရားဝတ်ပြုနေလို့ အပြင်မှာ ခဏရပ်စောင့်နေလိုက်တယ် ..
ခဏအကြာမှာတော့ အိမ်အပြင်ကို ထွက်လာတယ် ..

“ကိုအောင်မျိုးနဲ့ ကိုကျော်လွင်တို့ ဘာကိစ္စရှိလို့လဲ?ဗျ..”
ကျွန်တော်တို့ သိတာမြင်တာတွေ ဆရာ့ကို သတင်းပို့လိုက်တယ် ..
ဆရာလည်း အံ့အားသင့်သွားတာပေါ့ ..
“ညတိုင်း တွေ့နေရတာလား?” လို့ မေးတာနဲ့
ညတိုင်းတော့ မဟုတ်ကြောင်း ..
ရံဖန်ရံခါ မြင်တွေ့နေရကြောင်း ပြန်ပြောပြလိုက်တယ် ..
အဲ့ဒါဆို ဒီညကစပြီး သူလည်း စောင့်ကြည့်မယ် တဲ့ ..

ဆရာ စောင့်ကြည့်မယ်ဆိုမှဘဲ ..
သရဲနှစ်ကောင်ကို မတွေ့တာ (၄)ရက်ကျော်သွားပြီ ..
ဆရာကလည်း မယုံတစ်ဝက် ယုံတစ်ဝက်ဖြစ်နေမှာ အသေအချာဘဲ ..

ကျွန်တော်တို့ ဆရာကိုယ်တိုင် သရဲနှစ်ကောင်နဲ့ ဆုံပြီ

ည(၉)နာရီကျော် ....
ကျွန်တော်တို့ မိသားစု TV ကြည့်နေတုန်း
အိမ်အပေါက်ဝမှာ ဆရာ့ကို တွေ့လိုက်ရတယ် ..
“ကိုကျော်လွင် ခဏ ...” ဆိုလို့ ..
ကျွန်တော် အိမ်အပြင်ကို ထွက်လိုက်တယ် ..

“ကျွန်တော် ကိုယ်တိုင် အခုလေးတင် ...
ဟိုနှစ်ကောင်ကို တွေ့ခဲ့ပြီဗျ ..”
“ဗျာ !!! ဘယ်လို တွေ့ခဲ့တာလဲ? ဆရာ ...”
“ကျွန်တော် အခု Dinner က ပြန်လာတာ ..
(ဆရာက သူ့ကား သူကိုယ်တိုင် မောင်းတာပါ)
ခြံပေါက်ဝ ရောက်တော့ ဟွန်းတီးလိုက်လို့
အိမ်က တပည့် ဖိုးချို တံခါးဖွင့်ဖို့ ထွက်လာတယ် ..
ဘာရယ် မဟုတ်ဘူးဗျ ..
ညာဘက်ကို ကြည့်မိလိုက်တော့မှ ..
ခင်ဗျားတို့ ပြောနေတဲ့ နှစ်ကောင် ဖြစ်မယ် ထင်တယ်ဗျ ..
တစ်ကိုယ်လုံး သွေးတွေနဲ့ ..
တစ်ကောင်ဆို ရုပ်ပျက်ဆင်းပျက်ဖြစ်နေတယ် ..
ကျွန်တော့်ကို ကြည့်နေကြတယ်ဗျ ..
ကျွန်တော်လည်း ရုတ်တရက်ဆိုတော့ လန့်ဖျပ်သွားတာပေါ့ ..
ဖိုးချိုကို တံခါးအမြန်ဖွင့်ခိုင်းပြီး
ကားကို ခြံထဲ အမြန်မောင်းဝင်လာရတယ် ..
ခင်ဗျားကို ခေါ်ဖို့ လာတော့ ဟိုကောင်တွေကို မတွေ့တော့ဘူးဗျ ..
ခုနက ခြံစည်းရိုးနားမှာ သေချာကို မြင်လိုက်ရတာ ..”

