Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

သထံုၿမိဳ႕နယ္ အလံတစ္ရာနယ္ ေျမတြင္ ဘာသာေရးအေၾကာင္းျပကာ အသက္ မျပည့္ေသးသည့္ မိန္းကေလးမ်ားကို ဖ်က္ဆီး သည္ဟု တိုင္ၾကားခံရေသာ ခြန္တန္၏အမႈ ျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍ တိုင္ၾကားသူ မိသား စုဝင္မ်ားကို မြန္ျပည္နယ္လႊတ္ေတာ္၌ ႏိုဝင္ဘာ ၆ ရက္က ၾကားနာစစ္ေဆးခဲ့သည္။

ဘာသာတရား ယံုၾကည္မႈ အေပၚ အခြင့္ေကာင္းယူၿပီး ဘာ သာေရးမိႈင္းတုိက္၍ ႐ိုးသားေသာ တိုင္းရင္းသူ မိန္းကေလးမ်ားကို ဖ်က္ဆီးေနမႈအား ေဖာ္ထုတ္အ ေရးယူေပးရန္ တိုင္ၾကားစာႏွင့္ ပတ္သက္ၿပီး ခြန္တန္လက္ထပ္ခဲ့ ေသာ မိန္းကေလးႏွစ္ဦးဖခင္ ဦး ဝင္းၫြန္႔၊ ခြန္တန္ႏွင့္လက္ထပ္ခဲ့ ေသာ အမ်ိဳးသမီးငယ္ အခ်ိဳ႕၏မိသားစုဝင္အခ်ိဳ႕၊ မြန္ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ျပည္နယ္လႊတ္ေတာ္အမ်ိဳးသမီးႏွင့္ ကေလးသူငယ္အခြင့္အေရးဆိုင္ရာ ေကာ္မတီအဖြဲ႕၊ လူကုန္ကူးအဖြဲ႕တို႔က ၾကားနာစစ္ေဆးခဲ့သည္။

 ‘‘ေကာ္မတီကို တိုင္ၾကား ထားတဲ့ တိုင္စာႏွစ္ေစာင္ရဲ႕တိုင္ ၾကားတဲ့သူေတြကို ေျပာၾကားခ်က္ ေတြကို အစ္မတို႔ နားေထာင္ တယ္။ ဒီထဲမွာ ကာယကံရွင္အေဖ ပါတယ္။ အားလံုးေျခာက္ဦးလာ တယ္။ သူတို႔ေျပာၾကားခ်က္ေတြ ကို မေျပာေသးဘူး။ လႊတ္ေတာ္ ရဲ႕ ေဆာင္ရြက္ခ်က္ေတြကိုေတာ့ ဥပေဒ၊ နည္းဥပေဒေတြအတုိင္း ေဘာင္ထဲကေန လုပ္ေဆာင္သြား မွာျဖစ္ပါတယ္’’ဟု ခြန္တန္အမႈ ျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍ နစ္နာ သူမ်ားဘက္မွ ေဆာင္ရြက္ေပးေန သူ မြန္ျပည္နယ္လႊတ္ေတာ္အမ်ိဳး သမီးႏွင့္ ကေလးသူငယ္အခြင့္အ ေရးဆိုင္ရာ ေကာ္မတီဥကၠ႒ ေဒၚ ခိုင္ခိုင္လဲ့က ေျပာသည္။

ေကာ္မတီတြင္ ခြန္တန္ကိစၥ ႏွင့္ပတ္သက္၍ တုိင္ၾကားစာႏွစ္ ေစာင္ရွိၿပီး ေဆာင္ရြက္ခ်က္အားလံုးကို လာမည့္ လႊတ္ေတာ္အစည္းအေဝးတြင္ ဆံုးျဖတ္မည္ျဖစ္ေၾကာင္း ေဒၚခိုင္ခိုင္လဲ့က ဆိုသည္။

‘‘ခြန္တန္ကိစၥ ဒီေန႔ လႊတ္ ေတာ္မွာ ေဆြးေႏြးခဲ့တယ္။ ကြၽန္ ေတာ့္အျမင္က အခုခ်ိန္ထိ လုပ္ ေပးႏိုင္တဲ့ အေနအထားမရွိေသး ဘူး။ အာဏာပိုင္ အဖြဲ႕အစည္း ေတြက လုပ္ေဆာင္ခ်က္ေတြ ေႏွး ေကြးေနတယ္’’ ဟု တုိင္ၾကားသူ ဦးခင္ေမာင္ၾကည္က ေျပာသည္။

