Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ျမန္မာႏိုင္ငံအေရွ႕ဘက္ တ႐ုတ္ ျပည္နယ္စပ္ရွိ ရမၼက္ေလာဘတို႔ဆံုရာ ၿပိဳးျပက္ေတာက္ပသည့္ မိုင္းလားၿမိဳ႕တြင္ ရႏိုင္ေသာအစားအေသာက္မ်ားသည္ အလြယ္တကူ မူးေမ့ေအာ့အန္တတ္သူမ်ားအတြက္ မဟုတ္ပါ။ အစားအေသာက္စာရင္းပါ ဟင္းႏွင့္ ေသာက္သံုးဖြယ္ရာအမ်ားစုသည္ ရွားပါးတိရစၦာန္တို႔၏ အေသြးအသားမ်ားသာျဖစ္သည္။

ျမစ္နံေဘးရွိ စားေသာက္ဆိုင္တဆိုင္တြင္ က်ားအ႐ုိးပေဒသာကို ၁၂ ေပက်ယ္သည့္အနက္ေရာင္ ယမကာကန္ထဲ၌စိမ္ထားရာ ေဟာင္းေလာင္းျဖစ္ေနေသာ က်ား၏မ်က္လံုးအစံုက ဆိုင္းအတြင္း၀င္ လာသူမ်ားအား အထက္စီးမွ စိုက္ၾကည့္ေနေလသည္။ ထိုအဖိုးတန္ေသရည္သည္ က်ားတေကာင္၏ သန္ စြမ္းမႈကိုေပးေသာ လိင္အစြမ္းထက္ေဆးျဖစ္သည္ဟု ႀကိဳက္ႏွစ္သက္သူမ်ားက ယံုၾကည္ၾကသည္။

“က်ား၀ိုင္က ေယာက္်ားအတြက္ေရာ မိန္းမအတြက္ပါေကာင္းတယ္ေနာ္”ဟု မိုင္းလားတြင္ ဆယ္ စုႏွစ္တခုေက်ာ္ေနထိုင္ခဲ့သည့္ တ႐ုတ္လူမ်ဳိးလုပ္ငန္းရွင္တဦးက သူ႔၏လက္ေမာင္းႂကြက္သားမ်ားကို ကာယဗလေမာင္တဦးသဖြယ္ ေတာင့္ျပ၍ ၿပံဳးၿဖဲၿဖဲမ်က္ႏွာထားျဖင့္ ေျပာသည္။
“ဒါက ေယာက္်ားတေယာက္ကို အိပ္ရာထဲမွာ အားေကာင္းေစတယ္”
ယင္း၀ိုင္သည္ အစြမ္းထက္ေဆးျဖစ္လာဖို႔ အနည္းဆံုး တႏွစ္ခန္႔စိမ္ထားလွ်င္ ပိုေကာင္းသည္ဟု ဆိုသည္။ ယင္းေနာက္မွ လိင္ကိစၥေပ်ာ္ပါးရန္လာေရာက္ၾကသည့္ ခရီးသြားမ်ားအား ၁ ပုလင္းလွ်င္ တ႐ုတ္ ယြမ္ေငြ ၁၀၀၀ (ေဒၚလာ ၁၆၃ ခန္႔)ျဖင့္ ေရာင္းသည္။
“မ်ားေသာအားျဖင့္ ၁ခြက္၊ ၂ခြက္ပဲ ေသာက္ၾကတယ္”ဟု စားပြဲထိုးမေလးက ရယ္လ်က္ေျပာသည္။

ယင္းေသရည္သည္ ျမန္မာႏိုင္ငံ၏ မေကာင္းမႈၿမိဳ႕ေတာ္သို႔ ေန႔စဥ္ႏွင့္အမွ် နယ္စပ္ျဖတ္ေက်ာ္ ေရာက္ရွိလာသည့္ ရာႏွင့္ခ်ီေသာ တ႐ုတ္မ်ားအတြက္ မက္ေမာစရာမ်ားထဲမွ တခုသာ ျဖစ္သည္။ တကၠစီဆရာသည္ နီယြန္မီးမ်ားျဖင့္ ထိန္ညီးေနေသာ ခ်ဳိင့္၀ွမ္းေဒသသို႔သြားရာ မည္းေမွာင္ေသာေတာလမ္းအတိုင္း ျဖတ္သန္းေမာင္းႏွင္လာစဥ္ မိုင္းလား၏ စာရိတၲပ်က္ျပားဖြယ္ရာ ဆြဲေဆာင္မႈမ်ားအား တိုတိုရွင္းရွင္းေျပာ ျပသည္။
“မိုင္းလားမွာ ဘာမွမရွိပါဘူးဗ်ာ။ ျပည့္တန္ဆာေတြရယ္၊ ေလာင္းကစားနဲ႔ ရွားပါးတိရစၦာန္ေတြ သာရွိတာပါ”

အမွန္အားျဖင့္ မိုင္းလားသည္ အေမရိကန္ျပည္ေထာင္စု ေလာင္းကစားၿမိဳ႕ေတာ္ လတ္စ္ ေဗးဂတ္စ္အေသးစားသဖြယ္ျဖစ္ၿပီး ေဗးဂတ္စ္ထက္ပို၍ ညစ္ေထးစုတ္ျပတ္ကာ ပို၍ဥပေဒမဲ့ျခင္း၊ အလြယ္တကူ မေရာက္ေပါက္ႏိုင္ေသာေနရာတြင္ တည္ရွိေနျခင္း၊ ရွားပါးတိရစၦာန္မ်ားအား ပြဲသြင္းျပစားျခင္းမရွိဘဲ စားသံုးၾကျခင္းတို႔သာ ကြာျခားသည္။ ေစ်းဆိုင္အေသးကေလးမ်ားမွအစ အထက္တန္းဖက္ရွင္စတိုး ဆုိင္ႀကီးမ်ားအဆံုး မိုင္းလားသည္ တ႐ုတ္ခရီးသြားဧည့္သည္မ်ားအတြက္ ေစ်းဆစ္၀ယ္ယူၾကရာ သား ေကာင္ပြဲ႐ံုႀကီး ျဖစ္သည္။ မွန္ေဘာင္သြင္းထားေသာ က်ားအၿမီးကို ယြမ္ ၃၀၀၀၀(ေဒၚလာ ၄၈၉၀ ခန္႔)၊ က်ားအေရခြံကို ယြမ္ ၁၀၀၀၀၀(ေဒၚလာ ၁၆၃၀၀ ခန္႔)၊ တန္ဖိုးႀကီး ႀကံ့ခ်ဳိကို ယြမ္၂၈၀၀၀၀ (ေဒၚလာ ၄၅၆၄၀ခန္႔)အသီးသီး ေစ်းေပါက္သည္။

မိုင္းလားၿမိဳ႕သည္ ၁၉၁၁ စတုရန္းမိုင္က်ယ္၀န္းၿပီး အမ်ားအားျဖင့္ တရားဥပေဒမရွိသည့္ အထူးေဒသ ၄၏ ၿမိဳ႕ေတာ္ျဖစ္သည္။ ထိုေဒသသည္ အလြယ္တကူ ၀င္ထြက္သြားလာႏိုင္သည့္ ျမန္မာႏိုင္ငံ နယ္စပ္ေဒသမ်ား၏ စံနမူနာတခုျဖစ္သည္။ ဗဟိုအစိုးရ၏ အမိန္႔၊ စည္းၾကပ္မႈမ်ား မသက္ေရာက္ ေသာ၊ ေဒသဆိုင္ရာအာဏာပိုင္မ်ားကသာ ဥပေဒကို စိတ္ရွိတိုင္းက်င့္သံုးသည့္ မ်က္ကြယ္ေနရာတခု ျဖစ္သည္။ ႏိုင္ငံေတာ္က ခင္းက်င္းထားသည့္ အေျခခံအုတ္ျမစ္၏ အက္ေၾကာင္းကဲ့သို႔ျဖစ္ေနသည့္ ထိုေဒသတြင္ အေရွ႕ေတာင္အာရွ၏ အႀကီးမားဆံုးေသာ ရွားပါးတိရစၦာန္ေစ်းကြက္ႀကီး ေပၚထြန္းေနသည္။ တရားမ၀င္ အမဲလိုက္သမားတို႔၏ နတ္ျပည္ႀကီးျဖစ္ေနသည္။

“အေရွ႕ေတာင္အာရွမွာ တရားမ၀င္အမဲလိုက္ႏႈန္းက မယံုႏိုင္ေအာင္ပါပဲ”ဟု သစ္ပင္ႏွင့္ သား႐ုိင္းတိရစၦာန္ ေရာင္း၀ယ္ေဖာက္ကားမႈအား တကမၻာလုံးအတိုင္းအတာျဖင့္ ေစာင့္ၾကည့္ေလ့လာသည့္အဖြဲ႕ TRAFFIC မွ အေရွ႕ေတာင္အာရွေဒသဆိုင္ရာ ဒါ႐ုိက္တာခရစ္ရွက္ဖာ့ဒ္ က ေျပာသည္။
လြန္ခဲ့ေသာဆယ္စုႏွစ္ ၂ ခု၊ ၃ ခုအတြင္း တ႐ုတ္ႏိုင္ငံက စီးပြားေရးအႀကီးအက်ယ္ခ်ဲ႕ထြင္လာခဲ့ရာ ခ်မ္းသာမႈႏွင့္ဂုဏ္ရွိန္ကိုေဖာ္ျပႏိုင္ေသာ အေဆာင္အေယာင္မ်ားအတြက္ ေငြေၾကးသံုးစြဲရန္ ဆႏၵရွိသည့္ သူႂကြယ္လူတန္းစားသစ္တခုကို ေပၚထြန္းေစခဲ့သည္။