“ဆရာ ... ခဏနော် ..”
အိမ်ထဲ ပြေးဝင် ကျွန်တော့်ဖုန်း သွားယူပြီး
ဖုန်းထဲက အဲ့ဒီ့နှစ်ယောက် ကားတိုက်သေတုန်းက
ကျွန်တော် ရိုက်ထားတဲ့ ပုံတွေ ပြလိုက်တယ် ..
ဆရာက ကျွန်တော့်ဖုန်းကို ယူကြည့်ရင်း ..
“သေချာတာပေါ့ဗျာ .. အဲ့ဒီ့နှစ်ကောင်ဘဲ ...
အဲ့ဒီ့ အဝတ်အစားတွေအတိုင်းဘဲ...” တဲ့ ..
ဒါဆို သေချာသွားပြီပေါ့ ..
ရုံးရှေ့မှာ ကားတိုက်သေတဲ့ နှစ်ယောက်
မကျွတ်ဘဲ ရုံးရှေ့မှာ လာစွဲနေပြီ ...
ဆရာကတော့ သူ့အိမ် မပြန်ခင် ပြောသွားတယ် …
“ဒီအတိုင်းတော့ မဖြစ်ဘူး ..
တစ်ခုခုတော့ လုပ်မှရမယ်” တဲ့ ..

နောက်ရက်တွေမှာတော့ ..
အဲ့ဒီ့ သရဲနှစ်ကောင်ကို မမြင်တွေ့ရတော့တာမို့
စိတ်ချမ်းသာသလိုလိုဘဲဗျ ..

ကျွန်တော့်သားနှစ်ယောက်ကို ဒုက္ခပေးပြီ

ကျောင်းပိတ်ရက်တစ်ရက်မှာ ..
“ဖေကြီးရေ … ဖေကြီးရေ လာပါဦး ..
အငယ်လေး ဘာဖြစ်နေလဲ? မသိဘူး ..”
သားကြီးရဲ့ ခေါ်သံကြားလို့
ကျွန်တော် အိမ်ပြင်ထွက်ကြည့်လိုက်တယ် ..
အချိန်က ညနေမှောင်စပျိုးချိန် …
အိမ်ပြင်က လှမ်းကြည့်တာ သိပ်မသဲကွဲတာမို့
ရုံးဝန်းခြံစည်းရိုးအပြင်ကို အမြန်ပြေးထွက်လိုက်တယ် ..
ခြံစည်းရိုးတိုင် လုံခြုံရေးမီးလုံးအလှတွေ ထွန်းထားပြီးပါပြီ ..

ကျွန်တော် ရုံးဂိတ်ပေါက်ဝကို ရောက်တော့
သားကြီးက ကျွန်တော့်အနား ပြေးကပ်တယ် ..
သားငယ်ကို ကြည့်လိုက်တော့ …
ရုံးရှေ့မြက်ခင်းပြင် တရုတ်စကားပင်မှာ ကပ်ပြီး
မတ်တပ်ရပ်ရင်း ငိုနေတယ် ..
အသံ လုံးဝ မထွက်ပါဘူး ..
မျက်ရည်တွေတော့ ကျနေတယ် ..
သစ်ပင်ပေါ်က ပြုတ်ကျတာလား? လို့ တွေးပြီး
ကျွန်တော် စိတ်ပူသွားတာမို့
သားငယ်ဆီ အပြေးသွားလိုက်မိတယ် …
သားငယ်ဆီ မရောက်ခင် ခြေလှမ်း(၃)လှမ်းလောက်အလိုမှာ
တစ်စုံတစ်ခုနဲ့ ဝင်တိုက်မိသလို ခံစားလိုက်ရတယ် ..
ကျွန်တော် ယိုင်သွားတယ် ..
ရှေ့ကို ဆက်တိုးဖို့ လုပ်တယ် ..
တစ်စုံတစ်ခုက ကျွန်တော့်ကို တွန်းထုတ်လိုက်သလိုမျိုး ..
ကျွန်တော် အနောက်ကို ပြန်ယိုင်သွားတယ် …
တကယ်တမ်းတော့ ကျွန်တော်နဲ့ သားငယ် အကြားမှာ
ဘာဆို ဘာမှ မရှိ ..
ခြေလှမ်း(၃)လှမ်းစာလောက်ဘဲ ဝေးတယ် ..
ထပ်တိုးကြည့်တယ် ..
မရဘူး ..
ထပ်တွန်းထုတ်ခံရတယ် ..
ကျွန်တော် သတိပြုမိသွားပြီ ..
ဟိုသရဲနှစ်ကောင် လုပ်နေတာဖြစ်မယ် ..
ချက်ချင်းဆိုသလို သားငယ်လေးအတွက်
အရမ်းစိတ်ပူ စိုးရိမ်သွားမိတယ် ..

