Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ကၽြန္မတို႔ အမ်ိဳးသမီးေတြက တစ္ဖက္လူနားဝင္ခ်ိဳေအာင္ စကားကို သြယ္ဝိုက္ၿပီး ေျပာတတ္ေပမယ့္ အမ်ိဳးသားေတြကေတာ့ တိုတိုနဲ႔ လိုရင္းေရာက္ေအာင္ ေျပာၾကတယ္။ ဒါေၾကာင့္လည္း လူမႈအသိုင္းအဝိုင္းမွာ အမ်ိဳးသမီးေတြက အမ်ိဳးသားေတြထက္ ပိုၿပီး sociableျဖစ္တာကိုေတြ႕ရပါတယ္။

စကားေျပာေကာင္းတဲ့ ေယာက်္ားေလးေတြက ေကာင္မေလးေတြ ေႂကြေအာင္ ပ်ားရည္လိုခ်ိဳတဲ့ အႏုအရြစကားလံုးေတြ ေျပာၾကေပမယ့္ အေျပာမတတ္တဲ့ ဘုက်က်လူႀကီးေတြက်ေတာ့လည္း သူ႔ဘက္က အေကာင္းေျပာေနရင္ေတာင္ တစ္ဖက္လူက အထင္လြဲသြားႏိုင္တယ္။ တခ်ိဳ႕ေတြရွိတယ္ အျပင္မွာစကားေျပာေကာင္းရဲ႕နဲ႔ တကယ္တမ္းနဖူးေတြ႕ဒူးေတြ႕ဆို ရင္ေတြခုန္ၿပီး တလြဲေတြေျပာထြက္တာ။

စကားလံုးတိုင္းမွာ အဓိပၸါယ္ရွိသလို အဲ့စကားလံုးေတြကို အဓိပၸါယ္ဖြင့္ရတာက ပိုၿပီးစိတ္ဝင္စားဖို႔ေကာင္းတယ္ ရွင့္။
Rinက ဒီတစ္ခါေတာ့ စကားေျပာမတက္တဲ့ ေယာက်္ားေလးေတြဘက္ကေန ဘာသာျပန္တစ္ေယာက္အျဖစ္ေနေပးမယ္။

အကယ္၍မ်ား ေယာင္းတို႔ကို ဒီလိုေတြေျပာခဲ့ရင္…..

(၁)ကၽြန္ေတာ္ဖုန္းဆက္လိုက္မယ္။

မိဘေတြက မိတ္ဆက္ေပးလို႔ ျဖစ္ျဖစ္၊ သူငယ္ခ်င္းေတြကတစ္ဆင့္ျဖစ္ျဖစ္ ပထမဆံုးအႀကိမ္ ေတြ႕ဆံုမႈအၿပီး သူ႔ဘက္က ဒီလိုေျပာလာရင္ေတာ့ ေယာင္းအေပၚ စိတ္ဝင္စားမႈမရွိဘူးဆိုတာ ျပေနပါတယ္။
သူေျပာခ်င္တာက “အားနာပါတယ္ဗ်ာ။ ကၽြန္ေတာ္ ခင္ဗ်ားကို သေဘာမက်ဘူး။ ကၽြန္ေတာ္ အဆက္အသြယ္လုပ္ျဖစ္ခ်င္မွလည္း လုပ္ျဖစ္မယ္။”လို႔ေျပာခ်င္တာျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။

(၂)အလုပ္မွာအာရံုစိုက္ေနရလို႔ ကၽြန္ေတာ္ ရည္စားမထားျဖစ္ဘူး။

ေယာင္းတို႔ကို အဲ့လိုစကားမ်ိဳးေျပာလာၿပီဆိုရင္ေတာ့ သူ႔ဘက္က ခ်ဥ္းကပ္ေနၿပီဆိုတာ သိဖို႔လိုၿပီ။ သူအရင္ကမလုပ္ခဲ့တဲ့အရာတစ္ခုကို အေၾကာင္းျပခ်က္ေပးၿပီး အသိေပးေနတာျဖစ္တယ္။ “ကၽြန္ေတာ္အရင္က ရည္စားမထားျဖစ္ေပမယ့္။ အခုေတာ့ ထားၾကည့္မလားေပါ့”

