လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

မြန္ျပည္နယ္မွ အ ဆင့္ျမင့္ ေရာ္ဘာျပားမ်ားကို စင္ ကာပူႏုိင္ငံမွ တန္ခ်ိန္ငါးေသာင္း ထိ ဝယ္ယူမည္ျဖစ္ေၾကာင္း မြန္ ျပည္နယ္ ေရာ္ဘာစိုက္ပ်ိဳးသူမ်ား အသင္းဥကၠ႒ ႏုိင္က်န္ရစ္က ေျပာၾကားသည္။

ယင္းသုိ႔ ဝယ္ယူရန္ မြန္ျပည္ နယ္ ေရာ္ဘာလုပ္ငန္းရွင္မ်ားအ သင္းႏွင့္ စင္ကာပူႏုိင္ငံမွ ဟသၤာ အဂရီကုမၸဏီတို႔က ေမာ္လၿမိဳင္ ၿမိဳ႕ ေတာ္ဝင္ဟသၤာဟိုတယ္တြင္ ႏိုဝင္ဘာ ၁၄ ရက္က စာခ်ဳပ္ခ်ဳပ္ ဆိုခဲ့သည္။

‘‘ကြၽန္ေတာ့္ဆီက တစ္ႏွစ္ ကို ေရာ္ဘာတန္ခ်ိန္ ငါးေသာင္း ထုတ္ႏုိင္တယ္ဆုိရင္ သူတုိ႔လည္း ဝယ္ႏုိင္တယ္။ အဓိကကေတာ့ ကြၽန္ေတာ္တုိ႔ဆီက အဆင့္ျမင့္ ေရာ္ဘာျပား (RSS 1, 2, 3) ေတြ ကို ထုတ္ႏုိင္ဖို႔ပဲ။ အခုဝယ္ယူမွာ က သူတုိ႔က တန္ငါးေသာင္းပမာ ဏကိုပဲ ေျပာတယ္။ အခ်ိန္ဘယ္ ေလာက္လဲဆုိတာ မပါဘူး။ ေဈး ႏႈန္းဘယ္ေလာက္နဲ႔ ဝယ္မယ္ဆို တာလည္း မေျပာေသးဘူး။ ဒါက ပမာဏအေနနဲ႔ MoU ထိုးတဲ့ သေဘာပါ။ ကြၽန္ေတာ္တုိ႔ ဘက္ ကလည္း အခုအခ်ိန္ တန္ငါး ေသာင္းကို ခ်က္ခ်င္းထုတ္မေပး ႏုိင္တဲ့ အေနအထားျဖစ္ေနတယ္’’ ဟု ႏုိင္က်န္ရစ္က ေျပာသည္။

စာခ်ဳပ္ခ်ဳပ္ဆိုခဲ့သည့္ MoU စာခြၽန္လႊာသည္ ေရာ္ဘာထုတ္ ကုန္မ်ား ဝယ္ယူေရးဆုိင္ရာႏွင့္ ပတ္သက္ၿပီး မြန္ျပည္နယ္အတြင္း ရွိ ေရာ္ဘာစိုက္ပ်ိဳးထုတ္လုပ္သူ မ်ားကိုယ္စား မြန္ျပည္နယ္ ေရာ္ ဘာစိုက္ပ်ိဳးသူမ်ား  အသင္းႏွင့္ ဟသၤာအဂရီတုိ႔အၾကား ခ်ဳပ္ဆုိ ေသာ နားလည္မႈ စာခြၽန္လႊာျဖစ္ေၾကာင္း  ႏိုင္က်န္ရစ္က ဆုိသည္။

မြန္ျပည္နယ္တြင္ ျပည္နယ္ အစိုးရ ေငြေၾကးေထာက္ပံ့မႈျဖင့္ ႏုိင္ငံတကာ အဆင့္မီ အရည္အ ေသြးေကာင္း ေရာ္ဘာမ်ား ထုတ္ လုပ္ႏုိင္သည့္ စက္႐ံုမ်ား တည္ ေဆာက္ရန္ စီစဥ္ေနၿပီး အဆုိပါ စက္႐ံုမ်ားအတြက္ ပတ္ဝန္းက်င္ စီမံခန္႔ခြဲမႈဆုိင္ရာ အစီရင္ခံစာ တင္ျပမွသာလွ်င္ လုပ္ကိုင္ခြင့္ျပဳမည္ျဖစ္ေၾကာင္း ျပည္နယ္အစိုးရအဖြဲ႕မွ သိရသည္။ မြန္ျပည္နယ္ တြင္ ေရာ္ဘာစိုက္ဧက ငါးသိန္းခန္႔ရွိၿပီး သံုးသိန္းေက်ာ္မွာ ေရာ္ဘာထုတ္လုပ္ေနသည္။

မြန္ျပည္နယ္သည္ ေရာ္ဘာ စိုက္ပ်ိဳးမႈ အမ်ားဆံုးေဒသျဖစ္ၿပီး အမ်ားစုသည္ အေသးစားေရာ္ ဘာစိုက္ပ်ိဳးသူမ်ားျဖစ္ကာ ျပည္ နယ္တစ္ခုလံုး၏ ၈၀ ရာခုိင္ႏႈန္း ခန္႔သည္ အေသးစား စိုက္ပ်ိဳးသူ မ်ားျဖစ္သည္။