“အမာရေ … အမာ …”
အသံကုန်အောင် ဇနီးဖြစ်သူကို လှမ်းအော်ခေါ်လိုက်တယ် ..
ကျွန်တော့်ဇနီး အိမ်အပြင်ဝကို ထွက်လာတယ် ..
“ဘုရားစင်က ပရိတ်ရည်ဗူး အမြန်ယူလာခဲ့ ..
လာ .. လာ မြန် မြန် …”
(ကျွန်တော့်အသံတွေ တုန်ရီလို့ နေပါတယ် ..)
ကျွန်တော့် အော်သံ ကြားလို့ ..
ဘေးအိမ်က မသင်း လည်း ထွက်ကြည့်နေတာမို့ ..
“မသင်း .. ကိုအောင်မျိုးကို လွှတ်ပေးပါဦး ..
ဟိုကောင်တွေ ကျွန်တော့် သားငယ်ကို ဆွဲထားလို့ ..”

ခဏအကြာမှာ ဇနီးသည်နဲ့ ကိုအောင်မျိုးတို့ လင်မယား
ရုံးရှေ့မြက်ခင်းပြင်ကို ရောက်လာကြတယ် ..
ဇနီး ဆီက ပရိတ်ရည် ထည့်ထားတဲ့ ..
ရေသန့်ဗူးကို အဖုံး အမြန်ဖွင့်လို့ ..
တရုတ်စကားပင်ရဲ့ ပင်စည် ..
သားလေးဆီကိုရော ဘေးဘက်တွေကိုပါ ..
တစ်ဗူးလုံး ကုန်အောင် လိုက်ပက်ဖြန်းလိုက်တယ် ..

“ဟီး … ဟီး .. ဖေကြီး … ဟီး …” ဆိုပြီး
သားငယ်လေး ကျွန်တော့်ဆီ ငိုရင်း ပြေးထွက်လာလို့
ကျွန်တော် သားလေးကို ဆီးကြိုဖမ်းပွေ့ချီလိုက်ရင်း
ရုံးဝန်းထဲ အမြန်ပြေးဝင်ခဲ့တယ် ..
“အမာ မြန်မြန်လာ .. သားကြီးကို ခေါ် ..
ကိုအောင်မျိုး အထဲကို ပြန်ဝင်ရအောင် …”

အိမ်ထဲ ရောက်တော့ သားငယ်လေး ငိုနေလွန်းလို့
မနည်းချော့ရတယ် ..
ကလေး တော်တော်ကြောက်သွားတယ်ထင်တယ်ဗျ ..
သူ ဘာတွေ့လိုက်ရလို့လဲ? မသိဘူး ..
ကလေး စိတ်ပြန်ကြည်အောင် ချော့မော့ရင်း ..
အငိုတိတ်လုခါမှ ချော့မော့မေးမြန်းရတယ် ..
(ကိုအောင်မျိုးတို့ လင်မယားလည်း ကျွန်တော့်အိမ်ထဲမှာ)

“သားလေး ခုနက ဘာဖြစ်လို့လဲဟင်?
မကြောက်နဲ့တော့နော် ဖေကြီးတို့ ရှိတယ် ..”
(ကလေးကို မေးနေတုန်းမှာဘဲ ဘေးအိမ်က ..
လက်ထောက်ညွှန်မှူး ဆရာ ထပ်ရောက်လာတယ် )

မေးကြည့်လို့ သိရတာကတော့ ..
သူတို့ ညီအစ်ကိုနှစ်ယောက် ရုံးရှေ့မြက်ခင်းပြင်မှာ
ကျောင်းပိတ်ရက်မို့ ညနေစောင်း ဆော့နေရင်း ..
သားငယ်လေးက တရုတ်စကားပင်ဘက်ကို ရောက်တဲ့အချိန်
လူကြီးတစ်ယောက်က သူ့ကို ဆွဲခေါ်ထားတယ် ..
တစ်ကိုယ်လုံး သွေးတွေနဲ့တဲ့ ..
(ဟိုသရဲတွေဆိုတာ သေချာသွားပြီ…)
သားငယ်လေးလည်း ကြောက်ပြီး ရုန်းကန်တယ် ..
ဒါပေမယ့် ဟိုသရဲက မလွှတ်ဘူး ..
အဲ့ဒါနဲ့ သားကြီးက သူ့ညီ ဘာဖြစ်တာလဲ? ဆိုပြီး
သူ့ညီဆီ ကပ်တော့ ကျွန်တော့်လိုဘဲ
(၂)ခါတောင် တွန်းထုတ်ခံရတာ ..
အဲ့ဒီ့တော့မှ သားကြီးက ကြောက်ပြီး
ကျွန်တော့်ကို လှမ်းအော်ခေါ်တာလေ ..
သားငယ်လေးရဲ့ ပါးစပ်ကိုလည်း လက်နဲ့ ပိတ်ထားတယ်တဲ့ …
အဲ့ဒါကြောင့် ကျွန်တော် ရောက်တဲ့အချိန် ..
သားငယ်လေး ငိုနေတာ မြင်ပြီး
ငိုတဲ့ အသံ မကြားရတာကိုး …
ကျွန်တော် သားငယ်လေးဆီ ကပ်တဲ့အချိန်မှာ ..
နောက်သရဲတစ်ကောင်က တွန်းထုတ်နေတာတဲ့လေ ..
သရဲတွေကို ဒီတစ်ခါ မြင်ရတာက ..
သားငယ်လေးတစ်ယောက်ပါဘဲ ..
သူ့အစ်ကိုရော ကျွန်တော်တို့ပါ ..
ဘယ်သူမှ မမြင်လိုက်ရပါဘူး ..
(ကလေးကြောက်မှာ စိုးလို့ ဆက်မမေးဖြစ်တော့ပါ)

