Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေခါင္းကိုက္ေခါင္းခဲေဝဒနာက ဆိုးဝါးတဲ႔ ေဝဒနာတစ္မ်ိဳးပါ။ ထိုင္လို႔လည္းမရ... ထလို႔လည္းမရနဲ႔ ေတာ္ေတာ္ခံရခက္ပါတယ္။

ေခါင္းကိုက္ေခါင္းခဲေဝဒနာက ဆိုးဝါးတဲ႔ ေဝဒနာတစ္မ်ိဳးပါ။ ထိုင္လို႔လည္းမရ... ထလို႔လည္းမရနဲ႔ ေတာ္ေတာ္ခံရခက္ပါတယ္။ ေခါင္းကိုက္ေခါင္းခဲျခင္း ေဝဒနာဟာ အစားအေသာက္၊ အေနအထုိင္နဲ႔လည္း အမ်ားႀကီး ဆက္စပ္ေနပါတယ္။ ေခါင္းကိုက္ျခင္းကို ပိုမိုဆိုးဝါးေစတဲ႔ အစားအေသာက္ေတြကို သိထားရင္ေတာ႔ သတိျပဳေရွာင္ၾကဥ္လို႔ရတာေပါ႔။

၁။ အနက္ေရာင္အရက္နဲ႔ ဝိုင္နီ

အရက္ေသာက္သံုးျခင္းက ေခါင္းကိုက္ေခါင္းခဲျဖစ္ေစတဲ႔ အေၾကာင္းရင္းထဲမွာပါတာကိုေတာ႔ သိထားၿပီးျဖစ္မွာပါ။ အရက္နာက်ရင္ ေခါင္းကိုက္ဖူးတဲ႔သူတိုင္း ဒါကို သိၾကမွာပါ။ ေပမယ္႔ အရက္အမ်ိဳးအစား ေပါင္းစံုထဲမွာမွ ေခါင္းကိုက္ျခင္းကို ပိုမိုဆိုးရြားေစတဲ႔ အရက္အမ်ိဳးအစားေတြကေတာ႔ အနက္ေရာင္ အရက္ေတြနဲ႔ ဝိုင္နီေတြပဲျဖစ္ပါတယ္။ အရက္ထဲမွာ အမိုင္ႏိုအက္ဆစ္တစ္မ်ိဳးျဖစ္တဲ႔ တိုင္ယာမင္း (tyramine) ပမာဏျမင္႔မားစြာပါဝင္လို႔ ေခါင္းကိုက္ျခင္းကို ဆိုးရြားစြာျဖစ္ေပၚေစႏိုင္ပါတယ္။

ေနာက္တစ္ခုကေတာ႔ အရက္က ေရဓာတ္ခမ္းေျခာက္ျခင္းကိုလည္း ျဖစ္ေပၚေစပါတယ္။ ဒါေၾကာင္႔ အရက္ေသာက္ထားၿပီးရင္ ညမအိပ္ခင္ ေရမ်ားမ်ားေသာက္ဖို႔ ဆရာဝန္ေတြက အၾကံေပးၾကတာျဖစ္ပါတယ္။ ေရဓာတ္ခမ္းေျခာက္ျခင္းကလည္း ေခါင္းကိုက္ျခင္းကိုျဖစ္ေစတဲ႔ အေၾကာင္းရင္းတစ္ခုျဖစ္ပါတယ္။ ဒါေၾကာင္႔ ဝိုင္တစ္ခြက္ ႏွစ္ခြက္ေသာက္ၿပီး ေခါင္းကိုက္လာတယ္ ခံစားရရင္ ေရတဝႀကီးသာ ျပန္ေသာက္ခ်လိုက္ပါ။

၂။ ေခ်ာကလက္

ခ်ိဳျမၿပီး စားလို႔ေကာင္းတယ္ဆိုေပမယ္႔ ေခ်ာကလက္ဟာလည္း ေခါင္းကိုက္ေခါင္းခဲျခင္းကို ျဖစ္ေစတဲ႔အရာတစ္မ်ိဳးပါပဲ။ ေခ်ာကလက္မွာလည္း ေခါင္းကိုက္ေခါင္းခဲျခင္းကိုျဖစ္ေစတဲ႔ တိုင္ယာမင္း (tyramine) ပမာဏၾကြယ္ဝစြာ ပါဝင္ပါတယ္။ အထူးသျဖင္႔ အမ်ိဳးသမီးေတြ ဓမၼတာလာေနစဥ္ ေဟာ္မုန္းအေျပာင္းအလဲမွာ ေခ်ာကလက္စားခ်င္လာမိတတ္ၿပီး tyramine ေတြေၾကာင္႔ ေခါင္းကိုက္ေဝဒနာခံစားရႏိုင္ပါတယ္။