ယခုအစိုးရလက္ထက္ မြန္ ျပည္နယ္တြင္ စီးပြားေရးက႑ ငါးခုကို အဓိကထား အေကာင္အ ထည္ေဖာ္မည္ျဖစ္ရာ လယ္ယာ စိုက္ပ်ိဳးေရး၊ ေရာ္ဘာလုပ္ငန္း၊ သစ္သီးဝလံလုပ္ငန္း၊ ငါးလုပ္ငန္း ႏွင့္ ခရီးသြားလုပ္ငန္းက႑ငါးခု ကို  အေကာင္အထည္ေဖာ္ေန ေၾကာင္း ျပည္နယ္အစိုးရက ဆုိ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


မွန်ပြည်နယ်မှ အ ဆင့်မြင့် ရော်ဘာပြားများကို စင် ကာပူနိုင်ငံမှ တန်ချိန်ငါးသောင်း ထိ ဝယ်ယူမည်ဖြစ်ကြောင်း မွန် ပြည်နယ် ရော်ဘာစိုက်ပျိုးသူများ အသင်းဥက္ကဋ္ဌ နိုင်ကျန်ရစ်က ပြောကြားသည်။

ယင်းသို့ ဝယ်ယူရန် မွန်ပြည် နယ် ရော်ဘာလုပ်ငန်းရှင်များအ သင်းနှင့် စင်ကာပူနိုင်ငံမှ ဟင်္သာ အဂရီကုမ္ပဏီတို့က မော်လမြိုင် မြို့ တော်ဝင်ဟင်္သာဟိုတယ်တွင် နိုဝင်ဘာ ၁၄ ရက်က စာချုပ်ချုပ် ဆိုခဲ့သည်။

‘‘ကျွန်တော့်ဆီက တစ်နှစ် ကို ရော်ဘာတန်ချိန် ငါးသောင်း ထုတ်နိုင်တယ်ဆိုရင် သူတို့လည်း ဝယ်နိုင်တယ်။ အဓိကကတော့ ကျွန်တော်တို့ဆီက အဆင့်မြင့် ရော်ဘာပြား (RSS 1, 2, 3) တွေ ကို ထုတ်နိုင်ဖို့ပဲ။ အခုဝယ်ယူမှာ က သူတို့က တန်ငါးသောင်းပမာ ဏကိုပဲ ပြောတယ်။ အချိန်ဘယ် လောက်လဲဆိုတာ မပါဘူး။ ဈေး နှုန်းဘယ်လောက်နဲ့ ဝယ်မယ်ဆို တာလည်း မပြောသေးဘူး။ ဒါက ပမာဏအနေနဲ့ MoU ထိုးတဲ့ သဘောပါ။ ကျွန်တော်တို့ ဘက် ကလည်း အခုအချိန် တန်ငါး သောင်းကို ချက်ချင်းထုတ်မပေး နိုင်တဲ့ အနေအထားဖြစ်နေတယ်’’ ဟု နိုင်ကျန်ရစ်က ပြောသည်။

စာချုပ်ချုပ်ဆိုခဲ့သည့် MoU စာချွန်လွှာသည် ရော်ဘာထုတ် ကုန်များ ဝယ်ယူရေးဆိုင်ရာနှင့် ပတ်သက်ပြီး မွန်ပြည်နယ်အတွင်း ရှိ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူ များကိုယ်စား မွန်ပြည်နယ် ရော် ဘာစိုက်ပျိုးသူများ  အသင်းနှင့် ဟင်္သာအဂရီတို့အကြား ချုပ်ဆို သော နားလည်မှု စာချွန်လွှာဖြစ်ကြောင်း  နိုင်ကျန်ရစ်က ဆိုသည်။

မွန်ပြည်နယ်တွင် ပြည်နယ် အစိုးရ ငွေကြေးထောက်ပံ့မှုဖြင့် နိုင်ငံတကာ အဆင့်မီ အရည်အ သွေးကောင်း ရော်ဘာများ ထုတ် လုပ်နိုင်သည့် စက်ရုံများ တည် ဆောက်ရန် စီစဉ်နေပြီး အဆိုပါ စက်ရုံများအတွက် ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ အစီရင်ခံစာ တင်ပြမှသာလျှင် လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။ မွန်ပြည်နယ် တွင် ရော်ဘာစိုက်ဧက ငါးသိန်းခန့်ရှိပြီး သုံးသိန်းကျော်မှာ ရော်ဘာထုတ်လုပ်နေသည်။

မွန်ပြည်နယ်သည် ရော်ဘာ စိုက်ပျိုးမှု အများဆုံးဒေသဖြစ်ပြီး အများစုသည် အသေးစားရော် ဘာစိုက်ပျိုးသူများဖြစ်ကာ ပြည် နယ်တစ်ခုလုံး၏ ၈၀ ရာခိုင်နှုန်း ခန့်သည် အသေးစား စိုက်ပျိုးသူ များဖြစ်သည်။

ယခုအစိုးရလက်ထက် မွန် ပြည်နယ်တွင် စီးပွားရေးကဏ္ဍ ငါးခုကို အဓိကထား အကောင်အ ထည်ဖော်မည်ဖြစ်ရာ လယ်ယာ စိုက်ပျိုးရေး၊ ရော်ဘာလုပ်ငန်း၊ သစ်သီးဝလံလုပ်ငန်း၊ ငါးလုပ်ငန်း နှင့် ခရီးသွားလုပ်ငန်းကဏ္ဍငါးခု ကို  အကောင်အထည်ဖော်နေ ကြောင်း ပြည်နယ်အစိုးရက ဆို သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top