ဆရာရယ် ..
ကျွန်တော်ရယ် ..
ကိုအောင်မျိုး လင်မယားရယ် အိမ်အပြင်ထွက်ပြီး
တိုင်ပင်ပြောဆိုကြတယ် ..
ဇနီး အမာ ကတော့ ကလေးတွေကို အိမ်ထဲမှာ ချော့နေတုန်း ..

“ဘယ်လိုလုပ်ကြမလဲ? ဆရာ ..”
ဆရာလည်း စဉ်းစားဟန်ပြုပြီးတော့မှ ..
“ကျွန်တော်တို့ အန္တရာယ်ကင်းပရိတ် ရွတ်မှ ရတော့မယ် ..
မနက်ဖြန်ကျရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ဆုံပြီး ပြောကြတာပေါ့” ..

နောက်တစ်နေ့မှာ ကျွန်တော်တို့ ရုံးပိုင်းအရာရှိတွေနဲ့
ရပ်ကွက်က လူကြီးပိုင်းတွေ ဆရာ့ရုံးခန်းမှာ
တွေ့ဆုံဆွေးနွေးဖြစ်တယ် ..
နောက်ဆုံးတော့ ရပ်ကွက်လူကြီးတစ်ယောက်က ..
(         )ဆရာတော်ကို ပင့်ဖိတ်ဖို့ အကြံပြုတာမို့
ကျွန်တော်တို့အားလုံး လက်သင့်ခံလိုက်ကြတယ် ..

တွေ့ဆုံဆွေးနွေးပွဲ ပြီးတာနဲ့ ..
ကျွန်တော်နဲ့ ရပ်ကွက်လူကြီး(၂)ယောက် ..
(         )ဆရာတော်ကို အခြေအနေ အကျိုးအကြောင်း
သွားရောက် လျှောက်တင်ကြတယ် ..
ဆရာတော်က မနက်ဖြန် မနက်(၉)နာရီမှာ ကြွလာမယ်ပြောလို့
နေ့ဆွမ်းကပ်ရအောင် ရုံးက စာရေးမတွေနဲ့
ကျွန်တော်တို့ ဇနီးသည်တွေ ပူးပေါင်းပြီး
ဝယ်ကြခြမ်းကြ ချက်ကြပြုတ်ကြပေါ့ဗျာ ..
(အဲ့ဒီ့ညလည်း ဟိုသရဲနှစ်ကောင်ကို ထပ်မတွေ့ပါဘူး)

နောက်တစ်နေ့ မနက်မှာ ဆရာတော်တို့ ကြွရောက်လာတာမို့
ရုံးရှေ့မြက်ခင်းပြင်မှာဘဲ ..
အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ဖို့ စီစဉ်လိုက်ပါတယ် ..
ဆရာတော်တို့ ရွတ်ဖတ်ပြီးတဲ့ အချိန်မှာ
ငွေဖလားတစ်ခုထဲ အမွှေးနံ့သာ ရောထားတဲ့ ရေနဲ့
သပြေခက်နဲ့ ရုံးရှေ့မြက်ခင်းပြင်တစ်ဝိုက်ကို
လိုက်ပက်ဖြန်းတယ် ..
(တရုတ်စကားပင်ကြီးနားမှာ ဆရာတော် မတ်တပ်ရပ်ပြီး
ပြောနေတာ တွေ့တယ် ..
ပါးစပ်လှုပ်ရုံသာ ပြောဆိုနေတာမို့ မကြားရဘူး)
ကားလမ်းမတစ်လျှောက်မှာလည်း
ဆရာတော်က ရေသန့်ဗူးထဲက ပရိတ်ရည်တွေကို
ပက်ဖြန်းခိုင်းလို့ ရပ်ကွက်ထဲက လူတစ်ချို့နဲ့
ရုံးက ကောင်လေးတွေလည်း လိုက်ပက်ဖြန်းလိုက်ကြသေးတယ် ..