(၃)သူနဲ႔ကိုကသူငယ္ခ်င္းေတြပါ။

ခ်စ္သူကို သူစိမ္းေကာင္မေလးေတြနဲ႔ သဝန္တိုဖူးတယ္ဟုတ္? “ရိုးရိုးသူငယ္ခ်င္း”ဆိုတဲ့ စကားရဲ႕ ေနာက္ကြယ္မွာ
“ကို သူ႔ကိုစိတ္ဝင္စားရင္ ဝင္စားမိမယ္။ ဒါေပမယ့္ မင္းအေပၚကိုေတာ့ ဘယ္ေတာ့မွ သစၥာမေဖာက္ဘူး။”ဆိုတဲ့ အဓိပၸါယ္ရွိေနပါသတဲ့။
Hmmmm… ၾကားရတာအႏၲရာယ္ရွိလိုက္တာ။ ဘာဘဲျဖစ္ျဖစ္ ကိုယ့္ခ်စ္သူကို ဂရုစိုက္ဖို႔ေတာ့လိုၿပီေနာ္။

(၄)ကို မွားသြားတယ္။ ေတာင္းပန္ပါတယ္။

ရန္ျဖစ္ၿပီးခါစ သူ႔ဘက္ကေနစၿပီး ဒီလိုစကားမ်ိဳးေျပာလာၿပီ ဆိုရင္ေတာ့
“ဒီကိစၥနဲ႔ပတ္သတ္ၿပီး ကိုတို႔ အျငင္းပြားေနတာ နာရီဝက္ေလာက္ရွိေနၿပီ။ ၾကည္ႏူးရမယ့္အခ်ိန္ေတြကို မျဖဳန္းပစ္ပါနဲ႔ကြာ။ ကိုကို အရႈံးေပးပါတယ္။ ေက်နပ္ေတာ့ေနာ္။ ခ်စ္တယ္…”
ကဲ ေယာင္းေရ ဟိုကအေလ်ာ့ေပးေနၿပီေနာ္။
(ဒီစာကို ေရးေနရင္း စာေရးသူတစ္ေယာက္ ၾကက္သီးမ်ားပါ ထမိေၾကာင္း  )

(၅)ခဏေနမွေျပာလို႔မရဘူးလားကြာ။

ဒီလိုေျပာလာၿပီဆိုရင္ေတာ့ သိပ္မရစ္နဲ႔ေတာ့ ေယာင္းတို႔ေရ။
စိုးရိမ္ေရမွတ္ေက်ာ္လာတဲ့သေဘာရွိ တယ္။
“ငါနားၿငီးလာၿပီ။ ပါးစပ္ပိတ္ၿပီး ခဏေလာက္ တိတ္တိတ္ေနပါလားကြာ” လို႔ေျပာခ်င္ေနတာျဖစ္တယ္။

(၆) ကို႔EXေတြက ျပား၉၀ေတြ။

ခ်စ္သူက သူ႔ရဲ႕အရင္ရည္းစားနဲ႔ ပတ္သတ္ၿပီး မေကာင္းေျပာေနၿပီဆိုရင္ ေယာင္းကို သူေျပာခ်င္ေနတာက
“မင္း ကို႔ကို မခ်စ္ႏိုင္ေတာ့လို႔ ထားခဲ့မယ္ဆိုရင္ အသိေပးပါ။
ကို မင္းကို အရင္လူေတြထက္ ပိုတန္ဖိုးထားလို႔ ဆံုးရႈံးမွာ ပိုေၾကာက္မိတယ္” ဆိုတဲ့ romanticဆန္တဲ့ messageေပးခ်င္ေနတာျဖစ္တယ္။

