Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

လူသတ္မႈျဖစ္ပြားပါက ေက်ာင္းမွေျဖဆုိရမယ့္ စားေမးပြဲရက္ကုိ ေ႐ႊ႕ဆုိင္းလိမ့္မယ္လုိ႕ ေမွ်ာ္လင့္ခဲ့ေၾကာင္း သိရပါတယ္။

အိႏၵိယႏုိင္ငံမွာ ဆယ္ေက်ာ္သက္တစ္ဦးက စားေမးပြဲရက္ေ႐ႊ႕ဆုိင္းေရန္အတြက္ အသက္ ၇ ႏွစ္အ႐ြယ္ အတန္းေဖာ္တစ္ဦးကုိ လည္ပင္းလွီးသတ္ခဲ့ေၾကာင္း စုံစစ္စစ္ေဆးေရးမွဴးကေတြက ေျပာပါတယ္။

အတန္းေဖာ္ကုိ သတ္ခဲ့တဲ့ ဆယ္ေက်ာ္သက္ေက်ာင္းသားက လူသတ္မႈျဖစ္ပြားပါက ေက်ာင္းမွေျဖဆုိရမယ့္ စားေမးပြဲရက္ကုိ ေ႐ႊ႕ဆုိင္းလိမ့္မယ္လုိ႕ ေမွ်ာ္လင့္ခဲ့ေၾကာင္း သိရပါတယ္။

ေဒလီၿမဳိ႕အနီး႐ွိ ပုဂၢိလိကစာသင္ေက်ာင္းမွာ တက္ေရာက္ေနတဲ့ အသက္ ၁၆ ႏွစ္အ႐ြယ္ ေက်ာင္းသားက ၎ထက္ငယ္တဲ့ အတန္းေဖာ္ကုိ စက္တင္ဘာလအတြင္း သတ္ျဖတ္ခဲ့တယ္လို႕ ရဲတပ္ဖြဲ႕က ေကာက္ခ်က္ခ်ထားပါတယ္။

အဆုိပါ ဆယ္ေက်ာ္သက္က လူသတ္မႈေၾကာင့္ စားေမးပြဲရက္နဲ႕ မိဘ၊ ဆရာ ေတြ႕ဆုံပြဲကုိ ေ႐ႊ႕ဆုိင္းေစရန္ ရည္႐ြယ္ခဲ့တယ္လို႕ ဆုိပါတယ္။ ယခု အမႈနဲ႕ပတ္သက္ၿပီး အေစာပိုင္းက ဘတ္စ္ကား လက္မွတ္ေရာင္းသူတစ္ဦးကုိ လူသတ္မႈျဖင့္ စြပ္စြဲခဲ့ပါေသးတယ္။

ဘတ္စ္ကား လက္မွတ္ေရာင္းသူက ေက်ာင္းသားငယ္ကုိ လိင္ပုိင္းဆုိင္ရာ ေစာ္ကားခဲ့စဥ္ ျပန္လည္ခုခံမႈေၾကာင့္ လူသတ္မႈက်ဴးလြန္ခဲ့တယ္လို႕ ကနဦး စြပ္စြဲခဲ့ပါတယ္။

သို႕ေသာ္ ရဲတပ္ဖြဲ႕က အေသးစိတ္ ထပ္မံ စုံစမ္းစစ္ေဆးခဲ့ရာ သက္ေသအေထာက္အထားေတြအရ စာမလုိက္ႏုိင္တဲ့ ဆယ္ေက်ာ္သက္ ေက်ာင္းသားက အတန္းေဖာ္ကုိသတ္ၿပီး စာေမးပြဲရက္နဲ႕ မိဘ၊ ဆရာ ေတြ႕ဆုံပြဲကုိ ေ႐ႊ႕ဆုိင္းေစရန္ ႀကံစည္လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း ေပၚေပါက္ခဲ့ပါတယ္။

"သူ႕ကုိ စစ္ေဆးေမးျမန္းေတာ့ ေက်ာင္းပိတ္ၿ႔ီး စားေမးပြဲနဲ႕ မိဘ၊ ဆရာ ေတြ႕ဆုံပြဲကုိ ေ႐ႊ႕ဆုိင္းေစခ်င္တယ္လုိ႕ ဝန္ခံခဲ့ပါတယ္" လုိ႕ စုံစမ္းစစ္ေဆးေရးဌာနမွ ေျပာခြင့္ရပုဂၢဳိလ္က AFP ကုိ ေျပာပါတယ္။

လက္႐ွိမွာ အတန္းေဖာ္ကုိသတ္ခဲ့တဲ့ ဆယ္ေက်ာ္သက္အား လူသတ္မႈျဖင့္ တရား႐ုံးထုတ္ စစ္ေဆးၾကားနာမႈ မတုိင္မီ လူငယ္ထိန္းသိမ္းေရးစခန္းမွာ ထိန္းသိမ္းထားေၾကာင္း သိရပါတယ္။

