ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ရန္ #

ေမြးကင္းစ ကေလး တစ္ေယာက္မွာ အ႐ိုးေပါင္း ၂၇ဝ ေလာက္ ရွိပါတယ္။ အသက္ အရြယ္ တစ္ၿဖည္းျဖည္း ရလာေတာ့ အ႐ိုးေတြ တစ္ခုနဲ႕ တစ္ခု ေပါင္းစပ္လာၿပီး ေနာက္ဆံုးမွာ ၂ဝ၆ ႐ိုး ေလာက္ပဲ က်န္ေတာ့ တယ္။

ဒီအထဲမွာမွ လူ႔ ခႏၶာကိုယ္ တစ္ခုလံုးကို ေထာက္ပံ့ ထားတဲ့ အဓိက အ႐ိုး ကေတာ့ ေက်ာ႐ုိးဆစ္ မႀကီး ( Spinal Column ) ျဖစ္ပါတယ္။ ေက်ာ႐ုိးဆစ္ ဆိုတာ အ႐ိုးဆစ္ ေပါင္း ၃၃ ခုနဲ႕ တြယ္ဆက္ ထားၿပီး ကုပ္ကေန ၿမီးေညာင္း႐ုိးထိ ၂၈ လက္မ ေလာက္ ရွည္တယ္။

ခႏၶာကိုယ္ လႈပ္ရွား မႈအတြက္ အေရးႀကီးတဲ့ အ႐ုိးျဖစ္ သလို ဒုကၡ အေပးႏိုင္ဆံုး အ႐ိုးလဲ ျဖစ္တယ္။ ခႏၶာေဗဒကို ေလ့လာ ၾကည့္ရင္ အ႐ုိးေတြဟာ အုတ္ခဲေတြ စီထားသလို တစ္ခု နဲ႔ တစ္ခု ထပ္ေနတယ္။

ၾကားထဲမွာ အဂၤေတလိုမ်ိဳး ၾကားခံ Intervertebral Disc ဆိုတာက ခံေပးထား ရတယ္။ ကူရွင္ သေဘာ ဖိအား ကို အလိုက္သင့္ ထိန္းေပးဖို႕ ျဖစ္ပါတယ္။ အ႐ိုးေတြကို တည္ၿငိမ္ ေနေအာင္၊ ၿမဲၿမံေနေအာင္ တြယ္ ဆက္ ေပးရတာက အရြတ္ေတြ ျဖစ္ပါတယ္။

အဆစ္ကေတာ့ လႈပ္ရွား ႏိုင္ေအာင္ ျပဳလုပ္ေပး သလို လႈပ္ရွားမႈ ကိုလဲ ကန္႕သတ္ ေပးတယ္။ ၾကြက္သား  ေတြကေတာ့ အ႐ုိးအဆစ္ ေတြရဲ႕ လႈပ္ရွားမႈကို ျဖစ္ေစပါတယ္။ ေက်ာ႐ုိးဆစ္ ေတြရဲ႕ အလယ္ မွာ Spinal Cord ေခၚတဲ့ အာ႐ံု ေၾကာမႀကီး တစ္ေခ်ာင္းက ျဖတ္သြားတယ္။ အဲဒီ ေက်ာ႐ုိးမရဲ႕ တစ္ဖက္ တစ္ခ်က္စီက ထြက္လာတဲ့ အာ႐ံုေၾကာ ေသးေသးေလး ေတြက ခံစားမႈနဲ႔ လႈပ္ရွားမႈကို ျဖစ္ေစတယ္။

အသက္အရြယ္ ႀကီးရင့္ လာတဲ့အခါ အ႐ုိးေတြ ၾကားမွာရွိတဲ့ Intervertebral Disc ၾကားခံလႊာက ၾကြပ္ဆတ္ လာတယ္။ ႏွစ္ေပါင္းမ်ားစြာ အဖိႏွိပ္ခံ ထားရ တာေၾကာင့္ ၾကားခံလႊာက ျပားခ်ပ္ လာပါတယ္။ ရလဒ္ ကေတာ့ အဆစ္ေတြ ကြၽံၿပီး အထဲမွာရွိတဲ့ ေက်ာ႐ုိးမ (သုိ႔မဟုတ္) ေက်ာ႐ိုးက ထြက္လာတဲ့ အာ႐ုံေၾကာ ေတြကို သြားဖိၿပီး က်ီးေပါင္းရဲ႕ လကၡဏာ ေတြ ခံစား လာရတယ္။

