Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဟိုမင္းသမီးေလးေျပာတဲ႔ Push up bra ေတြ၊ Double Push up Bra ေတြကို ဒီေန႕မွာ ခဏေလာက္ ေမ႔ထားလိုက္ပါ။

ဒီေန႔ဟာ အျပည္ျပည္ဆိုင္ရာ ဘရာစီယာဆန္႔က်င္ေရးေန႔ ျဖစ္ပါတယ္။ ရင္သားကင္ဆာေရာဂါ ဆန္႔က်င္ေရးအျဖစ္ ပညာေပးလႈံ႕ေဆာ္လိုတဲ႔အတြက္ ဒီေန႔မွာအမ်ိဳးသမီးေတြကို ဘရာစီယာခြ်တ္ထားဖို႔ တိုက္တြန္းထားပါတယ္ေနာ္။ ဒီေန႔ေလးကို ၂၀၁၁ ခုွႏွစ္က စတင္က်င္းပခဲ႔ၿပီး Twitter လူမႈကြန္ရက္ေပၚမွာ #NoBraDay ဆိုတဲ႔ hashtag နဲ႔ ကမ္ပိန္းေတြျပဳလုပ္ခဲ႔ရာကစၿပီး လူသိမ်ားထင္ရွား လာခဲ႔ပါတယ္။

အမွန္ေတာ႔ ေအာက္တိုဘာလ တစ္လလံုးဟာ တစ္ကမၻာလံုးက အမ်ိဳးသမီးေတြကို ခ်ိန္းေျခာက္ေနတဲ႔ ရင္သားကင္ဆာေရာဂါနဲ႔ ပတ္သက္ၿပီး အသိပညာေပး လႈံ႕ေဆာ္ေပးမယ္႔လ ျဖစ္ပါတယ္။ ဘရာစီယာဝတ္ျခင္းနဲ႔ ရင္သား ကင္ဆာေရာဂါဟာလည္း ဆက္ႏြယ္ေနတဲ႔အတြက္ ဒီေန႔ "No Bra Day" မွာ ဘရာစီယာမဝတ္ဖို႔ တိုက္တြန္းအားေပးၾကတာ ျဖစ္ပါတယ္။ ဘရာစီယာကို အျမဲလိုလို ဝတ္ထားမယ္ဆိုရင္ ျဖစ္ႏိုင္တဲ႔ အက်ိဳးဆက္ေတြကေတာ႔....

၁။ ေသြးလည္ပတ္မႈေႏွးေကြးျခင္း

တကယ္လို႔ အမ်ိဳးသမီးေတြဟာ ဘရာစီယာဝတ္ၿပီး အိပ္ယာဝင္မယ္ဆိုရင္ မနက္မိုးလင္းရင္ ၾကံဳေတြ႕ရႏိုင္တဲ႔ အရာတစ္ခုကေတာ႔ ေသြးလည္ပတ္မႈ ပိတ္ဆို႔တာပါပဲ။ တကယ္လို႔ ဘရာစီယာထဲမွာ ဝိုင္ယာႀကိဳးခံထားတယ္ဆိုရင္ ျဖစ္ႏိုင္ေျခပိုမ်ားပါတယ္။

ဘရာစီယာထဲမွာ ဝိုင္ယာႀကိဳးခံထားတယ္ဆိုရင္ အေရျပားေပၚမွာ တင္းၾကပ္စြာ သြားဖိမိၿပီး ရင္အုပ္ၾကြက္သားေတြေပၚမွာ ဖိအားသြားသက္ေရာက္ေနမွာပါ။ အဲဒီကတဆင္႔ လက္ေမာင္းေပၚက အာရံုေၾကာေတြကိုပါ သြားၿပီး သက္ေရာက္မႈျဖစ္ႏိုင္ပါတယ္။ အက်ိဳးဆက္အျဖစ္ ရင္သားတစ္ရွဴးေတြကို နာက်င္ေစတာတို႔၊ ေသြးေၾကာပိတ္တာတို႔လည္း ျဖစ္ႏိုင္ပါတယ္။

၂။ အေရျပားယားယံျခင္း

အိပ္ယာထဲမွာ ဘရာစီယာဝတ္ျခင္းရဲ႕ ထင္ရွားတဲ႔ ေဘးထြက္ဆိုးက်ိဳးေနာက္တစ္ခုကေတာ႔ အေရျပားယားယံျခင္းပါပဲ။ ဒါ႔အျပင္ ဘရာစီယာခ်ိတ္ (ဂ်ိတ္) ေတြဟာ အေရျပားထဲကို စူးဝင္ေစႏိုင္သလို ေဘးသိုင္းႀကိဳးေတြကလည္း အေရျပားကို တင္းၾကပ္စြာ ခ်ဳပ္ေႏွာင္ထားႏိုင္ပါတယ္။ အဲဒီဒဏ္ေတြက ၾကာလာရင္ အမာရြတ္တို႔၊ အေရၾကည္ဖုတို႔ ျဖစ္လာႏိုင္ပါတယ္။ ညအခ်ိန္မွာေတာ႔ သာမန္ နာက်င္မႈေလးပဲဆိုၿပီး သတိမျပဳမိႏိုင္ေပမယ္႔ အေရျပားက်န္းမာေရးနဲ႔ အလွအပေပၚမွာေတာ႔ ႀကီးမားတဲ႔သက္ေရာက္မႈတစ္ခု ရွိေစႏိုင္မွာပါ။