တ႐ုတ္ျပည္မွ လူလတ္တန္းစားမ်ား၏ ၀ယ္လိုအား
—- —- —- —-
ယေန႔တ႐ုတ္ျပည္တြင္ လူလတ္တန္းစား(တေန႔ ၁၀ ေဒၚလာမွ ေဒၚလာ ၁၀၀ ၀င္ေငြရွိသူ)အေရအတြက္ သန္း ၁၅၀ ရွိၿပီး ယင္းမွာ အေမရိကန္နိုင္ငံလူဦးေရ၏ တ၀က္နီးပါးရွိသည္။ ေနာင္လာမည့္ ဆယ္စုႏွစ္အတြင္း အဆိုပါလူဦးေရသည္ ၃ ဆခန္႔ ျမင့္တက္လာမည္ျဖစ္သျဖင့္ မိုင္းလားတြင္ရရွိႏိုင္သည့္ အထိန္းအကြပ္မဲ့ေပ်ာ္ရႊင္မႈ၊ ဘူဇြာအေဆာင္အေယာင္မ်ားႏွင့္ တ႐ုတ္တိုင္းရင္းေဆးတို႔အတြက္ ၀ယ္ လိုအား ျမင့္တက္လာမည္ျဖစ္သည္။

တကမၻာလံုး အတိုင္းအတာအရ က်ား႐ုိင္း အေသြးအသား တရားမ၀င္ေရာင္း၀ယ္မႈ၏ ၃ ပံု ၁ ပံုခန္႔သည္ ျမန္မာျပည္မွျဖတ္သန္းသြားသည္ဟု ကမၻာ့သဘာ၀ရင္ေသြးမ်ားရန္ပံုေငြအဖြဲ႕မွ မဟာမဲေခါင္ေဒသမ်ဳိးစိတ္မ်ားဆိုင္ရာ မန္ေနဂ်ာ ေသာမက္စ္ဂေရး က ေျပာသည္။
“အာရွတိုက္မွာ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္ ၂ ခု ၃ ခုေလာက္ကစၿပီး ႏို႔တိုက္သတၲ၀ါႀကီးေတြကို အမဲလိုက္တာနဲ႔ ေတာ႐ုိင္းတိရစၦာန္ေမွာင္ခိုလုပ္ငန္း အဆမတန္ႀကီးထြားလာတယ္။ ၿပီးခဲ့တဲ့ဆယ္ႏွစ္အတြင္း အာဖရိကတိုက္မွာလည္း အလားတူပဲ။ အဓိက ကေတာ့ အာရွမွာအထူးသျဖင့္ တ႐ုတ္ျပည္မွာရွားပါး တိရစၦာန္ေတြကို ေပၚေပၚတင္တင္စားသံုးတဲ့ လူလတ္တန္းစား၊ သံုးႏိုင္ျဖဳန္းႏိုင္တဲ့လူေတြမ်ားလာလို႔ပဲ”ဟု ဂေရး က ေျပာသည္။

မိုင္းလားၿမိဳ႕ရွိ ေဆးဘက္၀င္ပစၥည္မ်ားေရာင္းခ်သည့္ လဟာျပင္ေစ်း၌ ၀က္၀ံသည္းေျခရည္ႏွင့္ ေျခသည္း၊ ဆင္ေရႏွင့္ ဆင္စြယ္၊ က်ားသစ္ႏွင့္ ေတာေၾကာင္အေရခြံတို႔အျပင္ သင္းေခြခ်ပ္၊ လိပ္၊ ေမ်ာက္အရွင္မ်ားကိုလည္း ေရာင္းခ်ေနရာ ယင္းရွားပါးတိရစာၦန္တို႔၏ ျဖစ္အင္မွာလည္း ထူးမျခားနားပင္ျဖစ္သည္။

မိုင္းလားေစ်းႀကီး၌ ေလးလက္မပတ္လည္ အရြယ္ရွိ ဆင္ေရမ်ားေရာင္းသည့္ အမ်ဳိးသမီးတဦး ရွိသည္။ ဆင္ေရအား အႏွစ္ျဖစ္ေအာင္ ၾကိတ္ေထာင္းၿပီး အနာတြင္သိပ္ပါက ဒဏ္ရာသက္သာေပ်ာက္ကင္းေစသည္ဟု သူမက ရွင္းျပသည္။ သူမ စကားေျပာေနစဥ္ မ်က္လံုးအျပာေရာင္ရွိ Husky အမ်ဳိးအစားေခြးတေကာင္ အနားမွျဖတ္ေလွ်ာက္သြားၿပီး သူမ၏ေရာင္းကုန္မ်ားအား ႏွာေခါင္းတ႐ႈံ႕႐ႈံ႕ျဖင့္ အနံ႔ခံေလသည္။ ထို႔ေနာက္ တိုင္တြင္ႀကိဳးျဖင့္ခ်ည္ထားေသာ ေမ်ာက္တေကာင္ႏွင့္ မိတ္ဖြဲ႕ရန္ ႀကိဳးပမ္းသည္။
“ဒီပစၥည္းေတြအားလံုးကို ကၽြန္မက တ႐ုတ္ဧည့္သည္ေတြကို ေရာင္းတာပါ”ဟု သူမက ဆိုသည္။ မိုင္းလားတြင္ အင္တာဗ်ဴးခဲ့သူအမ်ားစုနည္းတူ သူမ၏ အမည္နာမကို ထုတ္ေဖာ္မေျပာရန္ ေတာင္းဆိုသည္။ ေပၚေပၚတင္တင္ ေျပာဆိုပါက အေမွာင္ေလာကသားမ်ားႏွင့္ ေဒသအာဏာပိုင္မ်ား၏ ဒဏ္ခတ္ျခင္းကို စိုးရြံ႕ေၾကာင္း သူမက ဆိုသည္။
ထို႔ေနာက္ သူမ၏ ေရာင္းကုန္မ်ားကို ဆက္လက္၍ ေအာ္ေရာင္းေလရာ အေဆာင္အဖြဲ႕အျဖစ္ က်ားလက္သည္းမ်ား၊ ကာမစြမ္းအားအတြက္ က်ားလိင္တံအေျခာက္မ်ားအား ထုတ္ျပသည္။
အျပည္ျပည္ဆိုင္ရာ သဘာ၀ထိန္းသိမ္းေရးအဖြဲ႕၏ အဆိုအရ တရားမ၀င္ေရာင္း၀ယ္ေဖာက္ကားမႈ အမ်ားဆံုးခံရသည့္ ႏို႔တိုက္သတၲ၀ါျဖစ္ေသာ သင္းေခြခ်ပ္၊ ေတာက္တဲ့ႏွင့္ လိပ္သားတို႔ကို ၿမိဳ႕တြင္းရွိ စားေသာက္ဆိုင္တိုင္းနီးပါးတြင္ ရႏိုင္သည္။
စားေသာက္ဆိုင္တဆိုင္၏ အျပင္ဘက္ရွိ ေလွာင္အိမ္မ်ားအတြင္း ဟင္းအိုထဲေရာက္မည့္ သင္းေခြခ်ပ္အရွင္မ်ား ေလွာင္ထားသည္ကို ေတြ႕ရသည္။ သင္းေခြခ်ပ္အသားအား စားေကာင္းေသာက္ဖြယ္တခုအျဖစ္ သံုးေဆာင္ ၾကၿပီး အေၾကးခြံမ်ားကို ေသြးလွည့္ပတ္မႈ အားနည္းျခင္းအပါအ၀င္ ေရာဂါမ်ဳိးစံုေပ်ာက္ကင္းေစေသာ တိုင္းရင္းေဆးမ်ားထုတ္လုပ္ရာတြင္ အသံုးျပဳၾကသည္။

တ႐ုတ္လူခ်မ္းသာတို႔၏ တြန္းအားေၾကာင့္ မၾကာမီႏွစ္မ်ားအတြင္း အာဖရိကႏိုင္ငံမ်ားမွ အာရွေစ်းကြက္မ်ားသို႔ တင္ပို႔သည့္ ႏိုင္ငံတကာသင္းေခြခ်ပ္ကုန္သြယ္မႈ ေပၚထြန္းလာပါသည္။

က်ားအေရအတြက္ က်ဆင္းလာျခင္း
—- —- —- —-
က်ားအေသြးအသားမ်ားမွထုတ္ယူသည့္ လိင္အစြမ္းထက္ေဆးမ်ားေၾကာင့္ အာရွတုိက္တြင္ က်ားေကာင္ေရ သိသိသာသာ က်ဆင္းလာသည္။ တကမၻာလံုးတြင္ က်ားေကာင္ေရ ၃၀၀၀ မွ ၄၀၀၀ အတြင္းသာ က်န္ရွိေတာ့ၿပီျဖစ္ရာ ယင္းအေရအတြက္မွာ လြန္ခဲ့ေသာ ရာစုႏွစ္က က်ားေကာင္ေရ၏ ၅% ရာခုိင္ႏႈန္းခန္႔မွ်သာ ျဖစ္သည္။

ယခုအခါ က်ားမ်ဳိးစိတ္ ၉ မ်ဳိးအနက္ ၃မ်ဳိးမွာ မ်ဳိးသုဥ္းခဲ့ၿပီျဖစ္သည္။ ခန္႔မွန္းခ်က္အမ်ားစုအရ ျမန္မာႏိုင္ငံတြင္ က်ားေကာင္ေရက်ဆင္းလာေနသည္မွာ ရာစုႏွစ္တခုခန္႔ရွိၿပီျဖစ္ၿပီး လက္က်န္က်ားေကာင္ေရ ၇၀ ပင္ မျပည့္ေတာ့ေပ။

