Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ျမန္မာသကၠရာဇ္ ၈၇၀-၈၉၀ ေက်ာ္ခန္႔က ရခိုင္ျပည္နယ္ ရမ္းၿဗဲၿမိဳ႕ နဲ႔ ၁၀ မိုင္အကြာမွာ ရြာရင္းရြာဆုိတဲ့ ရြာေလးတစ္ရြာရွိတယ္။ အဲဒီရြာေလးမွာ ေတာင္ယာလုပ္ကိုင္စားေသာက္တဲ့ ဦးျဖဴထီး ေဒၚမဲတူတို႔မွာ မမဲက်ီ ဆိုတဲ့ သမီးတစ္ေယာက္ရွိတယ္။

မမဲက်ီ ငါးႏွစ္အရြယ္မွာ ဖခင္ျဖစ္သူ ဦးျဖဴထီး ကြယ္လြန္သြားလို႕ မိခင္မုဆိုးမႀကီးနဲ႔အတူ ဆင္းရဲပင္ပန္းစြာ ႀကီးျပင္းခဲ့ရပါတယ္။ နာမည္ကသာ မမဲက်ီပါ။ လူကေတာ့ ၾကန္အင္လကၡၡၡၡၡၡၡၡၡဏာနဲ႔ျပည့္စံုၿပီး အလြန္ေခ်ာေမာလွပပါတယ္။
အရြယ္ေရာက္လာတာနဲ႕အမွ် မမဲက်ီိရဲ႔႕ အလွဂုဏ္သတင္းဟာ ရြာနီးခ်ဳပ္စပ္ေက်းရြာမ်ားသို႔တိုင္ေအာင္ ပ်ံ႕ႏွံ႕ေက်ာ္ၾကားေလေတာ့ ကာလသားမွန္သမွ် အလုအယက္ႀကိိဳးပမ္းၾကပါတယ္။

ဒါေပမယ့္ မမဲက်ီရဲ႕ ေမတၱာကို ခံယူရသူကေတာ့ တစ္ရြာတည္းေန ရုပ္ရည္သန္႔ျပန္႔ၿပီး အေနအထိုင္တည္ၾကည္တဲ့ ေမာင္ေရႊသီးဆိုတဲ့ လူငယ္ပါပဲ။
မမဲက်ီဟာ ရတနာသံုးပါးကို ရိုေသကိုင္းရိႈင္းသူျဖစ္တယ္။ အလွဴဒါနျပဳျခင္း သီလေဆာက္တည္ျခင္းတို႔မွာလည္း ၀ါသနာထံုတယ္။ မမဲက်ီတို႔ရြာေလးဟာ ပင္လယ္ကမ္းေျခမွာ တည္ရွိတဲ့အတြက္ ရြာသူရြာသားေတြဟာ ၀မ္းေရးအတြက္ သားငါးေတြကို ရွာေဖြဖမ္းဆီးစားေသာက္ပါတယ္။ အိမ္တိုင္းမွာ ငါးဖမ္းတဲ့ ကြန္ယက္သဲ့ရွိေပမယ့္ မမဲက်ီတို႔ကေတာ့ သူတစ္ပါးအသက္ကို သတ္ျဖတ္တဲ့အလုပ္ကို ၀ါသနာမပါလို႔ ကြန္ယက္သဲ့ေတာင္ မရွိပါဘူး။

တစ္ေန႔မွာ မမဲက်ီဟာ သူငယ္ခ်င္းေတြနဲ႔ ေခ်ာင္းစပ္ကို လိုက္သြားပါတယ္။ သူငယ္ခ်င္းေတြက ယက္သဲ့နဲ႔ ငါးဖမ္းတဲ့အခါ တစ္ခါမွမျမင္ဖူးတဲ့ မမဲက်ီဟာ ယက္သဲ့ကိုကိုင္ၿပီး သဲ့ၾကည့္ပါတယ္။ ဒါေပမယ့့္ ငါးပါမလာဘဲ ေက်ာက္တံုးနီနီေလးပါလာပါတယ္။ မမဲက်ီဟာ နီိရဲေတာက္ေျပာင္ေနတဲ့ အလံုးေလးကို ဘာမွန္းမသိတဲ့အတြက္ ေရထဲကို ပစ္ခ်လိုက္ပါတယ္။ ေနာက္တစ္ႀကိမ္ သဲ့ၾကည့္ေတာ့ အဲဒီအလံုးေလးက ျပန္ပါလာတယ္။ အဲဒီလို သံုးႀကိမ္သဲ့ရာ သံုးႀကိမ္စလံုး အဲဒီအလံုးေလးျပန္ပါလာလို႔ သူငယ္ခ်င္းတစ္ဦးက ျပန္လႊတ္မပစ္ခိုင္းပဲနဲ႔ အိမ္ကို အယူသြားခိုင္းပါတယ္။