၃။ ဂနာမၿငိမ္ျဖစ္ျခင္း

ညအခ်ိန္မွာ အေရျပားယားယံျခင္းေၾကာင္႔ ျဖစ္လာႏိုင္တဲ႔ ေနာက္ထပ္အက်ိဳးဆက္တစ္ခုကေတာ႔ အိပ္ယာထဲမွာ ဂနာမၿငိမ္၊ လႈပ္လႈပ္ရြရြျဖစ္ၿပီး အိပ္ေရးပ်က္ရျခင္းပါပဲ။ အိပ္ေရးပ်က္လို႔ ခႏၶာကိုယ္ စြမ္းအင္ေတြ ဆံုးရႈံးရရံုသာမက ဦးေႏွာက္အနားမရျခင္း၊ မ်က္ကြင္းညိဳမႈေၾကာင္႔ အလွပ်က္ျခင္းတို႔ကိုပါ ရင္ဆိုင္ရႏိုင္ေျခရွိပါတယ္။

၄။ အေရျပားအေရာင္ေျပာင္းျခင္း (hyperpigmentation)

ဒီလိုအေျခအေနမ်ိဳးဟာ အသားျဖဴတဲ႔လူေတြမွာ ပိုအျဖစ္မ်ားပါတယ္။ ဘရာစီယာရဲ႕ တင္းၾကပ္စြာ စည္းေႏွာင္မႈနဲ႔ ခ်ိတ္ေတြ၊ သိုင္းႀကိဳးေတြေၾကာင္႔ ရင္သားနဲ႔ ရင္သားေဘး ဧရိယာေတြမွာ ဒဏ္ျဖစ္ႏိုင္သလို အေရျပားအေရာင္ေျပာင္းလဲျခင္းလည္း ျဖစ္ႏိုင္ပါတယ္။

ဥပမာ... ဘရာစီယာ ပံုမွန္ဝတ္ေလ႔ရွိတဲ႔နားမွာ အရာႀကီးေတြထင္ေနတာတို႔၊ အေရျပားအေရာင္ရင္႔ေနတာတို႔ ျဖစ္တတ္ပါတယ္။ တစ္နည္းအားျဖင္႔ေျပာရရင္ ဘရာစီယာေအာက္က ဧရိယာေတြကို ခႏၶာကိုယ္တျခားေနရာေတြထက္ အေရာင္ပိုရင္႔ေစျခင္း (သို႕) အေရာင္ပိုေဖ်ာ႔ေစျခင္း အစရွိတဲ႔ အေျခအေနမ်ိဳးပါ။

၅။ မႈိေရာဂါ

ရင္သားမႈိစြဲျခင္းဆိုတာ ဘရာစီယာ အခ်ိန္တိုင္းလိုလို ဝတ္ဆင္ျခင္းေၾကာင္႔ ျဖစ္ပြားတဲ႔ ေရာဂါတစ္မ်ိဳးပါ။ ဘရာစီယာေအာက္က ေႏြးေထြးစိုစြတ္တဲ႔ ပတ္ဝန္းက်င္ေလးဟာ မႈိေရာဂါပိုးေတြအတြက္ ေပ်ာ္ရႊင္စရာ စားက်က္ေျမႀကီး ျဖစ္ေနႏိုင္ပါတယ္။ အမ်ိဳးသမီးအမ်ားစုဟာ သူတို႔ဘဝရဲ႕အခ်ိန္အမ်ားစုမွာ ဘရာစီယာဝတ္ထားတဲ႔အတြက္ မႈိေရာဂါလည္း စြဲေနႏိုင္ေျခ အလြန္မ်ားပါတယ္။ ဒါေၾကာင္႔ ညအိပ္ခ်ိန္မွာ ဘရာစီယာခြ်တ္အိပ္မယ္ဆိုရင္ ရင္သားမႈိစြဲေရာဂါျဖစ္ႏိုင္ေျခ ေလ်ာ႔နည္းသြားမွာပါ။