ျမန္မာအစိုးရသည္ ၁၉၃၁ ခုအထိက်ားမ်ားအား အႏၱရာယ္ေပးသည့္ သတၲ၀ါအျဖစ္သတ္မွတ္သျဖင့္ က်ားပစ္ခြင့္လိုင္စင္ႏွင့္ ဆုေၾကးမ်ားပင္ ေပးခဲ့သည္။ ထို႔ေၾကာင့္ ေတာလိုက္ကစားျခင္း၏ အက်ဳိးဆက္အျဖစ္ က်ားေကာင္ေရအႀကီးအက်ယ္ က်ဆင္းခဲ့ရသည္ဟု ျမန္မာအစိုးရ၏ ၂၀၀၃ အစီရင္ခံစာက ေကာက္ခ်က္ခ်သည္။

ယင္းေနာက္ ၁၉၄၀ မွ ၂၀၀၀ အထိ ျမန္မာ့သစ္ေတာလႊမ္းၿခံဳမႈပမာဏ ေလးပံုတပံုခန္႔ဆံုး႐ႈံးခဲ့ၿပီး အမ်ားစုမွာ က်ားစားက်က္မ်ား ျဖစ္သည္။ လက္ရွိ ထိန္းသိမ္းထားေသာသစ္ေတာအမ်ားစုမွာ က်ားမ်ားအတြက္ က်င္လည္က်က္စားရန္ ေသးငယ္လြန္းလွသည္။ ထိုအေတာအတြင္း သမင္၊ ဒရယ္တို႔သည္လည္း အႀကီးအက်ယ္ အမဲလိုက္ျခင္း ဒဏ္ခံရသျဖင့္ အဆိုပါသစ္ေတာမ်ားအတြင္း က်ားမ်ားအတြက္ အစာေရစာ ရွားပါမႈျပႆနာႏွင့္လည္း ႀကံဳေတြ႕ေနရသည္။

က်ား႐ုိင္းေကာင္ေရက်ဆင္းလာသျဖင့္ မိုင္းလားေစ်းကဲ့သို႔ေသာ ေစ်းမ်ားတြင္ ေရာင္းခ်သည့္ က်ားလက္သည္း၊ က်ားအေရခြံ၊ က်ား႐ုိးမ်ားသည္ တခါတရံ အတုမ်ားေသာ္လည္းေကာင္း သို႔တည္းမဟုတ္ ထိုင္းႏိုင္ငံ၊ ဗီယက္နမ္ႏိုင္ငံႏွင့္ တ႐ုတ္ႏိုင္ငံတို႔ရွိ က်ားထိန္းသိမ္းေရးစခန္းမ်ားမွေသာ္လည္းေကာင္း ခိုးသြင္းလာၾကျခင္း ျဖစ္သည္ဟု ဂေရး က ေျပာသည္။

ေစ်းသည္အမ်ားစုသည္လည္း တရုတ္လူမ်ဳိးမ်ားျဖစ္ၿပီး ၎တို႔၏ေရာင္းကုန္မ်ားသည္ အစစ္ျဖစ္ေၾကာင္း အာေပါင္အာရင္းသန္သန္ျဖင့္ အာမခံေပးသည္။
“ဒါအတုမဟုတ္ဘူး၊ ျမန္မာလူမ်ဳိးေတြ လာသြင္းတာ၊ ဘယ္ကလာသလဲေတာ့ ကၽြန္ေတာ္တို႔ မသိဘူး”ဟု ဆိုင္ရွင္တဦးက ယြမ္ ၁၈၀၀၀ တန္ က်ားသစ္ေရကိုခင္းျပၿပီး ေထာင့္ေတာင့္ေတာင့္ေလသံျဖင့္ အဂၤလိပ္လို ေျပာပါသည္။

ဘိန္းေမွာင္ခိုလုပ္ငန္းေနရာ၀င္ယူလာသည့္ တိရစၦာန္ေမွာင္ခိုလုပ္ငန္း
—- —- —- —-
မိုင္းလားတြင္ ေရာင္းခ်ေနသည့္ တိရစၦာန္အမ်ားစုမည္သည့္ေဒသမွ တင္သြင္းလာသည္ဆိုသည္ကိုသိရန္ မလြယ္ကူပါ။ National Geographic မွ ေစ်းသည္ တဒါဇင္ခန္႔ကိုအင္တာဗ်ဴးခဲ့ရာ က်ားအေသြး အသားကုန္ပစၥည္းမ်ားအားလံုး ျမန္မာႏိုင္ငံမွ လာသည္ဟုသာေျပာသျဖင့္ မည္သည့္ႏိုင္ငံမွစတင္၍ ျမန္မာႏိုင္ငံအတြင္းသို႔ ခိုးသြင္းလာသည္ကို ကြဲကြဲျပားျပားမသိရေပ။
ေဒသခံအမ်ားစုက မိုင္းလားပတ္၀န္းက်င္တြင္ရွိေသာ သစ္ေတာမ်ား ကိုသာ ရင္းျမစ္အျဖစ္ ၫႊန္ျပပါသည္။ “အရင္ကေတာ့ မူးယစ္ေဆး၀ါးနဲ႔ ဘိန္း၊ အခုေတာ့ တိရစၦာန္အေရာင္းအ၀ယ္ေပါ့၊ မ်ားေသာအားျဖင့္ ရွမ္းေတာင္ပိုင္းကလာတာပါ”ဟု အသက္ ၈၈ ႏွစ္ရွိၿပီျဖစ္ေသာ အၿငိမ္းစားခရစ္ယာန္ဘုန္းႀကီး ေအဗရာ ဟမ္သန္းက အထူးေဒသ ၄ ၏ ႏွစ္ ၂၀ သမိုင္းကို က်က်နန အတိုခ်ံဳး၍ ေျပာျပပါသည္။
ေအဗရာဟမ္သန္း မိုင္းလားသို႔ စတင္ရာက္ရွိခဲ့သည့္ ၁၉၆၉ ခုႏွစ္မွစ၍ ၿမိဳ႕၏ကံၾကမၼာေျပာင္းလဲလာပံုမ်ားကို ၀ိုင္ေသာက္ရင္း ေျပာျပသည္။
“အရင္က ဘာအေဆာက္အအံုမွ မရွိဘူး၊ မိုင္းလားဟာ ေတာရြာကေလးတခုပါ”ဟု သူကေျပာသည္။
ထိုစဥ္က ရွမ္းျပည္နယ္ကို သူပုန္အဖြဲ႕မ်ားက အုပ္စိုးထားခဲ့ရာ လက္နက္ကိုင္အဖြဲ႕မ်ားမ်ားျပားလွသျဖင့္ အဖြဲ႕နာမည္မ်ားကိုပင္ ေအဗရာဟမ္သန္း မမွတ္မိေတာ့ပါ။ ၁၉၈၉ ခုႏွစ္တြင္ စစ္တပ္ႏွင့္ မိုင္းလားမွ အမ်ဳိးသားဒီမိုကရက္တစ္မဟာမိတ္တပ္ (NDAA) အပါအ၀င္ လက္နက္ကိုင္အဖြဲ႕ မ်ားႏွင့္ အပစ္အခတ္ရပ္စဲေရး သေဘာတူညီမႈရရွိခဲ့သည္။ ထိုစဥ္မွစ၍ အထူးေဒသ ၄ အား တပ္ဖြဲ႕၀င္ ၃၀၀၀ ခန္႔ရွိေသာ NDAA က ထိန္းခ်ဳပ္ ထားသည္မွာ ယေန႔အခ်ိန္အထိ ျဖစ္သည္။

ၿငိမ္းခ်မ္းေရးေခတ္သစ္တြင္ ဘုရားသခင္၏ ႏႈတ္မိန္႔ေတာ္မ်ား ျပန္႔ပြားေစလိုေသာ ရည္ရြယ္ခ်က္ျဖင့္ ၁၉၉၆ ခုႏွစ္တြင္ မိုင္းလားၿမိဳ႕ကို အေပၚစီးမွျမင္ႏိုင္သည့္ ေတာင္ကုန္းတေနရာတြင္ ေအဗရာဟမ္သန္းက ကက္သလစ္ဘုရားေက်ာင္းတေက်ာင္း တည္ေဆာက္ခဲ့သည္။ သို႔ေသာ္ ဘုရားသခင္၏ စကားတို႔ နားမေပါက္သည္က မ်ားပါသည္။
“ငါေတာ့ ဒီကိုလာခဲ့တာမွားၿပီလို႔ ကိုယ့္ကိုကိုယ္ ေျပာမိတယ္၊ ဒီကိုလာခဲ့တာ ဆိတ္ၿငိမ္ေအးေဆးတဲ့ ေနရာမွာ ဘုန္းႀကီးလုပ္ခ်င္လို႔၊ ဒါေပမဲ့ အင္မတန္ ႐ႈပ္ယွက္ခတ္ေနပါတယ္”ဟု သူက ရယ္လ်က္ေျပာသည္။

၁၉၉၀ ခုနွစ္မ်ားအတြင္ NDAA သည္ ေရႊႀတိဂံနယ္ေျမ၏ အသည္းႏွလံုးသဖြယ္ျဖစ္ေသာ အဆိုပါနယ္ေျမတြင္ မူးယစ္ကုန္ကူးျခင္းကို အႀကီးအက်ယ္ လုပ္ကိုင္ခဲ့သည္။ လာအိုႏိုင္ငံ၊ ထိုင္းႏိုင္ငံတို႔ႏွင့္အတူ ျမန္မာသည္ ဘိန္းထြက္ရွိမႈ အမ်ားဆံုးႏိုင္ငံျဖစ္ခဲ့သည္။ ယခုလက္ရွိ ျမန္မာႏုိင္ငံသည္ အာဖဂန္နစၥတန္ႏိုင္ငံျပီးလွ်င္ ဒုတိယေျမာက္ ဘိန္းထြက္ရွိမႈ အမ်ားဆံုးႏိုင္ငံ ျဖစ္သည္။

အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီးဌာန၏ ဖိအားေၾကာင့္ ျမန္မာ စစ္အစိုးရက NDAA ေခါင္းေဆာင္ လင္မင္ရွန္းအား မူယစ္ကုန္ကူးျခင္းမလုပ္ရန္ ဖိအားေပးခဲ့သည္။ ၁၉၉၇ ခုႏွစ္တြင္ လင္မင္ရွန္းက ၎၏ ေဒသအား မူးယစ္ကင္းလြတ္နယ္ေျမအျဖစ္ ေၾကညာခဲ့ေသာ္လည္း ၎၏ဂုဏ္သတင္းကား ယခင္အတိုင္းပင္ ျဖစ္သည္။

၂၀၀၅ ခုႏွစ္က ေပါက္ၾကားခဲ့ေသာ အေမရိကန္သံတမန္တဦး၏ သံ႐ုံးေၾကးနန္းစာတြင္ မိုင္းလားသည္ ျမန္မာစစ္တပ္(သို႔) ျမန္မာရဲတပ္ဖြဲ႕ က လံုၿခံဳေရးယူေပးထားျခင္းမဟုတ္ဘဲ ယင္းေဒသ၏ ေခါင္းေဆာင္ႏွင့္ မူးယစ္ရာဇာလင္မင္ရွန္းက ေငြေၾကးေထာက္ပံ့ထားသည့္ ဂ်ိမ္းစ္ဘြန္းဇာတ္ကားမ်ားထဲမွ ဇာတ္ေကာင္မ်ားဆန္ဆန္ အလြတ္တန္း လံုၿခံဳေရးရဲမ်ားက ထိန္းခ်ဳပ္ထားသည္ဟု ေရးသားထားခဲ့သည္။

မိုင္းလားသည္ မူးယစ္ေဆး၀ါး မွ ေလာင္းကစား၊ ျပည့္တန္ဆာလုပ္ငန္းႏွင့္ ေတာ႐ုိင္းတိရစၦာန္ေရာင္း၀ယ္ေဖာက္ကားမႈတို႔ ႀကီးစိုးရာေနရာအျဖစ္ အလ်င္အျမန္ ေျပာင္းလဲသြားခဲ့သည္။
“ဘာမွ တရားဥပေဒနဲ႔ စည္းၾကပ္တာမရွိဘူး၊ အထူးေဒသ ၄ မွာ အေျခခံအားျဖင့္ မူးယစ္ေဆး၀ါးကလြဲလို႔ ဘာမဆိုလုပ္လို႔ရတယ္။ အေမရိကန္ေကာင္းဘြိဳင္ဇာတ္ကားထဲမွာ ေတြ႕ရတဲ့ပံုစံမ်ဳိးေတြနဲ႔ တေထရာတည္းပဲ”ဟု ရန္ကုန္အေျခစိုက္ ႏိုင္ငံေရးေလ့လာအကဲျဖတ္ ရစ္ခ်တ္ေဟာ္စီက ေျပာသည္။

လိင္ႏွင့္ေငြ
—- —- —-
ညဘက္ေရာက္လွ်င္ လိင္ကိစၥေပ်ာ္ပါးရန္ လာေရာက္ၾကသူမ်ား က်ား႐ုိး ၀ိုင္ျဖည့္တင္းၿပီးေနာက္ ေဒါက္ျမင့္ဖိနပ္စီး ျပည့္တန္ဆာမ်ားက်င္လည္ရာ ေစ်း၏တဘက္ျခမ္းရွိ ဇိမ္ခန္းမ်ားဆီသို႔ ေျခဦးလွည့္ၾကေလသည္။

ပန္းေရာင္မီးမ်ားေအာက္တြင္ လက္ကိုင္ဖုန္းမ်ားျဖင့္ အလုပ္႐ႈပ္ေနေသာ အမ်ဳိးသမီးမ်ား စိတ္ရွည္စြာေစာင့္ဆိုင္းေနသည္။ အနီးအပါးမွ ျဖတ္ေလွ်ာက္သြားသည့္ ေယာက္်ားမ်ားအား စိတ္မပါတပါဟန္ပန္မ်ဳိးျဖင့္ အကဲခတ္ေနသည္။ ေယာက္်ားတဦး ကားကိုရပ္၍ ျပတင္းေပါက္မွ ေခါင္းျပဴထုတ္ၿပီး “လူသားေစ်း”အား အနီးကပ္ေလ့လာေနသည္။ စပ္စုသည့္အၾကည့္ျဖင့္ ၎အားၾကည့္မိေသာအခါတြင္ေတာ့ ကိစၥတခုခုရွိသည့္ပံုစံျဖင့္ ေမာင္းထြက္သြားေတာ့သည္။
“ကၽြန္မတို႔မိတ္ေတြက တ႐ုတ္ေတြမ်ားပါတယ္။ ဘာလို႔ဆို ျမန္မာေတြက မတတ္ႏိုင္ဘူးေလ”ဟု ညိဳေခ်ာဆိုသည့္ လိင္အလုပ္သမေလး က ေျပာပါသည္။

အမ်ဳိးသမီးတဦး၏ အေဖာ္လုပ္ေပးခမွာ ယြမ္ ၁၀၀(၁၆ ေဒၚလာခန္႔) မွ တညတာလံုးအတြက္ဆိုပါက ယြမ္ ၅၀၀(၈၂ ေဒၚလာခန္႔)ရွိေၾကာင္း သူမက ဆိုဒါရည္ေသာက္လ်က္ ေျပာသည္။ မ်ားသည္ဟု မဆိုသာေသာ္ လည္း ျမန္မာႏိုင္ငံအျခားေနရာမ်ားတြင္ လုပ္ကိုင္ရျခင္းထက္ ၀င္ေငြ ၿမိဳးၿမိဳးျမက္ျမက္ရသည္ဟု သူမက ေျပာသည္။
“ဒီကိုလာတာ ဒီမွာ ပိုက္ဆံေကာင္းေကာင္းရတာရယ္၊ မိဘေတြက ဆင္းရဲတာရယ္ေၾကာင့္ပါ”ဟု သူမကေျပာရာ အႏၲရာယ္ထက္ အက်ဳိးအျမတ္က အေလးသာေနဟန္ရွိသည္။

မိုင္းလားသို႔ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံသူမ်ားႏွင့္ ေလာင္းကစားၾက သူမ်ားလည္း အ႐ႈံးအျမတ္ကို ထိုသို႔ပင္ ခ်ိန္ဆၾကပါသည္။ ၀ါက်င့္က်င့္ျမစ္တစင္းသည္ ေဆာက္လုပ္ဆဲဟိုတယ္မ်ားႏွင့္ စြန္႔ပစ္ထားသည့္ဟိုတယ္ မ်ားအနီးမွ ျဖတ္သန္းစီးဆင္းသြားရာ ဟိုတယ္ပိုင္ရွင္တို႔၏ စီးပြားေရး အေျခအေနကို ၫႊန္ျပေနသကဲ့သို႔ရွိသည္။
“ဒီမွာ အလ်င္အျမန္ ခ်မ္းသာလာႏိုင္သလို ခဏတာအတြင္း ဒုကၡေရာက္သြားႏိုင္တယ္”ဟု ဧည့္ႀကိဳတဦးက ေျပာသည္။
“လူေတြကေငြေခ်းမယ္၊ ၿပီးရင္ ေလာင္းကစားလုပ္မယ္၊ ႐ႈံးတဲ့အခါ ဒုကၡေရာက္ေရာ၊ လူတေယာက္ ကၽြန္မတို႔ဟိုတယ္မွာ ကိုယ့္ကိုယ္ ကိုယ္ သတ္ေသသြားဖူးတယ္”

မိုင္းလားၿမိဳ႕မွ မိနစ္ ၃၀ ခန္႔ကြာေ၀းေသာေနရာတြင္ရွိသည့္ ေလာင္းကစား႐ုံမ်ားတြင္ တ႐ုတ္ေလာင္းကစားသမားမ်ားႏွင့္ျပည့္ေနသည္။ ျမန္ႏႈန္းျမင့္အင္တာနက္မွတဆင့္ ကိုယ္စားေလာင္းစားေပးေနသူမ်ားပင္ ရွိသည္။

တ႐ုတ္အာဏာပိုင္မ်ားက ေတာထဲက နတ္နန္းသဖြယ္ျဖစ္ေနသည့္ မိုင္းလားကို မ်က္ကြယ္ျပဳထားသည္က မ်ားပါသည္။ တခါတရံမွသာ ၀င္ေရာက္စြက္ဖက္တတ္သည္။ ၂၀၀၃ ခုႏွစ္က တ႐ုတ္တပ္ဖြဲ႕ႀကီးတခု နယ္စပ္ျဖတ္ေက်ာ္၀င္ေရာက္လာၿပီး တ႐ုတ္လူမ်ဳိးမ်ားဖြင့္ထားသည့္ ေလာင္းကစား႐ုံ ၅ ခုကို ပိတ္ပစ္ခဲ့သည္။
Asia Times Online ၏ သတင္းေဖာ္ျပခ်က္အရ တ႐ုတ္အစိုးရ အဆင့္ျမင့္အရာရွိႀကီးတဦး၏သမီးျဖစ္သူ မိုင္းလားတြင္ ေလာင္းကစားရာမွ ယြမ္ေငြ ၁ ဒသမ ၄ သန္း(ေဒၚလာ ၁၆၈၆၇၄ ခန္႔) ႐ႈံးခဲ့ျခင္းေၾကာင့္ ဟုဆိုသည္။
ယင္းေနာက္ ေလာင္းကစား႐ုံသစ္မ်ားကို တ႐ုတ္နယ္စပ္ႏွင့္ခပ္ေ၀းေ၀းတြင္ ေဆာက္ၾကျပန္ရာ မိုင္းလားၿမိဳ႕ ျပန္လည္စည္ကားလာသည္။