(၇)ကိုကို 18+ေတြမၾကည့္ပါဘူး။

ညာေနတာ အသိသာႀကီးရယ္။ (lol)
ေယာင္းကို ရွက္ရမ္းရမ္းၿပီး ေျပာေနတာ။
သူေျပာခ်င္ေနတာက ဒီလိုရွင့္ “ကိုကို အရင္က pornေတြအမ်ားႀကီး ၾကည့္တယ္။ အခုေတာ့ အရင္ကေလာက္ မၾကည့္ျဖစ္ေတာ့ဘူး။”

(၈)ကိုက မိတ္ကပ္မလိမ္းတဲ့ေကာင္မေလးကို ပိုသေဘာက်တယ္။

အဲ့စကားကိုယံုၿပီး အလွမျပင္ဘဲ ဘိုသီဘတ္သီေနမိရင္ မွားသြားမယ္ေနာ္။
ကိုယ္ေတာ္ေခ်ာတို႔ ေျပာခ်င္တဲ့ အဓိပၸါယ္က ဒီလို “မင္း မိတ္ကပ္ေတြအမ်ားႀကီးလိမ္းမွာ ကို မႀကိဳက္ဘူး။ ဒါေပမဲ့မင္းေလး လွေနတာကိုေတာ့ ျမင္ခ်င္တယ္။”

(၉)ကိုတို႔ GYMတူတူေဆာ့သင့္ၿပီ။

GYMေဆာ့ဖို႔ အေဖာ္စပ္ေနၿပီဆိုရင္ေတာ့ couple fitness goalအျပင္ ေနာက္ထပ္အဓိပၸာယ္က
ေယာင္းေယာင္းဟာ ဝိတ္တက္လာလို႔ ခ်စ္ခ်စ္က “ဝိတ္ေလွ်ာ့ဦး”လို႔ အခ်က္ျပတာလည္းျဖစ္ႏိုင္ပါတယ္။

(၁၀)ကို အခ်ိန္လိုအပ္တယ္။

ခ်စ္သူႏွစ္ဦး ကေတာက္ကဆျဖစ္တဲ့အခ်ိန္ သူ႔ဘက္က ဒီလိုေျပာလာၿပီဆိုရင္ေတာ့ ငါ့ကိုလမ္းခြဲစကားေျပာေနတယ္ဆိုၿပီး ဆံုးျဖတ္ခ်က္မေစာပါနဲ႔ ေယာင္းေရ။ သူ႔ဘက္က “မင္းကိုအရမ္းခ်စ္လို႔၊ မင္းနဲ႔ မခြဲႏိုင္လို႔ ကို႔အမွားေတြကို ျပန္လည္ျပင္ဆင္ဖို႔ အခ်ိန္ေပးပါ”လို႔ေျပာေနတာလည္း ျဖစ္ႏိုင္ပါတယ္။

(၁၁) မိန္းမအရမ္းလွတယ္ကြာ။

အျပင္သြားဖို႔ အလွျပင္ေနတဲ့အခ်ိန္ ခင္ပြန္းသည္က ဒီလိုေျပာလာၿပီဆိုရင္ေတာ့……
“အရမ္းလွတယ္။ ျမန္ျမန္လုပ္ အခ်ိန္ေတြၾကာေနၿပီ။ ေစာင့္ေနတဲ့ လူကိုသနားဦးလို႔” ဆိုလိုခ်င္တာျဖစ္တယ္။ ေယာက်္ားေလးေတြ အက်င့္ကိုက မိန္းကေလးေတြ မိတ္ကပ္လိမ္းအလွျပင္တာကို စိတ္မရွည္တာ။

(၁၂) ကို မင္းကိုအရမ္းခ်စ္တယ္။

ဒီစကားကိုေရာအေထြအထူးဘာသာျပန္ စရာလိုပါသလားရွင့္?
Rinထက္ေတာင္ ေယာင္းတို႔က အဓိပၸါယ္ဖြင့္တတ္ဦးမယ္။
ဟုတ္တယ္ဟုတ္?

