Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အရစ္က်စနစ္ျဖင့္ ကား ၀ယ္ယူရာ၌ က်ပ္သိန္းသုံးရာခန္႔ တန္ဖိုးရွိ ကားအသစ္မ်ားကို စိတ္၀င္စားမႈ ျမင့္တက္ေနၿပီး ေရာင္းအားေကာင္းလာေကာင္းဧရာ၀တီ ဘဏ္ Retail Banking ဌာနၫႊန္ ၾကားေရးမွဴး ဦးေကာလင္းက ေျပာသည္။

‘‘အရစ္က်အေနနဲ႔ ၀ယ္ယူမႈ မွာ Toyota Vios တို႔ Suzuki အိမ္ စီးကားေလးေတြကို ၅၀ ရာခိုင္ႏႈန္းေလာက္၀ယ္ယူၾကတယ္။ က်န္ တဲ့ ၀ယ္ယူမႈအပိုင္းမွာ အျမင့္ပုိင္း ကားေတြကေတာ့ ၀ယ္ယူမႈရွိေပ မယ့္ အစီးအေရအတြက္ကေတာ့ နည္းတာေပါ့’’ ဟု ၎က ေျပာ သည္။ Toyota Vios, Suzuki အ မ်ဳိးအစားမ်ားထဲမွ Grade အေပၚ မူတည္၍ က်ပ္သိန္းသုံးရာႏွင့္ အထက္ ကားသစ္မ်ား အေရာင္း အ၀ယ္ျဖစ္ေနေၾကာင္း  ဦးေကာ လင္းက ေျပာသည္။

ေမာ္ေတာ္ယာဥ္ တင္သြင္း ခြင့္ မူ၀ါဒမထြက္မီ စက္တင္ဘာ ကစ၍ တစ္ပတ္ရစ္ကားေစ်းႏႈန္း မ်ား ျမင့္တက္လာေသာေၾကာင့္ ကားသစ္မ်ားေရာင္းအားေကာင္း လာေၾကာင္း ကား၀ယ္ေရာင္းလုပ္ သူမ်ားက ေျပာသည္။

‘‘တစ္ပတ္ရစ္ကားေတြ ေစ်း တက္သြားတဲ့အခါမွာ လူေတာ္ ေတာ္မ်ားမ်ားက ဘယ္လုိေတြးလဲ ဆိုေတာ့ ဒီေလာက္ေစ်းအမ်ား ႀကီးေပးရမွေတာ့ ဘာထူးေတာ့ မွာလဲ။ ကားအသစ္ပဲစီးၾကေတာ့ မွာေပါ့ဆိုၿပီး အေတြးရလာတယ္’’ ဟု Ford Myanmar မွ ကုန္ပစၥည္း ဆုိင္ရာ ေစ်းကြက္မန္ေနဂ်ာ ဦးဥကၠာက ေျပာသည္။

ထုိ႔ျပင္ ကားမ်ားကို အရစ္ က်၀ယ္ယူရာ၌ တစ္ႏွစ္၊ ၂ ႏွစ္ အတြင္း တစ္ဆင့္ ျပန္လည္ေရာင္း ခ်လုိသူမ်ားသည့္အတြက္ တစ္ ပတ္ရစ္ကားထက္ ကားသစ္မ်ား ေစ်းကြက္အတြင္း ေရာင္းအား ပို ေကာင္းလာေၾကာင္း ျမန္မာႏုိင္ငံ ေမာ္ေတာ္ယာဥ္ေရာင္း၀ယ္ ေရးအသင္း အေထြေထြအတြင္း ေရးမွဴး ဦးရန္မ်ဳိးေအာင္က ေျပာသည္။

ေတာင္ကိုရီးယားႏုိင္ငံထုတ္ လုပ္ငန္းသုံး တစ္ပတ္ရစ္ကားမ်ား ကို အရစ္က်၀ယ္ယူရာတြင္ ကား တန္ဖိုး၏ ၅၀ ရာခိုင္ႏႈန္းကို ပထမ ဆုံးေပးေခ်ၿပီး တစ္ႏွစ္မွ တစ္ႏွစ္ ရွစ္လအတြင္း တစ္လခ်င္းေပးေခ် ႏုိင္ေၾကာင္း Global World ကား အေရာင္းျပခန္း အေရာင္းတာ၀န္ခံ ဦးသန္႔ဇင္ဦးက ေျပာၾကားသည္။

အရစ္က်ေပးေခ်ရာတြင္ အ တိုးႏႈန္းမယူေသာ္လည္း အရစ္က် ကာလ ၾကာရွည္ပါက ကားေစ်း အနည္းငယ္ ပိုမ်ားႏုိင္ေၾကာင္း ၎က ေျပာသည္။