       ခြန္တန္(ခ)ဇာတ္လိုက္သည္ (၂၅)ႏွစ္ခန္႔ရွိၿပီး အလံတစ္ရာဆရာေတာ္ ဝင္စားသည္ဟု ေဒသခံအခ်ိဳ႕က ယံုၾကည္ကိုးကြယ္ေနျခင္းျဖစ္သည္။ ထုိသို႔ ယံုၾကည္ကိုးကြယ္မႈကို အခြင့္ေကာင္းယူကာ ၂၀၁၄ မွ ၂၀၁၆ အတြင္း အလံတစ္ရာေဒသရွိ မိန္းမပ်ိဳေျခာက္ဦးကို ခြန္တန္က လက္ထပ္ခဲ့သည္။

ထုိေဒသတြင္ ေက်းရြာ ၁၂ ရြာရွိၿပီး ပအိုဝ္းတိုင္းရင္းသားအမ်ားဆံုးေနထုိင္သည္ဟု မြန္ျပည္နယ္ ပအိုဝ္းတိုင္းရင္းသားေရးရာဝန္ႀကီး ေဒၚစံဝင့္ခိုင္က ဆိုသည္။

ခြန္တန္(ခ)ဇာတ္လိုက္အပါ အဝင္ အမ်ိဳးသားခုနစ္ဦးကို အ တင္းအဓမၼေပါင္းသင္းရန္ ခိုးယူမႈ ရာဇသတ္ႀကီးပုဒ္မ ၃၃၆၊ လူခိုးယူမႈပုဒ္မ ၃၆၃၊ ပူးေပါင္းပါဝင္သူ မ်ားကို အားေပးကူညီမႈပုဒ္မ ၁၁၄ တို႔ျဖင့္ သထံုၿမိဳ႕မ ရဲစခန္းတြင္ ေအာက္တိုဘာ ၂၄ ရက္က အမႈ ဖြင့္လွစ္ထားေၾကာင္း သထံုၿမိဳ႕မ ရဲစခန္းမွဴး ဒုရဲမွဴး ေမာင္ေမာင္က ဆိုသည္။ ခြန္တန္ကိုမူ လက္ရွိ အခ်ိန္အထိ ဖမ္းဆီးရမိျခင္းမရွိ ေသးေပ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


သထုံမြို့နယ် အလံတစ်ရာနယ် မြေတွင် ဘာသာရေးအကြောင်းပြကာ အသက် မပြည့်သေးသည့် မိန်းကလေးများကို ဖျက်ဆီး သည်ဟု တိုင်ကြားခံရသော ခွန်တန်၏အမှု ဖြစ်စဉ်များနှင့်ပတ်သက်၍ တိုင်ကြားသူ မိသား စုဝင်များကို မွန်ပြည်နယ်လွှတ်တော်၌ နိုဝင်ဘာ ၆ ရက်က ကြားနာစစ်ဆေးခဲ့သည်။

ဘာသာတရား ယုံကြည်မှု အပေါ် အခွင့်ကောင်းယူပြီး ဘာ သာရေးမှိုင်းတိုက်၍ ရိုးသားသော တိုင်းရင်းသူ မိန်းကလေးများကို ဖျက်ဆီးနေမှုအား ဖော်ထုတ်အ ရေးယူပေးရန် တိုင်ကြားစာနှင့် ပတ်သက်ပြီး ခွန်တန်လက်ထပ်ခဲ့ သော မိန်းကလေးနှစ်ဦးဖခင် ဦး ဝင်းညွန့်၊ ခွန်တန်နှင့်လက်ထပ်ခဲ့ သော အမျိုးသမီးငယ် အချို့၏မိသားစုဝင်အချို့၊ မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော်အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအဖွဲ့၊ လူကုန်ကူးအဖွဲ့တို့က ကြားနာစစ်ဆေးခဲ့သည်။