အမိတို႔ေရ စကားအေျပာမတက္တဲ့ ခ်စ္ခ်စ္ကို စိတ္ေကာက္မေနေတာ့ဘဲ ေၾသာ္..သူေျပာခ်င္ေနတာ ဒီလိုေလးေတြပါလားဆိုၿပီး ျဖည့္ေတြးေပးႏိုင္ၾကပါေစေနာ္။

Stay Pretty!

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Rin (For Her Myanmar)

# Unicode Version ျဖင့္ ဖတ္ပါ #

ကျွန်မတို့ အမျိုးသမီးတွေက တစ်ဖက်လူနားဝင်ချိုအောင် စကားကို သွယ်ဝိုက်ပြီး ပြောတတ်ပေမယ့် အမျိုးသားတွေကတော့ တိုတိုနဲ့ လိုရင်းရောက်အောင် ပြောကြတယ်။ ဒါကြောင့်လည်း လူမှုအသိုင်းအဝိုင်းမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး sociableဖြစ်တာကိုတွေ့ရပါတယ်။

စကားပြောကောင်းတဲ့ ယောကျ်ားလေးတွေက ကောင်မလေးတွေ ကြွေအောင် ပျားရည်လိုချိုတဲ့ အနုအရွစကားလုံးတွေ ပြောကြပေမယ့် အပြောမတတ်တဲ့ ဘုကျကျလူကြီးတွေကျတော့လည်း သူ့ဘက်က အကောင်းပြောနေရင်တောင် တစ်ဖက်လူက အထင်လွဲသွားနိုင်တယ်။ တချို့တွေရှိတယ် အပြင်မှာစကားပြောကောင်းရဲ့နဲ့ တကယ်တမ်းနဖူးတွေ့ဒူးတွေ့ဆို ရင်တွေခုန်ပြီး တလွဲတွေပြောထွက်တာ။

စကားလုံးတိုင်းမှာ အဓိပ္ပါယ်ရှိသလို အဲ့စကားလုံးတွေကို အဓိပ္ပါယ်ဖွင့်ရတာက ပိုပြီးစိတ်ဝင်စားဖို့ကောင်းတယ် ရှင့်။
Rinက ဒီတစ်ခါတော့ စကားပြောမတက်တဲ့ ယောကျ်ားလေးတွေဘက်ကနေ ဘာသာပြန်တစ်ယောက်အဖြစ်နေပေးမယ်။

အကယ်၍များ ယောင်းတို့ကို ဒီလိုတွေပြောခဲ့ရင်…..

(၁)ကျွန်တော်ဖုန်းဆက်လိုက်မယ်။

မိဘတွေက မိတ်ဆက်ပေးလို့ ဖြစ်ဖြစ်၊ သူငယ်ချင်းတွေကတစ်ဆင့်ဖြစ်ဖြစ် ပထမဆုံးအကြိမ် တွေ့ဆုံမှုအပြီး သူ့ဘက်က ဒီလိုပြောလာရင်တော့ ယောင်းအပေါ် စိတ်ဝင်စားမှုမရှိဘူးဆိုတာ ပြနေပါတယ်။
သူပြောချင်တာက “အားနာပါတယ်ဗျာ။ ကျွန်တော် ခင်ဗျားကို သဘောမကျဘူး။ ကျွန်တော် အဆက်အသွယ်လုပ်ဖြစ်ချင်မှလည်း လုပ်ဖြစ်မယ်။”လို့ပြောချင်တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