လြန္ခဲ့ေသာလအနည္းငယ္ခန္႔က တ႐ုတ္အစိုးရႏွင့္ရင္းႏွီးမႈ ခိုင္မာအားေကာင္းေသာ အင္အားႀကီး “၀”လက္နက္ကိုင္တပ္ဖြဲ႕မွ ေပါက္ေရာက္သည့္ အဖြဲ႕၀င္တဦးအား ဓားျဖင့္ထိုးသတ္ခဲ့သည့္ ေလာင္းကစား႐ုံပိုင္ရွင္ကို ဖမ္းဆီးရန္ တ႐ုတ္တပ္မ်ား ၀င္ေရာက္ခဲ့ေသးေၾကာင္း လူသတ္မႈက်ဴးလြန္သူ၏ မိသားစုမိတ္ေဆြတဦးမွ ေျပာျပခ်က္အရ သိရသည္။

ယင္းအျဖစ္အပ်က္မ်ားအား ေခါက္ဆြဲစားလ်က္ ျပန္ေျပာျပေနစဥ္ သူ၏ပခံုးထက္မွေက်ာ္ကာ က်ီးၾကည့္ေၾကာင္ၾကည့္ ၾကည့္၍ အသံကို ေလွ်ာ့ခ်လိုက္သည္။ “ဘာလို႔ ရန္ျဖစ္တာလဲေတာ့မသိဘူး၊ ေလာင္းကစား႐ုံမွာ ရန္မၾကာခဏျဖစ္လို႔ ေသတာမနည္းဘူး”ဟု ထိုသူက ေျပာသည္။ သူ၏အဆိုကို အတည္ျပဳရန္မျဖစ္ႏိုင္ေသာ္လည္း မိုင္လားတြင္ ခိုက္ရန္ျဖစ္ပြားမႈအေၾကာင္း ေကာလာဟလမ်ား ေ၀့လည္ေနပါသည္။

မိုင္းလားၿမိဳ႕ လယ္ကြင္းထဲတြင္ ေဆာက္ထားသည့္ Galaxyse ေလာင္းကစား႐ုံသြားရာလမ္းတေလ်ာက္ တကၠစီမ်ား၊ ခရီးသည္တင္ကားႀကီးမ်ား ေန႔ေရာညပါ တန္းစီေနသည္။
မီးဆိုင္းႀကီးမ်ားေအာက္က ကစား၀ိုင္းမ်ားတြင္ ေလာင္းကစားသူမ်ား ပန္းေရာင္ယြမ္ေငြစကၠဴအထပ္လိုက္တင္၍ ကစားေနၾကသည္မွာ တပတ္ ၇ ရက္၊ တရက္ ၂၄ နာရီ။

ေလာင္းကစား႐ုံမွ ႀကိဳပို႔ကားျဖင့္ မိုင္းလားသို႔အျပန္ ခ်ဳံကင္းမွ တ႐ုတ္အမ်ဳိးသမီးႀကီးတဦးက ရွင္းျပသည္မွာ ေလာင္းကစား၀ိုင္းမ်ားတြင္ ႐ႈံးၾကျခင္းသည္ သူ႔အတြက္ေတာ့အျမတ္ဟုဆိုသည္။ သူမသည္ တရား မ၀င္ေငြေခ်းသူျဖစ္သည္။ ယြမ္ ၁ သိန္းႏွင့္အထက္ကို အတိုး ၆ ရာခိုင္ႏႈန္းယူၿပီး ၁ သန္းႏွင့္အထက္ဆိုလွ်င္ ၈ ရာခိုင္ႏႈန္းယူသည္။
“လူတိုင္း႐ႈံးတယ္၊ ဘယ္သူမွ မႏိုင္ဘူး”ဟု သူမက ေျပာသည္။

သည္းေျခရည္ႏွင့္ ၀က္၀ံတို႔၏ ဘ၀
—- —- —- —-
မိုင္းလားၿမိဳ႕၏ဆိုးရြားလွသည့္သ႐ုပ္သကန္ကို Galaxyse ေလာင္းကစား႐ုံအနီးရွိေရာ္ဘာၿခံတြင္ လွ်ဳိ႕၀ွက္လုပ္ကိုင္ေနသည့္ ၀က္၀ံေမြးျမဴေရးၿခံတြင္ အေကာင္းဆံုးျမင္ေတြ႕ႏိုင္ပါသည္။
အမွတ္အသားတစုံတရာမရွိသည့္ ေက်ာက္စရစ္လမ္းအတိုင္း ၁၅ မိနစ္ခန္႔ လမ္းေလွ်ာက္ဆင္းခဲ့သည္။ ၿခံပိုင္ရွင္သူေဌးမရွိခိုက္ျဖစ္သျဖင့္ တိရစၦာန္မ်ားကိုေလ့လာရန္ ကၽြန္ေတာ္တို႔ကို မိနစ္အနည္းငယ္ခြင့္ျပဳခဲ့သည္။ ဂိုေဒါင္တလံုးတြင္ အာရွ၀က္၀ံနက္အေကာင္ ၆၀ ခန္႔ကို ေလွာင္ထားၿပီး ဂိုေဒါင္ ၉ လံုးခန္႔ရွိရာ စုစုေပါင္း ၀က္၀ံအေကာင္ ၅၀၀ ေက်ာ္ကို ျမင္ေတြ႕ ခဲ့ရသည္။

တဲကုပ္တခု၏အျပင္၌ သံလွည္းတစီးထိုးထားၿပီး ေဆးထိုးအပ္မ်ားႏွင့္ သားေရလက္အိတ္မ်ား အနီးအပါးတြင္ ျပန္႔က်ဲလ်က္ရွိသည္ကိုေတြ႕ ရသည္။ ငမ္းငမ္းတက္လိုလားလ်က္ရွိေသာ သည္းေျခရည္ထုတ္ယူရန္ ၀က္၀ံမ်ားအား ေမြးျမဴထားသည္။ ၀က္၀ံသည္းေျခရည္ကို အရက္နာက်ျခင္း၊ ကင္ဆာေရာဂါအပါအ၀င္ ေရာဂါမ်ားစြာကုစားရာတြင္ အသံုးျပဳၾကသည္။

ေလွာင္အိမ္အတြင္း၌ ၀က္၀ံမ်ား ၀ိုင္းႀကီးပတ္ပတ္ လွည့္ေနသည္။ အခ်ဳိ႕၀က္၀ံမ်ားကမူ ေလွာင္အိမ္သံတိုင္ေပၚရွိ ေဆးအနီေရာင္ေၾကာင့္ မာန္ဖီလ်က္ ကိုက္ျဖတ္ရန္ႀကိဳးစားေနသည္။

၀က္၀ံမ်ားသည္ အက်ဥ္းသမားမ်ားကဲ့သို႔ တသက္တာပတ္လံုး အျပင္ေလာကကို ေလွာင္အိမ္အတြင္းမွသာ ၾကည့္ျမင္ၾကရၿပီး အခ်ိန္က်လွ်င္ ေလွာင္အိမ္ဖြင့္၍ အစာေျခရည္ထုတ္ယူျခင္းခံရသည္။

အ႐ုိင္းသဘာ၀အတိုင္းဆိုလွ်င္ ၀က္၀ံမ်ားသည္ ႏွစ္ ၃၀ အထိ ရွင္သန္ႏိုင္မည္ျဖစ္ေသာ္လည္း ေမြးျမဴေရးၿခံတြင္ ၁ ႏွစ္ထက္ပို၍ မခံႏိုင္ဟု ကမၻာ့သဘာ၀ရင္ေသြးမ်ား ရန္ပံုေငြအဖြဲ႕မွ ဂေရး က ေျပာပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
မြန်မာနိုင်ငံအရှေ့ဘက် တရုတ် ပြည်နယ်စပ်ရှိ ရမ္မက်လောဘတို့ဆုံရာ ပြိုးပြက်တောက်ပသည့် မိုင်းလားမြို့တွင် ရနိုင်သောအစားအသောက်များသည် အလွယ်တကူ မူးမေ့အော့အန်တတ်သူများအတွက် မဟုတ်ပါ။ အစားအသောက်စာရင်းပါ ဟင်းနှင့် သောက်သုံးဖွယ်ရာအများစုသည် ရှားပါးတိရစ္ဆာန်တို့၏ အသွေးအသားများသာဖြစ်သည်။

မြစ်နံဘေးရှိ စားသောက်ဆိုင်တဆိုင်တွင် ကျားအရိုးပဒေသာကို ၁၂ ပေကျယ်သည့်အနက်ရောင် ယမကာကန်ထဲ၌စိမ်ထားရာ ဟောင်းလောင်းဖြစ်နေသော ကျား၏မျက်လုံးအစုံက ဆိုင်းအတွင်းဝင် လာသူများအား အထက်စီးမှ စိုက်ကြည့်နေလေသည်။ ထိုအဖိုးတန်သေရည်သည် ကျားတကောင်၏ သန် စွမ်းမှုကိုပေးသော လိင်အစွမ်းထက်ဆေးဖြစ်သည်ဟု ကြိုက်နှစ်သက်သူများက ယုံကြည်ကြသည်။

