Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

တစ္ခါတေလမွာ လူကပင္ပန္းေညာင္းညာၿပီး နားခ်င္ေနတယ္။ ဒါေပမယ္႔ ဘယ္လိုမွ အိပ္မေပ်ာ္ဘူးဆိုတဲ႔ အခိုက္အတန္႔ေတြ ရွိတတ္ပါတယ္။

တစ္ခါတေလမွာ လူကပင္ပန္းေညာင္းညာၿပီး နားခ်င္ေနတယ္။ ဒါေပမယ္႔ ဘယ္လိုမွ အိပ္မေပ်ာ္ဘူးဆိုတဲ႔ အခိုက္အတန္႔ေတြ ရွိတတ္ပါတယ္။ မသိစိတ္ထဲမွာ စိတ္ဖိစီးမႈေတြမ်ားေနၿပီး ေသာကေတြ ဖိစီးေနတဲ႔အခ်ိန္မ်ိဳးမွာ အဲဒီလိုမ်ိဳး အိပ္ပ်က္ညေတြ ျဖစ္တတ္ပါတယ္။ ဒါဆိုရင္ေတာ႔ စိတ္မပူပါနဲ႔။ သုေတသနအသစ္တစ္ခုရဲ႕ ေက်းဇူးေၾကာင္႔ အိပ္ပ်က္ညေတြကို တာ႔တာျပလိုက္လို႔ ရပါၿပီ။

သုေတသနရဲ႕ ရလဒ္ေတြအရ ခ်ယ္ရီသီးေဖ်ာ္ရည္ (အထူးသျဖင္႔ ခ်ယ္ရီသီး အခ်ဥ္ေဖ်ာ္ရည္) ဟာ ညဘက္ အိပ္မေပ်ာ္သူေတြ အတြက္ေတာ႔ မိတ္ေကာင္းေဆြေကာင္းပါပဲ။ အိပ္စက္ျခင္းနဲ႔ ပတ္သက္ၿပီး ျပဳလုပ္ခဲ႔တဲ႔ ေလ႔လာမႈနဲ႔ သုေတသနေတြအရ American Journal of Therapeutics က ေဖာ္ျပထားတာကေတာ႔ ခ်ယ္ရီသီးေဖ်ာ္ရည္ ေသာက္ျခင္းဟာ အိပ္ခ်ိန္နဲ႔ အိပ္စက္မႈ ေကာင္းမြန္ျခင္းကို တိုးတက္ေစႏိုင္ပါတယ္လို႔ ဆိုထားပါတယ္။

စမ္းသပ္ေလ႔လာမႈမွာ အသက္ (၅၀) နဲ႔အထက္ လူႀကီးေတြလည္းပါၿပီး ခ်ယ္ရီသီးနဲ႔ အိပ္ေဆး (အတု) တစ္မ်ိဳးကို ႏွစ္ပတ္ခန္႔ တစ္ေန႔ႏွစ္ႀကိမ္ အလွည္႔ခ်ေသာက္သံုးေစခဲ႔ပါတယ္။ ခ်ယ္ရီသီးေဖ်ာ္ရည္ကို လက္ခံရရွိခဲ႔တဲ႔ ညအိပ္ရခက္ခဲတဲ႔ ေရာဂါရွိသူ ရွစ္ဦးဟာ အိပ္စက္ရတာ ပိုမိုလြယ္ကူ အဆင္ေျပလာခဲ႔ပါတယ္တဲ႔။ တိတိက်က်ေျပာရရင္ သူတို႔ဟာ ပံုမွန္ထက္ (၈၄) မိနစ္ ပိုအိပ္ေပ်ာ္ခဲ႔ၿပီး အိပ္ယာထခ်ိန္မွာလည္း အိပ္ေရးဝၿပီး လန္းဆန္းေနခဲ႔ပါတယ္လို႔ ဆိုပါတယ္။

