ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

သင္ဟာ ရုတ္တရက္ေၾကာက္လန္႔ျခင္းျဖစ္ျပီး ထိုေၾကာက္လန္႔မႈကို မိနစ္ေပါင္းမ်ားစြာၾကာသည္အထိ ခံစားရတာမ်ိဳးျဖစ္ဖူးပါသလား။ ဒီအေျခအေနတြင္ သင္ဟာ တျခားဘာကိုမွမစဥ္းစားနိုင္ေအာင္ သို႔ အလုပ္ဆက္မလုပ္နုိင္ေအာင္ ျဖစ္နို္င္ပါတယ္။ ဒီအေျခအေနကို အေၾကာက္လြန္ေရာဂါလို႔ ေခၚတယ္။ အေၾကာက္လြန္ေရာဂါအေၾကာင္းကို သင္ၾကားဖူးလား။ ဆန္းစစ္ၾကည့္ရေအာင္။

သင့္ရဲ႕လကၡဏာေတြကို ဆန္းစစ္ၾကည့္ပါ။

လူေတာ္ေတာ္မ်ားမ်ားဟာ သူတို႔ရဲ႕ဘ၀မွာ အေၾကာက္လြန္ျခင္းကို တစ္ၾကိမ္ သို႔မဟုတ္ ႏွစ္ၾကိမ္ခံစားဖူူူးၾကတယ္။ အေၾကာက္လြန္ျခင္းဟာ အလြန္ထိတ္လန္႔စရာေကာင္းပါတယ္။ အေၾကာက္လြန္ေနခ်ိန္တြင္ သင္ဟာ ဘာကိုမွမေတြးနိုင္၊ အသက္မရွဴနုိင္ေအာင္ အသိစိတ္လြတ္ေနတတ္တယ္။ အမွန္တကယ္အႏၱရာယ္မရွိေသာ္လည္း အလြန္အမင္းစိတ္ပူေနတတ္္တယ္။ စိတ္ဒဏ္ရာရေစတဲ့ စိတ္ဖိစီးမွဳ ကိုျဖစ္ေစတဲ့ အျဖစ္အပ်က္ေတြေက်ာ္လြန္သြားတဲ့အခါ ဒီလကၡဏာေတြဟာ သက္သာသြားတတ္တယ္။
တခ်ိဳ႕လူေတြက အေၾကာက္လြန္ျခင္းေၾကာင့္ ႏွလံုးရပ္သြားတဲ့အထိ ျပင္းျပင္းထန္ထန္ ျဖစ္သြားတတ္ၾကတယ္။
အကယ္၍ သင့္မွာ အေၾကာက္လြန္ေရာဂါရွိမယ္ဆိုရင္ သင္ဟာဒီလကၡဏာေတြကို ခံစားရနိုင္တယ္။

• သင္ဟာ ရုတ္တရက္ အေၾကာက္လြန္ျခင္းနွင့္္ စိုးရိမ္ပူပန္ျခင္းကို ထပ္ခါထပ္ခါ ခံစားရနိုင္တယ္။ ဒီခံစားခ်က္က အျမဲလႊမ္းမိုးေနတတ္တယ္။
• တခါတေလ သင္ဟာ အသိစိိတ္လြတ္သြားသလို ခံစားရတယ္။ အေသအလဲေၾကာက္ရြံ႕ေနတတ္တယ္။
• အေၾကာက္လြန္ေနစဥ္မွာ ႏွလံုးခုန္သံက်ယ္ျပီး အရမ္းျမန္ျခင္း၊ ေခၽြးထြက္ျခင္း၊ ခ်မ္းစိမ့္ေနျခင္း၊ တုန္ေနျခင္း၊ အသက္ရွဴရခက္ျခင္း၊ အားနည္းျခင္း သို့မဟုတ္ မူးေဝျခင္း၊ လက္ေတြထံုက်ဥ္ျခင္း၊ ရင္ဘက္ေအာင့္ျခင္း၊ ဗိုက္္ေအာင့္ျခင္း ႏွင့္ ပ်ိဳ႕တက္ျခင္းတို႔ကို ခံစားရနိုင္တယ္။
• ဒီလိုမ်ိဳး ေနာက္တစ္ၾကိမ္ျဖစ္မွာကို စိတ္ပူပန္ေနတတ္တယ္။
• အရင္က အေၾကာက္လြန္ျခင္းကို ခံစားထားဖူးတဲ့ ေနရာမွာ ဆက္မေနလိုေတာ့ဘူး။
• သင့္ရဲ႕အေၾကာက္လြန္ျခင္းဟာ အဲဒီ အရာျဖစ္တဲ့အခ်ိန္မွာ သင္ေတြးေန လုပ္ေနတာေတြနဲ့ ဆက္စပ္မွဳရွိတယ္လို႔ ထင္ေနတတ္တယ္။
အေၾကာက္လြန္ျခင္းကိုခံစားရတဲ့အခါ ရုပ္ပိုင္းဆိုင္ရာ လကၡဏာေတြလည္း ျဖစ္ေပၚတတ္တယ္။
• ႏွလံုးခုန္ျမန္လာမယ္။
• ေခၽြးစီးေတြ ထြက္မယ္။
• ခ်မ္းလြန္းျပီး အသက္ရွဴရခက္မယ္။
• ရင္ဘက္ႏွင့္ ဗိုက္ေအာင့္မယ္။
• အားနည္းမူးေ၀သလို ခံစားရမယ္။
• လက္ေတြ ထံုေနမယ္။
အကယ္၍ သင္ဟာ ေၾကာက္ရြံ႕ျခင္းႏွင့္ စိတ္ပူပန္ျခင္းကို မၾကာခဏခံစားရျပီး အေၾကာက္တရားက ဖုံးလႊမ္းေနလ်ွင္ အေၾကာက္လြန္ေရာဂါ ရေနတာျဖစ္တတ္္တယ္။ ဒါေပမယ့္ အေၾကာင္းျပခ်က္မရွိဘဲ ေၾကာက္တိုင္း အေၾကာက္လြန္ေရာဂါ ရေနတာမဟုတ္ပါဘူး။