“ကျားဝိုင်က ယောက်ျားအတွက်ရော မိန်းမအတွက်ပါကောင်းတယ်နော်”ဟု မိုင်းလားတွင် ဆယ် စုနှစ်တခုကျော်နေထိုင်ခဲ့သည့် တရုတ်လူမျိုးလုပ်ငန်းရှင်တဦးက သူ့၏လက်မောင်းကြွက်သားများကို ကာယဗလမောင်တဦးသဖွယ် တောင့်ပြ၍ ပြုံးဖြဲဖြဲမျက်နှာထားဖြင့် ပြောသည်။
“ဒါက ယောက်ျားတယောက်ကို အိပ်ရာထဲမှာ အားကောင်းစေတယ်”
ယင်းဝိုင်သည် အစွမ်းထက်ဆေးဖြစ်လာဖို့ အနည်းဆုံး တနှစ်ခန့်စိမ်ထားလျှင် ပိုကောင်းသည်ဟု ဆိုသည်။ ယင်းနောက်မှ လိင်ကိစ္စပျော်ပါးရန်လာရောက်ကြသည့် ခရီးသွားများအား ၁ ပုလင်းလျှင် တရုတ် ယွမ်ငွေ ၁၀၀၀ (ဒေါ်လာ ၁၆၃ ခန့်)ဖြင့် ရောင်းသည်။
“များသောအားဖြင့် ၁ခွက်၊ ၂ခွက်ပဲ သောက်ကြတယ်”ဟု စားပွဲထိုးမလေးက ရယ်လျက်ပြောသည်။

ယင်းသေရည်သည် မြန်မာနိုင်ငံ၏ မကောင်းမှုမြို့တော်သို့ နေ့စဉ်နှင့်အမျှ နယ်စပ်ဖြတ်ကျော် ရောက်ရှိလာသည့် ရာနှင့်ချီသော တရုတ်များအတွက် မက်မောစရာများထဲမှ တခုသာ ဖြစ်သည်။ တက္ကစီဆရာသည် နီယွန်မီးများဖြင့် ထိန်ညီးနေသော ချိုင့်ဝှမ်းဒေသသို့သွားရာ မည်းမှောင်သောတောလမ်းအတိုင်း ဖြတ်သန်းမောင်းနှင်လာစဉ် မိုင်းလား၏ စာရိတ္တပျက်ပြားဖွယ်ရာ ဆွဲဆောင်မှုများအား တိုတိုရှင်းရှင်းပြော ပြသည်။
“မိုင်းလားမှာ ဘာမှမရှိပါဘူးဗျာ။ ပြည့်တန်ဆာတွေရယ်၊ လောင်းကစားနဲ့ ရှားပါးတိရစ္ဆာန်တွေ သာရှိတာပါ”

အမှန်အားဖြင့် မိုင်းလားသည် အမေရိကန်ပြည်ထောင်စု လောင်းကစားမြို့တော် လတ်စ် ဗေးဂတ်စ်အသေးစားသဖွယ်ဖြစ်ပြီး ဗေးဂတ်စ်ထက်ပို၍ ညစ်ထေးစုတ်ပြတ်ကာ ပို၍ဥပဒေမဲ့ခြင်း၊ အလွယ်တကူ မရောက်ပေါက်နိုင်သောနေရာတွင် တည်ရှိနေခြင်း၊ ရှားပါးတိရစ္ဆာန်များအား ပွဲသွင်းပြစားခြင်းမရှိဘဲ စားသုံးကြခြင်းတို့သာ ကွာခြားသည်။ ဈေးဆိုင်အသေးကလေးများမှအစ အထက်တန်းဖက်ရှင်စတိုး ဆိုင်ကြီးများအဆုံး မိုင်းလားသည် တရုတ်ခရီးသွားဧည့်သည်များအတွက် ဈေးဆစ်ဝယ်ယူကြရာ သား ကောင်ပွဲရုံကြီး ဖြစ်သည်။ မှန်ဘောင်သွင်းထားသော ကျားအမြီးကို ယွမ် ၃၀၀၀၀(ဒေါ်လာ ၄၈၉၀ ခန့်)၊ ကျားအရေခွံကို ယွမ် ၁၀၀၀၀၀(ဒေါ်လာ ၁၆၃၀၀ ခန့်)၊ တန်ဖိုးကြီး ကြံ့ချိုကို ယွမ်၂၈၀၀၀၀ (ဒေါ်လာ ၄၅၆၄၀ခန့်)အသီးသီး ဈေးပေါက်သည်။

မိုင်းလားမြို့သည် ၁၉၁၁ စတုရန်းမိုင်ကျယ်ဝန်းပြီး အများအားဖြင့် တရားဥပဒေမရှိသည့် အထူးဒေသ ၄၏ မြို့တော်ဖြစ်သည်။ ထိုဒေသသည် အလွယ်တကူ ဝင်ထွက်သွားလာနိုင်သည့် မြန်မာနိုင်ငံ နယ်စပ်ဒေသများ၏ စံနမူနာတခုဖြစ်သည်။ ဗဟိုအစိုးရ၏ အမိန့်၊ စည်းကြပ်မှုများ မသက်ရောက် သော၊ ဒေသဆိုင်ရာအာဏာပိုင်များကသာ ဥပဒေကို စိတ်ရှိတိုင်းကျင့်သုံးသည့် မျက်ကွယ်နေရာတခု ဖြစ်သည်။ နိုင်ငံတော်က ခင်းကျင်းထားသည့် အခြေခံအုတ်မြစ်၏ အက်ကြောင်းကဲ့သို့ဖြစ်နေသည့် ထိုဒေသတွင် အရှေ့တောင်အာရှ၏ အကြီးမားဆုံးသော ရှားပါးတိရစ္ဆာန်ဈေးကွက်ကြီး ပေါ်ထွန်းနေသည်။ တရားမဝင် အမဲလိုက်သမားတို့၏ နတ်ပြည်ကြီးဖြစ်နေသည်။

“အရှေ့တောင်အာရှမှာ တရားမဝင်အမဲလိုက်နှုန်းက မယုံနိုင်အောင်ပါပဲ”ဟု သစ်ပင်နှင့် သားရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားမှုအား တကမ္ဘာလုံးအတိုင်းအတာဖြင့် စောင့်ကြည့်လေ့လာသည့်အဖွဲ့ TRAFFIC မှ အရှေ့တောင်အာရှဒေသဆိုင်ရာ ဒါရိုက်တာခရစ်ရှက်ဖာ့ဒ် က ပြောသည်။
လွန်ခဲ့သောဆယ်စုနှစ် ၂ ခု၊ ၃ ခုအတွင်း တရုတ်နိုင်ငံက စီးပွားရေးအကြီးအကျယ်ချဲ့ထွင်လာခဲ့ရာ ချမ်းသာမှုနှင့်ဂုဏ်ရှိန်ကိုဖော်ပြနိုင်သော အဆောင်အယောင်များအတွက် ငွေကြေးသုံးစွဲရန် ဆန္ဒရှိသည့် သူကြွယ်လူတန်းစားသစ်တခုကို ပေါ်ထွန်းစေခဲ့သည်။

တရုတ်ပြည်မှ လူလတ်တန်းစားများ၏ ဝယ်လိုအား
—- —- —- —-
ယနေ့တရုတ်ပြည်တွင် လူလတ်တန်းစား(တနေ့ ၁၀ ဒေါ်လာမှ ဒေါ်လာ ၁၀၀ ဝင်ငွေရှိသူ)အရေအတွက် သန်း ၁၅၀ ရှိပြီး ယင်းမှာ အမေရိကန်နိုင်ငံလူဦးရေ၏ တဝက်နီးပါးရှိသည်။ နောင်လာမည့် ဆယ်စုနှစ်အတွင်း အဆိုပါလူဦးရေသည် ၃ ဆခန့် မြင့်တက်လာမည်ဖြစ်သဖြင့် မိုင်းလားတွင်ရရှိနိုင်သည့် အထိန်းအကွပ်မဲ့ပျော်ရွှင်မှု၊ ဘူဇွာအဆောင်အယောင်များနှင့် တရုတ်တိုင်းရင်းဆေးတို့အတွက် ဝယ် လိုအား မြင့်တက်လာမည်ဖြစ်သည်။

တကမ္ဘာလုံး အတိုင်းအတာအရ ကျားရိုင်း အသွေးအသား တရားမဝင်ရောင်းဝယ်မှု၏ ၃ ပုံ ၁ ပုံခန့်သည် မြန်မာပြည်မှဖြတ်သန်းသွားသည်ဟု ကမ္ဘာ့သဘာဝရင်သွေးများရန်ပုံငွေအဖွဲ့မှ မဟာမဲခေါင်ဒေသမျိုးစိတ်များဆိုင်ရာ မန်နေဂျာ သောမက်စ်ဂရေး က ပြောသည်။
“အာရှတိုက်မှာ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခု ၃ ခုလောက်ကစပြီး နို့တိုက်သတ္တဝါကြီးတွေကို အမဲလိုက်တာနဲ့ တောရိုင်းတိရစ္ဆာန်မှောင်ခိုလုပ်ငန်း အဆမတန်ကြီးထွားလာတယ်။ ပြီးခဲ့တဲ့ဆယ်နှစ်အတွင်း အာဖရိကတိုက်မှာလည်း အလားတူပဲ။ အဓိက ကတော့ အာရှမှာအထူးသဖြင့် တရုတ်ပြည်မှာရှားပါး တိရစ္ဆာန်တွေကို ပေါ်ပေါ်တင်တင်စားသုံးတဲ့ လူလတ်တန်းစား၊ သုံးနိုင်ဖြုန်းနိုင်တဲ့လူတွေများလာလို့ပဲ”ဟု ဂရေး က ပြောသည်။

မိုင်းလားမြို့ရှိ ဆေးဘက်ဝင်ပစ္စည်များရောင်းချသည့် လဟာပြင်ဈေး၌ ဝက်ဝံသည်းခြေရည်နှင့် ခြေသည်း၊ ဆင်ရေနှင့် ဆင်စွယ်၊ ကျားသစ်နှင့် တောကြောင်အရေခွံတို့အပြင် သင်းခွေချပ်၊ လိပ်၊ မျောက်အရှင်များကိုလည်း ရောင်းချနေရာ ယင်းရှားပါးတိရစ္ဆာန်တို့၏ ဖြစ်အင်မှာလည်း ထူးမခြားနားပင်ဖြစ်သည်။