ဒီလိုနဲ႔ နီရဲေတာက္ေျပာင္ေနတဲ့အလံုးေလးကို မမဲက်ီယူလာၿပီး မၾကာခင္မွာပဲ ထိုသတင္းဟာ တစ္ရြာလံုးျပန္႔သြားပါေတာ့တယ္။ အဲဒီအခ်ိန္က မမဲက်ီတို႔ ရြာနဲ႔ မနီးမေ၀းမွာရွိတဲ့ အခ်ိန္ျပင္ရြာမွာ ေဆး၀ါး ေဗဒင္ နကၡတ္ အဂၢိရတ္ပညာတို႕ကို တတ္ကၽြမ္းတဲ့ ဦးျမတ္ေက်ာ္ဦး ဆိုတဲ့ ပုဂၢိဳလ္တစ္ဦးရွိတယ္။ သူဟာေက်ာက္သံပတၱျမားအမ်ိဳးမ်ိဳးအေၾကာင္းကိုလည္း နားလည္ပါတယ္။ တစ္ေန႔ေတာ့ ဦးျမတ္ေက်ာ္ဦးဟာ မမဲက်ီတုိ႔ အိမ္ကို ေရာက္လာၿပီး အနီေရာင္ ေက်ာက္တံုးေလးကို ယူၾကည့္ပါတယ္။ သူက ဒီေက်ာက္တံုးေလးဟာ အဖုိုးမျဖတ္ႏိုင္တဲ့ ပတၱျမားျဖစ္ေၾကာင္းေျပာၿပီး မမဲက်ီကို ဒီရက္ပိုင္းမွာ အိပ္မက္မက္သလားေမးပါတယ္။
မမဲက်ီက "ႀကီးက်ယ္ခမ္းနားၿပီး အေျခြအရံေတြမ်ားျပားတဲ့ အိမ္ႀကီးမွာ ေနၿပီး ကုသိုလ္ေကာင္းမႈလုပ္ရတာကို အိပ္မက္ ျမင္မက္ပါတယ္"လို႔ ေျဖလိုက္ပါတယ္။ ဒါကို ဦးျမတ္ေက်ာ္ဦးက ဘယ္လုိနိမိတ္ေကာက္သလဲဆိုေတာ့ ႀကီးက်ယ္ျမင့္ျမတ္တဲ့ စည္းစိမ္ရွင္ျဖစ္မယ္ သူတကာထက္ထူးတဲ့ ကုသိုလ္ေကာင္းမႈ လုပ္ရမယ္လို႔ ေျပာပါတယ္။

တဆက္တည္းမွာပဲ မမဲက်ီရဲ့ လကၡဏာ၊ ဇာတာစန္းလဂ္တို႔ကို စစ္ေဆးၿပီး မမဲက်ီဟာ တစ္ေန႔မွာ ကိုယ့္ထက္အသက္အရြယ္ႀကီးရင့္တဲ့ ေယာက်္ားတစ္ဦးေၾကာင့္ စိတ္မခ်မ္းေျမ႕ဖြယ္ကို ျမင္ေၾကာင္း ေျပာပါတယ္။

ဒီလုိနဲ႔ အဖိုးတန္ ပတၱျမားႀကီးသတင္းဟာ ဟိုးေလးတေက်ာ္ျဖစ္္သြားၿပီး ပတၱျမားႀကီးကို လာရာက္ၾကည့္ရႈေနသူေတြနဲ႔ အလြန္စည္ကားေနပါတယ္။ ဒါေၾကာင့္ ပတၱျမားႀကီးကို အိမ္မွာမထားဘဲ ရြာဦးဆရာေတာ္ေက်ာင္းမွာ ေက်ာက္စီေရႊကလပ္ေပၚတင္ၿပီး အေစာင့္အေရွာက္နဲ႔ထားပါတယ္။

ဒါကို ရမၼာ၀တီၿမိဳ႕( ယခု ရမ္းၿဗဲၿမိဳ႕ ) မွာ အုပ္ခ်ဳပ္စိုးစံတဲ့ ဘုရင္ခံ ေနမ်ိဳးသူရိယ ၾကားေတာ့ ပတၱျမားကိုသိမ္းယူၿပီး ေျမာက္ဦးေရႊၿမိဳ႕ေတာ္မွာရွိတဲ့ဘုရင္မင္းဗာႀကီးကို ဆက္သဖို႔ မမဲက်ီတို႔ ရြာေလးကို ေရာက္လာပါတယ္။ အဲဒီေနာက္ မမဲက်ီတို႔ သားအမိကို ေခၚၿပီး ဤပတၱျမားသည္ ဆင္းရဲသားႏွင့္မထိုက္ မင္းႏွင့္သာထုိက္သည္မို႔ ရခိုင္ဘုရင္ထံဆက္သရန္ ယူေဆာင္သြားရမည္ ဟု မိန္႔ေတာ္မူၿပီး အသျပာငါးေထာင္ကို ဆုလာဘ္အျဖစ္ ေပးသနားပါတယ္။

သည့္ေနာက္ ပတၱျမားႀကီးကို ယူၿပီး ဘုရင္ႀကီးထံဆက္သဖို႔ ညတြင္းခ်င္း ရမ္းၿဗဲဆိပ္ကမ္းကေန ေျမာက္ဦးကို သြားပါတယ္။ သို႔ေသာ္ပတၱျမားႀကီးဟာ ေနမ်ိဳးသူရိယ ေရႊၿမိဳ႕ေတာ္မေရာက္ခင္မွာဘဲ မူလကလပ္ေပၚျပန္ေရာက္သြားပါတယ္။ ေရႊၿမိဳ႕ေတာ္ကို ေရာက္ေတာ့ ဘုရင္ႀကီးဟာ ပတၱျမားထည့္တဲ့ ကတၱီပါၾကဳတ္ကို ဖြင့္ၾကည့္ေတာ့ ဘာမွမေတြ႕ရပါဘူး။ ဒီအခါ ဘုရင့္အတိုင္ပင္ခံ ပညာရွိ ၀ိမလက ဒီလိုေလွ်ာက္တင္ပါတယ္။ပတၱျမား၏အရွင္သခင္ျဖစ္လိုပါက မူလပိုင္ရွင္ အမ်ိဳးသမီးကို သိမ္းပိုက္သင့္ေၾကာင္း ဘုန္းတန္ခိုးလည္း တိုးတက္လာႏုိင္ေၾကာင္း ေလွ်ာက္တင္ပါတယ္။

ဘုရင္မင္းဗာႀကီးလည္း မမဲက်ီကို မိဖုရားအျဖစ္တင္ေျမွာက္ရန္ သက္ဆိုင္ရာ သူႀကီးမွတဆင့္ စာခၽြန္ေတာ္ အပို႔လႊတ္ပါတယ္။ စာခၽြန္ေတာ္ေရာက္လာေတာ့ မမဲက်ီဟာ ခ်စ္သူေမာင္ေရႊသီးကို ဖက္ၿပီး ငိုပါတယ္။ ဒါေပမယ့္ ဘုရင့္ အမိန္႔ဆိုေတာ့ ေမာင္ေရႊသီးလည္း ဘာမွမတတ္ႏုိင္ပါဘူး။

