


manual ခွ start ပါ။












အရှုပ်အရှင်းကင်း။

Credit: lwinpyin
#Unicode Version#
မော်ဒယ် က 2015 late အိမ်နင်း တစ်လက်ကိုင် ဘယ်နင်း ဆိုက်ကားသန့်သန့်လေးပါ။အော်ဆေး၊ အတိုက်အခိုက်မရှိ၊ grade အမြင့်၊ ရွတ်သမျှပါတယ်။

Air Bag မဟုတ်ပဲ အုန်းဆံ Bag နဲ့လာပါတယ်၊ မှန်ချိုးမှန်ခေါက်ရတယ်။

နောက်ယက်ဖြစ်တဲ့အတွက် ရုန်းအားကောင်းပါတယ်။

manual ခွ start ပါ။

Power Handle၊ Natural aircon ဖြစ်လို့ လေတိုက် ရင် သဘာဝအတိုင်းအေးပါတယ်။

back cam နဲ့လာတာမဟုတ်ပဲ 180° zat-saung manual ပါ။

ဆီ လုံးဝမစားတဲ့အပြင် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုမ ရှိတဲ့ Green tech သုံးထားပါတယ်။

Chay-Thalone အင်ဂျင်ဖြစ်တဲ့အတွက် စက်သံမကြားစေရပါဘူး၊ အာမခံပါတယ်။

တာရာ ၃ လုံး နိုက်ထရိုဂျင် ဖြည့်ပြီး၊ အမဲဆီထည့်ပြီး၊ စမုတ်အသစ်လဲပြီးသား အသင့်ခြေတင်နင်းရုံ ဆိုက်ကားအသန့်ဖြစ်ပါတယ်။

emergency ဂျမ်းတုံးပါတဲ့အပြင် ဘရိတ် ကလည်း တိုက်ရပ် ဘရိတ် ဖြစ်လို့ မရပ်မှာပူစရာမလိုပါဘူး။

ထိုင်ခုံ/ကျောမှီ leather အစစ်၊ အော်ရီဂျင်နယ် အလွိုင်း ပါ။

ရှေ့မီးကြီး ဒိုင်နမို အသစ်၊ နောက်ရောင်ပြန် အော်။

driver ခြေနင်း ရာဘာအစစ်၊ ပါစင်ဂျာ ခြေနင်း/လက်တင် ကျွန်းကွက်ပတ်လည်ပါ။

ပစ္စည်းစုံ လေထိုးတံပါအပြီးအစီးအပြင် ဘားကျွတ် ၂ ချောင်းကို မေတ္တာလက်ဆောင်အပိုပေးပါ့မယ်။

ရွှေပြည်သာနံပါတ်၊ လိုင်စင်သက်တမ်း ၆ လကျန်။

အရှုပ်အရှင်းကင်း။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top