အန္တရာယ်ကင်းပရိတ်နာပြီးတော့
ဆရာတော်တို့ကို နေ့ဆွမ်း ရုံးမှာ ကပ်လှူ ..
ဆွမ်းဘုဉ်းပြီးတော့ ဆရာတော်တို့ ပြန်မယ်ဆိုမှ ..
ဆရာတော်က လက်ထောက်ညွှန်မှူးနဲ့ ကျွန်တော်တို့ အရာရှိတွေကို
သီးခြားခေါ်ပြီး ကပ်ပြောတယ် ..
(ကျန်တဲ့သူတွေ မသိစေချင်လို့ ..
ကြောက်လန့်မှာ စိုးလို့ နေမှာပါ ..)

“ဒကာကြီးတို့ ပြောတာ နာနာဘာဝ (၂)ကောင်နော် ..”
“တင်ပါ့ ဘုရား ..
တပည့်တော်တို့ မြင်တာတော့ လျှောက်တင်ခဲ့သလိုဘဲ
ကားတိုက်သေတဲ့ နှစ်ယောက်တည်းပါ ဘုရား …”
“တကယ်တော့ (၄)ကောင်တောင် ရှိတယ် ဒကာကြီးတို့ရဲ့ ..
ခုတော့ စိုးရိမ်ပူပန်မနေပါနဲ့တော့ ..
ဘုန်းကြီးလည်း သူတို့ကို လွတ်ရာကျွတ်ရာ သွားဖို့
မိန့်ကြားပြီးပါပြီ ..
တရုတ်စကားပင်ကတော့ အသစ်ပြန်စိုက်လိုက်ပေါ့ …”

ဆရာတော် ပြန်ကြွသွားတော့ ..
ကျွန်တော်တို့ အရာရှိပိုင်း ဆွေးနွေးဖြစ်ကြတယ် ..
ဆရာတော် ကားပေါ်တက် ထွက်ခါနီး နောက်ဆုံး ပြောသွားတဲ့ ..
“တရုတ်စကားပင်ကတော့ အသစ်ပြန်စိုက်လိုက်ပေါ့” ဆိုတဲ့
စကားကို နားမလည်ကြဘူး ..
အပင်ကို အမြစ်က တူးထုတ်ပစ်ပြီး
အသစ်တစ်ပင် ပြန်ပြောင်းစိုက်ရမှာလား? မသိဘူး ..
နောက်နေ့မှ ဆရာတော်ကို ရှင်းရှင်းလင်းလင်းသိရအောင်
ပြန်သွားမေးကြဖို့ စီစဉ်လိုက်ကြတယ် ..

ညရောက်တော့ ..
ဆရာတော်က နာနာဘာဝတွေ မရှိတော့ဘူး ဆိုပေမယ့်
ကြောက်လန့်စိတ်အခံက ရှိနေသေးတာမို့ ..
ရုံးဝန်း အပြင်ဘက်ကို ချောင်းချောင်းကြည့်နေမိတယ် ..
ညအိပ်ယာဝင်တဲ့အထိ ..
ဘာအရိပ်အယောင်မှ မမြင်တွေ့ရတော့တာမို့
ဆရာတော် မိန့်ကြားခဲ့သလိုဘဲ ..
နာနာဘာဝတွေ ပြောင်းရွှေ့သွားပြီ ထင်ပါရယ့် ..