‘‘ကိုရီးယား တစ္ပတ္ရစ္ ကားေတြ၀ယ္မယ္ဆုိရင္ အေရာင္းျပခန္းကို ေသခ်ာေရြးေစခ်င္တယ္။ ကားအပိုပစၥည္းေတြ လိုသေလာက္ရႏုိင္လား။  အရည္အေသြးနဲ႔ တာ၀န္ယူမႈရွိတဲ့ အေရာင္းျပခန္းကို ေရြးခ်ယ္ေစခ်င္ပါတယ္’’ ဟု ဦးသန္႔ဇင္ဦးက ေျပာသည္။

ေမာ္ေတာ္ယာဥ္တင္သြင္း ခြင့္မူ၀ါဒ ထြက္ၿပီးေနာက္ပိုင္း တစ္ပတ္ရစ္ကားေစ်းျမင့္တက္လာမႈ ေၾကာင့္ ကား၀ယ္ယူရန္ ခ်ိန္ဆ ေနရၿပီး အရစ္က်စနစ္ျဖင့္ ကား ၀ယ္ယူတြင္ အတိုးႏႈန္းမ်ားမည္ကို စိုးရိမ္ေၾကာင္း ေဆးကုမၸဏီ၀န္ ထမ္းကိုမ်ဳိးေက်ာ္က ေျပာၾကားသည္။

‘‘အရင္က သိန္းတစ္ရာ့ငါး ဆယ္ေလာက္ဆုိရင္ ကားအသင့္ အတင့္ေလးတစ္စီးေလာက္ ၀ယ္ လို႔ရတယ္။ အခုေစ်းတက္လာ ေတာ့ မ၀ယ္ဘဲဆက္ေစာင့္ရမ လား။ နယ္ျပန္ရင္လည္း ကိုယ္ပိုင္ ကားနဲ႔ဆုိ မိသားစုအတြက္ အ ဆင္ေျပတယ္။ အရစ္က်နဲ႔၀ယ္ ရင္ေတာ့ ကာလၾကာၾကာယူရင္ ကားေစ်းပိုမ်ားသြားမွာ’’ဟု ၎ ကေျပာသည္။

ဘဏ္မ်ားႏွင့္ ခ်ိတ္ဆက္ၿပီး အရစ္က်စနစ္ျဖင့္ ကား၀ယ္ယူ ရာ၌ ကုမၸဏီ၀န္ထမ္းမ်ားျဖစ္ပါက ႐ုံးေထာက္ခံစာ၊ သန္းေခါင္စာ ရင္းႏွင့္ ရရွိသည့္လစာတို႔ကို ျဖည့္ စြက္၍ ဘဏ္သုိ႔ေလွ်ာက္လႊာတင္ ရေၾကာင္း၊ ေလွ်ာက္လႊာတင္ၿပီး ငါးရက္အတြင္း ျပန္လည္အ ေၾကာင္းၾကားေပးေၾကာင္း ဦးေကာလင္းက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
အရစ်ကျစနစ်ဖြင့် ကား ဝယ်ယူရာ၌ ကျပ်သိန်းသုံးရာခန့် တန်ဖိုးရှိ ကားအသစ်များကို စိတ်ဝင်စားမှု မြင့်တက်နေပြီး ရောင်းအားကောင်းလာကောင်းဧရာဝတီ ဘဏ် Retail Banking ဌာနညွှန် ကြားရေးမှူး ဦးကောလင်းက ပြောသည်။

‘‘အရစ်ကျအနေနဲ့ ဝယ်ယူမှု မှာ Toyota Vios တို့ Suzuki အိမ် စီးကားလေးတွေကို ၅၀ ရာခိုင်နှုန်းလောက်ဝယ်ယူကြတယ်။ ကျန် တဲ့ ဝယ်ယူမှုအပိုင်းမှာ အမြင့်ပိုင်း ကားတွေကတော့ ဝယ်ယူမှုရှိပေ မယ့် အစီးအရေအတွက်ကတော့ နည်းတာပေါ့’’ ဟု ၎င်းက ပြော သည်။ Toyota Vios, Suzuki အ မျိုးအစားများထဲမှ Grade အပေါ် မူတည်၍ ကျပ်သိန်းသုံးရာနှင့် အထက် ကားသစ်များ အရောင်း အဝယ်ဖြစ်နေကြောင်း  ဦးကော လင်းက ပြောသည်။

မော်တော်ယာဉ် တင်သွင်း ခွင့် မူဝါဒမထွက်မီ စက်တင်ဘာ ကစ၍ တစ်ပတ်ရစ်ကားဈေးနှုန်း များ မြင့်တက်လာသောကြောင့် ကားသစ်များရောင်းအားကောင်း လာကြောင်း ကားဝယ်ရောင်းလုပ် သူများက ပြောသည်။

