မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×
၁။ လိမ္မော်သီး
၂။ စပျစ်သီး
၃။ တလည်းသီး (သလဲသီး)
၎။ ငှက်ပျောသီး
၅။ နာနတ်သီး
၆။ သစ်တော်သီး
၇။ ကီဝီသီး
၈။ ပန်းသီး
Credit: Duwun
#Unicode Version#
 ကီဝီသီးကြိုက်ရင် ကိုယ့်ကိုယ်ကိုယ် စိတ်ချမ်းသာအောင် ထားတတ်တယ်တဲ့
စားလို့ကောင်းပြီး ရောဂါကာကွယ်ပေးနိုင်တဲ့ သစ်သီးတွေကို တစ်မျိုးမဟုတ် တစ်မျိုးတော့ ကြိုက်တယ်မဟုတ်လား။ ဒီတစ်ခါတော့ ဘာအသီးစားရင် ဘာကောင်းကျိုးရမယ်ဆိုတာမျိုးတွေ မပြောတော့ဘူးနော်။ ကိုယ်ကြိုက်တဲ့အသီးဟာ ကိုယ့်စိတ်နေစိတ်ထား၊ အကျင့်စရိုက်ကို ဖော်ပြနေတယ်ဆိုတာလေးပဲ ပြောပြလိုက်ပါတယ်။
၁။ လိမ္မော်သီး
ချိုချိုချဉ်ချဉ်နဲ့ အရည်ရွှမ်းတဲ့ လိမ္မော်သီးကို ကြိုက်တဲ့လူတွေက သွက်လက်ပြီး ချစ်စရာကောင်းတယ်။
၂။ စပျစ်သီး
အနီရောင်၊ အစိမ်းရောင်၊ ခရမ်းရောင်... ဘယ်အရောင်နဲ့စပျစ်သီးကို ကြိုက်လဲ? ဘာအရောင်ပဲကြိုက်ကြိုက် စပျစ်သီးကြိုက်တာတော့ဟုတ်တယ်မို့လား။ အေးအေးဆေးဆေးနဲ့ သက်တောင့်သက်သာနေချင်သူပါ။ သောကများမယ့်အလုပ်တွေကို စိတ်မဝင်စားဘူး။
၃။ တလည်းသီး (သလဲသီး)
 အလှကြိုက်တယ်တဲ့။ မလှမပ ပုံဆိုးပန်းဆိုးတွေဆို ကြည့်ကိုမကြည့်ချင်တဲ့လူတဲ့။ အလှအပအတွက်နဲ့လည်း ငွေကို အနှမျောမရှိ သုံးတယ်။
၄။ ငှက်ပျောသီး
ငှက်ပျောသီးကြိုက်တဲ့လူတွေက ချစ်သူကို အရမ်းချစ်တတ်ကြတယ်တဲ့။ ပျော်တတ်တယ်။ ပွင့်လင်းတယ်။
၅။ နာနတ်သီး
အသစ်အဆန်းတွေ လုပ်တတ်တယ်။ ခရီးထွက်ရတာကြိုက်တယ်။ သီချင်းကြိုက်တယ်တဲ့။ ပြီးတော့ မူရာမာယာများတယ်။
၆။ သစ်တော်သီး
သစ်တော်သီးကြိုက်တဲ့ မိန်းကလေးတွေက စွန့်စားရတာ ကြိုက်တယ်။ သတ္တိရှိတယ်။
၇။ ကီဝီသီး
အလှအပတွေမကြိုက်ဘူး။ ကိုယ့်ခန္ဓာကိုယ်က ဘာဖြစ်ဖြစ် ကျေကျေနပ်နပ်လက်ခံထားသူတွေ။ ကိုယ့်ကိုယ်ကိုယ် စိတ်ချမ်းသာအောင် ထားတတ်ကြတယ်။
၈။ ပန်းသီး
အချစ်ရေးမှာ စိတ်ကူးယဉ်ဆန်တယ်။ ချစ်မိပြီဆို ကိုယ့်ကို ဂရုစိုက်ပေးနေမှ။ ထိခိုက် ခံစားလွယ်တတ်တဲ့ စိတ်လည်း ရှိကြတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top