ကုတ္မွာျဖစ္ရင္ ကုပ္က်ီးေပါင္း ( Cervicalspondylosis ) လို႕ ေခၚပါတယ္။ က်ီးေပါင္းေၾကာင့္ လက္ျပင္ေအာင့္ သလို တင္းၿပီး နာက်င္ ေနတတ္တယ္။ ပခံုးကေန လက္ေခ်ာင္းေတြ ထိ အပ္နဲ႔ ထိုးသလို တစ္ဆစ္ ဆစ္ ထံုက်င္ ေနတာလဲ ရွိတယ္။ ဘယ္ဘက္ လက္မွာ ျဖစ္ရင္ ႏွလံုးေရာဂါနဲ႔ မွားတတ္တယ္။

ကုပ္က်ီးေပါင္း ကေန အာ႐ံုေၾကာမ Spinal Cord ကို သြားထိရင္ Cervical Myelopathy ဆိုတာ ျဖစ္လာတယ္။ ေရာဂါက ပိုဆိုး လာတယ္။ ေက်ာ႐ိုး အထက္ အာ႐ံုေၾကာ အရင္းပိုင္းကို ထိခိုက္လို႕ ခႏၶာကုိယ္ ေအာက္ ပိုင္းမွာ အားနည္း လာတယ္။

အထူးသျဖင့္ ေက်ာ႐ုိးက ေထာက္ပံ့တဲ့ ေျခေထာက္ရဲ႕ လႈပ္ရွားမႈနဲ႕ တည္ၿငိမ္မႈကို ထိခိုက္ ေစတယ္။ ေျခေထာက္ အားယုတ္ လာသလို ျဖစ္ၿပီး အေၾကာေတြ ေတာင့္တင္း ေလးလံလာတယ္။ လမ္းေလွ်ာက္ပံု မမွန္ဘဲယိမ္းယိုင္ ေနတယ္။

ျဖစ္တဲ့ ပံုစံက ဒူး အဆစ္ေရာင္ တာနဲ႕လဲ မွားတတ္တယ္။ ညဘက္ ဆီး မၾကာခဏ သြားတာ ေက်ာမွာ ရွိတဲ့ အာ႐ံုေၾကာမ ႀကီးေပၚ သက္ေရာက္မႈ ေၾကာင့္ ျဖစ္ပါတယ္။ မကုဘဲ ထားရင္ ေနာက္ပိုင္းမွာ ဆီး၊ ဝမ္း မထိန္းႏိုင္ တာမ်ဳိးထိ ျဖစ္လာ တတ္တယ္။ ကုသနည္းေတြက ေရာဂါ လကၡဏာ ေပၚမူတည္ၿပီး ကြဲျပား သြား တယ္။

အမ်ားစု က ေရာဂါ ပိုဆိုး မလာေအာင္ နဲ႕ ေဝဒနာကို ယာယီ သက္သာ ေစဖို႔သာ ျဖစ္ပါတယ္။ ဒီ႔ အတြက္ ဘာလုပ္ ၾကသလဲ။ ေလ့က်င့္ခန္း လုပ္ခိုင္းတယ္။ အလြယ္တစ္ကူ အိမ္မွာတင္ ဇက္ ေလ့က်င့္ခန္း လုပ္ေပး  ႏိုင္ပါတယ္။

ေခါင္းလွည့္ ေလ့က်င့္ခန္း တစ္ေန႕ သံုးႀကိမ္ (၅) မိနစ္စာ ေလာက္ လုပ္ပါ။ တင္းေနတဲ့ ကုပ္ကို ေရေႏြးအိတ္ သံုးၿပီး အပူကပ္ ေပးႏိုင္တယ္။ ဆရာဝန္ ဆီသြားရင္ အကိုက္အခဲ ေပ်ာက္ေဆး၊ အေၾကာေလွ်ာ့ ေဆးမ်ဳိး ေပးတတ္ တယ္။