ဒီလိုနဲ႔ မမဲက်ီဟာ ပတၱျမားေဒ၀ီ ေစာမဲက်ီ ဆိုတဲ့ ဘြဲ႔နဲ႔ ဘုရင္မင္းဗာႀကီးရဲ႔႕ အေနာက္နန္း မိဖုရားျဖစ္လာပါတယ္။ ငယ္ရြယ္ႏုပ်ိဳၿပီး ေခ်ာေမာလွပတဲ့ မမဲက်ီကို ဘုရင္ႀကီးဟာ အရမ္းခ်စ္ျမတ္ႏုိးပါတယ္။

တစ္ေန႔မွာ ဘဂၤလား ၁၂ ၿမိဳ႕ကို အပိုင္စားရတဲ့ နယ္စားၿမိဳ႕စားေတြဟာ ပုန္ကန္ထၾကြပါတယ္။ ဘုရင္ကိုယ္တိုင္ စီးေတာ္ဆင္ ဇီ၀စိုးကို စီးၿပီး စစ္ခ်ီပါတယ္။ ဘုရင့္တပ္မေတာ္ဟာ အင္အားေတာင့္တင္းတာေၾကာင့္ ကုလားၿမိဳ႕စားနယ္စားမ်ား အေရးနိမ့္ပါတယ္။ စစ္ေအာင္ၿပီး ျပန္အလာ လမ္းမွာ တပ္စခန္းခ်ရပ္နားေတာ့ ေစတီပ်က္တစ္ဆူက ေရာင္ျခည္ေတာ္ကြန္႔ျမဴးပါတယ္။ ဘုရင္ႀကီးဟာ ေစတီပ်က္ကို ရွင္းလင္းေစေတာ့ ဓါတ္ေတာ္မ်ားရရွိပါတယ္။ ဒါေၾကာင့္ လမ္းတေလွ်ာက္ေတြ႔ရတဲ့

ေစတီပ်က္မ်ားမွ ဓါတ္ေတာ္မ်ားကို ယူေဆာင္ရင္း ျပည္ေတာ္ျပန္ပါတယ္။
ၿမိဳ႕ေတာ္ေရာက္ေတာ့ ဘုရင္ႀကီးဟာ ဓါတ္ေတာ္ေတြရဲ့ အမ်ိဳးအစားကို မသိတဲ့အတြက္ မိဖုရားမမဲက်ီကို ေမးပါတယ္။ မမဲက်ီဟာ လူမွန္းသိတတ္စအရြယ္မွစ၍ ငါးပါးသီလလံုျခံဳေၾကာင္း သစၥာဆိုကာ ဓါတ္ေတာ္မ်ားကို အမ်ိဳးအစားခြဲျခားျပပါတယ္။ ဘုရင္ႀကီးဟာ ၀မ္းသာအားရျဖစ္ၿပီး မမဲက်ီကို အလိုရွိရာဆုေတာင္းေစပါတယ္။ မမဲက်ီဟာ ရခိုင္ျပည္တ၀ွမ္းလွည့္လည္ၿပီး ဓါတ္ေတာ္မ်ားကို ေစတီတည္ခြင့္ ေတာင္းဆိုပါတယ္။

ဘုရင္ႀကီးရဲ႕ ခြင့္ျပဳခ်က္ရတာနဲ႕ မမဲက်ီဟာ ဓါတ္ေတာ္မ်ားကို ေစတီတည္ပါတယ္။ ယေန႔ေခတ္တိုင္ စစ္ေတြခရိုင္ အတြင္းမွာရွိတဲ့ ဦးရစ္ေစတီ ဆံေတာ္ရွင္ေစတီေတြဟာ မမဲက်ီရဲ႕ ကုသိုလ္ေတာ္ေတြပါပဲ။ မမဲက်ီဟာ ေမြးရာဇာတိျဖစ္တဲ့ ရြာဦးေတာင္ထိပ္မွာ နားေမြးေတာ္ေစတီကို ဦးစြာတည္ပါတယ္။ ထိုအခ်ိန္မွာ ေစာမဲက်ီရဲ႕ ငယ္ရည္းစား ေမာင္ေရႊသီးဟာ နာမည္ရ ပန္းရံဆရာတစ္ဦးျဖစ္ေနပါၿပီ။ ဒါေၾကာင့္ ေစာမဲက်ီတည္တဲ့ ေစတီမ်ားကို ေမာင္ေရႊသီးက ဦးေဆာင္ရပါတယ္။

ဘုရင္မင္းဗာႀကီးရဲ႔႕ ေကာင္းမႈေတာ္ ရွစ္ေသာင္းေစတီကိုလည္း ေမာင္ေရႊသီးကိုယ္တိုင္ ႀကီးၾကပ္စီမံပါတယ္။ ထိုေခတ္ထိုအခါက အဂၤေတစပ္ရာမွာ ကၽြဲေရျပား အံုတံု တင္လဲ ထံုး သဲ တို႕ကို အခ်ိဳးက် ေရာစပ္ရပါတယ္။ အလြန္ခိုင္ခံ့ပါ၏တယ္။

