ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ရခိုင္ျပည္နယ္ ပုဏၰားကၽြန္းၿမိဳ႕နယ္ ဦးရာဇ္ေတာ္ ဘုရား ရင္ျပင္ေတာ္၌ ႏိုဝင္ဘာ ၃ ရက္ နံနက္ ၆ နာရီက ရခိုင္ လူမ်ိဳးတို႔၏ ေခတ္ေလးေခတ္ကို ပုံေဖာ္ ၍ ဓည၀တီ၊ ေဝသာလီ၊ ေလးၿမိဳ႕၊ ေျမာက္ဦးေခတ္တို႔၏ ႐ိုးရာဝတ္စုံမ်ား ဝတ္ဆင္ကာ ရခိုင္စည္ေတာ္ အတီး အမႈတ္အစုံျဖင့္ ေရွးရခိုင္ ဓေလ့ထုံးတမ္း စဥ္လာ အတိုင္း သင္ပုတ္ဆြမ္းတင္ပူေဇာ္ပြဲကို ဒုတိယအႀကိမ္ က်င္းပ ခဲ့သည္။

ရခိုင္႐ိုးရာ သင္ပုတ္ဆြမ္းတင္ ပူေဇာ္ပြဲကို Png Development You Organization အသင္းက ဦးေဆာင္ၿပီး ရကၡိတမဂၤလာစည္ေတာ္အဖြဲ႕ႏွင့္ စစ္ေတြၿမိဳ႕ စိုင္းဒရား ရခိုင္ စည္ေတာ္အဖြဲ႕မွ ပံ့ပိုး ကူညီမႈျဖင့္ ထမင္းေထာင္၊ ပန္းေထာင္ ၊ ဆီမီးေထာင္ မ်ားႏွင့္အတူ ရခိုင္စည္ေတာ္မ်ား၊ ရခိုင္ တူရိယာမ်ားျဖစ္ေသာ ခ႐ုခြံ၊ အိုးစည္၊ ဒူေမာင္း၊ လင္းခြက္ခရာမ်ား အတီး အမႈတ္တို႔ျဖင့္ နံနက္ ၅ နာရီက ႐ြာေဟာင္း (မူလြန္)ေက်ာင္းမွ စတင္ကာ ဦးဥတၱမလမ္းအတိုင္း စီတန္းလ်က္ ဦးရာဇ္ေတာ္ ဘုရားေပၚသို႔ တက္ေရာက္ ပူေဇာ္ခဲ့ၾကသည္။

“ကၽြန္ေတာ္တို႔ အခုလို ပူေဇာ္ရျခင္း မွာ ရခိုင္႐ိုးရာဓေလ့ မေပ်ာက္သြားေစ ေရး၊ ရခိုင္ယဥ္ေက်းမႈနဲ႔၊ ရခိုင္အမ်ိဳး ဘာသာ အေမြအႏွစ္မ်ား မေပ်ာက္ သြားေစဖို႔နဲ႔ ေတာင္သူလယ္သမား ေတြ စပါးဆန္ေရ ပြားမ်ားေစဖို႔ က်င္းပရ ျခင္းျဖစ္ပါတယ္”ဟု ဦးေဆာင္ က်င္းပသည့္ အသင္းဥကၠ႒ ကိုသိန္းဝၰကေျပာသည္။