(၂)အလုပ်မှာအာရုံစိုက်နေရလို့ ကျွန်တော် ရည်စားမထားဖြစ်ဘူး။

ယောင်းတို့ကို အဲ့လိုစကားမျိုးပြောလာပြီဆိုရင်တော့ သူ့ဘက်က ချဉ်းကပ်နေပြီဆိုတာ သိဖို့လိုပြီ။ သူအရင်ကမလုပ်ခဲ့တဲ့အရာတစ်ခုကို အကြောင်းပြချက်ပေးပြီး အသိပေးနေတာဖြစ်တယ်။ “ကျွန်တော်အရင်က ရည်စားမထားဖြစ်ပေမယ့်။ အခုတော့ ထားကြည့်မလားပေါ့”

(၃)သူနဲ့ကိုကသူငယ်ချင်းတွေပါ။

ချစ်သူကို သူစိမ်းကောင်မလေးတွေနဲ့ သဝန်တိုဖူးတယ်ဟုတ်? “ရိုးရိုးသူငယ်ချင်း”ဆိုတဲ့ စကားရဲ့ နောက်ကွယ်မှာ
“ကို သူ့ကိုစိတ်ဝင်စားရင် ဝင်စားမိမယ်။ ဒါပေမယ့် မင်းအပေါ်ကိုတော့ ဘယ်တော့မှ သစ္စာမဖောက်ဘူး။”ဆိုတဲ့ အဓိပ္ပါယ်ရှိနေပါသတဲ့။
Hmmmm… ကြားရတာအန္တရာယ်ရှိလိုက်တာ။ ဘာဘဲဖြစ်ဖြစ် ကိုယ့်ချစ်သူကို ဂရုစိုက်ဖို့တော့လိုပြီနော်။

(၄)ကို မှားသွားတယ်။ တောင်းပန်ပါတယ်။

ရန်ဖြစ်ပြီးခါစ သူ့ဘက်ကနေစပြီး ဒီလိုစကားမျိုးပြောလာပြီ ဆိုရင်တော့
“ဒီကိစ္စနဲ့ပတ်သတ်ပြီး ကိုတို့ အငြင်းပွားနေတာ နာရီဝက်လောက်ရှိနေပြီ။ ကြည်နူးရမယ့်အချိန်တွေကို မဖြုန်းပစ်ပါနဲ့ကွာ။ ကိုကို အရှုံးပေးပါတယ်။ ကျေနပ်တော့နော်။ ချစ်တယ်…”
ကဲ ယောင်းရေ ဟိုကအလျော့ပေးနေပြီနော်။
(ဒီစာကို ရေးနေရင်း စာရေးသူတစ်ယောက် ကြက်သီးများပါ ထမိကြောင်း  )

(၅)ခဏနေမှပြောလို့မရဘူးလားကွာ။

ဒီလိုပြောလာပြီဆိုရင်တော့ သိပ်မရစ်နဲ့တော့ ယောင်းတို့ရေ။
စိုးရိမ်ရေမှတ်ကျော်လာတဲ့သဘောရှိ တယ်။
“ငါနားငြီးလာပြီ။ ပါးစပ်ပိတ်ပြီး ခဏလောက် တိတ်တိတ်နေပါလားကွာ” လို့ပြောချင်နေတာဖြစ်တယ်။

(၆) ကို့EXတွေက ပြား၉၀တွေ။

ချစ်သူက သူ့ရဲ့အရင်ရည်းစားနဲ့ ပတ်သတ်ပြီး မကောင်းပြောနေပြီဆိုရင် ယောင်းကို သူပြောချင်နေတာက
“မင်း ကို့ကို မချစ်နိုင်တော့လို့ ထားခဲ့မယ်ဆိုရင် အသိပေးပါ။
ကို မင်းကို အရင်လူတွေထက် ပိုတန်ဖိုးထားလို့ ဆုံးရှုံးမှာ ပိုကြောက်မိတယ်” ဆိုတဲ့ romanticဆန်တဲ့ messageပေးချင်နေတာဖြစ်တယ်။