သိပ္မဆိုးရင္ Cervial Collar လည္ေထာက္ကို ေန႕တစ္ဝက္ ေလာက္ တပ္ခိုင္းၿပီး သက္သာလာ ေစတယ္။ ဒါမွ မသက္သာ ေသးရင္ Physiotherapist ေတြဆီ သြားၿပီး ေလ့က်င့္ခန္း လုပ္တာ၊ အပူေပးၿပီး ႏွိပ္တာ မ်ိဳးေတြ လုပ္ႏုိင္ပါတယ္။

အဆစ္ထဲကုိ စတီးရြိဳက္ ထုိးၿပီး ကုသတဲ့ နည္းလဲ ရွိတယ္။ ေဘးထြက္ ဆိုးက်ိဳးေတာ့ မ်ားတယ္။ ေဝဒနာကို ယာယီ သက္သာ ေစ႐ံုသာ ျဖစ္မယ္။ ေရာဂါေတာ့ အရွင္း မေပ်ာက္ကင္း ေစႏိုင္ပါ။ မသက္သာ ေသးရင္ ေနာက္ဆုံး နည္းက အ႐ိုးအဆစ္ ခြဲစိတ္ ျပဳျပင္နည္း ျဖစ္တယ္။ ခြဲစိတ္နည္း အမ်ဳိးမ်ဳိး ရွိတယ္။ အဆစ္ ေနရာကို ခြဲစိတ္ၿပီး ပ်က္စီး ေနတဲ့ အပိုင္းေတြကို ရွင္းလင္း ျဖတ္ေတာက္ ရတယ္။

ပ်က္စီးတဲ့ အ႐ုိး ေနရာမွာ ၾကားခံ Bome Implant တစ္ခုနဲ႕ အစားထိုး ထည့္ထား ရပါတယ္။ တစ္ခ်ိဳ႕က မ လႈပ္ ႏိုင္ေအာင္ Metallic Plate သတၱဳျပား တစ္ခုနဲ႔ အုပ္ၿပီး ခ်န္ထား ခဲ့တယ္။ အမ်ားစုဟာ ခြဲစိတ္ၿပီး ၆ လ မွ ၉ လ အတြင္း အလုပ္ေတြ ျပန္လုပ္ႏိုင္ ၾကတယ္။ က်ီးေပါင္း ဆိုတာ အ႐ိုးအဆစ္ ေတြ တစ္ၿဖည္းျဖည္း ပ်က္စီး ယိုယြင္း လာတဲ့ ေရာဂါမ်ဳိး ျဖစ္ပါတယ္။

ပ်က္စီးမႈက ေႏွးတာနဲ႔ ျမန္တာပဲ ကြာျခားတယ္။ ပ်က္စီးေနတဲ့ အဆစ္ အျမစ္က အာ႐ံုခံေၾကာ ေတြကို ဖိမိတဲ့ အခါ က်ီးေပါင္း လကၡဏာေတြ စတင္ ခံစားလာ ရတယ္။ ဘယ္အခ်ိန္မွ စတင္ ခံစားရလဲ တစ္ေယာက္ နဲ႕ တစ္ေယာက္ မတူႏိုင္ဘူး။ အသက္အရြယ္၊ အလုပ္အကိုင္၊ အေနအထိုင္ ေပၚလဲ မူတည္တယ္။ တစ္ခ်ဳိ႕က သိပ္မဆုိး ေပမယ့္ တစ္ခ်ဳိ႕ကေတာ့ မခံႏိုင္ ေအာင္ နာက်င္ တတ္တယ္။

တူညီတာက တစ္ခ်ိန္ခ်ိန္မွာ ေရာဂါပိုဆိုး လာတာပဲ ျဖစ္တယ္။ ဒီအတြက္ ဘာေတြ ႀကိဳတင္ ျပင္ဆင္သင့္လဲ။ အေနအထိုင္ ဆင္ျခင္ပါ။ ထိုင္တဲ့ပံုစံ၊ အိပ္တဲ့ ပံုစံ မွန္ကန္ဖို႕ လိုအပ္တယ္။ ဥပမာ ထုိင္တဲ့ အခါ ခါးမတ္မတ္ထား၊ ေရွ႕တည့္တည့္ ႐ႈၿပီး ထုိုင္ပါ။ အိပ္တဲ့အခါ ေခါင္းအုံး တစ္လံုးထက္ မပိုသင့္ဘူး။ က်ီးေပါင္း အတြက္ သီးသန္႔လာတဲ့ (အလယ္က အခ်ဳိင့္ပါတဲ့) ေခါင္းအံုးမ်ဳိး နဲ႕ အိပ္သင့္တယ္။