ေနာက္တစ္ခုကေတာ႔ ညအခ်ိန္မွာပဲ ဘရာစီယာခြ်တ္ရံုတင္မက ျဖစ္ႏိုင္ရင္ ေပါ႔ေပါ႔ပါးပါးအခ်ိန္မ်ိဳးေတြမွာပါ ဘရာစီယာ တတ္ႏိုင္သမွ် ခြ်တ္ထားျခင္းက ရင္သားကင္ဆာနဲ႔တကြ တျခားအေရျပားေရာဂါေတြ ျဖစ္ႏိုင္ေျခကိုလည္း ေလွ်ာ႔ခ်ေပးႏိုင္ပါေသးတယ္ေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ဟိုမင်းသမီးလေးပြောတဲ့ Push up bra တွေ၊ Double Push up Bra တွေကို ဒီနေ့မှာ ခဏလောက် မေ့ထားလိုက်ပါ။

ဒီနေ့ဟာ အပြည်ပြည်ဆိုင်ရာ ဘရာစီယာဆန့်ကျင်ရေးနေ့ ဖြစ်ပါတယ်။ ရင်သားကင်ဆာရောဂါ ဆန့်ကျင်ရေးအဖြစ် ပညာပေးလှုံ့ဆော်လိုတဲ့အတွက် ဒီနေ့မှာအမျိုးသမီးတွေကို ဘရာစီယာချွတ်ထားဖို့ တိုက်တွန်းထားပါတယ်နော်။ ဒီနေ့လေးကို ၂၀၁၁ ခုှနှစ်က စတင်ကျင်းပခဲ့ပြီး Twitter လူမှုကွန်ရက်ပေါ်မှာ #NoBraDay ဆိုတဲ့ hashtag နဲ့ ကမ်ပိန်းတွေပြုလုပ်ခဲ့ရာကစပြီး လူသိများထင်ရှား လာခဲ့ပါတယ်။

အမှန်တော့ အောက်တိုဘာလ တစ်လလုံးဟာ တစ်ကမ္ဘာလုံးက အမျိုးသမီးတွေကို ချိန်းခြောက်နေတဲ့ ရင်သားကင်ဆာရောဂါနဲ့ ပတ်သက်ပြီး အသိပညာပေး လှုံ့ဆော်ပေးမယ့်လ ဖြစ်ပါတယ်။ ဘရာစီယာဝတ်ခြင်းနဲ့ ရင်သား ကင်ဆာရောဂါဟာလည်း ဆက်နွယ်နေတဲ့အတွက် ဒီနေ့ "No Bra Day" မှာ ဘရာစီယာမဝတ်ဖို့ တိုက်တွန်းအားပေးကြတာ ဖြစ်ပါတယ်။ ဘရာစီယာကို အမြဲလိုလို ဝတ်ထားမယ်ဆိုရင် ဖြစ်နိုင်တဲ့ အကျိုးဆက်တွေကတော့....

၁။ သွေးလည်ပတ်မှုနှေးကွေးခြင်း

တကယ်လို့ အမျိုးသမီးတွေဟာ ဘရာစီယာဝတ်ပြီး အိပ်ယာဝင်မယ်ဆိုရင် မနက်မိုးလင်းရင် ကြုံတွေ့ရနိုင်တဲ့ အရာတစ်ခုကတော့ သွေးလည်ပတ်မှု ပိတ်ဆို့တာပါပဲ။ တကယ်လို့ ဘရာစီယာထဲမှာ ဝိုင်ယာကြိုးခံထားတယ်ဆိုရင် ဖြစ်နိုင်ခြေပိုများပါတယ်။

ဘရာစီယာထဲမှာ ဝိုင်ယာကြိုးခံထားတယ်ဆိုရင် အရေပြားပေါ်မှာ တင်းကြပ်စွာ သွားဖိမိပြီး ရင်အုပ်ကြွက်သားတွေပေါ်မှာ ဖိအားသွားသက်ရောက်နေမှာပါ။ အဲဒီကတဆင့် လက်မောင်းပေါ်က အာရုံကြောတွေကိုပါ သွားပြီး သက်ရောက်မှုဖြစ်နိုင်ပါတယ်။ အကျိုးဆက်အဖြစ် ရင်သားတစ်ရှူးတွေကို နာကျင်စေတာတို့၊ သွေးကြောပိတ်တာတို့လည်း ဖြစ်နိုင်ပါတယ်။