ေနာက္ထပ္သုေတသနတစ္ခုရဲ႕ အဆိုအရေတာ႔ ခ်ယ္ရီသီး အခ်ဥ္ေဖ်ာ္ရည္မွာ အိပ္စက္ျခင္းနဲ႔ဆိုင္တဲ႔ ျပႆနာအားလံုးကို ေျဖရွင္းေပးႏိုင္တဲ႔ ေသာ႔ခ်က္ေတြ ပါဝင္ေနတယ္လို႔လည္း ဆိုပါတယ္။ "ခ်ယ္ရီသီးအခ်ဥ္ (ခ်ယ္ရီရိုင္း) မွာ လူသားေတြရဲ႕ အိပ္စက္ျခင္းနဲ႔ ႏိုးထျခင္း သံသရာကို ထိန္းညွိေပးရမွာ မရွိမျဖစ္အေရးပါတဲ႔ ေမာ္လီက်ဴးတစ္မ်ိဳးျဖစ္တဲ႔ မယ္လာတိုနင္ (melatonin) ဓာတ္ ၾကြယ္ဝစြာပါဝင္ပါတယ္လို႔ ေလ႔လာခ်က္ေတြအရ သိရပါတယ္" လို႔ သုေတသီေတြက တင္ျပထားပါတယ္။

"ဒီေဒတာေတြက ညႊန္းဆိုေနတာကေတာ႔ ခ်ယ္ရီသီး အခ်ဥ္ေဖ်ာ္ရည္တစ္ခြက္ကို ပံုမွန္ ေသာက္သံုးေပးမယ္ဆိုရင္ အိပ္စက္ခ်ိန္နဲ႔ အိပ္ေရးဝျခင္း အေျခအေနကို တိုးတက္ေစႏိုင္ပါတယ္။ ဒါဟာ အမ်ိဳးသားေတြေကာ၊ အမ်ိဳးသမီးေတြမွာပါ တူညီစြာ ေဖာ္ျပေနတဲ႔ ရလဒ္ညႊန္းကိန္းပါ" လို႔လည္း ဆိုထားပါတယ္။ ဒါဆိုရင္ ခ်ယ္ရီသီး လတ္လတ္ဆတ္ဆတ္ေလးေတြကို ေရခဲေသတၱာထဲထည္႔ထားၿပီး ညတိုင္းေဖ် ာ္ေသာက္ေပးရံုနဲ႔ အိပ္ေပ်ာ္စားဝင္တဲ႔ ဘဝကို ပိုင္ဆိုင္ႏိုင္ပါၿပီ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
#Unicode Version#
တစ်ခါတလေမှာ လူကပင်ပန်းညောင်းညာပြီး နားချင်နေတယ်။ ဒါပေမယ့် ဘယ်လိုမှ အိပ်မပျော်ဘူးဆိုတဲ့ အခိုက်အတန့်တွေ ရှိတတ်ပါတယ်။

တစ်ခါတလေမှာ လူကပင်ပန်းညောင်းညာပြီး နားချင်နေတယ်။ ဒါပေမယ့် ဘယ်လိုမှ အိပ်မပျော်ဘူးဆိုတဲ့ အခိုက်အတန့်တွေ ရှိတတ်ပါတယ်။ မသိစိတ်ထဲမှာ စိတ်ဖိစီးမှုတွေများနေပြီး သောကတွေ ဖိစီးနေတဲ့အချိန်မျိုးမှာ အဲဒီလိုမျိုး အိပ်ပျက်ညတွေ ဖြစ်တတ်ပါတယ်။ ဒါဆိုရင်တော့ စိတ်မပူပါနဲ့။ သုတေသနအသစ်တစ်ခုရဲ့ ကျေးဇူးကြောင့် အိပ်ပျက်ညတွေကို တာ့တာပြလိုက်လို့ ရပါပြီ။