အေၾကာက္လြန္ေရာဂါကို ဘယ္လိုကုသမလဲ။

အေၾကာက္လြန္ေရာဂါဟာ ကုသလို႔ရပါတယ္။ သင့္မွာ အေၾကာက္လြန္ေရာဂါ ရွိေနတယ္လို႔ ခံစားရလ်ွင္ ဆရာ၀န္ႏွင့္ ျပသပါ။ ေစာစီးစြာကုုသျခင္းက သင့္ကို ဒီအေျခအေနမွ ျပန္ေကာင္းလာေစျပီး   ေရာဂါပိုဆိုးလာျခင္းမွလည္း ကာကြယ္ေပးပါလိမ့္မယ္။ ကုသနည္းတြင္ စိတ္ေရာဂါကုထံုးႏွင့္ ေဆး၀ါးမ်ားပါဝင္ပါတယ္။ သင္ဟာ အေၾကာင္းျပခ်က္မရွိိဘဲ ေၾကာက္ျခင္းကို ခံစားေနရပါက ဆရာ၀န္ကိုေျပာျပနုိင္ပါတယ္။ ဆရာ၀န္မွ သင့္အားအေၾကာက္လြန္ေရာဂါ ရွိ၊မရွိ ဆံုးျဖတ္ေပးပါလိမ့္မယ္။ ေရာဂါရွိလွ်င္ ခ်က္ခ်င္းကုသမွဳ ခံယူပါ။ ေရာဂါမရွိပါကလည္း ဆရာ၀န္မွ သင့္အားေရာဂါမျဖစ္ေစရန္ ကာကြယ္မႈေပးပါလိမ့္မယ္။

သင့္ရဲ႔ ဘ၀ေနထိုင္မွဳပံုစံေတြကို ခ်ိန္ဆနိုင္ေၾကာင္း သတိျပဳပါ။ က်န္းမာတဲ့ ဘ၀ေနထိုင္နည္းေတြက သင့္ကို အဆိုးျမင္တတ္တဲ့အေတြးအေခၚေတြကင္းေစျပီး အေၾကာင္းရင္းမရွိဘဲ   ေၾကာက္ျခင္းကို   ေလွ်ာ့ခ်ေပးပါလိမ့္မယ္။ က်န္းမာေစမယ့္ အစားအစာကိုစားပါ၊ ေလ့က်င့္ခန္းလုပ္ပါ၊ လံုေလာက္စြာ အိပ္ပါ၊ အကူအညီေပးနိုင္တဲ့ စိတ္ခ်ရတဲ့ လူေတြနဲ့ စကားေျပာပါ။ သင့္ဘ၀တြင္ စိတ္ဖိစီးစရာေတြကို ခြင့္မျပဳပါနွင့္။