၃။ လူလုပ္အခ်ိဳမႈန္႔မ်ား (sweeteners)

ဒီႏွစ္ပိုင္းေတြထဲမွာ လူလုပ္အခ်ိဳမႈန္႕ေတြ (artificial sweeteners) နဲ႔ပတ္သက္တဲ႔ ေဘးထြက္ဆိုးက်ိဳးေတြအေၾကာင္း ေျပာဆိုလာ ၾကတာေတြရွိပါတယ္။ ေခါင္းကိုက္ေခါင္းခဲေဝဒနာဟာလည္း ေဘးထြက္ဆိုးက်ိဳးေတြထဲမွာ တစ္ခုအပါအဝင္ပါပဲ။

Aspartame ဆိုတာ လူသံုးအမ်ားဆံုး artificial sweetener တစ္မ်ိဳးျဖစ္ၿပီး ကယ္လိုရီ ပါဝင္မႈနည္းတဲ႔ မုန္႔ပဲသေရစာေတြနဲ႔ ဆိုဒါေတြမွာ အေတြ႕မ်ားပါတယ္။ သၾကားအစားထိုး အခ်ိဳမႈန္႕တစ္မ်ိဳးအျဖစ္လည္း ဝယ္ယူလို႔ရပါတယ္။ ဒါေပမယ္႔ အဲဒီအရာေတြဟာ ေခါင္းကိုက္ေခါင္းခဲေဝဒနာကို ႏႈိးဆြေပးလို႔ ေဝါင္ေဝါင္ကေရွးသင္႔ပါတယ္။

၄။ အျမန္ရအစားအစာေတြ (Fast Foods)

ျမန္မာႏိုင္ငံမွာ အျမန္ရအစားအစာေတြျဖစ္တဲ႔ ဟမ္ဘာဂါ၊ ၾကက္ေၾကာ္၊ အာလူးေၾကာ္ဆိုင္ေတြ မႈိလိုေပါက္လာၿပီးေနာက္မွာ လူေတြဟာလည္း မိမိတို႔ရဲ႕အားလပ္ရက္ေတြ၊ အားလပ္ခ်ိန္ေတြမွာ shopping mall ေတြမွာရွိတဲ႔ အဲဒီဆိုင္ေတြမွာ သြားေရာက္စားေသာက္ရင္း အခ်ိန္ျဖဳန္းလာၾကပါတယ္။

ဒါေပမယ္႔ ခင္ဗ်ားႏွစ္သက္တဲ႔ၾကက္ေၾကာ္ေတြ၊ အာလူးေၾကာ္ေတြကလည္း ေခါင္းကိုက္ေခါင္းခဲေဝဒနာျဖစ္ေစႏိုင္တဲ႔ အေၾကာင္းရင္းေတြ ျဖစ္ေနႏိုင္ပါတယ္။ MSG ၊ ဆာလ္ဖိုက္ (Sulfite) နဲ႔ ႏိုက္ထရိတ္ (nitrate) ေတြဟာ အစားအေသာက္ေတြကို ပိုမိုတာရွည္ခံေအာင္ ထည္႔ေပးရတဲ႔ဓာတုပစၥည္းေတြျဖစ္ၿပီး အျမန္ရ အစားအေသာက္ေရာင္းခ်တဲ႔ဆိုင္ေတြမွာ သံုးစြဲေလ႔ရွိပါတယ္။

အဲဒီအစားအေသာက္ေတြထဲ ထည္႔လို႔ရတဲ႔ပစၥည္းေတြက ေခါင္းကိုက္ျခင္းကိုျဖစ္ေစႏိုင္တယ္လို႔ သိရပါတယ္။ ဒါေၾကာင္႔ ေခါင္းကိုက္ေခါင္းခဲေဝဒနာရွိရင္ အျမန္ရအစားအေသာက္ေတြကို ပံုမွန္စားသံုးျခင္းကို ေလွ်ာ႔ခ်သင္႔ပါတယ္။

