Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အသက္ ၁၈ ႏွစ္ေအာက္ကေလးမ်ား မိဘခြင့္ျပဳခ်က္ျဖင့္ ဖတ္ရမည့္ စာအုပ္ဟု ရည္ညႊန္းထားသည့္ ႏိုင္ငံေရးအက်ဥ္းသားေဟာင္း၊ စာေရးဆရာ ေဇာ္သက္ေထြး၏ " အင္းစိန္ေထာင္အတြင္းမွ ဂနၱဝင္လူမိုက္ႀကီးမ်ား" စာအုပ္မိတ္ဆက္ပြဲကို ရန္ကုန္ၿမိဳ႕၊ ေတာ္ဝင္ႏွင္းဆီခန္းမတြင္ ယေန႔ ႏိုဝင္ဘာလ ၁၂ ရက္ေန႔၊ မြန္းလြဲပိုင္းက ျပဳလုပ္ခဲ႔သည္။

တူေမာ႐ိုးဂ်ာနယ္တြင္ အခန္းဆက္ေရးသားခဲ႔ေသာ ဝတၳဳဇာတ္လမ္းဆန္သည့္ ေထာင္တြင္းအေၾကာင္းအရာ မ်ားကို စုစည္းေဖာ္ျပထားသည့္ စာအုပ္ျဖစ္ၿပီး ယင္းစာအုပ္တြင္ စာေရးဆရာ ေဇာ္သက္ေထြးက ၁၉၈၈ ခုႏွစ္မွ ၂၀၀၀ ခုႏွစ္အတြင္း ေထာင္တြင္း႐ွိ နာမည္ႀကီးလူမိုက္ႀကီးမ်ားအေၾကာင္း ျဖစ္ရပ္မွန္မ်ားကို အခ်က္အလက္ျပဳစု ေရးသားထားသည္။

" ႐ိုးရိုးေလးေျပာရရင္ တိရိစၧာန္လို႐ွင္သန္ခဲ႔ရတဲ႔ လူဆိုးလူမိုက္ေတြအေၾကာင္းကို အႏုပညာဆန္ဆန္ ေရးဖြဲ႔ခ်င္စိတ္ ျဖစ္မိလို႔ ေရးသားခဲ႔တာပါ၊ ကြ်န္ေတာ္ရဲ႕အာသီသကို ဖြင့္ထုတ္လိုက္တာပါ" ဟု စာအုပ္ ေရးသားသူ ႏိုင္ငံေရးအက်ဥ္းသား ေဟာင္း၊ စာေရးဆရာေဇာ္သက္ေထြးက မဇၩိမသို႔ ေျပာသည္။

ယင္းစာအုပ္ကို ၂၀၁၇ ခုႏွစ္၊ ႏိုဝင္ဘာလတြင္ ပထမအႀကိမ္ ထုတ္ေဝျခင္းျဖစ္ၿပီး လူမိုက္ႀကီးမ်ားအေၾကာင္းကို စာမ်က္ႏွာ ၁၈၂ မ်က္ႏွာ၊ ေခါင္းစဥ္ ၂၆ ခုျဖင့္ ေရးသားထားသည္။

တစ္ခ်ိန္က ႏိုင္ငံ၏စနစ္ဆိုးေၾကာင့္ လူေကာင္းက ေန လူဆိုးျဖစ္သြားသူမ်ားရွိခဲ႔ေၾကာင္း ယင္းစာအုပ္ က မီးေမာင္းထိုးျပခဲ႔သည္ဟု ၈၈မ်ဳိးဆက္ ေက်ာင္း သားေဟာင္း ဦးျမေအးက ေျပာသည္။

" လူမိုက္ဟာ လူမိုက္ပဲေလ၊ လူဆိုးဟာ လူဆိုးပဲ၊ ဒါေပမယ့္ စနစ္ဆိုးေတြေၾကာင့္ လူေကာင္းကေန လူဆိုးျဖစ္သြားသူေတြ႐ွိတယ္၊ လူဆိုးျဖစ္ေပမယ့္ လည္း မတရားမႈနဲ႔တရားမႈကို ခြဲျခားႏိုင္သူေတြ႐ွိ တယ္၊ အဲဒီေတာ့ အားလုံးကိုၿခဳံၿပီးေတာ့ ေကာက္ ခ်က္ဆြဲလို႔ မရဘူး၊ လူအဖြဲ႔အစည္းကို ဒုကၡေပးလာ တဲ႔သူ ဘယ္သူမဆို လက္ခံလို႔မရဘူး၊ သို႔ေသာ္ ျဖစ္ပ်က္ခဲ႔တဲ႔အေျခအေနေတြအေပၚမွာ စ႐ိုက္ ေပါင္းစုံ႐ွိခဲ႔တယ္ ဆိုတာ ျပည္သူလူထုသိေစခ်င္တဲ႔ ေစတနာနဲ႕ စာေရးဆရာက သုေတသနျပဳ ေရးသား ထားတယ္လို႔ ျမင္တယ္" ဟု ၈၈ မ်ဳိးဆက္ေက်ာင္း သားေဟာင္း ဦးျမေအးက ေျပာသည္။

