ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ညည ႀကိဳးစားအိပ္ေပမယ့္ အိပ္လို႔ မေပ်ာ္ရင္ သိပ္ကို စိတ္ညစ္ရပါတယ္ေနာ္။ ညဖက္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္မေပ်ာ္ရင္ ေနာက္ေန႔မွာ စိတ္ကမၾကည္သလို၊ အခုလို ညဖက္အိပ္ေရးပ်က္တာ၊ အိပ္ေရးမ၀တာေတြဟာ ကိုယ္အေလးခ်ိန္ တက္လာေစႏိုင္ပါတယ္။

အိပ္မေပ်ာ္ျခင္းဆိုတာဘာလဲ

ပင္ပန္းႏြမ္းနယ္ေနတဲ့အခ်ိန္၊ စိတ္ဖိစီးမႈမ်ားေနတဲ့အခ်ိန္၊ အားအင္မရွိတဲ့အခ်ိန္၊ စိတ္ညစ္ညဴးေနတဲ့အခ်ိန္ေတြမွာ အိပ္မေပ်ာ္တာမ်ိဳးျဖစ္တတ္ပါတယ္။ ညဖက္မွာ ခဏခဏ ႏိုးတတ္တာကို ဆိုလိုတာပါ။ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေစဖို႔အတြက္ ဖြားဖြားတို႔လက္ထက္ကတည္းက အသံုးျပဳခဲ့တဲ့ နည္းလမ္းေဟာင္းတ္စခုကို မွ်ေ၀ေပးလိုက္ပါတယ္။

ပ်ားရည္

ပ်ားရည္ဟာ အိပ္မေပ်ာ္ျခင္းကို အေကာင္းဆံုး ကုသေပးႏိုင္ပါတယ္။ ပ်ားရည္ကို ေရွးယခင္ကတည္းက ေဆးျဖစ္၀ါးျဖစ္ အသံုးျပဳခဲ့ၾကၿပီး ပ်ားရည္ဟာ ပင္ပန္းႏြမ္းနယ္ျခင္းကို အေကာင္းဆံုး ကုသေပးႏိုင္ပါတယ္။

ပန္းသီးရွလကာရည္

ပန္းသီးရွလကာရည္ဟာ ပင္ပန္းႏြမ္းနယ္ျခင္းေၾကာင့္ ညည အိပ္မေပ်ာ္ျခင္းကို အေကာင္းဆံုး သက္သာေပ်ာက္ကင္းေစႏိုင္ပါတယ္။

အထက္မွာေဖာ္ျပခဲ့တဲ့ ပန္းသီးရွလကာရည္နဲ႔ ပ်ားရည္ ႏွစ္ဇြန္းဆီကို ေရေႏြးတစ္ခြက္နဲ႔ ေဖ်ာ္လိုက္ၿပီး ညအိပ္ယာမ၀င္ခင္မွာ ေသာက္ေပးပါ။

ညဖက္ ခဏခဏ အိပ္မေပ်ာ္တာမ်ိဳးျဖစ္ေနရင္ သင္အိပ္ယာမ၀င္ခင္ စိတ္ဖိစီးမႈကို ေလွ်ာ့ခ်ဖို႔လိုအပ္ပါတယ္။ ညအိပ္ယာမ၀င္ခင္ ေရေႏြးေႏြးေလးနဲ႔ ေရခ်ိဳးေပးတာဟာလည္း စိတ္ဖိစီးမႈ ပင္ပန္းႏြမ္းနယ္မႈကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ အိပ္ယာထဲမွာ ရွိေနစဥ္မွာလည္း ၀င္ေလထြက္ေလမွတ္တာ၊ အသက္ကို ခပ္ျပင္းျပင္းေလး ရွဴလုိက္ ထုတ္လုိက္လုပ္ေပးတာမ်ိဳး လုပ္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyFood
#Unicode Version#
ညည ကြိုးစားအိပ်ပေမယ့် အိပ်လို့ မပျော်ရင် သိပ်ကို စိတ်ညစ်ရပါတယ်နော်။ ညဖက် နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်ရင် နောက်နေ့မှာ စိတ်ကမကြည်သလို၊ အခုလို ညဖက်အိပ်ရေးပျက်တာ၊ အိပ်ရေးမဝတာတွေဟာ ကိုယ်အလေးချိန် တက်လာစေနိုင်ပါတယ်။

အိပ်မပျော်ခြင်းဆိုတာဘာလဲ

ပင်ပန်းနွမ်းနယ်နေတဲ့အချိန်၊ စိတ်ဖိစီးမှုများနေတဲ့အချိန်၊ အားအင်မရှိတဲ့အချိန်၊ စိတ်ညစ်ညူးနေတဲ့အချိန်တွေမှာ အိပ်မပျော်တာမျိုးဖြစ်တတ်ပါတယ်။ ညဖက်မှာ ခဏခဏ နိုးတတ်တာကို ဆိုလိုတာပါ။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့အတွက် ဖွားဖွားတို့လက်ထက်ကတည်းက အသုံးပြုခဲ့တဲ့ နည်းလမ်းဟောင်းတ်စခုကို မျှဝေပေးလိုက်ပါတယ်။

ပျားရည်

ပျားရည်ဟာ အိပ်မပျော်ခြင်းကို အကောင်းဆုံး ကုသပေးနိုင်ပါတယ်။ ပျားရည်ကို ရှေးယခင်ကတည်းက ဆေးဖြစ်ဝါးဖြစ် အသုံးပြုခဲ့ကြပြီး ပျားရည်ဟာ ပင်ပန်းနွမ်းနယ်ခြင်းကို အကောင်းဆုံး ကုသပေးနိုင်ပါတယ်။

ပန်းသီးရှလကာရည်

ပန်းသီးရှလကာရည်ဟာ ပင်ပန်းနွမ်းနယ်ခြင်းကြောင့် ညည အိပ်မပျော်ခြင်းကို အကောင်းဆုံး သက်သာပျောက်ကင်းစေနိုင်ပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ ပန်းသီးရှလကာရည်နဲ့ ပျားရည် နှစ်ဇွန်းဆီကို ရေနွေးတစ်ခွက်နဲ့ ဖျော်လိုက်ပြီး ညအိပ်ယာမဝင်ခင်မှာ သောက်ပေးပါ။

ညဖက် ခဏခဏ အိပ်မပျော်တာမျိုးဖြစ်နေရင် သင်အိပ်ယာမဝင်ခင် စိတ်ဖိစီးမှုကို လျှော့ချဖို့လိုအပ်ပါတယ်။ ညအိပ်ယာမဝင်ခင် ရေနွေးနွေးလေးနဲ့ ရေချိုးပေးတာဟာလည်း စိတ်ဖိစီးမှု ပင်ပန်းနွမ်းနယ်မှုကို လျှော့ချပေးနိုင်ပါတယ်။ အိပ်ယာထဲမှာ ရှိနေစဉ်မှာလည်း ဝင်လေထွက်လေမှတ်တာ၊ အသက်ကို ခပ်ပြင်းပြင်းလေး ရှူလိုက် ထုတ်လိုက်လုပ်ပေးတာမျိုး လုပ်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: MyFood
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top