မိုင်းလားဈေးကြီး၌ လေးလက်မပတ်လည် အရွယ်ရှိ ဆင်ရေများရောင်းသည့် အမျိုးသမီးတဦး ရှိသည်။ ဆင်ရေအား အနှစ်ဖြစ်အောင် ကြိတ်ထောင်းပြီး အနာတွင်သိပ်ပါက ဒဏ်ရာသက်သာပျောက်ကင်းစေသည်ဟု သူမက ရှင်းပြသည်။ သူမ စကားပြောနေစဉ် မျက်လုံးအပြာရောင်ရှိ Husky အမျိုးအစားခွေးတကောင် အနားမှဖြတ်လျှောက်သွားပြီး သူမ၏ရောင်းကုန်များအား နှာခေါင်းတရှုံ့ရှုံ့ဖြင့် အနံ့ခံလေသည်။ ထို့နောက် တိုင်တွင်ကြိုးဖြင့်ချည်ထားသော မျောက်တကောင်နှင့် မိတ်ဖွဲ့ရန် ကြိုးပမ်းသည်။
“ဒီပစ္စည်းတွေအားလုံးကို ကျွန်မက တရုတ်ဧည့်သည်တွေကို ရောင်းတာပါ”ဟု သူမက ဆိုသည်။ မိုင်းလားတွင် အင်တာဗျူးခဲ့သူအများစုနည်းတူ သူမ၏ အမည်နာမကို ထုတ်ဖော်မပြောရန် တောင်းဆိုသည်။ ပေါ်ပေါ်တင်တင် ပြောဆိုပါက အမှောင်လောကသားများနှင့် ဒေသအာဏာပိုင်များ၏ ဒဏ်ခတ်ခြင်းကို စိုးရွံ့ကြောင်း သူမက ဆိုသည်။
ထို့နောက် သူမ၏ ရောင်းကုန်များကို ဆက်လက်၍ အော်ရောင်းလေရာ အဆောင်အဖွဲ့အဖြစ် ကျားလက်သည်းများ၊ ကာမစွမ်းအားအတွက် ကျားလိင်တံအခြောက်များအား ထုတ်ပြသည်။
အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့၏ အဆိုအရ တရားမဝင်ရောင်းဝယ်ဖောက်ကားမှု အများဆုံးခံရသည့် နို့တိုက်သတ္တဝါဖြစ်သော သင်းခွေချပ်၊ တောက်တဲ့နှင့် လိပ်သားတို့ကို မြို့တွင်းရှိ စားသောက်ဆိုင်တိုင်းနီးပါးတွင် ရနိုင်သည်။
စားသောက်ဆိုင်တဆိုင်၏ အပြင်ဘက်ရှိ လှောင်အိမ်များအတွင်း ဟင်းအိုထဲရောက်မည့် သင်းခွေချပ်အရှင်များ လှောင်ထားသည်ကို တွေ့ရသည်။ သင်းခွေချပ်အသားအား စားကောင်းသောက်ဖွယ်တခုအဖြစ် သုံးဆောင် ကြပြီး အကြေးခွံများကို သွေးလှည့်ပတ်မှု အားနည်းခြင်းအပါအဝင် ရောဂါမျိုးစုံပျောက်ကင်းစေသော တိုင်းရင်းဆေးများထုတ်လုပ်ရာတွင် အသုံးပြုကြသည်။

တရုတ်လူချမ်းသာတို့၏ တွန်းအားကြောင့် မကြာမီနှစ်များအတွင်း အာဖရိကနိုင်ငံများမှ အာရှဈေးကွက်များသို့ တင်ပို့သည့် နိုင်ငံတကာသင်းခွေချပ်ကုန်သွယ်မှု ပေါ်ထွန်းလာပါသည်။

ကျားအရေအတွက် ကျဆင်းလာခြင်း
—- —- —- —-
ကျားအသွေးအသားများမှထုတ်ယူသည့် လိင်အစွမ်းထက်ဆေးများကြောင့် အာရှတိုက်တွင် ကျားကောင်ရေ သိသိသာသာ ကျဆင်းလာသည်။ တကမ္ဘာလုံးတွင် ကျားကောင်ရေ ၃၀၀၀ မှ ၄၀၀၀ အတွင်းသာ ကျန်ရှိတော့ပြီဖြစ်ရာ ယင်းအရေအတွက်မှာ လွန်ခဲ့သော ရာစုနှစ်က ကျားကောင်ရေ၏ ၅% ရာခိုင်နှုန်းခန့်မျှသာ ဖြစ်သည်။

ယခုအခါ ကျားမျိုးစိတ် ၉ မျိုးအနက် ၃မျိုးမှာ မျိုးသုဉ်းခဲ့ပြီဖြစ်သည်။ ခန့်မှန်းချက်အများစုအရ မြန်မာနိုင်ငံတွင် ကျားကောင်ရေကျဆင်းလာနေသည်မှာ ရာစုနှစ်တခုခန့်ရှိပြီဖြစ်ပြီး လက်ကျန်ကျားကောင်ရေ ၇၀ ပင် မပြည့်တော့ပေ။

မြန်မာအစိုးရသည် ၁၉၃၁ ခုအထိကျားများအား အန္တရာယ်ပေးသည့် သတ္တဝါအဖြစ်သတ်မှတ်သဖြင့် ကျားပစ်ခွင့်လိုင်စင်နှင့် ဆုကြေးများပင် ပေးခဲ့သည်။ ထို့ကြောင့် တောလိုက်ကစားခြင်း၏ အကျိုးဆက်အဖြစ် ကျားကောင်ရေအကြီးအကျယ် ကျဆင်းခဲ့ရသည်ဟု မြန်မာအစိုးရ၏ ၂၀၀၃ အစီရင်ခံစာက ကောက်ချက်ချသည်။

ယင်းနောက် ၁၉၄၀ မှ ၂၀၀၀ အထိ မြန်မာ့သစ်တောလွှမ်းခြုံမှုပမာဏ လေးပုံတပုံခန့်ဆုံးရှုံးခဲ့ပြီး အများစုမှာ ကျားစားကျက်များ ဖြစ်သည်။ လက်ရှိ ထိန်းသိမ်းထားသောသစ်တောအများစုမှာ ကျားများအတွက် ကျင်လည်ကျက်စားရန် သေးငယ်လွန်းလှသည်။ ထိုအတောအတွင်း သမင်၊ ဒရယ်တို့သည်လည်း အကြီးအကျယ် အမဲလိုက်ခြင်း ဒဏ်ခံရသဖြင့် အဆိုပါသစ်တောများအတွင်း ကျားများအတွက် အစာရေစာ ရှားပါမှုပြဿနာနှင့်လည်း ကြုံတွေ့နေရသည်။

ကျားရိုင်းကောင်ရေကျဆင်းလာသဖြင့် မိုင်းလားဈေးကဲ့သို့သော ဈေးများတွင် ရောင်းချသည့် ကျားလက်သည်း၊ ကျားအရေခွံ၊ ကျားရိုးများသည် တခါတရံ အတုများသော်လည်းကောင်း သို့တည်းမဟုတ် ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ရှိ ကျားထိန်းသိမ်းရေးစခန်းများမှသော်လည်းကောင်း ခိုးသွင်းလာကြခြင်း ဖြစ်သည်ဟု ဂရေး က ပြောသည်။

ဈေးသည်အများစုသည်လည်း တရုတ်လူမျိုးများဖြစ်ပြီး ၎င်းတို့၏ရောင်းကုန်များသည် အစစ်ဖြစ်ကြောင်း အာပေါင်အာရင်းသန်သန်ဖြင့် အာမခံပေးသည်။
“ဒါအတုမဟုတ်ဘူး၊ မြန်မာလူမျိုးတွေ လာသွင်းတာ၊ ဘယ်ကလာသလဲတော့ ကျွန်တော်တို့ မသိဘူး”ဟု ဆိုင်ရှင်တဦးက ယွမ် ၁၈၀၀၀ တန် ကျားသစ်ရေကိုခင်းပြပြီး ထောင့်တောင့်တောင့်လေသံဖြင့် အင်္ဂလိပ်လို ပြောပါသည်။