( ရခိုင္ျပည္အဂၤေတလုပ္နည္းလကၤာ - အုန္းဒူ သတၱ န၀ကၽြဲေကာ္ သံုးေဖာ္၀ရစ္ တစ္သဖန္းခါး ပဥၥတင္လဲ ထံုးႏွင့္သဲကို အမွ်ေရာေလ ေက်ာက္ျဖစ္ေတ )
အဓိကက်တဲ့ ပစၥည္းကေတာ့ ကၽြဲေရျပားပါပဲ။ တစ္ေန႔မွာ ရွစ္ေသာင္းေစတီႀကီးအတြက္ သံုးရန္ထားတဲ့ ကၽြဲေရျပားငါးခ်ပ္ဟာ ေပ်ာက္ဆံုးသြားပါတယ္။ ဒီကိစၥကို ေမာင္ေရႊသီးက စံုစမ္းေတာ့ တပည့္မ်ားျဖစ္ေသာ ငလံုး ငေျပ့ထီး ငခ်က္ႀကီးတို႔ ခိုးယူေၾကာင္းသိတ့ဲအတြက္ လူပံုအလယ္မွာ ထိုးႀကိတ္ကန္ေက်ာက္ကာ ဆံုးမမိပါတယ္။ ဒါကို သူတို႔က အၿငိဳးထားပါတယ္။

ရွစ္ေသာင္းေစတီၿပီးေတာ့ မိဖုရားေစာမဲက်ီရဲ႕ ဓါတ္ေပါင္းစုေစတီတည္ဖို႕ ေမာင္ေရႊသီးဟာ မိဖုရားနဲ႔ေဆြးေႏြးဖို႔အတြက္ မိဖုရားရဲ႕ အေဆာင္ေတာ္ကို လာပါတယ္။ အဲဒီအခ်ိန္မွာ မိဖုရားဟာ ပူအိုက္တဲ့ရာသီျဖစ္လို႔ ရင္တားအ၀တ္တန္ဆာကို ခၽြတ္ထားပါတယ္။ ဧည့္သည္ေစာင့္ေနတဲ့အတြက္ ရင္တားအ၀တ္ကို မလႊမ္းမိဘဲ ပိုးအခ်ိတ္ထမီကို ရင္မွာတင္ကာ ရုတ္တရက္ထြက္လာပါတယ္။ ခန္းမေဆာင္တံခါးထိပ္ကိုေရာက္ေတာ့ မိဖုရားဟာ ၾကမ္းျပင္ထိလုနီးပါးျဖစ္ေနတဲ့ ထမီစကို မေတာ္တဆနင္းမိေတာ့ ထမီဟာေျပက်ၿပီး ရင္သားေပၚလုနီးပါးျဖစ္သြားပါတယ္။ မိဖုရားဟာ အေတာ္ေလးစိတ္ထိခိုက္ၿပီး ေမာင္ေရႊသီးကို စကားမေျပာေတာ့ဘဲ အတြင္းေဆာင္ကို ျပန္၀င္သြားပါတယ္။

ၿပီးေတာ့မွ ေမာင္ေရႊသီးစိတ္တိုင္းက် ေစတီတည္ပါေတာ့လို႕ ရံေရြေတာ္ တစ္ဦးကို ေျပာခိုင္းပါတယ္။ ေမာင္ေရႊသီးကေတာ့ မိဖုရားႀကီးဟာ မိမိရင္သားပံု ေစတီတည္လုိသည္ဟု ယူဆၿပီး သားျမတ္ပံုသ႑န္ေစတီတည္ပါတယ္။ ဒါကို ဘုရင္ႀကီးသိေတာ့ ေမာင္ေရႊသီးႏွင့္တကြ ပန္းရံဆရာအားလံုးကို ေရွ႕ေတာ္သြင္းေစပါတယ္။

ဒီအခါ အခြင့္ေကာင္းေစာင့္ေနတဲ့ ငလံုး ငေျပ႕ထီး ငခ်က္ႀကီး တို႕ဟာ သူတို႕ဆရာ ကိုေရႊသီးဟာ မိဖုရားရဲ႕ ငယ္ရည္းစားျဖစ္ၿပီး ယခုအခ်ိန္ထိ ခ်ိန္းခ်က္ေတြ႔ဆံုက်ဴးလြန္ေၾကာင္း ကုန္းေခ်ာစကား ေလွ်ာက္ၾကားပါတယ္။
ဘုရင္ႀကီးဟာ ေမာင္ေရႊသီးနဲ႕ ၾကံရာပါအားလံုးကို ခ်က္ခ်င္း ကြပ္မ်က္ေစပါတယ္။ ေနာက္တစ္ေန႔ မွာ မိဖုရားေစာမဲက်ီကို ေရွ့ေတာ္သြင္းေစပါတယ္။ ေစာမဲက်ီဟာ သူသစၥာမပ်က္ေၾကာင္းေလွ်ာက္ထားေပမယ့္ မယံုၾကည္တဲ့အတြက္ သူ႔ရဲ႕ဇာတိိရြာမွာ အဆံုးစီရင္ပါလို႔ ေလွ်ာက္ပါတယ္။ ဒီလုိနဲ႔ မိဖုရားကို သူတည္ထားတဲ့ နားေမႊးေတာ္ေစတီ အနီးက ေခ်ာင္းကေလးကမ္းပါးကို ကြပ္မ်က္ဖို႔ေခၚလာပါတယ္။

ေနာက္ဆံုးအခ်ိန္မွာ မိဖုရားဟာ ဒီလို သစၥာျပဳပါတယ္။ " ဘုရားတပည့္ေတာ္မသည္ မိမိ၏ကာမပိုင္ျဖစ္ေသာ လင္ေယာက်္ားမွတပါး မည္သည့္ေယာက်္ားႏွင့္မွ် မက်ဴးလြန္ပါ ဤမွန္ေသာ သစၥာစကားေၾကာင့္ တပည့္ေတာ္၏အေလာင္းသည္ သဘာ၀အတိုင္း ေရစုန္ကို မေမ်ာဘဲ အထက္အညာသို႕ ဆန္တက္ေမ်ာပါေစသား "