၂။ အရေပြားယားယံခြင်း

အိပ်ယာထဲမှာ ဘရာစီယာဝတ်ခြင်းရဲ့ ထင်ရှားတဲ့ ဘေးထွက်ဆိုးကျိုးနောက်တစ်ခုကတော့ အရေပြားယားယံခြင်းပါပဲ။ ဒါ့အပြင် ဘရာစီယာချိတ် (ဂျိတ်) တွေဟာ အရေပြားထဲကို စူးဝင်စေနိုင်သလို ဘေးသိုင်းကြိုးတွေကလည်း အရေပြားကို တင်းကြပ်စွာ ချုပ်နှောင်ထားနိုင်ပါတယ်။ အဲဒီဒဏ်တွေက ကြာလာရင် အမာရွတ်တို့၊ အရေကြည်ဖုတို့ ဖြစ်လာနိုင်ပါတယ်။ ညအချိန်မှာတော့ သာမန် နာကျင်မှုလေးပဲဆိုပြီး သတိမပြုမိနိုင်ပေမယ့် အရေပြားကျန်းမာရေးနဲ့ အလှအပပေါ်မှာတော့ ကြီးမားတဲ့သက်ရောက်မှုတစ်ခု ရှိစေနိုင်မှာပါ။

၃။ ဂနာမငြိမ်ဖြစ်ခြင်း

ညအချိန်မှာ အရေပြားယားယံခြင်းကြောင့် ဖြစ်လာနိုင်တဲ့ နောက်ထပ်အကျိုးဆက်တစ်ခုကတော့ အိပ်ယာထဲမှာ ဂနာမငြိမ်၊ လှုပ်လှုပ်ရွရွဖြစ်ပြီး အိပ်ရေးပျက်ရခြင်းပါပဲ။ အိပ်ရေးပျက်လို့ ခန္ဓာကိုယ် စွမ်းအင်တွေ ဆုံးရှုံးရရုံသာမက ဦးနှောက်အနားမရခြင်း၊ မျက်ကွင်းညိုမှုကြောင့် အလှပျက်ခြင်းတို့ကိုပါ ရင်ဆိုင်ရနိုင်ခြေရှိပါတယ်။

၄။ အရေပြားအရောင်ပြောင်းခြင်း (hyperpigmentation)

ဒီလိုအခြေအနေမျိုးဟာ အသားဖြူတဲ့လူတွေမှာ ပိုအဖြစ်များပါတယ်။ ဘရာစီယာရဲ့ တင်းကြပ်စွာ စည်းနှောင်မှုနဲ့ ချိတ်တွေ၊ သိုင်းကြိုးတွေကြောင့် ရင်သားနဲ့ ရင်သားဘေး ဧရိယာတွေမှာ ဒဏ်ဖြစ်နိုင်သလို အရေပြားအရောင်ပြောင်းလဲခြင်းလည်း ဖြစ်နိုင်ပါတယ်။

ဥပမာ... ဘရာစီယာ ပုံမှန်ဝတ်လေ့ရှိတဲ့နားမှာ အရာကြီးတွေထင်နေတာတို့၊ အရေပြားအရောင်ရင့်နေတာတို့ ဖြစ်တတ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် ဘရာစီယာအောက်က ဧရိယာတွေကို ခန္ဓာကိုယ်တခြားနေရာတွေထက် အရောင်ပိုရင့်စေခြင်း (သို့) အရောင်ပိုဖျော့စေခြင်း အစရှိတဲ့ အခြေအနေမျိုးပါ။

၅။ မှိုရောဂါ

ရင်သားမှိုစွဲခြင်းဆိုတာ ဘရာစီယာ အချိန်တိုင်းလိုလို ဝတ်ဆင်ခြင်းကြောင့် ဖြစ်ပွားတဲ့ ရောဂါတစ်မျိုးပါ။ ဘရာစီယာအောက်က နွေးထွေးစိုစွတ်တဲ့ ပတ်ဝန်းကျင်လေးဟာ မှိုရောဂါပိုးတွေအတွက် ပျော်ရွှင်စရာ စားကျက်မြေကြီး ဖြစ်နေနိုင်ပါတယ်။ အမျိုးသမီးအများစုဟာ သူတို့ဘဝရဲ့အချိန်အများစုမှာ ဘရာစီယာဝတ်ထားတဲ့အတွက် မှိုရောဂါလည်း စွဲနေနိုင်ခြေ အလွန်များပါတယ်။ ဒါကြောင့် ညအိပ်ချိန်မှာ ဘရာစီယာချွတ်အိပ်မယ်ဆိုရင် ရင်သားမှိုစွဲရောဂါဖြစ်နိုင်ခြေ လျော့နည်းသွားမှာပါ။

နောက်တစ်ခုကတော့ ညအချိန်မှာပဲ ဘရာစီယာချွတ်ရုံတင်မက ဖြစ်နိုင်ရင် ပေါ့ပေါ့ပါးပါးအချိန်မျိုးတွေမှာပါ ဘရာစီယာ တတ်နိုင်သမျှ ချွတ်ထားခြင်းက ရင်သားကင်ဆာနဲ့တကွ တခြားအရေပြားရောဂါတွေ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါသေးတယ်နော်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top