Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ပရိတ္သတ္ ေတြ ရဲ့ ရင္ဘတ္ ထဲမွာ ႏွစ္ေပါင္းမ်ားစြာ ေနရာယူထားကာ အရမ္းကို အတြဲညီခဲ့ၿပီး တအူတုံဆင္း ညီ အကိုေတြ မဟုတ္ေပမဲ့ ညီအကိုရင္းေတြ ထက္ခ်စ္ခင္က်တဲ့ လူရြင္ေတာ္ ႏွစ္ဦး ကေတာ့ ဦးမိုးဒီ နဲ႔ ဦးေမာ့စ္ တို႔ပဲျဖစ္ပါတယ္။
လူရြင္ေတာ္ ေမာ့စ္ဟာ အသက္ ၅၉ ႏွစ္မွာ သူခ်စ္တဲ့ ပရိတ္သတ္ ေတြ ကိုထာဝရ ႏွုတ္ဆက္သြားခဲ့ၿပီး၊ ဦးမိုးဒီ က ေတာ့ သူနဲ႔ ပတ္သက္ခဲ့တဲ့ အမွတ္တရ ေတြကို ခုလိုပဲ ျပန္ေျပာခဲ့ပါတယ္။

“သူငယ္ငယ္ေလးထဲက ေျပာခဲ့တာ သူ အသက္ ၂၀ေက်ာ္ ကိုယ္ အသက္ ၃၀ေက်ာ္ အဲ့အခ်ိန္ေလာက္မွာ သူက က်ေနာ္ အသက္သိပ္ႀကီးႀကီး မေနခ်င္ဘူးတဲ့ အသက္ ၄၀ေက်ာ္ရင္ ေသဗ်ာ ေအးေရာတဲ့ ၿပီးေတာ့ အသက္ ၄၀ အထိပဲ မာမာခ်ာခ်ာ နဲ႔ ဒီအလုပ္ကို ေကာင္းေကာင္းမြန္မြန္လုပ္မယ္ဗ်ာတဲ့ တကယ္လည္း အသက္ ၄၀ ေရာက္လာေရာ သူ႔ကို အကဲခတ္ၾကည့္ေတာ့ သူမေသခ်င္ဘူး မေသရဲဘူး ခုသူမေသခ်င္တဲ့ အခ်ိန္ မွာ ေသသြားရတယ္”

ဦးမိုးဒီ မွာ ဟသာတၤ သား ျဖစ္ၿပီး၊ ဦးေမာ့စ္ မွာ ေလးမ်က္ႏွားသား ျဖစ္ေၾကာင္း၊ ဦးမိုးဒီ ဇာတ္သဘင္ ေလာက ထဲကို မီးထိုးအျဖစ္ စတင္ဝင္ေရာက္ခဲ့ၿပီး ဇာတ္သဘင္ ေလာက မွာ က်င္လည္ေနခ်ိန္ ၇ ႏွစ္ အၾကာမွသာ ဦးေမာ့စ္ က ပိတ္ကားဆြဲ အျဖစ္ ဇာတ္သဘင္ ေလာကကို ဝင္ေရာက္ခဲ့ေၾကာင္း သိရပါတယ္။