မိဖုရားဟာ ရာဇ၀တ္သင့္ မင္းညီမင္းသားမိဖုရားေတြကို ကြပ္မ်က္တဲ့ထံုးစံအတိုင္း လည္မ်ိဳကို တုတ္ႏွင့္ရိုက္ကာ ကြပ္မ်က္ျခင္း ခံရပါတယ္။ အံ့ၾသဖို႔ေကာင္းတာက မိဖုရားအေလာင္းဟာ သူသစၥာဆိုခဲ့တဲ့အတိုင္း အထက္ေရညာကို ဆန္တက္သြားပါတယ္။ ဒါကို ဘုရင္ႀကီးၾကားေတာ့ သစၥာရွိတဲ့မိဖုရားဆံုးရႈံးရၿပီဆိုၿပီး ႀကီးစြာေသာကေရာက္ပါတယ္။ အဖိုးမျဖတ္ႏုိင္တဲ့ ပတၱျမားႀကီးလည္း မိဖုရားကို ကြပ္မ်က္တဲ့အခ်ိန္ကစၿပီး ထူးဆန္းစြာေပ်ာက္ကြယ္သြားပါတယ္။ ဘုရင္မင္းဗာႀကီးလည္း ယူၾကံဳးမရတဲ့စိတ္နဲ႔ မၾကာမီမွာပဲ နတ္ရြာစံေတာ္မူပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: arakn

# Unicode Version ျဖင့္ ဖတ္ပါ #

မြန်မာသက္ကရာဇ် ၈၇၀-၈၉၀ ကျော်ခန့်က ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ နဲ့ ၁၀ မိုင်အကွာမှာ ရွာရင်းရွာဆိုတဲ့ ရွာလေးတစ်ရွာရှိတယ်။ အဲဒီရွာလေးမှာ တောင်ယာလုပ်ကိုင်စားသောက်တဲ့ ဦးဖြူထီး ဒေါ်မဲတူတို့မှာ မမဲကျီ ဆိုတဲ့ သမီးတစ်ယောက်ရှိတယ်။

မမဲကျီ ငါးနှစ်အရွယ်မှာ ဖခင်ဖြစ်သူ ဦးဖြူထီး ကွယ်လွန်သွားလို့ မိခင်မုဆိုးမကြီးနဲ့အတူ ဆင်းရဲပင်ပန်းစွာ ကြီးပြင်းခဲ့ရပါတယ်။ နာမည်ကသာ မမဲကျီပါ။ လူကတော့ ကြန်အင်လက္ခ္ခ္ခ္ခ္ခ္ခ္ခ္ခ္ခဏာနဲ့ပြည့်စုံပြီး အလွန်ချောမောလှပပါတယ်။
အရွယ်ရောက်လာတာနဲ့အမျှ မမဲကျီရဲ့ အလှဂုဏ်သတင်းဟာ ရွာနီးချုပ်စပ်ကျေးရွာများသို့တိုင်အောင် ပျံ့နှံ့ကျော်ကြားလေတော့ ကာလသားမှန်သမျှ အလုအယက်ကြိုးပမ်းကြပါတယ်။

ဒါပေမယ့် မမဲကျီရဲ့ မေတ္တာကို ခံယူရသူကတော့ တစ်ရွာတည်းနေ ရုပ်ရည်သန့်ပြန့်ပြီး အနေအထိုင်တည်ကြည်တဲ့ မောင်ရွှေသီးဆိုတဲ့ လူငယ်ပါပဲ။
မမဲကျီဟာ ရတနာသုံးပါးကို ရိုသေကိုင်းရှိုင်းသူဖြစ်တယ်။ အလှူဒါနပြုခြင်း သီလဆောက်တည်ခြင်းတို့မှာလည်း ဝါသနာထုံတယ်။ မမဲကျီတို့ရွာလေးဟာ ပင်လယ်ကမ်းခြေမှာ တည်ရှိတဲ့အတွက် ရွာသူရွာသားတွေဟာ ဝမ်းရေးအတွက် သားငါးတွေကို ရှာဖွေဖမ်းဆီးစားသောက်ပါတယ်။ အိမ်တိုင်းမှာ ငါးဖမ်းတဲ့ ကွန်ယက်သဲ့ရှိပေမယ့် မမဲကျီတို့ကတော့ သူတစ်ပါးအသက်ကို သတ်ဖြတ်တဲ့အလုပ်ကို ဝါသနာမပါလို့ ကွန်ယက်သဲ့တောင် မရှိပါဘူး။

တစ်နေ့မှာ မမဲကျီဟာ သူငယ်ချင်းတွေနဲ့ ချောင်းစပ်ကို လိုက်သွားပါတယ်။ သူငယ်ချင်းတွေက ယက်သဲ့နဲ့ ငါးဖမ်းတဲ့အခါ တစ်ခါမှမမြင်ဖူးတဲ့ မမဲကျီဟာ ယက်သဲ့ကိုကိုင်ပြီး သဲ့ကြည့်ပါတယ်။ ဒါပေမယ့့် ငါးပါမလာဘဲ ကျောက်တုံးနီနီလေးပါလာပါတယ်။ မမဲကျီဟာ နီရဲတောက်ပြောင်နေတဲ့ အလုံးလေးကို ဘာမှန်းမသိတဲ့အတွက် ရေထဲကို ပစ်ချလိုက်ပါတယ်။ နောက်တစ်ကြိမ် သဲ့ကြည့်တော့ အဲဒီအလုံးလေးက ပြန်ပါလာတယ်။ အဲဒီလို သုံးကြိမ်သဲ့ရာ သုံးကြိမ်စလုံး အဲဒီအလုံးလေးပြန်ပါလာလို့ သူငယ်ချင်းတစ်ဦးက ပြန်လွှတ်မပစ်ခိုင်းပဲနဲ့ အိမ်ကို အယူသွားခိုင်းပါတယ်။