ျဖစ္ႏိုင္ရင္ ဇက္ ေလ့က်င့္ခန္း သာမက ခါး ေလ့က်င့္ခန္း ပါ လုပ္ၾကည့္ပါ။ ေရကူးသလို ေျခ၊လက္ ေလ့က်င့္ခန္း မ်ဳိးလဲ ေကာင္းတယ္။ ဒါေပမဲ့ ေလ့က်င့္ခန္းကို အလြန္အကြၽံ ျဖစ္ေအာင္ မလုပ္သင့္ဘူး။ ေႏွးေႏွးနဲ႕ မွန္မွန္သာ လုပ္ပါ။ ကုိယ္ အေလးခ်ိန္ကုိ တတ္ႏိုင္သမွ် ထိန္းပါ။ ေဒါက္ျမင့္ဖိနပ္၊ ခြာျမင့္ ဖိနပ္ မစီးသင့္ဘူး။ က်ီးေပါင္း ထတဲ့ အခ်ိန္မွာ မ်က္စိ အာ႐ံုစိုက္ ရတဲ့အလုပ္ ေတြ တတ္ႏိုင္ သမွ် ေရွာင္ထား သင့္တယ္။ တီဗြီ၊ ကြန္ပ်ဴတာ၊ စာအုပ္ မဖတ္ပါနဲ႕။

ေရေအး မကိုင္ပါနဲ႕။ ပန္းကန္ေဆး၊ အဝတ္ေလွ်ာ္၊ မီးပူတိုက္ အလုပ္ေတြ မလုပ္ပါနဲ႕။ အဲကြန္း၊ ပန္ကာေလ က ပိုဆိုး တတ္တယ္။ ေရခ်ဳိးတဲ့အခါ ေရပူကိုသာ သံုးပါ။ ေယာဂ က်င့္ တာလဲ ေလ့က်င့္ခန္း တစ္မ်ဳိးျဖစ္လို႕ က်ီးေပါင္း အတြက္ ေကာင္းတယ္။

တ႐ုတ္ အပ္စိုက္ ကုထံုးကလဲ အက်ဳိးရွိ ႏိုင္တယ္။ ဗမာေဆး ဆိုတာေတြလဲ စမ္းလို႔ ရပါတယ္။ ေဆးပညာ က အသိအမွတ္ မျပဳေပမယ့္ ေကာင္းတဲ့ နည္းေတြလဲ ရွိႏိုင္တယ္။ ေရာဂါေပၚ မူတည္ၿပီး တစ္ေယာက္နဲ႔  တစ္ေယာက္ တုံ႔ျပန္မႈေတြ ေတာ့ ကြာျခား ႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေဒါက္တာ ေအးမင္းထူး

# Unicode Version ျဖင့္ ဖတ္ရန္ #
မွေးကင်းစ ကလေး တစ်ယောက်မှာ အရိုးပေါင်း ၂၇ဝ လောက် ရှိပါတယ်။ အသက် အရွယ် တစ်ဖြည်းဖြည်း ရလာတော့ အရိုးတွေ တစ်ခုနဲ့ တစ်ခု ပေါင်းစပ်လာပြီး နောက်ဆုံးမှာ ၂ဝ၆ ရိုး လောက်ပဲ ကျန်တော့ တယ်။

ဒီအထဲမှာမှ လူ့ ခန္ဓာကိုယ် တစ်ခုလုံးကို ထောက်ပံ့ ထားတဲ့ အဓိက အရိုး ကတော့ ကျောရိုးဆစ် မကြီး ( Spinal Column ) ဖြစ်ပါတယ်။ ကျောရိုးဆစ် ဆိုတာ အရိုးဆစ် ပေါင်း ၃၃ ခုနဲ့ တွယ်ဆက် ထားပြီး ကုပ်ကနေ မြီးညောင်းရိုးထိ ၂၈ လက်မ လောက် ရှည်တယ်။