နောက်တစ်နေ့ နံနက်(၆)နာရီကျော် ..
“ကိုကျော်လွင် … ကိုကျော်လွင် ..”
အိမ်ရှေ့က ခေါ်သံကြားလို့ ထွက်ကြည့်တော့ ..
ဘေးအိမ်က ကိုအောင်မျိုးတို့ လင်မယား ..
“လာကြည့်စမ်းပါဦးဗျာ .. ဟိုမှာ …”
ကိုအောင်မျိုး ပြတဲ့ နေရာကို ကြည့်လိုက်တော့ ..
ရုံးဝန်းအပြင် မြက်ခင်းပြင်မှာ စိုက်ထားတဲ့ ..
တစ်နည်းအားဖြင့် ကျွန်တော့်သားငယ်လေးကို
နာနာဘာဝကောင် ဆွဲခေါ်ထားတဲ့ …
တရုတ်စကားပင်ကြီးက …
သစ်ရွက်တွေ တစ်ရွက်မှ မရှိတော့ဘဲ ..
သစ်ပင်သစ်ကိုင်းသစ်ခက်ချည်းသက်သက် ဖြစ်လို့ နေပါတယ် ..
သံတိုင်ခြံစည်းရိုးအနားကပ်ကြည့်တော့ ..
မြက်ခင်းပြင်မှာ တရုတ်စကားပင်က သစ်ရွက်တွေက
ခြောက်သွေ့လို့ ကြွေကျနေလေရယ့် ..
(မနေ့ကအထိ သစ်ပင်ကြီးက အကောင်းကြီးလေဗျာ)
နောက်နေ့တွေမှာ သစ်ရွက်တွေများ အသစ်ပြန်ထွက်လာမလား?
စောင့်ကြည့်နေပေမယ့် ..
အဲ့ဒီ့ တရုတ်စကားပင်ကြီးကတော့ ..
တစ်ရက်ထက် တစ်ရက် ခြောက်သွေ့လို့ လာပါတယ် ..
(တစ်ခြား တရုတ်စကားပင်များ ဘာမှ မဖြစ်ပါ)
ဆရာတော်ဆီ အပြေးသွားလျှောက်တင်တော့ ..
“ဒကာကြီးတို့ကို အသစ်ပြန်စိုက်ဖို့ ပြောခဲ့ပြီးသားဘဲလေ” တဲ့ ..

တရုတ်စကားပင် ခြောက်သွေ့သွားတာ (၄)ရက်မြောက်နေ့မှာဘဲ
သစ်ပင်ကို လူငှားနဲ့ ခေါ်လဲှချလိုက်ပါတယ် ..
အံ့အားသင့်စရာ ကောင်းလွန်းတာက ..
ဘာလွှ ဘာရဲဒင်းမှ အားစိုက်မသုံးရဘဲ ..
လွယ်လွယ်ကူကူ ပြိုလဲသွားတာပါ ..
ပင်စည်ကြီးက အသားစတွေကို ကိုင်ကြည့်တော့..
ခြောက်သွေ့ပြီး ကြေမွနေပြီ ..
(၄)ရက်လောက်အတွင်း ..
သစ်ပင် ပင်စည်ကြီး ခြောက်သွေ့မွကြေနေတာကို
ရုံးက အဖွဲ့တွေရော ..
ရုံးရှေ့က ရပ်ကွက်သူ/သားတွေရော ..
ပဟေဠိဆန်တဲ့ ပုစ္ဆာတစ်ပုဒ်အဖြစ်နဲ့သာ ကျန်ရစ်ခဲ့ပါတယ် ..
နောက်ပိုင်းတော့ အဲ့ဒီ့ တရုတ်စကားပင်နေရာမှာ
နောက်ထပ် တရုတ်စကားပင်ဘဲ အသစ်တစ်ပင် ..
ထပ်မံစိုက်ပျိုးခဲ့ပါတယ် ..

ကျွန်တော်လည်း ရာထူးတိုးနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက်
အဲ့ဒီ့ရုံးက ဝန်ထမ်းဟောင်းအချို့ကို ..
အခြေအနေ ဖုန်းဆက်မေးကြည့်တော့ ..
“ဆရာ ရေ ..
ရုံးရှေ့မှာတော့ ခုထိ ဘာမှ မထူးတော့ဘူး ..
ယာဉ်တိုက်မှုလည်း မဖြစ်တော့ဘူး ..
အေးဆေးဖြစ်သွားပြီဗျ ..
လူစားတဲ့နေရာက ပြောင်းသွားပြီလေ ဆရာရဲ့ …”
“ဟေ !!! …..” လို့သာ ..
ကျွန်တော် တလိုက်မိပါတော့တယ် …. ။

မှတ်ချက် ။ မိတ်ဆွေတစ်ဦး၏ ကိုယ်တွေ့ကြုံဖြစ်ရပ်တစ်ခုအား
ဇာတ်လမ်းအသွင် ပြန်လည်မွမ်းမံ၍ ရေးသားတင်ဆက်ပါသည်။
စာဖတ်ရှုသူမိတ်ဆွေများအား ကျေးဇူးတင်ရှိပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: လူကြီးသား
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top