ဒီလိုနဲ့ နီရဲတောက်ပြောင်နေတဲ့အလုံးလေးကို မမဲကျီယူလာပြီး မကြာခင်မှာပဲ ထိုသတင်းဟာ တစ်ရွာလုံးပြန့်သွားပါတော့တယ်။ အဲဒီအချိန်က မမဲကျီတို့ ရွာနဲ့ မနီးမဝေးမှာရှိတဲ့ အချိန်ပြင်ရွာမှာ ဆေးဝါး ဗေဒင် နက္ခတ် အဂ္ဂိရတ်ပညာတို့ကို တတ်ကျွမ်းတဲ့ ဦးမြတ်ကျော်ဦး ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးရှိတယ်။ သူဟာကျောက်သံပတ္တမြားအမျိုးမျိုးအကြောင်းကိုလည်း နားလည်ပါတယ်။ တစ်နေ့တော့ ဦးမြတ်ကျော်ဦးဟာ မမဲကျီတို့ အိမ်ကို ရောက်လာပြီး အနီရောင် ကျောက်တုံးလေးကို ယူကြည့်ပါတယ်။ သူက ဒီကျောက်တုံးလေးဟာ အဖိုးမဖြတ်နိုင်တဲ့ ပတ္တမြားဖြစ်ကြောင်းပြောပြီး မမဲကျီကို ဒီရက်ပိုင်းမှာ အိပ်မက်မက်သလားမေးပါတယ်။
မမဲကျီက "ကြီးကျယ်ခမ်းနားပြီး အခြွေအရံတွေများပြားတဲ့ အိမ်ကြီးမှာ နေပြီး ကုသိုလ်ကောင်းမှုလုပ်ရတာကို အိပ်မက် မြင်မက်ပါတယ်"လို့ ဖြေလိုက်ပါတယ်။ ဒါကို ဦးမြတ်ကျော်ဦးက ဘယ်လိုနိမိတ်ကောက်သလဲဆိုတော့ ကြီးကျယ်မြင့်မြတ်တဲ့ စည်းစိမ်ရှင်ဖြစ်မယ် သူတကာထက်ထူးတဲ့ ကုသိုလ်ကောင်းမှု လုပ်ရမယ်လို့ ပြောပါတယ်။

တဆက်တည်းမှာပဲ မမဲကျီရဲ့ လက္ခဏာ၊ ဇာတာစန်းလဂ်တို့ကို စစ်ဆေးပြီး မမဲကျီဟာ တစ်နေ့မှာ ကိုယ့်ထက်အသက်အရွယ်ကြီးရင့်တဲ့ ယောကျ်ားတစ်ဦးကြောင့် စိတ်မချမ်းမြေ့ဖွယ်ကို မြင်ကြောင်း ပြောပါတယ်။

ဒီလိုနဲ့ အဖိုးတန် ပတ္တမြားကြီးသတင်းဟာ ဟိုးလေးတကျော်ဖြစ်သွားပြီး ပတ္တမြားကြီးကို လာရာက်ကြည့်ရှုနေသူတွေနဲ့ အလွန်စည်ကားနေပါတယ်။ ဒါကြောင့် ပတ္တမြားကြီးကို အိမ်မှာမထားဘဲ ရွာဦးဆရာတော်ကျောင်းမှာ ကျောက်စီရွှေကလပ်ပေါ်တင်ပြီး အစောင့်အရှောက်နဲ့ထားပါတယ်။

ဒါကို ရမ္မာဝတီမြို့( ယခု ရမ်းဗြဲမြို့ ) မှာ အုပ်ချုပ်စိုးစံတဲ့ ဘုရင်ခံ နေမျိုးသူရိယ ကြားတော့ ပတ္တမြားကိုသိမ်းယူပြီး မြောက်ဦးရွှေမြို့တော်မှာရှိတဲ့ဘုရင်မင်းဗာကြီးကို ဆက်သဖို့ မမဲကျီတို့ ရွာလေးကို ရောက်လာပါတယ်။ အဲဒီနောက် မမဲကျီတို့ သားအမိကို ခေါ်ပြီး ဤပတ္တမြားသည် ဆင်းရဲသားနှင့်မထိုက် မင်းနှင့်သာထိုက်သည်မို့ ရခိုင်ဘုရင်ထံဆက်သရန် ယူဆောင်သွားရမည် ဟု မိန့်တော်မူပြီး အသပြာငါးထောင်ကို ဆုလာဘ်အဖြစ် ပေးသနားပါတယ်။

သည့်နောက် ပတ္တမြားကြီးကို ယူပြီး ဘုရင်ကြီးထံဆက်သဖို့ ညတွင်းချင်း ရမ်းဗြဲဆိပ်ကမ်းကနေ မြောက်ဦးကို သွားပါတယ်။ သို့သော်ပတ္တမြားကြီးဟာ နေမျိုးသူရိယ ရွှေမြို့တော်မရောက်ခင်မှာဘဲ မူလကလပ်ပေါ်ပြန်ရောက်သွားပါတယ်။ ရွှေမြို့တော်ကို ရောက်တော့ ဘုရင်ကြီးဟာ ပတ္တမြားထည့်တဲ့ ကတ္တီပါကြုတ်ကို ဖွင့်ကြည့်တော့ ဘာမှမတွေ့ရပါဘူး။ ဒီအခါ ဘုရင့်အတိုင်ပင်ခံ ပညာရှိ ဝိမလက ဒီလိုလျှောက်တင်ပါတယ်။ပတ္တမြား၏အရှင်သခင်ဖြစ်လိုပါက မူလပိုင်ရှင် အမျိုးသမီးကို သိမ်းပိုက်သင့်ကြောင်း ဘုန်းတန်ခိုးလည်း တိုးတက်လာနိုင်ကြောင်း လျှောက်တင်ပါတယ်။