၅။ အငန္မ်ားတဲ႔အစားအစာေတြ

အငန္ဓာတ္ပါဝင္မႈမ်ားတဲ႔ အစားအစာေတြဟာလည္း ေခါင္းကိုက္ေခါင္းခဲျခင္းကို ျဖစ္ေစတယ္လို႔ ဆိုၾကပါတယ္။ ဆိုဒီယမ္ဟာ ကြ်န္ေတာ္တို႔ခႏၶာကိုယ္အတြက္လိုအပ္တဲ႔ ဓာတ္တစ္မ်ိဳးပါ။ ဒါေပမယ္႔ ဆိုဒီယမ္ဓာတ္ကို လိုအပ္သည္ထိ ခႏၶာကိုယ္ထဲ ပိုထည္႔မိမယ္ဆုိရင္ ေခါင္းကိုက္ေခါင္းခဲျခင္းကို ျဖစ္ေစပါတယ္။ ဒါေၾကာင္႔ အစားအစာတစ္မ်ိဳးကို မစားခင္ အငန္ဓာတ္မ်ားလားဆိုတာ အရင္စစ္ေဆးပါ။ မ်ားေနရင္ ျပန္ျပင္ခိုင္းသင္႔ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ခေါင်းကိုက်ခေါင်းခဲဝေဒနာက ဆိုးဝါးတဲ့ ဝေဒနာတစ်မျိုးပါ။ ထိုင်လို့လည်းမရ... ထလို့လည်းမရနဲ့ တော်တော်ခံရခက်ပါတယ်။

ခေါင်းကိုက်ခေါင်းခဲဝေဒနာက ဆိုးဝါးတဲ့ ဝေဒနာတစ်မျိုးပါ။ ထိုင်လို့လည်းမရ... ထလို့လည်းမရနဲ့ တော်တော်ခံရခက်ပါတယ်။ ခေါင်းကိုက်ခေါင်းခဲခြင်း ဝေဒနာဟာ အစားအသောက်၊ အနေအထိုင်နဲ့လည်း အများကြီး ဆက်စပ်နေပါတယ်။ ခေါင်းကိုက်ခြင်းကို ပိုမိုဆိုးဝါးစေတဲ့ အစားအသောက်တွေကို သိထားရင်တော့ သတိပြုရှောင်ကြဉ်လို့ရတာပေါ့။

၁။ အနက်ရောင်အရက်နဲ့ ဝိုင်နီ

အရက်သောက်သုံးခြင်းက ခေါင်းကိုက်ခေါင်းခဲဖြစ်စေတဲ့ အကြောင်းရင်းထဲမှာပါတာကိုတော့ သိထားပြီးဖြစ်မှာပါ။ အရက်နာကျရင် ခေါင်းကိုက်ဖူးတဲ့သူတိုင်း ဒါကို သိကြမှာပါ။ ပေမယ့် အရက်အမျိုးအစား ပေါင်းစုံထဲမှာမှ ခေါင်းကိုက်ခြင်းကို ပိုမိုဆိုးရွားစေတဲ့ အရက်အမျိုးအစားတွေကတော့ အနက်ရောင် အရက်တွေနဲ့ ဝိုင်နီတွေပဲဖြစ်ပါတယ်။ အရက်ထဲမှာ အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်တဲ့ တိုင်ယာမင်း (tyramine) ပမာဏမြင့်မားစွာပါဝင်လို့ ခေါင်းကိုက်ခြင်းကို ဆိုးရွားစွာဖြစ်ပေါ်စေနိုင်ပါတယ်။

နောက်တစ်ခုကတော့ အရက်က ရေဓာတ်ခမ်းခြောက်ခြင်းကိုလည်း ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် အရက်သောက်ထားပြီးရင် ညမအိပ်ခင် ရေများများသောက်ဖို့ ဆရာဝန်တွေက အကြံပေးကြတာဖြစ်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းကလည်း ခေါင်းကိုက်ခြင်းကိုဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဝိုင်တစ်ခွက် နှစ်ခွက်သောက်ပြီး ခေါင်းကိုက်လာတယ် ခံစားရရင် ရေတဝကြီးသာ ပြန်သောက်ချလိုက်ပါ။

၂။ ချောကလက်

ချိုမြပြီး စားလို့ကောင်းတယ်ဆိုပေမယ့် ချောကလက်ဟာလည်း ခေါင်းကိုက်ခေါင်းခဲခြင်းကို ဖြစ်စေတဲ့အရာတစ်မျိုးပါပဲ။ ချောကလက်မှာလည်း ခေါင်းကိုက်ခေါင်းခဲခြင်းကိုဖြစ်စေတဲ့ တိုင်ယာမင်း (tyramine) ပမာဏကြွယ်ဝစွာ ပါဝင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ ဓမ္မတာလာနေစဉ် ဟော်မုန်းအပြောင်းအလဲမှာ ချောကလက်စားချင်လာမိတတ်ပြီး tyramine တွေကြောင့် ခေါင်းကိုက်ဝေဒနာခံစားရနိုင်ပါတယ်။