သင္ဟာ တခါတေလမွာ စိုးရိမ္ပူပန္တာ၊ စိတ္ဓါတ္က်တာ၊ တစ္စံုတစ္ခုကို ေၾကာက္လန္႔တာေတြကို ခံစားရနိုင္တယ္။ ဒါဟာ သာမန္ျဖစ္ရိုးျဖစ္စဥ္ ျဖစ္ျပီး ေဆးကုသမွဳမလိုအပ္ပါ။ ဒါေပမယ့္ အေၾကာက္လြန္ေရာဂါအျဖစ္ ေျပာင္းလဲသြားျပီး ကုုသမွဳမခံယူဘူးဆိုလွ်င္ သင့္အေနနဲ့ စိိတ္ေရာဂါျပႆနာကို ခံစားရျပီး သင့္အလုပ္၊ ေက်ာင္း ႏွင့္ လူေနမွဳဘ၀ေတြကိုပါ ထိခိုက္နိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
သင်ဟာ ရုတ်တရက်ကြောက်လန့်ခြင်းဖြစ်ပြီး ထိုကြောက်လန့်မှုကို မိနစ်ပေါင်းများစွာကြာသည်အထိ ခံစားရတာမျိုးဖြစ်ဖူးပါသလား။ ဒီအခြေအနေတွင် သင်ဟာ တခြားဘာကိုမှမစဉ်းစားနိုင်အောင် သို့ အလုပ်ဆက်မလုပ်နိုင်အောင် ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေကို အကြောက်လွန်ရောဂါလို့ ခေါ်တယ်။ အကြောက်လွန်ရောဂါအကြောင်းကို သင်ကြားဖူးလား။ ဆန်းစစ်ကြည့်ရအောင်။

သင့်ရဲ့လက္ခဏာတွေကို ဆန်းစစ်ကြည့်ပါ။

လူတော်တော်များများဟာ သူတို့ရဲ့ဘဝမှာ အကြောက်လွန်ခြင်းကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခံစားဖူူူးကြတယ်။ အကြောက်လွန်ခြင်းဟာ အလွန်ထိတ်လန့်စရာကောင်းပါတယ်။ အကြောက်လွန်နေချိန်တွင် သင်ဟာ ဘာကိုမှမတွေးနိုင်၊ အသက်မရှူနိုင်အောင် အသိစိတ်လွတ်နေတတ်တယ်။ အမှန်တကယ်အန္တရာယ်မရှိသော်လည်း အလွန်အမင်းစိတ်ပူနေတတ်တယ်။ စိတ်ဒဏ်ရာရစေတဲ့ စိတ်ဖိစီးမှု ကိုဖြစ်စေတဲ့ အဖြစ်အပျက်တွေကျော်လွန်သွားတဲ့အခါ ဒီလက္ခဏာတွေဟာ သက်သာသွားတတ်တယ်။
တချို့လူတွေက အကြောက်လွန်ခြင်းကြောင့် နှလုံးရပ်သွားတဲ့အထိ ပြင်းပြင်းထန်ထန် ဖြစ်သွားတတ်ကြတယ်။
အကယ်၍ သင့်မှာ အကြောက်လွန်ရောဂါရှိမယ်ဆိုရင် သင်ဟာဒီလက္ခဏာတွေကို ခံစားရနိုင်တယ်။

• သင်ဟာ ရုတ်တရက် အကြောက်လွန်ခြင်းနှင့်် စိုးရိမ်ပူပန်ခြင်းကို ထပ်ခါထပ်ခါ ခံစားရနိုင်တယ်။ ဒီခံစားချက်က အမြဲလွှမ်းမိုးနေတတ်တယ်။
• တခါတလေ သင်ဟာ အသိစိတ်လွတ်သွားသလို ခံစားရတယ်။ အသေအလဲကြောက်ရွံ့နေတတ်တယ်။
• အကြောက်လွန်နေစဉ်မှာ နှလုံးခုန်သံကျယ်ပြီး အရမ်းမြန်ခြင်း၊ ချွေးထွက်ခြင်း၊ ချမ်းစိမ့်နေခြင်း၊ တုန်နေခြင်း၊ အသက်ရှူရခက်ခြင်း၊ အားနည်းခြင်း သို့မဟုတ် မူးဝေခြင်း၊ လက်တွေထုံကျဉ်ခြင်း၊ ရင်ဘက်အောင့်ခြင်း၊ ဗိုက်အောင့်ခြင်း နှင့် ပျို့တက်ခြင်းတို့ကို ခံစားရနိုင်တယ်။
• ဒီလိုမျိုး နောက်တစ်ကြိမ်ဖြစ်မှာကို စိတ်ပူပန်နေတတ်တယ်။
• အရင်က အကြောက်လွန်ခြင်းကို ခံစားထားဖူးတဲ့ နေရာမှာ ဆက်မနေလိုတော့ဘူး။
• သင့်ရဲ့အကြောက်လွန်ခြင်းဟာ အဲဒီ အရာဖြစ်တဲ့အချိန်မှာ သင်တွေးနေ လုပ်နေတာတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ ထင်နေတတ်တယ်။
အကြောက်လွန်ခြင်းကိုခံစားရတဲ့အခါ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေလည်း ဖြစ်ပေါ်တတ်တယ်။
• နှလုံးခုန်မြန်လာမယ်။
• ချွေးစီးတွေ ထွက်မယ်။
• ချမ်းလွန်းပြီး အသက်ရှူရခက်မယ်။
• ရင်ဘက်နှင့် ဗိုက်အောင့်မယ်။
• အားနည်းမူးဝေသလို ခံစားရမယ်။
• လက်တွေ ထုံနေမယ်။
အကယ်၍ သင်ဟာ ကြောက်ရွံ့ခြင်းနှင့် စိတ်ပူပန်ခြင်းကို မကြာခဏခံစားရပြီး အကြောက်တရားက ဖုံးလွှမ်းနေလျှင် အကြောက်လွန်ရောဂါ ရနေတာဖြစ်တတ်တယ်။ ဒါပေမယ့် အကြောင်းပြချက်မရှိဘဲ ကြောက်တိုင်း အကြောက်လွန်ရောဂါ ရနေတာမဟုတ်ပါဘူး။