ဘုရင်မင်းဗာကြီးလည်း မမဲကျီကို မိဖုရားအဖြစ်တင်မြှောက်ရန် သက်ဆိုင်ရာ သူကြီးမှတဆင့် စာချွန်တော် အပို့လွှတ်ပါတယ်။ စာချွန်တော်ရောက်လာတော့ မမဲကျီဟာ ချစ်သူမောင်ရွှေသီးကို ဖက်ပြီး ငိုပါတယ်။ ဒါပေမယ့် ဘုရင့် အမိန့်ဆိုတော့ မောင်ရွှေသီးလည်း ဘာမှမတတ်နိုင်ပါဘူး။

ဒီလိုနဲ့ မမဲကျီဟာ ပတ္တမြားဒေဝီ စောမဲကျီ ဆိုတဲ့ ဘွဲ့နဲ့ ဘုရင်မင်းဗာကြီးရဲ့ အနောက်နန်း မိဖုရားဖြစ်လာပါတယ်။ ငယ်ရွယ်နုပျိုပြီး ချောမောလှပတဲ့ မမဲကျီကို ဘုရင်ကြီးဟာ အရမ်းချစ်မြတ်နိုးပါတယ်။

တစ်နေ့မှာ ဘင်္ဂလား ၁၂ မြို့ကို အပိုင်စားရတဲ့ နယ်စားမြို့စားတွေဟာ ပုန်ကန်ထကြွပါတယ်။ ဘုရင်ကိုယ်တိုင် စီးတော်ဆင် ဇီဝစိုးကို စီးပြီး စစ်ချီပါတယ်။ ဘုရင့်တပ်မတော်ဟာ အင်အားတောင့်တင်းတာကြောင့် ကုလားမြို့စားနယ်စားများ အရေးနိမ့်ပါတယ်။ စစ်အောင်ပြီး ပြန်အလာ လမ်းမှာ တပ်စခန်းချရပ်နားတော့ စေတီပျက်တစ်ဆူက ရောင်ခြည်တော်ကွန့်မြူးပါတယ်။ ဘုရင်ကြီးဟာ စေတီပျက်ကို ရှင်းလင်းစေတော့ ဓါတ်တော်များရရှိပါတယ်။ ဒါကြောင့် လမ်းတလျှောက်တွေ့ရတဲ့

စေတီပျက်များမှ ဓါတ်တော်များကို ယူဆောင်ရင်း ပြည်တော်ပြန်ပါတယ်။
မြို့တော်ရောက်တော့ ဘုရင်ကြီးဟာ ဓါတ်တော်တွေရဲ့ အမျိုးအစားကို မသိတဲ့အတွက် မိဖုရားမမဲကျီကို မေးပါတယ်။ မမဲကျီဟာ လူမှန်းသိတတ်စအရွယ်မှစ၍ ငါးပါးသီလလုံခြုံကြောင်း သစ္စာဆိုကာ ဓါတ်တော်များကို အမျိုးအစားခွဲခြားပြပါတယ်။ ဘုရင်ကြီးဟာ ဝမ်းသာအားရဖြစ်ပြီး မမဲကျီကို အလိုရှိရာဆုတောင်းစေပါတယ်။ မမဲကျီဟာ ရခိုင်ပြည်တဝှမ်းလှည့်လည်ပြီး ဓါတ်တော်များကို စေတီတည်ခွင့် တောင်းဆိုပါတယ်။

ဘုရင်ကြီးရဲ့ ခွင့်ပြုချက်ရတာနဲ့ မမဲကျီဟာ ဓါတ်တော်များကို စေတီတည်ပါတယ်။ ယနေ့ခေတ်တိုင် စစ်တွေခရိုင် အတွင်းမှာရှိတဲ့ ဦးရစ်စေတီ ဆံတော်ရှင်စေတီတွေဟာ မမဲကျီရဲ့ ကုသိုလ်တော်တွေပါပဲ။ မမဲကျီဟာ မွေးရာဇာတိဖြစ်တဲ့ ရွာဦးတောင်ထိပ်မှာ နားမွေးတော်စေတီကို ဦးစွာတည်ပါတယ်။ ထိုအချိန်မှာ စောမဲကျီရဲ့ ငယ်ရည်းစား မောင်ရွှေသီးဟာ နာမည်ရ ပန်းရံဆရာတစ်ဦးဖြစ်နေပါပြီ။ ဒါကြောင့် စောမဲကျီတည်တဲ့ စေတီများကို မောင်ရွှေသီးက ဦးဆောင်ရပါတယ်။

ဘုရင်မင်းဗာကြီးရဲ့ ကောင်းမှုတော် ရှစ်သောင်းစေတီကိုလည်း မောင်ရွှေသီးကိုယ်တိုင် ကြီးကြပ်စီမံပါတယ်။ ထိုခေတ်ထိုအခါက အင်္ဂတေစပ်ရာမှာ ကျွဲရေပြား အုံတုံ တင်လဲ ထုံး သဲ တို့ကို အချိုးကျ ရောစပ်ရပါတယ်။ အလွန်ခိုင်ခံ့ပါ၏တယ်။

( ရခိုင်ပြည်အင်္ဂတေလုပ်နည်းလင်္ကာ - အုန်းဒူ သတ္တ နဝကျွဲကော် သုံးဖော်ဝရစ် တစ်သဖန်းခါး ပဉ္စတင်လဲ ထုံးနှင့်သဲကို အမျှရောလေ ကျောက်ဖြစ်တေ )
အဓိကကျတဲ့ ပစ္စည်းကတော့ ကျွဲရေပြားပါပဲ။ တစ်နေ့မှာ ရှစ်သောင်းစေတီကြီးအတွက် သုံးရန်ထားတဲ့ ကျွဲရေပြားငါးချပ်ဟာ ပျောက်ဆုံးသွားပါတယ်။ ဒီကိစ္စကို မောင်ရွှေသီးက စုံစမ်းတော့ တပည့်များဖြစ်သော ငလုံး ငပြေ့ထီး ငချက်ကြီးတို့ ခိုးယူကြောင်းသိတဲ့အတွက် လူပုံအလယ်မှာ ထိုးကြိတ်ကန်ကျောက်ကာ ဆုံးမမိပါတယ်။ ဒါကို သူတို့က အငြိုးထားပါတယ်။

