Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေျခာက္ရက္အတြင္း ဖမ္းဆီးခဲ့တာလို႔ ဆိုပါတယ္။

အမ်ားျပည္သူနဲ႔ သက္ဆိုင္တဲ့ လူစည္ကားရာ ပန္းၿခံေတြ၊ လမ္းဆံုလမ္းခြေတြ၊ တံတားေတြနဲ႔ လူသြားစႀကၤံမ်ားေပၚမွာ ဝိုင္းဖြဲ႔ အရက္ေသစာ ေသာက္စားမူးယစ္သူေတြကို လိုက္လံဖမ္းဆီးအေရးယူခဲ့ရာမွာ ေအာက္တိုဘာလ ၃၀ ရက္ကေန ႏိုဝင္ဘာလ ၅ ရက္အထိ ေျခာက္ရက္အတြင္း အေယာက္ ငါးရာေက်ာ္ရွိခဲ့တယ္လို႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ကေနသိရပါတယ္။

ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သက္ဆိုင္ရာ ၿမိဳ႕နယ္အလိုက္ ေအာက္တိုဘာလ ၁ ရက္ေန႔မွ စတင္ကာ ပညာေပးကာလတစ္လ သတ္မွတ္ၿပီး လိုက္လံ ေဟာေျပာခဲ့ၿပီးေနာက္ပိုင္း ေအာက္တိုဘာလ ၃၀ ရက္ေန႔ကေန စတင္ကာ ဖမ္းဆီးအေရးယူခဲ့ရာမွာ ပထမညမွာ လူငယ္ ၁၀၈ ဦး၊ ဒုတိယ ညမွာ လူငယ္ ၂၈၄ ဦး၊ တတိယညမွာ လူငယ္ ၂၀ ဦး၊ စတုတၳမွာ လူငယ္ ၇ ဦး ဖမ္းမိခဲ့တာ ျဖစ္ပါတယ္။

“တန္ေဆာင္တိုင္ ပြဲေတာ္ရက္ေတြမွာ အျခားလံုၿခံဳေရးပိုင္းေတြ ေဆာင္႐ြက္ေနရတာေၾကာင့္ သိပ္မဖမ္းျဖစ္ဘူး။ ႏိုဝင္ဘာလ ၅ ရက္ေန႔ ညက ၿမိဳ႕နယ္အလိုက္ ဖမ္းဆီး အေရးယူမႈေတြ ထပ္လုပ္ေတာ့ လူငယ္ ၁၃၃ ေယာက္ကို ထပ္မိတယ္။ အင္းလ်ားကန္ေပါင္နဲ႔ ၿမိဳ႕လယ္က လူကူးခံုးေက်ာ္တံတားေတြေပၚမွာ အရက္ေသစာ ေသာက္စားေနတဲ့ အဖြဲ႔ေတြကို အမ်ားစု ဖမ္းမိခဲ့တယ္”လုိ႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ရဲအရာရွိတစ္ဦးက ေျပာပါတယ္။

ဖမ္းခံရသူေတြက ရန္ကုန္ရဲအက္ဥပေဒနဲ႔ အေရးယူခံရၿပီး တခ်ိဳ႕ ၿမိဳ႕နယ္တရား႐ံုးေတြက ဒဏ္ေငြက်ပ္ ၅၀ ပဲ ေပးေဆာင္ဖို႔ ျပစ္ဒဏ္ ခ်မွတ္ခဲ့ေပမယ့္ တခ်ိဳ႕ ၿမိဳ႕နယ္ တရား႐ံုးေတြကေတာ့ ေထာင္ဒဏ္ ခုနစ္ရက္အထိ ျပစ္ဒဏ္ခ်မွတ္ခဲ့တယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ခြောက်ရက်အတွင်း ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

အများပြည်သူနဲ့ သက်ဆိုင်တဲ့ လူစည်ကားရာ ပန်းခြံတွေ၊ လမ်းဆုံလမ်းခွတွေ၊ တံတားတွေနဲ့ လူသွားစင်္ကြံများပေါ်မှာ ဝိုင်းဖွဲ့ အရက်သေစာ သောက်စားမူးယစ်သူတွေကို လိုက်လံဖမ်းဆီးအရေးယူခဲ့ရာမှာ အောက်တိုဘာလ ၃၀ ရက်ကနေ နိုဝင်ဘာလ ၅ ရက်အထိ ခြောက်ရက်အတွင်း အယောက် ငါးရာကျော်ရှိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေသိရပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့က သက်ဆိုင်ရာ မြို့နယ်အလိုက် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကာ ပညာပေးကာလတစ်လ သတ်မှတ်ပြီး လိုက်လံ ဟောပြောခဲ့ပြီးနောက်ပိုင်း အောက်တိုဘာလ ၃၀ ရက်နေ့ကနေ စတင်ကာ ဖမ်းဆီးအရေးယူခဲ့ရာမှာ ပထမညမှာ လူငယ် ၁၀၈ ဦး၊ ဒုတိယ ညမှာ လူငယ် ၂၈၄ ဦး၊ တတိယညမှာ လူငယ် ၂၀ ဦး၊ စတုတ္ထမှာ လူငယ် ၇ ဦး ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

“တန်ဆောင်တိုင် ပွဲတော်ရက်တွေမှာ အခြားလုံခြုံရေးပိုင်းတွေ ဆောင်ရွက်နေရတာကြောင့် သိပ်မဖမ်းဖြစ်ဘူး။ နိုဝင်ဘာလ ၅ ရက်နေ့ ညက မြို့နယ်အလိုက် ဖမ်းဆီး အရေးယူမှုတွေ ထပ်လုပ်တော့ လူငယ် ၁၃၃ ယောက်ကို ထပ်မိတယ်။ အင်းလျားကန်ပေါင်နဲ့ မြို့လယ်က လူကူးခုံးကျော်တံတားတွေပေါ်မှာ အရက်သေစာ သောက်စားနေတဲ့ အဖွဲ့တွေကို အများစု ဖမ်းမိခဲ့တယ်”လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

ဖမ်းခံရသူတွေက ရန်ကုန်ရဲအက်ဥပဒေနဲ့ အရေးယူခံရပြီး တချို့ မြို့နယ်တရားရုံးတွေက ဒဏ်ငွေကျပ် ၅၀ ပဲ ပေးဆောင်ဖို့ ပြစ်ဒဏ် ချမှတ်ခဲ့ပေမယ့် တချို့ မြို့နယ် တရားရုံးတွေကတော့ ထောင်ဒဏ် ခုနစ်ရက်အထိ ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top