ခန္ဓာကိုယ် လှုပ်ရှား မှုအတွက် အရေးကြီးတဲ့ အရိုးဖြစ် သလို ဒုက္ခ အပေးနိုင်ဆုံး အရိုးလဲ ဖြစ်တယ်။ ခန္ဓာဗေဒကို လေ့လာ ကြည့်ရင် အရိုးတွေဟာ အုတ်ခဲတွေ စီထားသလို တစ်ခု နဲ့ တစ်ခု ထပ်နေတယ်။

ကြားထဲမှာ အင်္ဂတေလိုမျိုး ကြားခံ Intervertebral Disc ဆိုတာက ခံပေးထား ရတယ်။ ကူရှင် သဘော ဖိအား ကို အလိုက်သင့် ထိန်းပေးဖို့ ဖြစ်ပါတယ်။ အရိုးတွေကို တည်ငြိမ် နေအောင်၊ မြဲမြံနေအောင် တွယ် ဆက် ပေးရတာက အရွတ်တွေ ဖြစ်ပါတယ်။

အဆစ်ကတော့ လှုပ်ရှား နိုင်အောင် ပြုလုပ်ပေး သလို လှုပ်ရှားမှု ကိုလဲ ကန့်သတ် ပေးတယ်။ ကြွက်သား  တွေကတော့ အရိုးအဆစ် တွေရဲ့ လှုပ်ရှားမှုကို ဖြစ်စေပါတယ်။ ကျောရိုးဆစ် တွေရဲ့ အလယ် မှာ Spinal Cord ခေါ်တဲ့ အာရုံ ကြောမကြီး တစ်ချောင်းက ဖြတ်သွားတယ်။ အဲဒီ ကျောရိုးမရဲ့ တစ်ဖက် တစ်ချက်စီက ထွက်လာတဲ့ အာရုံကြော သေးသေးလေး တွေက ခံစားမှုနဲ့ လှုပ်ရှားမှုကို ဖြစ်စေတယ်။

အသက်အရွယ် ကြီးရင့် လာတဲ့အခါ အရိုးတွေ ကြားမှာရှိတဲ့ Intervertebral Disc ကြားခံလွှာက ကြွပ်ဆတ် လာတယ်။ နှစ်ပေါင်းများစွာ အဖိနှိပ်ခံ ထားရ တာကြောင့် ကြားခံလွှာက ပြားချပ် လာပါတယ်။ ရလဒ် ကတော့ အဆစ်တွေ ကျွံပြီး အထဲမှာရှိတဲ့ ကျောရိုးမ (သို့မဟုတ်) ကျောရိုးက ထွက်လာတဲ့ အာရုံကြော တွေကို သွားဖိပြီး ကျီးပေါင်းရဲ့ လက္ခဏာ တွေ ခံစား လာရတယ်။

ကုပ်မှာဖြစ်ရင် ကုပ်ကျီးပေါင်း ( Cervicalspondylosis ) လို့ ခေါ်ပါတယ်။ ကျီးပေါင်းကြောင့် လက်ပြင ်အောင့် သလို တင်းပြီး နာကျင် နေတတ်တယ်။ ပခုံးကနေ လက်ချောင်းတွေ ထိ အပ်နဲ့ ထိုးသလို တစ်ဆစ် ဆစ် ထုံကျင် နေတာလဲ ရှိတယ်။ ဘယ်ဘက် လက်မှာ ဖြစ်ရင် နှလုံးရောဂါနဲ့ မှားတတ်တယ်။

ကုပ်ကျီးပေါင်း ကနေ အာရုံကြောမ Spinal Cord ကို သွားထိရင် Cervical Myelopathy ဆိုတာ ဖြစ်လာတယ်။ ရောဂါက ပိုဆိုး လာတယ်။ ကျောရိုး အထက် အာရုံကြော အရင်းပိုင်းကို ထိခိုက်လို့ ခန္ဓာကိုယ် အောက် ပိုင်းမှာ အားနည်း လာတယ်။

အထူးသဖြင့် ကျောရိုးက ထောက်ပံ့တဲ့ ခြေထောက်ရဲ့ လှုပ်ရှားမှုနဲ့ တည်ငြိမ်မှုကို ထိခိုက် စေတယ်။ ခြေထောက် အားယုတ် လာသလို ဖြစ်ပြီး အကြောတွေ တောင့်တင်း လေးလံလာတယ်။ လမ်းလျှောက်ပုံ မမှန်ဘဲယိမ်းယိုင် နေတယ်။

