ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အစိုးရက တရား၀င္မသတ္မွတ္ရေသးပါဘူး။

၂၀၁၈ တကၠသိုလ္ဝင္ စာေမးပြဲက်င္းပမယ့္ အခ်ိန္စာရင္းေတြကို ႏိုဝင္ဘာ ၁၈ ရက္က ျမန္မာႏုိင္ငံျပန္တမ္းအမည္ရွိ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာ တစ္ခုမွာ ေဖာ္ျပထားေပမယ့္ စာေမးပြဲက်င္းပမည့္ရက္ကို တရားဝင္အတည္ျပဳ သတ္မွတ္ထားတာမရွိေသးဘူးလို႔  ျမန္မာႏုိင္ငံ စာစစ္ဦးစီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးမ်ိဳးၫြန္႔က ေျပာၾကား သည္။

အဆုိပါေဖ့စ္ဘြတ္ခ္စာမ်က္ႏွာမွာ ေဖာ္ျပထားတဲ့ အခ်ိန္စာရင္းေတြကို ပညာေရးဝန္ထမ္းေတြ အပါအဝင္ ေဖ့စ္ဘြတ္ခ္သံုးစြဲ သူအမ်ားစုက တဆင့္မွ်ေဝေနေပမယ့္ အခ်ိန္စာရင္းပါ ရက္စြဲေတြငက အစီအစဥ္မက်ဘဲ လြဲမွားေနတယ္လို႔ သိရပါတယ္။

‘‘စာေမးပြဲရက္က ညႇိထားတုန္းပဲ ရွိေသးတယ္။ အခုေဖ့စ္ ဘြတ္ခ္မွာတင္တယ္ဆုိတာ ဆရာေတာင္ မသိေသးဘူး။ ဘယ္ရက္ ဆုိတာ အတည္မျပဳရေသးပါဘူး’’လို႔  ဦးမ်ိဳးၫြန္႔က ေျပာပါတယ္။

 တကၠသိုလ္ဝင္စာေမးပြဲ က်င္းပမယ့္ ရက္ကို ျမန္မာႏုိင္ငံ စာစစ္ဦးစီးဌာနကေရြးခ်ယ္ၿပီး ပညာေရးဝန္ႀကီးဌာန ဝန္ႀကီး႐ံုး၊ သက္ဆုိင္ရာဦးစီးဌာနေတြနဲ႔ ညႇိႏိႈင္းကာ သေဘာတူညီခ်က္ရရွိမွပဲ အခ်ိန္စာရင္းကို သတင္းစာေတြကေန တစ္ဆင့္ တရားဝင္ထုတ္ ျပန္ေပးတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ တကၠသုိလ္ဝင္ စာေမးပြဲကို ၂၀၁၇ မတ္လ ၈ ရက္ကေန ၁၇ ရက္အထိ က်င္းပခဲ့တာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
အစိုးရက တရားဝင်မသတ်မှတ်ရသေးပါဘူး။

၂၀၁၈ တက္ကသိုလ်ဝင် စာမေးပွဲကျင်းပမယ့် အချိန်စာရင်းတွေကို နိုဝင်ဘာ ၁၈ ရက်က မြန်မာနိုင်ငံပြန်တမ်းအမည်ရှိ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တစ်ခုမှာ ဖော်ပြထားပေမယ့် စာမေးပွဲကျင်းပမည့်ရက်ကို တရားဝင်အတည်ပြု သတ်မှတ်ထားတာမရှိသေးဘူးလို့  မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ပြောကြား သည်။

အဆိုပါဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားတဲ့ အချိန်စာရင်းတွေကို ပညာရေးဝန်ထမ်းတွေ အပါအဝင် ဖေ့စ်ဘွတ်ခ်သုံးစွဲ သူအများစုက တဆင့်မျှဝေနေပေမယ့် အချိန်စာရင်းပါ ရက်စွဲတွေငက အစီအစဉ်မကျဘဲ လွဲမှားနေတယ်လို့ သိရပါတယ်။

‘‘စာမေးပွဲရက်က ညှိထားတုန်းပဲ ရှိသေးတယ်။ အခုဖေ့စ် ဘွတ်ခ်မှာတင်တယ်ဆိုတာ ဆရာတောင် မသိသေးဘူး။ ဘယ်ရက် ဆိုတာ အတည်မပြုရသေးပါဘူး’’လို့  ဦးမျိုးညွန့်က ပြောပါတယ်။

 တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမယ့် ရက်ကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနကရွေးချယ်ပြီး ပညာရေးဝန်ကြီးဌာန ဝန်ကြီးရုံး၊ သက်ဆိုင်ရာဦးစီးဌာနတွေနဲ့ ညှိနှိုင်းကာ သဘောတူညီချက်ရရှိမှပဲ အချိန်စာရင်းကို သတင်းစာတွေကနေ တစ်ဆင့် တရားဝင်ထုတ် ပြန်ပေးတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တက္ကသိုလ်ဝင် စာမေးပွဲကို ၂၀၁၇ မတ်လ ၈ ရက်ကနေ ၁၇ ရက်အထိ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top