 ‘‘ကော်မတီကို တိုင်ကြား ထားတဲ့ တိုင်စာနှစ်စောင်ရဲ့တိုင် ကြားတဲ့သူတွေကို ပြောကြားချက် တွေကို အစ်မတို့ နားထောင် တယ်။ ဒီထဲမှာ ကာယကံရှင်အဖေ ပါတယ်။ အားလုံးခြောက်ဦးလာ တယ်။ သူတို့ပြောကြားချက်တွေ ကို မပြောသေးဘူး။ လွှတ်တော် ရဲ့ ဆောင်ရွက်ချက်တွေကိုတော့ ဥပဒေ၊ နည်းဥပဒေတွေအတိုင်း ဘောင်ထဲကနေ လုပ်ဆောင်သွား မှာဖြစ်ပါတယ်’’ဟု ခွန်တန်အမှု ဖြစ်စဉ်များနှင့်ပတ်သက်၍ နစ်နာ သူများဘက်မှ ဆောင်ရွက်ပေးနေ သူ မွန်ပြည်နယ်လွှတ်တော်အမျိုး သမီးနှင့် ကလေးသူငယ်အခွင့်အ ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါ် ခိုင်ခိုင်လဲ့က ပြောသည်။

ကော်မတီတွင် ခွန်တန်ကိစ္စ နှင့်ပတ်သက်၍ တိုင်ကြားစာနှစ် စောင်ရှိပြီး ဆောင်ရွက်ချက်အားလုံးကို လာမည့် လွှတ်တော်အစည်းအဝေးတွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း ဒေါ်ခိုင်ခိုင်လဲ့က ဆိုသည်။

‘‘ခွန်တန်ကိစ္စ ဒီနေ့ လွှတ် တော်မှာ ဆွေးနွေးခဲ့တယ်။ ကျွန် တော့်အမြင်က အခုချိန်ထိ လုပ် ပေးနိုင်တဲ့ အနေအထားမရှိသေး ဘူး။ အာဏာပိုင် အဖွဲ့အစည်း တွေက လုပ်ဆောင်ချက်တွေ နှေး ကွေးနေတယ်’’ ဟု တိုင်ကြားသူ ဦးခင်မောင်ကြည်က ပြောသည်။

       ခွန်တန်(ခ)ဇာတ်လိုက်သည် (၂၅)နှစ်ခန့်ရှိပြီး အလံတစ်ရာဆရာတော် ဝင်စားသည်ဟု ဒေသခံအချို့က ယုံကြည်ကိုးကွယ်နေခြင်းဖြစ်သည်။ ထိုသို့ ယုံကြည်ကိုးကွယ်မှုကို အခွင့်ကောင်းယူကာ ၂၀၁၄ မှ ၂၀၁၆ အတွင်း အလံတစ်ရာဒေသရှိ မိန်းမပျိုခြောက်ဦးကို ခွန်တန်က လက်ထပ်ခဲ့သည်။

ထိုဒေသတွင် ကျေးရွာ ၁၂ ရွာရှိပြီး ပအိုဝ်းတိုင်းရင်းသားအများဆုံးနေထိုင်သည်ဟု မွန်ပြည်နယ် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်က ဆိုသည်။

ခွန်တန်(ခ)ဇာတ်လိုက်အပါ အဝင် အမျိုးသားခုနစ်ဦးကို အ တင်းအဓမ္မပေါင်းသင်းရန် ခိုးယူမှု ရာဇသတ်ကြီးပုဒ်မ ၃၃၆၊ လူခိုးယူမှုပုဒ်မ ၃၆၃၊ ပူးပေါင်းပါဝင်သူ များကို အားပေးကူညီမှုပုဒ်မ ၁၁၄ တို့ဖြင့် သထုံမြို့မ ရဲစခန်းတွင် အောက်တိုဘာ ၂၄ ရက်က အမှု ဖွင့်လှစ်ထားကြောင်း သထုံမြို့မ ရဲစခန်းမှူး ဒုရဲမှူး မောင်မောင်က ဆိုသည်။ ခွန်တန်ကိုမူ လက်ရှိ အချိန်အထိ ဖမ်းဆီးရမိခြင်းမရှိ သေးပေ။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top