ရှစ်သောင်းစေတီပြီးတော့ မိဖုရားစောမဲကျီရဲ့ ဓါတ်ပေါင်းစုစေတီတည်ဖို့ မောင်ရွှေသီးဟာ မိဖုရားနဲ့ဆွေးနွေးဖို့အတွက် မိဖုရားရဲ့ အဆောင်တော်ကို လာပါတယ်။ အဲဒီအချိန်မှာ မိဖုရားဟာ ပူအိုက်တဲ့ရာသီဖြစ်လို့ ရင်တားအဝတ်တန်ဆာကို ချွတ်ထားပါတယ်။ ဧည့်သည်စောင့်နေတဲ့အတွက် ရင်တားအဝတ်ကို မလွှမ်းမိဘဲ ပိုးအချိတ်ထမီကို ရင်မှာတင်ကာ ရုတ်တရက်ထွက်လာပါတယ်။ ခန်းမဆောင်တံခါးထိပ်ကိုရောက်တော့ မိဖုရားဟာ ကြမ်းပြင်ထိလုနီးပါးဖြစ်နေတဲ့ ထမီစကို မတော်တဆနင်းမိတော့ ထမီဟာပြေကျပြီး ရင်သားပေါ်လုနီးပါးဖြစ်သွားပါတယ်။ မိဖုရားဟာ အတော်လေးစိတ်ထိခိုက်ပြီး မောင်ရွှေသီးကို စကားမပြောတော့ဘဲ အတွင်းဆောင်ကို ပြန်ဝင်သွားပါတယ်။

ပြီးတော့မှ မောင်ရွှေသီးစိတ်တိုင်းကျ စေတီတည်ပါတော့လို့ ရံရွေတော် တစ်ဦးကို ပြောခိုင်းပါတယ်။ မောင်ရွှေသီးကတော့ မိဖုရားကြီးဟာ မိမိရင်သားပုံ စေတီတည်လိုသည်ဟု ယူဆပြီး သားမြတ်ပုံသဏ္ဍန်စေတီတည်ပါတယ်။ ဒါကို ဘုရင်ကြီးသိတော့ မောင်ရွှေသီးနှင့်တကွ ပန်းရံဆရာအားလုံးကို ရှေ့တော်သွင်းစေပါတယ်။

ဒီအခါ အခွင့်ကောင်းစောင့်နေတဲ့ ငလုံး ငပြေ့ထီး ငချက်ကြီး တို့ဟာ သူတို့ဆရာ ကိုရွှေသီးဟာ မိဖုရားရဲ့ ငယ်ရည်းစားဖြစ်ပြီး ယခုအချိန်ထိ ချိန်းချက်တွေ့ဆုံကျူးလွန်ကြောင်း ကုန်းချောစကား လျှောက်ကြားပါတယ်။
ဘုရင်ကြီးဟာ မောင်ရွှေသီးနဲ့ ကြံရာပါအားလုံးကို ချက်ချင်း ကွပ်မျက်စေပါတယ်။ နောက်တစ်နေ့ မှာ မိဖုရားစောမဲကျီကို ရှေ့တော်သွင်းစေပါတယ်။ စောမဲကျီဟာ သူသစ္စာမပျက်ကြောင်းလျှောက်ထားပေမယ့် မယုံကြည်တဲ့အတွက် သူ့ရဲ့ဇာတိရွာမှာ အဆုံးစီရင်ပါလို့ လျှောက်ပါတယ်။ ဒီလိုနဲ့ မိဖုရားကို သူတည်ထားတဲ့ နားမွှေးတော်စေတီ အနီးက ချောင်းကလေးကမ်းပါးကို ကွပ်မျက်ဖို့ခေါ်လာပါတယ်။

နောက်ဆုံးအချိန်မှာ မိဖုရားဟာ ဒီလို သစ္စာပြုပါတယ်။ " ဘုရားတပည့်တော်မသည် မိမိ၏ကာမပိုင်ဖြစ်သော လင်ယောကျ်ားမှတပါး မည်သည့်ယောကျ်ားနှင့်မျှ မကျူးလွန်ပါ ဤမှန်သော သစ္စာစကားကြောင့် တပည့်တော်၏အလောင်းသည် သဘာဝအတိုင်း ရေစုန်ကို မမျောဘဲ အထက်အညာသို့ ဆန်တက်မျောပါစေသား "

မိဖုရားဟာ ရာဇဝတ်သင့် မင်းညီမင်းသားမိဖုရားတွေကို ကွပ်မျက်တဲ့ထုံးစံအတိုင်း လည်မျိုကို တုတ်နှင့်ရိုက်ကာ ကွပ်မျက်ခြင်း ခံရပါတယ်။ အံ့သြဖို့ကောင်းတာက မိဖုရားအလောင်းဟာ သူသစ္စာဆိုခဲ့တဲ့အတိုင်း အထက်ရေညာကို ဆန်တက်သွားပါတယ်။ ဒါကို ဘုရင်ကြီးကြားတော့ သစ္စာရှိတဲ့မိဖုရားဆုံးရှုံးရပြီဆိုပြီး ကြီးစွာသောကရောက်ပါတယ်။ အဖိုးမဖြတ်နိုင်တဲ့ ပတ္တမြားကြီးလည်း မိဖုရားကို ကွပ်မျက်တဲ့အချိန်ကစပြီး ထူးဆန်းစွာပျောက်ကွယ်သွားပါတယ်။ ဘုရင်မင်းဗာကြီးလည်း ယူကြုံးမရတဲ့စိတ်နဲ့ မကြာမီမှာပဲ နတ်ရွာစံတော်မူပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: arakn
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top