မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×
# Zawgyi Version ဖြင့် ဖတ်ပါ #
(၁)အတန်းပြေးပါ။
(၄)ရည်းစားထားကြည့်ပါ။
(၆)နိုင်ငံရေးလုပ်ပါ။
(၁၂)စာဖတ်ပါ။
Credit: မောင်ငြိမ်းဇေ
# Unicode Version ဖြင့် ဖတ်ပါ #
(၁)အတန်းပြေးပါ။
ကျောင်းလုံးဝမတက်တာမျိုးမဟုတ်ဘဲ အတန်ပြေးဖူးတဲ့ရှိအောင်ပြေးကြည့်ပါ ပျော်စရာကြီးပါ။
(၂)ကျောင်းကပွဲတွေမှာတက်နိုင်သလောက်ပါဝင်လှုပ်ရှားပါ။
သင့်အတွက်ဒီကပွဲတွေကနေ သူငယ်ချင်းအသစ်တွေကော အမှတ်တရတွေပါရစေမှာပါ။
(၃)သူငယ်ချင်းတွေစုပြီး ဗရုတ်ကျပါ။
တစ်ချိန်မှာ ဒီဗရုတ်သုတ်ခတွေကနေ သင့်ကို အမှတ်ရစရာတွေပေးမှာပါ။
(၄)ရည်းစားထားကြည့်ပါ။
ဒီအရွယ်မှာ အချစ်ကိုနည်းနည်းလေးဖြစ်ဖြစ်မည်းစမ်းကြည့်ပါ။သင့်အတွက် တကယ့်ဘဝလက်တွဲဖော်လည်းတွေ့နိုင်ပါတယ်။စတာပါ..
(၅)ပရဟိတလုပ်ငန်းများကိုလုပ်ဆောင်ပါ။
ငယ်ရွယ်နုပျိုစဉ်အပူအပင်ကင်းချိန်မှာ ကူညီရသလောက် ပရဟိတအဖွဲ့တွေနဲ့ပူပေါင်းပြီး လုပ်ဆောင်ပါ။
(၆)နိုင်ငံရေးလုပ်ပါ။
လူငယ်တစ်ယောက်အနေနဲ့ နိုင်ငံရေးလုပ်ငန်းများကို တီးမိခေါက်မိအောင် တက်နိုင်သလောက်ပါဝင်လှုပ်ရှားပါ။
(၇)အတန်းနောက်ကျမှခိုးဝင်ကြည့်ပါ။
စိတ်လှုပ်ရှားစရာအတွေ့အကြုံကို သင်ရရှိမှာသေချာပါတယ်။
(၈)သူငယ်ချင်းတွေနဲ့ခရီးထွက်ပါ။
ခရီး တစ်ခုဟာ သူငယ်ချင်းတွေကြားမှာ ရိုင်းပင်းမှုတွေနဲ့နွေးထွေးတဲ့ အသိုက်အမြုံကို ဖန်တီးပေးမှာပါ။
(၉)သူငယ်ချင်းတွေနဲ့ပျော်စရာရုပ်ပြောင်ဓာတ်ပုံတွေရိုက်ပါ။
နောက်တစ်ချိန်မှာ တကယ်ဖြစ်လာမယ့်တကယ့်အမှတ်တရတွေပါ။
(၁၀)သူငယ်ချင်းတွေအချင်းချင်းနာမည်ပြောင်တွေမှည့်ပါ။
တစ်နေ့ပြန်ဆုံကြရင် နာမည်အရင်းထက် နာမည်ပြောင် တွေက ပိုသတိရနေစေမှာပါ။
(၁၁)အပေါင်းအသင်းများများထားပါ။
သင့်ဘဝကိုပိုမိုနွေးထွေးပျော်စရာကောင်းအောင် အပေါင်းအသင်းများများထားပါ။
(၁၂)စာဖတ်ပါ။
စာအုပ်စာပေကို ကျောင်းတက်ရင်းတက်နိုင်သလောက်ဖတ်ပါ သင့်ဘဝအတွက်အထောက်အကူပြုမှာ အသေအချာပါ။
(၁၃)ကျူတိုရီရယ်ခိုးဖြေကြည့်ပါ။
ပေါက်ကရပြောတယ်မထင်ပါနှင့်။ခိုးချရခြင်းအရသာနှင့် ဆရာမိ၍ ခံစားရသောရသကို ပေးစွမ်းချင်လို့ပါ။
(၁၄)ဆရာဆရာမတွေချစ်အောင်နေပါ။
စာမကြိုးစားရင်တောင် ဆရာဆရာမတွေနဲ့ သင့်မြတ်အောင်နေပြီး ပိုမိုနွေးထွေးတဲ့ ဆက်ဆံရေးကို တည်ဆောက်ပါ။
(၁၅)ပျော်ပျော်နေပြီး ရည်မှန်းချက်အပြည့်အဝထားပါ။
လန်းဆန်းသော လူငယ်တစ်ယောက်ဘဝနှင့် ရိုးသားကြိုးစားဦးတည်ချက်ရှိသောဘဝကိုတည်ဆောက်ပါ။
ဒီအချက်တွေကျောင်းပြီးတဲ့အထိမလုပ်ခဲ့ဘူးဆိုရင် သင့်အတွက်အမှတ်တရတွေသိပ်ရှိမှာမဟုတ်ပါဘူး။
(စာရေးသူ၏အာဘော်မျှသာဖြစ်သည်။)
ဖိုးသူတော် (www.phothutaw.com)
Credit: မောင်ငြိမ်းဇေ
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top