Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

တစ္ပတ္ကို ႏွစ္ႀကိမ္လုပ္ေပး႐ံုနဲ႔ ဆံပင္ကၽြတ္တာေတြ ခ်က္ျခင္းရပ္သြားတာ။

မိန္းကေလးေတြကို " ဆံပင္နဲ႔ပတ္သက္ၿပီး စိတ္ညစ္ရတာ႐ွိလား"လို႔ ေမးၾကည့္ပါလား။ အကုန္လံုးနီးပါးက "႐ွိတာေပါ့"လို႔ ေျဖၾကမွာ။ ဆံပင္နဲ႔ ပတ္သက္လာရင္ ျပႆနာေတြလည္း အစံုပါပဲ။ ဒီထဲမွာမွ ဆံပင္ကၽြတ္တာကေတာ့ အဆိုးဆံုး။

ဆံပင္ကၽြတ္တာေတြကို ေျဖ႐ွင္းေပးႏိုင္မယ့္ DIY (ကိုယ္တိုင္လုပ္) နည္းေလးေတြကိုေရာ မသိခ်င္ဘူးလား။ လြယ္လြယ္ကူကူနဲ႔ အက်ိဳးထူးမယ့္ နည္းေတြဆိုေတာ့ မဒီက ေျပာျပခ်င္လို႔ပါ။

၁။ ႐ွားေဇာင္းလက္ပပ္ေပါင္းေဆး

႐ွားေဇာင္းလက္ပပ္အ႐ြက္တစ္႐ြက္စာထဲက အႏွစ္ေတြကုိယူၿပီး ဦးေရျပားကို သုတ္လိမ္းေပးပါ။ ၁ နာရီေလာက္ ၾကာမွ baby shampoo ဒါမွမဟုတ္ chemical နည္းတဲ့ ေခါင္းေလွ်ာ္ရည္နဲ႔ ေလွ်ာ္ေပးရင္ ဆံပင္ကၽြတ္တာေလွ်ာ့သြားပါတယ္။ တစ္ပတ္ကို ၂ႀကိမ္/ ၃ႀကိမ္ သံုးေပးမယ္ဆုိ ဆံသားေတြထူထဲလာတာ ေတြ႔ရမွာပါ။

၂။ ပ်ားရည္နဲ႔ၾကက္ဥေပါင္းေဆး

ၾကက္ဥအႏွစ္ရယ္၊ ပ်ားရည္ရယ္ ေရာၿပီး ဦးေရျပားနဲ႔ ဆံပင္ေတြအႏွံ႔သုတ္ထားပါ။ ေရေႏြးစိမ္ထားတဲ့ တဘက္နဲ႔ ေခါင္းကို မိနစ္ ၄၀ ေလာက္ ေပါင္းထားေပးရပါမယ္။ ေနာက္မွ ေခါင္းျပန္ေလွ်ာ္ေပါ့။ ၾကက္ဥနံ႔ေတြေပ်ာက္ေအာင္ ေလွ်ာ္ေနာ္။ မဟုတ္ရင္ ဆံပင္ကို ၾကြက္လာကိုက္ေနဦးမယ္။ ဒီနည္းကေတာ့ ဆံပင္ကို ထူထဲေတာက္ေျပာင္လာေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
တစ်ပတ်ကို နှစ်ကြိမ်လုပ်ပေးရုံနဲ့ ဆံပင်ကျွတ်တာတွေ ချက်ခြင်းရပ်သွားတာ။

မိန်းကလေးတွေကို " ဆံပင်နဲ့ပတ်သက်ပြီး စိတ်ညစ်ရတာရှိလား"လို့ မေးကြည့်ပါလား။ အကုန်လုံးနီးပါးက "ရှိတာပေါ့"လို့ ဖြေကြမှာ။ ဆံပင်နဲ့ ပတ်သက်လာရင် ပြဿနာတွေလည်း အစုံပါပဲ။ ဒီထဲမှာမှ ဆံပင်ကျွတ်တာကတော့ အဆိုးဆုံး။

ဆံပင်ကျွတ်တာတွေကို ဖြေရှင်းပေးနိုင်မယ့် DIY (ကိုယ်တိုင်လုပ်) နည်းလေးတွေကိုရော မသိချင်ဘူးလား။ လွယ်လွယ်ကူကူနဲ့ အကျိုးထူးမယ့် နည်းတွေဆိုတော့ မဒီက ပြောပြချင်လို့ပါ။

၁။ ရှားဇောင်းလက်ပပ်ပေါင်းဆေး

ရှားဇောင်းလက်ပပ်အရွက်တစ်ရွက်စာထဲက အနှစ်တွေကိုယူပြီး ဦးရေပြားကို သုတ်လိမ်းပေးပါ။ ၁ နာရီလောက် ကြာမှ baby shampoo ဒါမှမဟုတ် chemical နည်းတဲ့ ခေါင်းလျှော်ရည်နဲ့ လျှော်ပေးရင် ဆံပင်ကျွတ်တာလျှော့သွားပါတယ်။ တစ်ပတ်ကို ၂ကြိမ်/ ၃ကြိမ် သုံးပေးမယ်ဆို ဆံသားတွေထူထဲလာတာ တွေ့ရမှာပါ။

၂။ ပျားရည်နဲ့ကြက်ဥပေါင်းဆေး

ကြက်ဥအနှစ်ရယ်၊ ပျားရည်ရယ် ရောပြီး ဦးရေပြားနဲ့ ဆံပင်တွေအနှံ့သုတ်ထားပါ။ ရေနွေးစိမ်ထားတဲ့ တဘက်နဲ့ ခေါင်းကို မိနစ် ၄၀ လောက် ပေါင်းထားပေးရပါမယ်။ နောက်မှ ခေါင်းပြန်လျှော်ပေါ့။ ကြက်ဥနံ့တွေပျောက်အောင် လျှော်နော်။ မဟုတ်ရင် ဆံပင်ကို ကြွက်လာကိုက်နေဦးမယ်။ ဒီနည်းကတော့ ဆံပင်ကို ထူထဲတောက်ပြောင်လာစေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top