ဖြစ်တဲ့ ပုံစံက ဒူး အဆစ်ရောင် တာနဲ့လဲ မှားတတ်တယ်။ ညဘက် ဆီး မကြာခဏ သွားတာ ကျောမှာ ရှိတဲ့ အာရုံကြောမ ကြီးပေါ် သက်ရောက်မှု ကြောင့် ဖြစ်ပါတယ်။ မကုဘဲ ထားရင် နောက်ပိုင်းမှာ ဆီး၊ ဝမ်း မထိန်းနိုင် တာမျိုးထိ ဖြစ်လာ တတ်တယ်။ ကုသနည်းတွေက ရောဂါ လက္ခဏာ ပေါ်မူတည်ပြီး ကွဲပြား သွား တယ်။



အများစု က ရောဂါ ပိုဆိုး မလာအောင် နဲ့ ဝေဒနာကို ယာယီ သက်သာ စေဖို့သာ ဖြစ်ပါတယ်။ ဒီ့ အတွက် ဘာလုပ် ကြသလဲ။ လေ့ကျင့်ခန်း လုပ်ခိုင်းတယ်။ အလွယ်တစ်ကူ အိမ်မှာတင် ဇက် လေ့ကျင့်ခန်း လုပ်ပေး  နိုင်ပါတယ်။

ခေါင်းလှည့် လေ့ကျင့်ခန်း တစ်နေ့ သုံးကြိမ် (၅) မိနစ်စာ လောက် လုပ်ပါ။ တင်းနေတဲ့ ကုပ်ကို ရေနွေးအိတ် သုံးပြီး အပူကပ် ပေးနိုင်တယ်။ ဆရာဝန် ဆီသွားရင် အကိုက်အခဲ ပျောက်ဆေး၊ အကြောလျှော့ ဆေးမျိုး ပေးတတ် တယ်။

သိပ်မဆိုးရင် Cervial Collar လည်ထောက်ကို နေ့တစ်ဝက် လောက် တပ်ခိုင်းပြီး သက်သာလာ စေတယ်။ ဒါမှ မသက်သာ သေးရင် Physiotherapist တွေဆီ သွားပြီး လေ့ကျင့်ခန်း လုပ်တာ၊ အပူပေးပြီး နှိပ်တာ မျိုးတွေ လုပ်နိုင်ပါတယ်။

အဆစ်ထဲကို စတီးရွိုက် ထိုးပြီး ကုသတဲ့ နည်းလဲ ရှိတယ်။ ဘေးထွက် ဆိုးကျိုးတော့ များတယ်။ ဝေဒနာကို ယာယီ သက်သာ စေရုံသာ ဖြစ်မယ်။ ရောဂါတော့ အရှင်း မပျောက်ကင်း စေနိုင်ပါ။ မသက်သာ သေးရင် နောက်ဆုံး နည်းက အရိုးအဆစ် ခွဲစိတ် ပြုပြင်နည်း ဖြစ်တယ်။ ခွဲစိတ်နည်း အမျိုးမျိုး ရှိတယ်။ အဆစ် နေရာကို ခွဲစိတ်ပြီး ပျက်စီး နေတဲ့ အပိုင်းတွေကို ရှင်းလင်း ဖြတ်တောက် ရတယ်။

ပျက်စီးတဲ့ အရိုး နေရာမှာ ကြားခံ Bome Implant တစ်ခုနဲ့ အစားထိုး ထည့်ထား ရပါတယ်။ တစ်ချို့က မ လှုပ် နိုင်အောင် Metallic Plate သတ္တုပြား တစ်ခုနဲ့ အုပ်ပြီး ချန်ထား ခဲ့တယ်။ အများစုဟာ ခွဲစိတ်ပြီး ၆ လ မှ ၉ လ အတွင်း အလုပ်တွေ ပြန်လုပ်နိုင် ကြတယ်။ ကျီးပေါင်း ဆိုတာ အရိုးအဆစ် တွေ တစ်ဖြည်းဖြည်း ပျက်စီး ယိုယွင်း လာတဲ့ ရောဂါမျိုး ဖြစ်ပါတယ်။