‘‘တစ်ပတ်ရစ်ကားတွေ ဈေး တက်သွားတဲ့အခါမှာ လူတော် တော်များများက ဘယ်လိုတွေးလဲ ဆိုတော့ ဒီလောက်ဈေးအများ ကြီးပေးရမှတော့ ဘာထူးတော့ မှာလဲ။ ကားအသစ်ပဲစီးကြတော့ မှာပေါ့ဆိုပြီး အတွေးရလာတယ်’’ ဟု Ford Myanmar မှ ကုန်ပစ္စည်း ဆိုင်ရာ ဈေးကွက်မန်နေဂျာ ဦးဥက္ကာက ပြောသည်။

ထို့ပြင် ကားများကို အရစ် ကျဝယ်ယူရာ၌ တစ်နှစ်၊ ၂ နှစ် အတွင်း တစ်ဆင့် ပြန်လည်ရောင်း ချလိုသူများသည့်အတွက် တစ် ပတ်ရစ်ကားထက် ကားသစ်များ ဈေးကွက်အတွင်း ရောင်းအား ပို ကောင်းလာကြောင်း မြန်မာနိုင်ငံ မော်တော်ယာဉ်ရောင်းဝယ် ရေးအသင်း အထွေထွေအတွင်း ရေးမှူး ဦးရန်မျိုးအောင်က ပြောသည်။

တောင်ကိုရီးယားနိုင်ငံထုတ် လုပ်ငန်းသုံး တစ်ပတ်ရစ်ကားများ ကို အရစ်ကျဝယ်ယူရာတွင် ကား တန်ဖိုး၏ ၅၀ ရာခိုင်နှုန်းကို ပထမ ဆုံးပေးချေပြီး တစ်နှစ်မှ တစ်နှစ် ရှစ်လအတွင်း တစ်လချင်းပေးချေ နိုင်ကြောင်း Global World ကား အရောင်းပြခန်း အရောင်းတာဝန်ခံ ဦးသန့်ဇင်ဦးက ပြောကြားသည်။

အရစ်ကျပေးချေရာတွင် အ တိုးနှုန်းမယူသော်လည်း အရစ်ကျ ကာလ ကြာရှည်ပါက ကားဈေး အနည်းငယ် ပိုများနိုင်ကြောင်း ၎င်းက ပြောသည်။

‘‘ကိုရီးယား တစ်ပတ်ရစ် ကားတွေဝယ်မယ်ဆိုရင် အရောင်းပြခန်းကို သေချာရွေးစေချင်တယ်။ ကားအပိုပစ္စည်းတွေ လိုသလောက်ရနိုင်လား။  အရည်အသွေးနဲ့ တာဝန်ယူမှုရှိတဲ့ အရောင်းပြခန်းကို ရွေးချယ်စေချင်ပါတယ်’’ ဟု ဦးသန့်ဇင်ဦးက ပြောသည်။

မော်တော်ယာဉ်တင်သွင်း ခွင့်မူဝါဒ ထွက်ပြီးနောက်ပိုင်း တစ်ပတ်ရစ်ကားဈေးမြင့်တက်လာမှု ကြောင့် ကားဝယ်ယူရန် ချိန်ဆ နေရပြီး အရစ်ကျစနစ်ဖြင့် ကား ဝယ်ယူတွင် အတိုးနှုန်းများမည်ကို စိုးရိမ်ကြောင်း ဆေးကုမ္ပဏီဝန် ထမ်းကိုမျိုးကျော်က ပြောကြားသည်။

‘‘အရင်က သိန်းတစ်ရာ့ငါး ဆယ်လောက်ဆိုရင် ကားအသင့် အတင့်လေးတစ်စီးလောက် ဝယ် လို့ရတယ်။ အခုဈေးတက်လာ တော့ မဝယ်ဘဲဆက်စောင့်ရမ လား။ နယ်ပြန်ရင်လည်း ကိုယ်ပိုင် ကားနဲ့ဆို မိသားစုအတွက် အ ဆင်ပြေတယ်။ အရစ်ကျနဲ့ဝယ် ရင်တော့ ကာလကြာကြာယူရင် ကားဈေးပိုများသွားမှာ’’ဟု ၎င်း ကပြောသည်။

ဘဏ်များနှင့် ချိတ်ဆက်ပြီး အရစ်ကျစနစ်ဖြင့် ကားဝယ်ယူ ရာ၌ ကုမ္ပဏီဝန်ထမ်းများဖြစ်ပါက ရုံးထောက်ခံစာ၊ သန်းခေါင်စာ ရင်းနှင့် ရရှိသည့်လစာတို့ကို ဖြည့် စွက်၍ ဘဏ်သို့လျှောက်လွှာတင် ရကြောင်း၊ လျှောက်လွှာတင်ပြီး ငါးရက်အတွင်း ပြန်လည်အ ကြောင်းကြားပေးကြောင်း ဦးကောလင်းက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top