ထို႔ျပင္ ယင္းစာအုပ္တြင္ စာေရးဆရာ ေဇာ္သက္ ေထြးက “အင္းစိန္ေထာင္မွ ဂႏၴဝင္လူမိုက္ႀကီး မ်ား” ၀တၱဳတြင္ ရက္စက္ေသာ သတ္ျဖတ္မႈမ်ား၊ ၾကမ္းၾကဳတ္ေသာအျပဳအမူမ်ား၊ ႐ုန္႔ရင္းၾကမ္းတမ္း ေသာစကားေျပာမ်ား ပါရွိေနပါသျဖင့္ အသက္ (၁၈) ႏွစ္ေအာက္ကေလးငယ္မ်ား ဆင္ျခင္တံုတရားႏွင့္ ဖတ္႐ႈႏိုင္ရန္ မိဘ၊ လူႀကီးမ်ား၏ ခြင့္ျပဳခ်က္လိုအပ္ ေၾကာင္းလည္း အမွာစာေရးသားထားသည္။

ဆရာေဇာ္သက္ေထြးသည္ ၾကမ္းတမ္းေသာစစ္ပြဲႏွင့္ ႏူးညံ႔ေသာႏွလုံးသား၊ ကြ်န္ေတာ္ေသဒဏ္က်ခဲ့ေသာ ၁၇ လ၊ ၁၇ ရက္ႏွင့္ ယခု “အင္းစိန္ေထာင္မွ ဂႏၴဝင္လူမိုက္ႀကီး မ်ား” စာအုပ္အပါအဝင္ စာအုပ္ ၃ အုပ္ ေရးသား ထုတ္ေဝခဲ႔ၿပီးျဖစ္သည္။

ယင္းစာအုပ္မိတ္ဆက္ပြဲသို႔ လႊတ္ေတာ္ကိုယ္စား လွယ္မ်ား၊ ၈၈ မ်ဳိးဆက္ၿငိမ္းခ်မ္းေရးႏွင့္ပြင့္လင္း လူ႔အဖြဲ႔အစည္းမွ ေက်ာင္သားေဟာင္းမ်ား၊ စာေပ၊ ႐ုပ္ရွင္အႏုပညာ႐ွင္မ်ားႏွင့္ ႏိုင္ငံေရးအက်ဥ္းသား ေဟာင္းမ်ားတက္ေရာက္ခဲ႔ၾကသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
 အသက် ၁၈ နှစ်အောက်ကလေးများ မိဘခွင့်ပြုချက်ဖြင့် ဖတ်ရမည့် စာအုပ်ဟု ရည်ညွှန်းထားသည့် နိုင်ငံရေးအကျဉ်းသားဟောင်း၊ စာရေးဆရာ ဇော်သက်ထွေး၏ " အင်းစိန်ထောင်အတွင်းမှ ဂန္တဝင်လူမိုက်ကြီးများ" စာအုပ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင် ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့၊ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

တူမောရိုးဂျာနယ်တွင် အခန်းဆက်ရေးသားခဲ့သော ဝတ္ထုဇာတ်လမ်းဆန်သည့် ထောင်တွင်းအကြောင်းအရာ များကို စုစည်းဖော်ပြထားသည့် စာအုပ်ဖြစ်ပြီး ယင်းစာအုပ်တွင် စာရေးဆရာ ဇော်သက်ထွေးက ၁၉၈၈ ခုနှစ်မှ ၂၀၀၀ ခုနှစ်အတွင်း ထောင်တွင်းရှိ နာမည်ကြီးလူမိုက်ကြီးများအကြောင်း ဖြစ်ရပ်မှန်များကို အချက်အလက်ပြုစု ရေးသားထားသည်။