“သင္ပုတ္ဆြမ္းဆိုတာ ရခိုင္လူမ်ိဳး ေတာင္သူတို႔ ပထမဦးဆုံး ထြက္ရွိတဲ့ စပါးကို ရိတ္သိမ္းႀကိတ္ခြဲၿပီး ဆန္အျဖစ္ ေထာင္းဖြပ္ကာ ဦးဦးဖ်ားဖ်ား ႐ြာဦး ဘုန္းေတာ္ႀကီးေက်ာင္းရွိ သံဃာေတာ္ မ်ားအား ဆြမ္းကပ္လႉဒါန္းျခင္း ဓေလ့မ်ားကို ေဖာ္ထုတ္ျပသျခင္း ျဖစ္ပါတယ္” ဟု စစ္ေတြၿမိဳ႕မွ ရခိုင္ ဟာသစာေရး ဆရာ ဘဂ်ီးေက်ာ္က ေျပာသည္။
ရခိုင္႐ိုးရာသင္ပုတ္ဆြမ္းကို ေရွး ရခိုင္ ဘုရင္လက္ထက္က ထမင္း ေထာင္၊ ပန္းေထာင္၊ ဆီမီးေထာင္တို႔ ျဖင့္ ဝါကၽြတ္လျပည့္ေန႔ႏွင့္ တန္ေဆာင္ တိုင္လျပည့္ေန႔မ်ားတြင္ ေကာက္သစ္ ဆန္ကို ဗုဒၶ ဘုရားရွင္အား ဦးဦးဖ်ားဖ်ား ပူေဇာ္ေသာ ႐ြာလုံးကၽြတ္ပြဲျဖစ္သည္။

ေကာက္ဦး ထမင္းကို ကေတာ့ပုံ၌ သြတ္သြင္းကာ ခ႐ုခၽြန္ပုံျဖစ္ေအာင္ ကေတာ့ပုံ သင္ပုတ္ဆြမ္း ၃၃ ခုႏွင့္ ဆြမ္းထမင္းကို ေစတီပုံ ျဖစ္ေအာင္ နယ္ႏွိပ္ၿပီး ဗန္းအလယ္၌ စိုက္ထူ၍ ဘုရားေက်ာင္းကန္မ်ားသို႔ တေပ်ာ္တပါး သြားေရာက္ကာ ကုသိုလ္ ဒါနျပဳၾက ေသာ သင္ပုတ္ဆြမ္း(ေခၚ) ေကာက္ဦး ဆြမ္းလည္း ေခၚေၾကာင္း စစ္ေတြၿမိဳ႕ စိုင္းဒရား စည္ေတာ္အဖြဲ႕ေခါင္းေဆာင္ကိုေက်ာ္ဆန္းက ေျပာသည္။

ယေန႔ ည ၇ နာရီတြင္ ဦးရာဇ္ေတာ္ ဘုရားရင္ျပင္ေပၚ၌ ဆီမီးငါးေထာင္ ပူေဇာ္ပြဲႏွင့္ မီးပုံးပ်ံမ်ား လႊတ္တင္ပြဲကို ဆက္လက္ က်င္းပခဲ့ေၾကာင္း သိရ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thtihtoolwin
#Unicode Version#
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော် ဘုရား ရင်ပြင်တော်၌ နိုဝင်ဘာ ၃ ရက် နံနက် ၆ နာရီက ရခိုင် လူမျိုးတို့၏ ခေတ်လေးခေတ်ကို ပုံဖော် ၍ ဓညဝတီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦးခေတ်တို့၏ ရိုးရာဝတ်စုံများ ဝတ်ဆင်ကာ ရခိုင်စည်တော် အတီး အမှုတ်အစုံဖြင့် ရှေးရခိုင် ဓလေ့ထုံးတမ်း စဉ်လာ အတိုင်း သင်ပုတ်ဆွမ်းတင်ပူဇော်ပွဲကို ဒုတိယအကြိမ် ကျင်းပ ခဲ့သည်။

ရခိုင်ရိုးရာ သင်ပုတ်ဆွမ်းတင် ပူဇော်ပွဲကို Png Development You Organization အသင်းက ဦးဆောင်ပြီး ရက္ခိတမင်္ဂလာစည်တော်အဖွဲ့နှင့် စစ်တွေမြို့ စိုင်းဒရား ရခိုင် စည်တော်အဖွဲ့မှ ပံ့ပိုး ကူညီမှုဖြင့် ထမင်းထောင်၊ ပန်းထောင် ၊ ဆီမီးထောင် များနှင့်အတူ ရခိုင်စည်တော်များ၊ ရခိုင် တူရိယာများဖြစ်သော ခရုခွံ၊ အိုးစည်၊ ဒူမောင်း၊ လင်းခွက်ခရာများ အတီး အမှုတ်တို့ဖြင့် နံနက် ၅ နာရီက ရွာဟောင်း (မူလွန်)ကျောင်းမှ စတင်ကာ ဦးဥတ္တမလမ်းအတိုင်း စီတန်းလျက် ဦးရာဇ်တော် ဘုရားပေါ်သို့ တက်ရောက် ပူဇော်ခဲ့ကြသည်။