ထုိ႕အတူ အေစာပုိင္းက သံသယ႐ွိမႈျဖင့္ ဖမ္းဆီးထားတဲ့ ဘတ္စ္ကား လက္မွတ္ေရာင္းသူကုိလည္း အမႈနဲ႕မသက္ဆုိင္ေၾကာင္း ႐ွင္းလင္းစြာသိရၿပီးတဲ့အထိ ဆက္လက္ ထိန္းသိမ္းထားမယ္လုိ႕ စုံစမ္းစစ္ေဆးေရးဌာနက ေျပာပါတယ္။

ယခု ျဖစ္ရပ္ဟာ အိႏၵိယ သတင္းမီဒီယာေတြမွာ ေခါင္းႀကီးပုိင္းသတင္းျဖစ္ခဲ့ၿပီး စာသင္ေက်ာင္းေတြမွာ လုံၿခဳံစိတ္ခ်ရမႈအေပၚ မိဘမ်ားအၾကား စုိးရိမ္ပူပန္မႈေတြ ျမင့္တက္ခဲ့ပါတယ္။ အိႏၵိယမွာ လူလတ္တန္းစား အမ်ားအျပားက သားသမီးေတြကုိ ပုဂၢိလက စာသင္ေက်ာင္းေတြမွာ အပ္ႏွံထား႐ွိမႈေတြ ျမင့္တက္လာေနပါတယ္။

အိႏၵိယျပည္သူေတြက တကၠသုိလ္ဝင္ခြင့္ရမႈကို အထူးတလည္ ဂုဏ္ယူေလ့႐ွိၿပီး ကေလးေတြဟာ စာေမးပြဲေတြမွာ အမွတ္ေကာင္းေကာင္းရ႐ွိေရး ႀကီးမားတဲ့ဖိအား ႀကဳံေတြ႕ရပါတယ္။ ထုိအေျခအေနက ဆယ္ေက်ာ္သက္ေတြၾကားမွာ စိတ္ဖိစီးမႈနဲ႕ စိတ္ပုိင္းဆုိင္ရာ က်န္းမာေရးျပႆနာေတြ ျဖစ္ေစေၾကာင္း ကၽြမ္းက်င္သူေတြက ေျပာပါတယ္။

လူဦးေရ ၁.၂၅ ဘီလီယံ႐ွိတဲ့ အိႏၵိယႏုိင္ငံဟာ ကုိယ့္ကုိယ္ကုိယ္ သတ္ေသမႈႏႈန္း အျမင့္ဆုံးလည္းျဖစ္ၿပီး ထုိသုိ႕ သတ္ေသမႈမ်ားအနက္ ေက်ာင္းသူ ေက်ာင္းသားေတြလည္း ပါဝင္ပါတယ္။ အိႏၵိအစုိးရက တရားဝင္ထုတ္ျပန္ခဲ့တဲ့ စာရင္းေတြအရ ၂၀၁၅ ခုႏွစ္က ေက်ာင္းသူ ေက်ာင္းသား ၉,၀၀၀ နီးပါး ကုိယ့္ကုိယ္ကုိယ္ သတ္ေသခဲ့ေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
လူသတ်မှုဖြစ်ပွားပါက ကျောင်းမှဖြေဆိုရမယ့် စားမေးပွဲရက်ကို ရွှေ့ဆိုင်းလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြောင်း သိရပါတယ်။

အိန္ဒိယနိုင်ငံမှာ ဆယ်ကျော်သက်တစ်ဦးက စားမေးပွဲရက်ရွှေ့ဆိုင်းရေန်အတွက် အသက် ၇ နှစ်အရွယ် အတန်းဖော်တစ်ဦးကို လည်ပင်းလှီးသတ်ခဲ့ကြောင်း စုံစစ်စစ်ဆေးရေးမှူးကတွေက ပြောပါတယ်။

အတန်းဖော်ကို သတ်ခဲ့တဲ့ ဆယ်ကျော်သက်ကျောင်းသားက လူသတ်မှုဖြစ်ပွားပါက ကျောင်းမှဖြေဆိုရမယ့် စားမေးပွဲရက်ကို ရွှေ့ဆိုင်းလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြောင်း သိရပါတယ်။

ဒေလီမြို့အနီးရှိ ပုဂ္ဂိလိကစာသင်ကျောင်းမှာ တက်ရောက်နေတဲ့ အသက် ၁၆ နှစ်အရွယ် ကျောင်းသားက ၎င်းထက်ငယ်တဲ့ အတန်းဖော်ကို စက်တင်ဘာလအတွင်း သတ်ဖြတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ကောက်ချက်ချထားပါတယ်။