" ရိုးရိုးလေးပြောရရင် တိရိစ္ဆာန်လိုရှင်သန်ခဲ့ရတဲ့ လူဆိုးလူမိုက်တွေအကြောင်းကို အနုပညာဆန်ဆန် ရေးဖွဲ့ချင်စိတ် ဖြစ်မိလို့ ရေးသားခဲ့တာပါ၊ ကျွန်တော်ရဲ့အာသီသကို ဖွင့်ထုတ်လိုက်တာပါ" ဟု စာအုပ် ရေးသားသူ နိုင်ငံရေးအကျဉ်းသား ဟောင်း၊ စာရေးဆရာဇော်သက်ထွေးက မဇ္ဈိမသို့ ပြောသည်။

ယင်းစာအုပ်ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် ပထမအကြိမ် ထုတ်ဝေခြင်းဖြစ်ပြီး လူမိုက်ကြီးများအကြောင်းကို စာမျက်နှာ ၁၈၂ မျက်နှာ၊ ခေါင်းစဉ် ၂၆ ခုဖြင့် ရေးသားထားသည်။

တစ်ချိန်က နိုင်ငံ၏စနစ်ဆိုးကြောင့် လူကောင်းက နေ လူဆိုးဖြစ်သွားသူများရှိခဲ့ကြောင်း ယင်းစာအုပ် က မီးမောင်းထိုးပြခဲ့သည်ဟု ၈၈မျိုးဆက် ကျောင်း သားဟောင်း ဦးမြအေးက ပြောသည်။

" လူမိုက်ဟာ လူမိုက်ပဲလေ၊ လူဆိုးဟာ လူဆိုးပဲ၊ ဒါပေမယ့် စနစ်ဆိုးတွေကြောင့် လူကောင်းကနေ လူဆိုးဖြစ်သွားသူတွေရှိတယ်၊ လူဆိုးဖြစ်ပေမယ့် လည်း မတရားမှုနဲ့တရားမှုကို ခွဲခြားနိုင်သူတွေရှိ တယ်၊ အဲဒီတော့ အားလုံးကိုခြုံပြီးတော့ ကောက် ချက်ဆွဲလို့ မရဘူး၊ လူအဖွဲ့အစည်းကို ဒုက္ခပေးလာ တဲ့သူ ဘယ်သူမဆို လက်ခံလို့မရဘူး၊ သို့သော် ဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေအပေါ်မှာ စရိုက် ပေါင်းစုံရှိခဲ့တယ် ဆိုတာ ပြည်သူလူထုသိစေချင်တဲ့ စေတနာနဲ့ စာရေးဆရာက သုတေသနပြု ရေးသား ထားတယ်လို့ မြင်တယ်" ဟု ၈၈ မျိုးဆက်ကျောင်း သားဟောင်း ဦးမြအေးက ပြောသည်။

ထို့ပြင် ယင်းစာအုပ်တွင် စာရေးဆရာ ဇော်သက် ထွေးက “အင်းစိန်ထောင်မှ ဂန္ထဝင်လူမိုက်ကြီး များ” ဝတ္တုတွင် ရက်စက်သော သတ်ဖြတ်မှုများ၊ ကြမ်းကြုတ်သောအပြုအမူများ၊ ရုန့်ရင်းကြမ်းတမ်း သောစကားပြောများ ပါရှိနေပါသဖြင့် အသက် (၁၈) နှစ်အောက်ကလေးငယ်များ ဆင်ခြင်တုံတရားနှင့် ဖတ်ရှုနိုင်ရန် မိဘ၊ လူကြီးများ၏ ခွင့်ပြုချက်လိုအပ် ကြောင်းလည်း အမှာစာရေးသားထားသည်။

ဆရာဇော်သက်ထွေးသည် ကြမ်းတမ်းသောစစ်ပွဲနှင့် နူးညံ့သောနှလုံးသား၊ ကျွန်တော်သေဒဏ်ကျခဲ့သော ၁၇ လ၊ ၁၇ ရက်နှင့် ယခု “အင်းစိန်ထောင်မှ ဂန္ထဝင်လူမိုက်ကြီး များ” စာအုပ်အပါအဝင် စာအုပ် ၃ အုပ် ရေးသား ထုတ်ဝေခဲ့ပြီးဖြစ်သည်။

ယင်းစာအုပ်မိတ်ဆက်ပွဲသို့ လွှတ်တော်ကိုယ်စား လှယ်များ၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကျောင်သားဟောင်းများ၊ စာပေ၊ ရုပ်ရှင်အနုပညာရှင်များနှင့် နိုင်ငံရေးအကျဉ်းသား ဟောင်းများတက်ရောက်ခဲ့ကြသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top