“ကိုယ္နဲ႔ သူခြဲသြားတာ ၅ နစ္ေလာက္ရွိၿပီ ေနာက္ ဘေလာက္ေနရဦးမလဲ ကိုယ္လဲ မသိဘူး ကိုယ္လဲ ေနာက္ကလိုက္ရမွာပါပဲ ဒါေပမဲ့ တက္နိုင္သမၽွေတာ့ အသက္ရွည္ရွည္ ေနခ်င္ပါေသးတယ္ ကုသိုလ္ ေကာင္းမွု ေလးေတြလုပ္ၿပီးေတာ့”
၎တို႔ႏွစ္ဦးမွာ ေျပာမနာဆိုမနာ သူငယ္ခ်င္းမ်ား ျဖစ္ၾကၿပီး အျခားသူေတြ ဘေလာက္ ေျပာမနာဆိုမနာ ျဖစ္ပါေစ ဦးေမာ့စ္ ေလာက္ အံကိုက္မက်ေၾကာင္း၊ ဦးေမာ့စ္သည္ လူရြင္ေတာ္ အလုပ္ကို အလြန္ပင္ျမတ္နိုးေၾကာင္း ထပ္မံေျပာျပခဲ့ပါေသးတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
ပရိတ်သတ် တွေ ရဲ့ ရင်ဘတ် ထဲမှာ နှစ်ပေါင်းများစွာ နေရာယူထားကာ အရမ်းကို အတွဲညီခဲ့ပြီး တအူတုံဆင်း ညီ အကိုတွေ မဟုတ်ပေမဲ့ ညီအကိုရင်းတွေ ထက်ချစ်ခင်ကျတဲ့ လူရွင်တော် နှစ်ဦး ကတော့ ဦးမိုးဒီ နဲ့ ဦးမော့စ် တို့ပဲဖြစ်ပါတယ်။
လူရွင်တော် မော့စ်ဟာ အသက် ၅၉ နှစ်မှာ သူချစ်တဲ့ ပရိတ်သတ် တွေ ကိုထာဝရ နှုတ်ဆက်သွားခဲ့ပြီး၊ ဦးမိုးဒီ က တော့ သူနဲ့ ပတ်သက်ခဲ့တဲ့ အမှတ်တရ တွေကို ခုလိုပဲ ပြန်ပြောခဲ့ပါတယ်။

“သူငယ်ငယ်လေးထဲက ပြောခဲ့တာ သူ အသက် ၂၀ကျော် ကိုယ် အသက် ၃၀ကျော် အဲ့အချိန်လောက်မှာ သူက ကျနော် အသက်သိပ်ကြီးကြီး မနေချင်ဘူးတဲ့ အသက် ၄၀ကျော်ရင် သေဗျာ အေးရောတဲ့ ပြီးတော့ အသက် ၄၀ အထိပဲ မာမာချာချာ နဲ့ ဒီအလုပ်ကို ကောင်းကောင်းမွန်မွန်လုပ်မယ်ဗျာတဲ့ တကယ်လည်း အသက် ၄၀ ရောက်လာရော သူ့ကို အကဲခတ်ကြည့်တော့ သူမသေချင်ဘူး မသေရဲဘူး ခုသူမသေချင်တဲ့ အချိန် မှာ သေသွားရတယ်”

ဦးမိုးဒီ မှာ ဟသာင်္တ သား ဖြစ်ပြီး၊ ဦးမော့စ် မှာ လေးမျက်နှားသား ဖြစ်ကြောင်း၊ ဦးမိုးဒီ ဇာတ်သဘင် လောက ထဲကို မီးထိုးအဖြစ် စတင်ဝင်ရောက်ခဲ့ပြီး ဇာတ်သဘင် လောက မှာ ကျင်လည်နေချိန် ၇ နှစ် အကြာမှသာ ဦးမော့စ် က ပိတ်ကားဆွဲ အဖြစ် ဇာတ်သဘင် လောကကို ဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။

“ကိုယ်နဲ့ သူခွဲသွားတာ ၅ နစ်လောက်ရှိပြီ နောက် ဘလောက်နေရဦးမလဲ ကိုယ်လဲ မသိဘူး ကိုယ်လဲ နောက်ကလိုက်ရမှာပါပဲ ဒါပေမဲ့ တက်နိုင်သမျှတော့ အသက်ရှည်ရှည် နေချင်ပါသေးတယ် ကုသိုလ် ကောင်းမှု လေးတွေလုပ်ပြီးတော့”
၎င်းတို့နှစ်ဦးမှာ ပြောမနာဆိုမနာ သူငယ်ချင်းများ ဖြစ်ကြပြီး အခြားသူတွေ ဘလောက် ပြောမနာဆိုမနာ ဖြစ်ပါစေ ဦးမော့စ် လောက် အံကိုက်မကျကြောင်း၊ ဦးမော့စ်သည် လူရွင်တော် အလုပ်ကို အလွန်ပင်မြတ်နိုးကြောင်း ထပ်မံပြောပြခဲ့ပါသေးတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top