၃။ လူလုပ်အချိုမှုန့်များ (sweeteners)

ဒီနှစ်ပိုင်းတွေထဲမှာ လူလုပ်အချိုမှုန့်တွေ (artificial sweeteners) နဲ့ပတ်သက်တဲ့ ဘေးထွက်ဆိုးကျိုးတွေအကြောင်း ပြောဆိုလာ ကြတာတွေရှိပါတယ်။ ခေါင်းကိုက်ခေါင်းခဲဝေဒနာဟာလည်း ဘေးထွက်ဆိုးကျိုးတွေထဲမှာ တစ်ခုအပါအဝင်ပါပဲ။

Aspartame ဆိုတာ လူသုံးအများဆုံး artificial sweetener တစ်မျိုးဖြစ်ပြီး ကယ်လိုရီ ပါဝင်မှုနည်းတဲ့ မုန့်ပဲသရေစာတွေနဲ့ ဆိုဒါတွေမှာ အတွေ့များပါတယ်။ သကြားအစားထိုး အချိုမှုန့်တစ်မျိုးအဖြစ်လည်း ဝယ်ယူလို့ရပါတယ်။ ဒါပေမယ့် အဲဒီအရာတွေဟာ ခေါင်းကိုက်ခေါင်းခဲဝေဒနာကို နှိုးဆွပေးလို့ ဝေါင်ဝေါင်ကရှေးသင့်ပါတယ်။

၄။ အမြန်ရအစားအစာတွေ (Fast Foods)

မြန်မာနိုင်ငံမှာ အမြန်ရအစားအစာတွေဖြစ်တဲ့ ဟမ်ဘာဂါ၊ ကြက်ကြော်၊ အာလူးကြော်ဆိုင်တွေ မှိုလိုပေါက်လာပြီးနောက်မှာ လူတွေဟာလည်း မိမိတို့ရဲ့အားလပ်ရက်တွေ၊ အားလပ်ချိန်တွေမှာ shopping mall တွေမှာရှိတဲ့ အဲဒီဆိုင်တွေမှာ သွားရောက်စားသောက်ရင်း အချိန်ဖြုန်းလာကြပါတယ်။

ဒါပေမယ့် ခင်ဗျားနှစ်သက်တဲ့ကြက်ကြော်တွေ၊ အာလူးကြော်တွေကလည်း ခေါင်းကိုက်ခေါင်းခဲဝေဒနာဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေ ဖြစ်နေနိုင်ပါတယ်။ MSG ၊ ဆာလ်ဖိုက် (Sulfite) နဲ့ နိုက်ထရိတ် (nitrate) တွေဟာ အစားအသောက်တွေကို ပိုမိုတာရှည်ခံအောင် ထည့်ပေးရတဲ့ဓာတုပစ္စည်းတွေဖြစ်ပြီး အမြန်ရ အစားအသောက်ရောင်းချတဲ့ဆိုင်တွေမှာ သုံးစွဲလေ့ရှိပါတယ်။

အဲဒီအစားအသောက်တွေထဲ ထည့်လို့ရတဲ့ပစ္စည်းတွေက ခေါင်းကိုက်ခြင်းကိုဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ခေါင်းကိုက်ခေါင်းခဲဝေဒနာရှိရင် အမြန်ရအစားအသောက်တွေကို ပုံမှန်စားသုံးခြင်းကို လျှော့ချသင့်ပါတယ်။

၅။ အငန်များတဲ့အစားအစာတွေ

အငန်ဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေဟာလည်း ခေါင်းကိုက်ခေါင်းခဲခြင်းကို ဖြစ်စေတယ်လို့ ဆိုကြပါတယ်။ ဆိုဒီယမ်ဟာ ကျွန်တော်တို့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဓာတ်တစ်မျိုးပါ။ ဒါပေမယ့် ဆိုဒီယမ်ဓာတ်ကို လိုအပ်သည်ထိ ခန္ဓာကိုယ်ထဲ ပိုထည့်မိမယ်ဆိုရင် ခေါင်းကိုက်ခေါင်းခဲခြင်းကို ဖြစ်စေပါတယ်။ ဒါကြောင့် အစားအစာတစ်မျိုးကို မစားခင် အငန်ဓာတ်များလားဆိုတာ အရင်စစ်ဆေးပါ။ များနေရင် ပြန်ပြင်ခိုင်းသင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top