ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ညဖက္မွာ အိပ္ေပ်ာ္ဖို႔ ခက္ခဲေနလား။ အခုေျပာျပမယ့္ ေယာဂေလ့က်င့္ခန္းက သင့္ကို အိပ္ေရး၀၀အိပ္ေစဖို႔ ကူညီေပးႏိုင္ပါတယ္။

အေရးႀကီးဆံုုးကေတာ့ အိပ္ယာမ၀င္ခင္ နာရီ၀က္အလိုမွာ TV ေတြ ဖုန္းေတြ လံုး၀မၾကည့္ပါနဲ႔။ သီခ်င္းေအးေအးေလးဖြင့္ထားၿပီး အခုေျပာျပမယ့္ ေယာဂေလ့က်င့္ခန္းကို လုပ္ၾကည့္ပါေနာ္။ အာရံုေၾကာေတြကို သက္ေသာင့္သက္သာျဖစ္ေစၿပီး ႏွလံုးခုန္ႏႈန္းကို ျဖည္းျဖည္းေလး က်သြားေစလို႔ သင့္ကို အိပ္ေပ်ာ္ေစဖို႔ အကူအညီျဖစ္ေစသလို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေရး၀ေစမွာအမွန္ပါပဲ။

၁။ အရင္ဆံုး ခႏၶာကိုယ္ကို ပက္လက္လွဲေနၿပီ ဒူးေကြးထားလိုက္ပါ။ ၿပီးရင္ ဒူးကို ဘယ္ဖက္ေကြးလိုက္ပါ။ အဲဒီေနာ္ ဘယ္ဖက္လက္နဲ႔ ညာဖက္ေပါင္ကို ထိန္းထားၿပီး ညာဖက္လက္ကို ေဘးဖက္ခ်ထားပါ။ မ်က္ႏွာကို ညာဖက္လွည့္ပါ။ အဲဒီအတိုင္းေနၿပီး အသက္မွန္မွန္ရွဴပါ။ ၿပီးရင္ေနာက္တစ္ဖက္ေျပာင္းေပးပါ။

၂။ အရင္ဆံုး ေက်ာလွဲေနပါ။ ေက်ာေနာက္မွာ ေခါင္းအံုးခံထားပါ။ ၿပီးရင္ ဒူးႏွစ္ဖက္ကို အခုပံုမွာျပထားသလို ေကြးထားပါ။ လက္ႏွစ္ဖက္ကို ေဘးခ်ထားပါ။ စိတ္ေတြကိုေရာ ခႏၶာကိုယ္တစ္ခုလံုးကိုပါ Relax လုပ္ထားပါ။ ၿပီးရင္ အသက္ကို မွန္မွန္ေလးရွဴပါ။

၃။ အရင္ဆံုး လဲွေနလိုက္ပါ။ ၿပီးရင္ ခါးေအာက္မွာ ေခါင္းအံုးအေပ်ာ့တစ္လံုးခုထားပါ။ ၿပီးရင္ လက္ႏွစ္ဖက္ကို ေဘးခ်ထားၿပီး သက္ေသာင့္သက္သာေနပါ။ ေျခေထာက္ႏွစ္ဖက္ကို နံရံေပၚတင္လိုက္ၿပီး အသက္ကို ျဖည္းျဖည္း မွန္မွန္ရွဴပါ။

၄။ အရင္ဆံုး ေမွာက္လ်က္အေနအထားေနေပးပါ။ ၿပီးရင္ ေျခဖ၀ါးကို ဆန္႔ထားၿပီး ၾကမ္းျပင္နဲ႔ ေျခေခ်ာင္းေလးေတြနဲ႔ ထိေအာင္ထားပါ။ လက္ႏွစ္ဖက္ကို ေနာက္ပစ္ၿပီး ေခါင္းကို နည္းနည္းၾကြပါ။ အဲဒီအတိုင္းေနႏိုင္သေလာက္ေနေပးပါ။

၅။ အရင္ဆံုး ေျခေထာက္ႏွစ္ဖက္ကို ကားႏိုင္သေလာက္ကားထားပါ။ ေခါင္းအံုးကို အေရွ႕မွာခ်ၿပီး လက္ႏွစ္ဖက္ကို ေခါင္းအံုးေအာက္ထည့္ထားပါ။ ၿပီးရင္ မ်က္ႏွာနဲ႔ ေခါင္းအံုးကိုအပ္ထားလိုက္ပါ။ အဲဒီအတိုင္း ေနႏိုင္သေလာက္ေနပါ။