ပျက်စီးမှုက နှေးတာနဲ့ မြန်တာပဲ ကွာခြားတယ်။ ပျက်စီးနေတဲ့ အဆစ် အမြစ်က အာရုံခံကြော တွေကို ဖိမိတဲ့ အခါ ကျီးပေါင်း လက္ခဏာတွေ စတင် ခံစားလာ ရတယ်။ ဘယ်အချိန်မှ စတင် ခံစားရလဲ တစ်ယောက် နဲ့ တစ်ယောက် မတူနိုင်ဘူး။ အသက်အရွယ်၊ အလုပ်အကိုင်၊ အနေအထိုင် ပေါ်လဲ မူတည်တယ်။ တစ်ချို့က သိပ်မဆိုး ပေမယ့် တစ်ချို့ကတော့ မခံနိုင် အောင် နာကျင် တတ်တယ်။

တူညီတာက တစ်ချိန်ချိန်မှာ ရောဂါပိုဆိုး လာတာပဲ ဖြစ်တယ်။ ဒီအတွက် ဘာတွေ ကြိုတင် ပြင်ဆင်သင့်လဲ။ အနေအထိုင် ဆင်ခြင်ပါ။ ထိုင်တဲ့ပုံစံ၊ အိပ်တဲ့ ပုံစံ မှန်ကန်ဖို့ လိုအပ်တယ်။ ဥပမာ ထိုင်တဲ့ အခါ ခါးမတ်မတ်ထား၊ ရှေ့တည့်တည့် ရှုပြီး ထိုင်ပါ။ အိပ်တဲ့အခါ ခေါင်းအုံး တစ်လုံးထက် မပိုသင့်ဘူး။ ကျီးပေါင်း အတွက် သီးသန့်လာတဲ့ (အလယ်က အချိုင့်ပါတဲ့) ခေါင်းအုံးမျိုး နဲ့ အိပ်သင့်တယ်။

ဖြစ်နိုင်ရင် ဇက် လေ့ကျင့်ခန်း သာမက ခါး လေ့ကျင့်ခန်း ပါ လုပ်ကြည့်ပါ။ ရေကူးသလို ခြေ၊လက် လေ့ကျင့်ခန်း မျိုးလဲ ကောင်းတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်းကို အလွန်အကျွံ ဖြစ်အောင် မလုပ်သင့်ဘူး။ နှေးနှေးနဲ့ မှန်မှန်သာ လုပ်ပါ။ ကိုယ် အလေးချိန်ကို တတ်နိုင်သမျှ ထိန်းပါ။ ဒေါက်မြင့်ဖိနပ်၊ ခွာမြင့် ဖိနပ် မစီးသင့်ဘူး။ ကျီးပေါင်း ထတဲ့ အချိန်မှာ မျက်စိ အာရုံစိုက် ရတဲ့အလုပ် တွေ တတ်နိုင် သမျှ ရှောင်ထား သင့်တယ်။ တီဗွီ၊ ကွန်ပျူတာ၊ စာအုပ် မဖတ်ပါနဲ့။

ရေအေး မကိုင်ပါနဲ့။ ပန်းကန်ဆေး၊ အဝတ်လျှော်၊ မီးပူတိုက် အလုပ်တွေ မလုပ်ပါနဲ့။ အဲကွန်း၊ ပန်ကာလေ က ပိုဆိုး တတ်တယ်။ ရေချိုးတဲ့အခါ ရေပူကိုသာ သုံးပါ။ ယောဂ ကျင့် တာလဲ လေ့ကျင့်ခန်း တစ်မျိုးဖြစ်လို့ ကျီးပေါင်း အတွက် ကောင်းတယ်။

တရုတ် အပ်စိုက် ကုထုံးကလဲ အကျိုးရှိ နိုင်တယ်။ ဗမာဆေး ဆိုတာတွေလဲ စမ်းလို့ ရပါတယ်။ ဆေးပညာ က အသိအမှတ် မပြုပေမယ့် ကောင်းတဲ့ နည်းတွေလဲ ရှိနိုင်တယ်။ ရောဂါပေါ် မူတည်ပြီး တစ်ယောက်နဲ့  တစ်ယောက် တုံ့ပြန်မှုတွေ တော့ ကွာခြား နိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဒေါက်တာ အေးမင်းထူး

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top