အဆိုပါ ဆယ်ကျော်သက်က လူသတ်မှုကြောင့် စားမေးပွဲရက်နဲ့ မိဘ၊ ဆရာ တွေ့ဆုံပွဲကို ရွှေ့ဆိုင်းစေရန် ရည်ရွယ်ခဲ့တယ်လို့ ဆိုပါတယ်။ ယခု အမှုနဲ့ပတ်သက်ပြီး အစောပိုင်းက ဘတ်စ်ကား လက်မှတ်ရောင်းသူတစ်ဦးကို လူသတ်မှုဖြင့် စွပ်စွဲခဲ့ပါသေးတယ်။

ဘတ်စ်ကား လက်မှတ်ရောင်းသူက ကျောင်းသားငယ်ကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့စဉ် ပြန်လည်ခုခံမှုကြောင့် လူသတ်မှုကျူးလွန်ခဲ့တယ်လို့ ကနဦး စွပ်စွဲခဲ့ပါတယ်။

သို့သော် ရဲတပ်ဖွဲ့က အသေးစိတ် ထပ်မံ စုံစမ်းစစ်ဆေးခဲ့ရာ သက်သေအထောက်အထားတွေအရ စာမလိုက်နိုင်တဲ့ ဆယ်ကျော်သက် ကျောင်းသားက အတန်းဖော်ကိုသတ်ပြီး စာမေးပွဲရက်နဲ့ မိဘ၊ ဆရာ တွေ့ဆုံပွဲကို ရွှေ့ဆိုင်းစေရန် ကြံစည်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါတယ်။

"သူ့ကို စစ်ဆေးမေးမြန်းတော့ ကျောင်းပိတ်ြ့ီး စားမေးပွဲနဲ့ မိဘ၊ ဆရာ တွေ့ဆုံပွဲကို ရွှေ့ဆိုင်းစေချင်တယ်လို့ ဝန်ခံခဲ့ပါတယ်" လို့ စုံစမ်းစစ်ဆေးရေးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်က AFP ကို ပြောပါတယ်။

လက်ရှိမှာ အတန်းဖော်ကိုသတ်ခဲ့တဲ့ ဆယ်ကျော်သက်အား လူသတ်မှုဖြင့် တရားရုံးထုတ် စစ်ဆေးကြားနာမှု မတိုင်မီ လူငယ်ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းထားကြောင်း သိရပါတယ်။

ထို့အတူ အစောပိုင်းက သံသယရှိမှုဖြင့် ဖမ်းဆီးထားတဲ့ ဘတ်စ်ကား လက်မှတ်ရောင်းသူကိုလည်း အမှုနဲ့မသက်ဆိုင်ကြောင်း ရှင်းလင်းစွာသိရပြီးတဲ့အထိ ဆက်လက် ထိန်းသိမ်းထားမယ်လို့ စုံစမ်းစစ်ဆေးရေးဌာနက ပြောပါတယ်။

ယခု ဖြစ်ရပ်ဟာ အိန္ဒိယ သတင်းမီဒီယာတွေမှာ ခေါင်းကြီးပိုင်းသတင်းဖြစ်ခဲ့ပြီး စာသင်ကျောင်းတွေမှာ လုံခြုံစိတ်ချရမှုအပေါ် မိဘများအကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်ခဲ့ပါတယ်။ အိန္ဒိယမှာ လူလတ်တန်းစား အများအပြားက သားသမီးတွေကို ပုဂ္ဂိလက စာသင်ကျောင်းတွေမှာ အပ်နှံထားရှိမှုတွေ မြင့်တက်လာနေပါတယ်။

အိန္ဒိယပြည်သူတွေက တက္ကသိုလ်ဝင်ခွင့်ရမှုကို အထူးတလည် ဂုဏ်ယူလေ့ရှိပြီး ကလေးတွေဟာ စာမေးပွဲတွေမှာ အမှတ်ကောင်းကောင်းရရှိရေး ကြီးမားတဲ့ဖိအား ကြုံတွေ့ရပါတယ်။ ထိုအခြေအနေက ဆယ်ကျော်သက်တွေကြားမှာ စိတ်ဖိစီးမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ဖြစ်စေကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။

လူဦးရေ ၁.၂၅ ဘီလီယံရှိတဲ့ အိန္ဒိယနိုင်ငံဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုနှုန်း အမြင့်ဆုံးလည်းဖြစ်ပြီး ထိုသို့ သတ်သေမှုများအနက် ကျောင်းသူ ကျောင်းသားတွေလည်း ပါဝင်ပါတယ်။ အိန္ဒိအစိုးရက တရားဝင်ထုတ်ပြန်ခဲ့တဲ့ စာရင်းတွေအရ ၂၀၁၅ ခုနှစ်က ကျောင်းသူ ကျောင်းသား ၉,၀၀၀ နီးပါး ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top