၆။ အရင္ဆံုး ေက်ာလဲွေနပါ။ ၿပီးရင္ ေျခေထာက္ကိုေရာ လက္ႏွစ္ဖက္ကိုပါ ေဖ်ာ့ထားပါ။ ခႏၶာကိုယ္တစ္ခုလံုးကို သက္ေသာင့္သက္သာေနၿပီး အသကကို မွန္မွန္ရွဴေပးပါ။ ေခါင္းအံုးကို လည္ပင္းကေန ေက်ာထိ ေဒါင္လိုက္ခုထားေပးပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyStyle
#Unicode Version#
 ညဖက်မှာ အိပ်ပျော်ဖို့ ခက်ခဲနေလား။ အခုပြောပြမယ့် ယောဂလေ့ကျင့်ခန်းက သင့်ကို အိပ်ရေး၀၀အိပ်စေဖို့ ကူညီပေးနိုင်ပါတယ်။

အရေးကြီးဆုံုးကတော့ အိပ်ယာမဝင်ခင် နာရီဝက်အလိုမှာ TV တွေ ဖုန်းတွေ လုံးဝမကြည့်ပါနဲ့။ သီချင်းအေးအေးလေးဖွင့်ထားပြီး အခုပြောပြမယ့် ယောဂလေ့ကျင့်ခန်းကို လုပ်ကြည့်ပါနော်။ အာရုံကြောတွေကို သက်သောင့်သက်သာဖြစ်စေပြီး နှလုံးခုန်နှုန်းကို ဖြည်းဖြည်းလေး ကျသွားစေလို့ သင့်ကို အိပ်ပျော်စေဖို့ အကူအညီဖြစ်စေသလို နှစ်နှစ်ခြိုက်ခြိုက်အိပ်ရေးဝစေမှာအမှန်ပါပဲ။

၁။ အရင်ဆုံး ခန္ဓာကိုယ်ကို ပက်လက်လှဲနေပြီ ဒူးကွေးထားလိုက်ပါ။ ပြီးရင် ဒူးကို ဘယ်ဖက်ကွေးလိုက်ပါ။ အဲဒီနော် ဘယ်ဖက်လက်နဲ့ ညာဖက်ပေါင်ကို ထိန်းထားပြီး ညာဖက်လက်ကို ဘေးဖက်ချထားပါ။ မျက်နှာကို ညာဖက်လှည့်ပါ။ အဲဒီအတိုင်းနေပြီး အသက်မှန်မှန်ရှူပါ။ ပြီးရင်နောက်တစ်ဖက်ပြောင်းပေးပါ။

၂။ အရင်ဆုံး ကျောလှဲနေပါ။ ကျောနောက်မှာ ခေါင်းအုံးခံထားပါ။ ပြီးရင် ဒူးနှစ်ဖက်ကို အခုပုံမှာပြထားသလို ကွေးထားပါ။ လက်နှစ်ဖက်ကို ဘေးချထားပါ။ စိတ်တွေကိုရော ခန္ဓာကိုယ်တစ်ခုလုံးကိုပါ Relax လုပ်ထားပါ။ ပြီးရင် အသက်ကို မှန်မှန်လေးရှူပါ။

၃။ အရင်ဆုံး လဲှနေလိုက်ပါ။ ပြီးရင် ခါးအောက်မှာ ခေါင်းအုံးအပျော့တစ်လုံးခုထားပါ။ ပြီးရင် လက်နှစ်ဖက်ကို ဘေးချထားပြီး သက်သောင့်သက်သာနေပါ။ ခြေထောက်နှစ်ဖက်ကို နံရံပေါ်တင်လိုက်ပြီး အသက်ကို ဖြည်းဖြည်း မှန်မှန်ရှူပါ။

၄။ အရင်ဆုံး မှောက်လျက်အနေအထားနေပေးပါ။ ပြီးရင် ခြေဖဝါးကို ဆန့်ထားပြီး ကြမ်းပြင်နဲ့ ခြေချောင်းလေးတွေနဲ့ ထိအောင်ထားပါ။ လက်နှစ်ဖက်ကို နောက်ပစ်ပြီး ခေါင်းကို နည်းနည်းကြွပါ။ အဲဒီအတိုင်းနေနိုင်သလောက်နေပေးပါ။

၅။ အရင်ဆုံး ခြေထောက်နှစ်ဖက်ကို ကားနိုင်သလောက်ကားထားပါ။ ခေါင်းအုံးကို အရှေ့မှာချပြီး လက်နှစ်ဖက်ကို ခေါင်းအုံးအောက်ထည့်ထားပါ။ ပြီးရင် မျက်နှာနဲ့ ခေါင်းအုံးကိုအပ်ထားလိုက်ပါ။ အဲဒီအတိုင်း နေနိုင်သလောက်နေပါ။

၆။ အရင်ဆုံး ကျောလဲှနေပါ။ ပြီးရင် ခြေထောက်ကိုရော လက်နှစ်ဖက်ကိုပါ ဖျော့ထားပါ။ ခန္ဓာကိုယ်တစ်ခုလုံးကို သက်သောင့်သက်သာနေပြီး အသကကို မှန်မှန်ရှူပေးပါ။ ခေါင်းအုံးကို လည်ပင်းကနေ ကျောထိ ဒေါင်လိုက်ခုထားပေးပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: MyStyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top