အကြောက်လွန်ရောဂါကို ဘယ်လိုကုသမလဲ။

အကြောက်လွန်ရောဂါဟာ ကုသလို့ရပါတယ်။ သင့်မှာ အကြောက်လွန်ရောဂါ ရှိနေတယ်လို့ ခံစားရလျှင် ဆရာဝန်နှင့် ပြသပါ။ စောစီးစွာကုုသခြင်းက သင့်ကို ဒီအခြေအနေမှ ပြန်ကောင်းလာစေပြီး   ရောဂါပိုဆိုးလာခြင်းမှလည်း ကာကွယ်ပေးပါလိမ့်မယ်။ ကုသနည်းတွင် စိတ်ရောဂါကုထုံးနှင့် ဆေးဝါးများပါဝင်ပါတယ်။ သင်ဟာ အကြောင်းပြချက်မရှိဘဲ ကြောက်ခြင်းကို ခံစားနေရပါက ဆရာဝန်ကိုပြောပြနိုင်ပါတယ်။ ဆရာဝန်မှ သင့်အားအကြောက်လွန်ရောဂါ ရှိ၊မရှိ ဆုံးဖြတ်ပေးပါလိမ့်မယ်။ ရောဂါရှိလျှင် ချက်ချင်းကုသမှု ခံယူပါ။ ရောဂါမရှိပါကလည်း ဆရာဝန်မှ သင့်အားရောဂါမဖြစ်စေရန် ကာကွယ်မှုပေးပါလိမ့်မယ်။

သင့်ရဲ့ ဘဝနေထိုင်မှုပုံစံတွေကို ချိန်ဆနိုင်ကြောင်း သတိပြုပါ။ ကျန်းမာတဲ့ ဘဝနေထိုင်နည်းတွေက သင့်ကို အဆိုးမြင်တတ်တဲ့အတွေးအခေါ်တွေကင်းစေပြီး အကြောင်းရင်းမရှိဘဲ   ကြောက်ခြင်းကို   လျှော့ချပေးပါလိမ့်မယ်။ ကျန်းမာစေမယ့် အစားအစာကိုစားပါ၊ လေ့ကျင့်ခန်းလုပ်ပါ၊ လုံလောက်စွာ အိပ်ပါ၊ အကူအညီပေးနိုင်တဲ့ စိတ်ချရတဲ့ လူတွေနဲ့ စကားပြောပါ။ သင့်ဘဝတွင် စိတ်ဖိစီးစရာတွေကို ခွင့်မပြုပါနှင့်။

သင်ဟာ တခါတလေမှာ စိုးရိမ်ပူပန်တာ၊ စိတ်ဓါတ်ကျတာ၊ တစ်စုံတစ်ခုကို ကြောက်လန့်တာတွေကို ခံစားရနိုင်တယ်။ ဒါဟာ သာမန်ဖြစ်ရိုးဖြစ်စဉ် ဖြစ်ပြီး ဆေးကုသမှုမလိုအပ်ပါ။ ဒါပေမယ့် အကြောက်လွန်ရောဂါအဖြစ် ပြောင်းလဲသွားပြီး ကုုသမှုမခံယူဘူးဆိုလျှင် သင့်အနေနဲ့ စိတ်ရောဂါပြဿနာကို ခံစားရပြီး သင့်အလုပ်၊ ကျောင်း နှင့် လူနေမှုဘဝတွေကိုပါ ထိခိုက်နိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top