သုတေသနရဲ့ ရလဒ်တွေအရ ချယ်ရီသီးဖျော်ရည် (အထူးသဖြင့် ချယ်ရီသီး အချဉ်ဖျော်ရည်) ဟာ ညဘက် အိပ်မပျော်သူတွေ အတွက်တော့ မိတ်ကောင်းဆွေကောင်းပါပဲ။ အိပ်စက်ခြင်းနဲ့ ပတ်သက်ပြီး ပြုလုပ်ခဲ့တဲ့ လေ့လာမှုနဲ့ သုတေသနတွေအရ American Journal of Therapeutics က ဖော်ပြထားတာကတော့ ချယ်ရီသီးဖျော်ရည် သောက်ခြင်းဟာ အိပ်ချိန်နဲ့ အိပ်စက်မှု ကောင်းမွန်ခြင်းကို တိုးတက်စေနိုင်ပါတယ်လို့ ဆိုထားပါတယ်။

စမ်းသပ်လေ့လာမှုမှာ အသက် (၅၀) နဲ့အထက် လူကြီးတွေလည်းပါပြီး ချယ်ရီသီးနဲ့ အိပ်ဆေး (အတု) တစ်မျိုးကို နှစ်ပတ်ခန့် တစ်နေ့နှစ်ကြိမ် အလှည့်ချသောက်သုံးစေခဲ့ပါတယ်။ ချယ်ရီသီးဖျော်ရည်ကို လက်ခံရရှိခဲ့တဲ့ ညအိပ်ရခက်ခဲတဲ့ ရောဂါရှိသူ ရှစ်ဦးဟာ အိပ်စက်ရတာ ပိုမိုလွယ်ကူ အဆင်ပြေလာခဲ့ပါတယ်တဲ့။ တိတိကျကျပြောရရင် သူတို့ဟာ ပုံမှန်ထက် (၈၄) မိနစ် ပိုအိပ်ပျော်ခဲ့ပြီး အိပ်ယာထချိန်မှာလည်း အိပ်ရေးဝပြီး လန်းဆန်းနေခဲ့ပါတယ်လို့ ဆိုပါတယ်။

နောက်ထပ်သုတေသနတစ်ခုရဲ့ အဆိုအရတော့ ချယ်ရီသီး အချဉ်ဖျော်ရည်မှာ အိပ်စက်ခြင်းနဲ့ဆိုင်တဲ့ ပြဿနာအားလုံးကို ဖြေရှင်းပေးနိုင်တဲ့ သော့ချက်တွေ ပါဝင်နေတယ်လို့လည်း ဆိုပါတယ်။ "ချယ်ရီသီးအချဉ် (ချယ်ရီရိုင်း) မှာ လူသားတွေရဲ့ အိပ်စက်ခြင်းနဲ့ နိုးထခြင်း သံသရာကို ထိန်းညှိပေးရမှာ မရှိမဖြစ်အရေးပါတဲ့ မော်လီကျူးတစ်မျိုးဖြစ်တဲ့ မယ်လာတိုနင် (melatonin) ဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်လို့ လေ့လာချက်တွေအရ သိရပါတယ်" လို့ သုတေသီတွေက တင်ပြထားပါတယ်။

"ဒီဒေတာတွေက ညွှန်းဆိုနေတာကတော့ ချယ်ရီသီး အချဉ်ဖျော်ရည်တစ်ခွက်ကို ပုံမှန် သောက်သုံးပေးမယ်ဆိုရင် အိပ်စက်ချိန်နဲ့ အိပ်ရေးဝခြင်း အခြေအနေကို တိုးတက်စေနိုင်ပါတယ်။ ဒါဟာ အမျိုးသားတွေကော၊ အမျိုးသမီးတွေမှာပါ တူညီစွာ ဖော်ပြနေတဲ့ ရလဒ်ညွှန်းကိန်းပါ" လို့လည်း ဆိုထားပါတယ်။ ဒါဆိုရင် ချယ်ရီသီး လတ်လတ်ဆတ်ဆတ်လေးတွေကို ရေခဲသေတ္တာထဲထည့်ထားပြီး ညတိုင်းဖျေ ာ်သောက်ပေးရုံနဲ့ အိပ်ပျော်စားဝင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါပြီ။

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top