(၇)ကိုကို 18+တွေမကြည့်ပါဘူး။

ညာနေတာ အသိသာကြီးရယ်။ (lol)
ယောင်းကို ရှက်ရမ်းရမ်းပြီး ပြောနေတာ။
သူပြောချင်နေတာက ဒီလိုရှင့် “ကိုကို အရင်က pornတွေအများကြီး ကြည့်တယ်။ အခုတော့ အရင်ကလောက် မကြည့်ဖြစ်တော့ဘူး။”

(၈)ကိုက မိတ်ကပ်မလိမ်းတဲ့ကောင်မလေးကို ပိုသဘောကျတယ်။

အဲ့စကားကိုယုံပြီး အလှမပြင်ဘဲ ဘိုသီဘတ်သီနေမိရင် မှားသွားမယ်နော်။
ကိုယ်တော်ချောတို့ ပြောချင်တဲ့ အဓိပ္ပါယ်က ဒီလို “မင်း မိတ်ကပ်တွေအများကြီးလိမ်းမှာ ကို မကြိုက်ဘူး။ ဒါပေမဲ့မင်းလေး လှနေတာကိုတော့ မြင်ချင်တယ်။”

(၉)ကိုတို့ GYMတူတူဆော့သင့်ပြီ။

GYMဆော့ဖို့ အဖော်စပ်နေပြီဆိုရင်တော့ couple fitness goalအပြင် နောက်ထပ်အဓိပ္ပာယ်က
ယောင်းယောင်းဟာ ဝိတ်တက်လာလို့ ချစ်ချစ်က “ဝိတ်လျှော့ဦး”လို့ အချက်ပြတာလည်းဖြစ်နိုင်ပါတယ်။

(၁၀)ကို အချိန်လိုအပ်တယ်။

ချစ်သူနှစ်ဦး ကတောက်ကဆဖြစ်တဲ့အချိန် သူ့ဘက်က ဒီလိုပြောလာပြီဆိုရင်တော့ ငါ့ကိုလမ်းခွဲစကားပြောနေတယ်ဆိုပြီး ဆုံးဖြတ်ချက်မစောပါနဲ့ ယောင်းရေ။ သူ့ဘက်က “မင်းကိုအရမ်းချစ်လို့၊ မင်းနဲ့ မခွဲနိုင်လို့ ကို့အမှားတွေကို ပြန်လည်ပြင်ဆင်ဖို့ အချိန်ပေးပါ”လို့ပြောနေတာလည်း ဖြစ်နိုင်ပါတယ်။

(၁၁) မိန်းမအရမ်းလှတယ်ကွာ။

အပြင်သွားဖို့ အလှပြင်နေတဲ့အချိန် ခင်ပွန်းသည်က ဒီလိုပြောလာပြီဆိုရင်တော့……
“အရမ်းလှတယ်။ မြန်မြန်လုပ် အချိန်တွေကြာနေပြီ။ စောင့်နေတဲ့ လူကိုသနားဦးလို့” ဆိုလိုချင်တာဖြစ်တယ်။ ယောကျ်ားလေးတွေ အကျင့်ကိုက မိန်းကလေးတွေ မိတ်ကပ်လိမ်းအလှပြင်တာကို စိတ်မရှည်တာ။

(၁၂) ကို မင်းကိုအရမ်းချစ်တယ်။

ဒီစကားကိုရောအထွေအထူးဘာသာပြန် စရာလိုပါသလားရှင့်?
Rinထက်တောင် ယောင်းတို့က အဓိပ္ပါယ်ဖွင့်တတ်ဦးမယ်။
ဟုတ်တယ်ဟုတ်?

အမိတို့ရေ စကားအပြောမတက်တဲ့ ချစ်ချစ်ကို စိတ်ကောက်မနေတော့ဘဲ သြော်..သူပြောချင်နေတာ ဒီလိုလေးတွေပါလားဆိုပြီး ဖြည့်တွေးပေးနိုင်ကြပါစေနော်။

Stay Pretty!

ဖိုးသူတော် (www.phothutaw.com)
Credit: Rin (For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top