“ကျွန်တော်တို့ အခုလို ပူဇော်ရခြင်း မှာ ရခိုင်ရိုးရာဓလေ့ မပျောက်သွားစေ ရေး၊ ရခိုင်ယဉ်ကျေးမှုနဲ့၊ ရခိုင်အမျိုး ဘာသာ အမွေအနှစ်များ မပျောက် သွားစေဖို့နဲ့ တောင်သူလယ်သမား တွေ စပါးဆန်ရေ ပွားများစေဖို့ ကျင်းပရ ခြင်းဖြစ်ပါတယ်”ဟု ဦးဆောင် ကျင်းပသည့် အသင်းဥက္ကဋ္ဌ ကိုသိန်းဝ္ဏကပြောသည်။

“သင်ပုတ်ဆွမ်းဆိုတာ ရခိုင်လူမျိုး တောင်သူတို့ ပထမဦးဆုံး ထွက်ရှိတဲ့ စပါးကို ရိတ်သိမ်းကြိတ်ခွဲပြီး ဆန်အဖြစ် ထောင်းဖွပ်ကာ ဦးဦးဖျားဖျား ရွာဦး ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော် များအား ဆွမ်းကပ်လှူဒါန်းခြင်း ဓလေ့များကို ဖော်ထုတ်ပြသခြင်း ဖြစ်ပါတယ်” ဟု စစ်တွေမြို့မှ ရခိုင် ဟာသစာရေး ဆရာ ဘဂျီးကျော်က ပြောသည်။
ရခိုင်ရိုးရာသင်ပုတ်ဆွမ်းကို ရှေး ရခိုင် ဘုရင်လက်ထက်က ထမင်း ထောင်၊ ပန်းထောင်၊ ဆီမီးထောင်တို့ ဖြင့် ဝါကျွတ်လပြည့်နေ့နှင့် တန်ဆောင် တိုင်လပြည့်နေ့များတွင် ကောက်သစ် ဆန်ကို ဗုဒ္ဓ ဘုရားရှင်အား ဦးဦးဖျားဖျား ပူဇော်သော ရွာလုံးကျွတ်ပွဲဖြစ်သည်။

ကောက်ဦး ထမင်းကို ကတော့ပုံ၌ သွတ်သွင်းကာ ခရုချွန်ပုံဖြစ်အောင် ကတော့ပုံ သင်ပုတ်ဆွမ်း ၃၃ ခုနှင့် ဆွမ်းထမင်းကို စေတီပုံ ဖြစ်အောင် နယ်နှိပ်ပြီး ဗန်းအလယ်၌ စိုက်ထူ၍ ဘုရားကျောင်းကန်များသို့ တပျော်တပါး သွားရောက်ကာ ကုသိုလ် ဒါနပြုကြ သော သင်ပုတ်ဆွမ်း(ခေါ်) ကောက်ဦး ဆွမ်းလည်း ခေါ်ကြောင်း စစ်တွေမြို့ စိုင်းဒရား စည်တော်အဖွဲ့ခေါင်းဆောင်ကိုကျော်ဆန်းက ပြောသည်။

ယနေ့ ည ၇ နာရီတွင် ဦးရာဇ်တော် ဘုရားရင်ပြင်ပေါ်၌ ဆီမီးငါးထောင် ပူဇော်ပွဲနှင့် မီးပုံးပျံများ လွှတ်တင်ပွဲကို ဆက်လက် ကျင်းပခဲ့ကြောင်း သိရ သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thtihtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top