ဘိန်းမှောင်ခိုလုပ်ငန်းနေရာဝင်ယူလာသည့် တိရစ္ဆာန်မှောင်ခိုလုပ်ငန်း
—- —- —- —-
မိုင်းလားတွင် ရောင်းချနေသည့် တိရစ္ဆာန်အများစုမည်သည့်ဒေသမှ တင်သွင်းလာသည်ဆိုသည်ကိုသိရန် မလွယ်ကူပါ။ National Geographic မှ ဈေးသည် တဒါဇင်ခန့်ကိုအင်တာဗျူးခဲ့ရာ ကျားအသွေး အသားကုန်ပစ္စည်းများအားလုံး မြန်မာနိုင်ငံမှ လာသည်ဟုသာပြောသဖြင့် မည်သည့်နိုင်ငံမှစတင်၍ မြန်မာနိုင်ငံအတွင်းသို့ ခိုးသွင်းလာသည်ကို ကွဲကွဲပြားပြားမသိရပေ။
ဒေသခံအများစုက မိုင်းလားပတ်ဝန်းကျင်တွင်ရှိသော သစ်တောများ ကိုသာ ရင်းမြစ်အဖြစ် ညွှန်ပြပါသည်။ “အရင်ကတော့ မူးယစ်ဆေးဝါးနဲ့ ဘိန်း၊ အခုတော့ တိရစ္ဆာန်အရောင်းအဝယ်ပေါ့၊ များသောအားဖြင့် ရှမ်းတောင်ပိုင်းကလာတာပါ”ဟု အသက် ၈၈ နှစ်ရှိပြီဖြစ်သော အငြိမ်းစားခရစ်ယာန်ဘုန်းကြီး အေဗရာ ဟမ်သန်းက အထူးဒေသ ၄ ၏ နှစ် ၂၀ သမိုင်းကို ကျကျနန အတိုချုံး၍ ပြောပြပါသည်။
အေဗရာဟမ်သန်း မိုင်းလားသို့ စတင်ရာက်ရှိခဲ့သည့် ၁၉၆၉ ခုနှစ်မှစ၍ မြို့၏ကံကြမ္မာပြောင်းလဲလာပုံများကို ဝိုင်သောက်ရင်း ပြောပြသည်။
“အရင်က ဘာအဆောက်အအုံမှ မရှိဘူး၊ မိုင်းလားဟာ တောရွာကလေးတခုပါ”ဟု သူကပြောသည်။
ထိုစဉ်က ရှမ်းပြည်နယ်ကို သူပုန်အဖွဲ့များက အုပ်စိုးထားခဲ့ရာ လက်နက်ကိုင်အဖွဲ့များများပြားလှသဖြင့် အဖွဲ့နာမည်များကိုပင် အေဗရာဟမ်သန်း မမှတ်မိတော့ပါ။ ၁၉၈၉ ခုနှစ်တွင် စစ်တပ်နှင့် မိုင်းလားမှ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် (NDAA) အပါအဝင် လက်နက်ကိုင်အဖွဲ့ များနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိခဲ့သည်။ ထိုစဉ်မှစ၍ အထူးဒေသ ၄ အား တပ်ဖွဲ့ဝင် ၃၀၀၀ ခန့်ရှိသော NDAA က ထိန်းချုပ် ထားသည်မှာ ယနေ့အချိန်အထိ ဖြစ်သည်။

ငြိမ်းချမ်းရေးခေတ်သစ်တွင် ဘုရားသခင်၏ နှုတ်မိန့်တော်များ ပြန့်ပွားစေလိုသော ရည်ရွယ်ချက်ဖြင့် ၁၉၉၆ ခုနှစ်တွင် မိုင်းလားမြို့ကို အပေါ်စီးမှမြင်နိုင်သည့် တောင်ကုန်းတနေရာတွင် အေဗရာဟမ်သန်းက ကက်သလစ်ဘုရားကျောင်းတကျောင်း တည်ဆောက်ခဲ့သည်။ သို့သော် ဘုရားသခင်၏ စကားတို့ နားမပေါက်သည်က များပါသည်။
“ငါတော့ ဒီကိုလာခဲ့တာမှားပြီလို့ ကိုယ့်ကိုကိုယ် ပြောမိတယ်၊ ဒီကိုလာခဲ့တာ ဆိတ်ငြိမ်အေးဆေးတဲ့ နေရာမှာ ဘုန်းကြီးလုပ်ချင်လို့၊ ဒါပေမဲ့ အင်မတန် ရှုပ်ယှက်ခတ်နေပါတယ်”ဟု သူက ရယ်လျက်ပြောသည်။

၁၉၉၀ ခုနှစ်များအတွင် NDAA သည် ရွှေတြိဂံနယ်မြေ၏ အသည်းနှလုံးသဖွယ်ဖြစ်သော အဆိုပါနယ်မြေတွင် မူးယစ်ကုန်ကူးခြင်းကို အကြီးအကျယ် လုပ်ကိုင်ခဲ့သည်။ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့်အတူ မြန်မာသည် ဘိန်းထွက်ရှိမှု အများဆုံးနိုင်ငံဖြစ်ခဲ့သည်။ ယခုလက်ရှိ မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံပြီးလျှင် ဒုတိယမြောက် ဘိန်းထွက်ရှိမှု အများဆုံးနိုင်ငံ ဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖိအားကြောင့် မြန်မာ စစ်အစိုးရက NDAA ခေါင်းဆောင် လင်မင်ရှန်းအား မူယစ်ကုန်ကူးခြင်းမလုပ်ရန် ဖိအားပေးခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် လင်မင်ရှန်းက ၎င်း၏ ဒေသအား မူးယစ်ကင်းလွတ်နယ်မြေအဖြစ် ကြေညာခဲ့သော်လည်း ၎င်း၏ဂုဏ်သတင်းကား ယခင်အတိုင်းပင် ဖြစ်သည်။

၂၀၀၅ ခုနှစ်က ပေါက်ကြားခဲ့သော အမေရိကန်သံတမန်တဦး၏ သံရုံးကြေးနန်းစာတွင် မိုင်းလားသည် မြန်မာစစ်တပ်(သို့) မြန်မာရဲတပ်ဖွဲ့ က လုံခြုံရေးယူပေးထားခြင်းမဟုတ်ဘဲ ယင်းဒေသ၏ ခေါင်းဆောင်နှင့် မူးယစ်ရာဇာလင်မင်ရှန်းက ငွေကြေးထောက်ပံ့ထားသည့် ဂျိမ်းစ်ဘွန်းဇာတ်ကားများထဲမှ ဇာတ်ကောင်များဆန်ဆန် အလွတ်တန်း လုံခြုံရေးရဲများက ထိန်းချုပ်ထားသည်ဟု ရေးသားထားခဲ့သည်။

မိုင်းလားသည် မူးယစ်ဆေးဝါး မှ လောင်းကစား၊ ပြည့်တန်ဆာလုပ်ငန်းနှင့် တောရိုင်းတိရစ္ဆာန်ရောင်းဝယ်ဖောက်ကားမှုတို့ ကြီးစိုးရာနေရာအဖြစ် အလျင်အမြန် ပြောင်းလဲသွားခဲ့သည်။
“ဘာမှ တရားဥပဒေနဲ့ စည်းကြပ်တာမရှိဘူး၊ အထူးဒေသ ၄ မှာ အခြေခံအားဖြင့် မူးယစ်ဆေးဝါးကလွဲလို့ ဘာမဆိုလုပ်လို့ရတယ်။ အမေရိကန်ကောင်းဘွိုင်ဇာတ်ကားထဲမှာ တွေ့ရတဲ့ပုံစံမျိုးတွေနဲ့ တထေရာတည်းပဲ”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးလေ့လာအကဲဖြတ် ရစ်ချတ်ဟော်စီက ပြောသည်။

လိင်နှင့်ငွေ
—- —- —-
ညဘက်ရောက်လျှင် လိင်ကိစ္စပျော်ပါးရန် လာရောက်ကြသူများ ကျားရိုး ဝိုင်ဖြည့်တင်းပြီးနောက် ဒေါက်မြင့်ဖိနပ်စီး ပြည့်တန်ဆာများကျင်လည်ရာ ဈေး၏တဘက်ခြမ်းရှိ ဇိမ်ခန်းများဆီသို့ ခြေဦးလှည့်ကြလေသည်။

ပန်းရောင်မီးများအောက်တွင် လက်ကိုင်ဖုန်းများဖြင့် အလုပ်ရှုပ်နေသော အမျိုးသမီးများ စိတ်ရှည်စွာစောင့်ဆိုင်းနေသည်။ အနီးအပါးမှ ဖြတ်လျှောက်သွားသည့် ယောက်ျားများအား စိတ်မပါတပါဟန်ပန်မျိုးဖြင့် အကဲခတ်နေသည်။ ယောက်ျားတဦး ကားကိုရပ်၍ ပြတင်းပေါက်မှ ခေါင်းပြူထုတ်ပြီး “လူသားဈေး”အား အနီးကပ်လေ့လာနေသည်။ စပ်စုသည့်အကြည့်ဖြင့် ၎င်းအားကြည့်မိသောအခါတွင်တော့ ကိစ္စတခုခုရှိသည့်ပုံစံဖြင့် မောင်းထွက်သွားတော့သည်။
“ကျွန်မတို့မိတ်တွေက တရုတ်တွေများပါတယ်။ ဘာလို့ဆို မြန်မာတွေက မတတ်နိုင်ဘူးလေ”ဟု ညိုချောဆိုသည့် လိင်အလုပ်သမလေး က ပြောပါသည်။

အမျိုးသမီးတဦး၏ အဖော်လုပ်ပေးခမှာ ယွမ် ၁၀၀(၁၆ ဒေါ်လာခန့်) မှ တညတာလုံးအတွက်ဆိုပါက ယွမ် ၅၀၀(၈၂ ဒေါ်လာခန့်)ရှိကြောင်း သူမက ဆိုဒါရည်သောက်လျက် ပြောသည်။ များသည်ဟု မဆိုသာသော် လည်း မြန်မာနိုင်ငံအခြားနေရာများတွင် လုပ်ကိုင်ရခြင်းထက် ဝင်ငွေ မြိုးမြိုးမြက်မြက်ရသည်ဟု သူမက ပြောသည်။
“ဒီကိုလာတာ ဒီမှာ ပိုက်ဆံကောင်းကောင်းရတာရယ်၊ မိဘတွေက ဆင်းရဲတာရယ်ကြောင့်ပါ”ဟု သူမကပြောရာ အန္တရာယ်ထက် အကျိုးအမြတ်က အလေးသာနေဟန်ရှိသည်။

မိုင်းလားသို့ လာရောက်ရင်းနှီးမြှုပ်နှံသူများနှင့် လောင်းကစားကြ သူများလည်း အရှုံးအမြတ်ကို ထိုသို့ပင် ချိန်ဆကြပါသည်။ ဝါကျင့်ကျင့်မြစ်တစင်းသည် ဆောက်လုပ်ဆဲဟိုတယ်များနှင့် စွန့်ပစ်ထားသည့်ဟိုတယ် များအနီးမှ ဖြတ်သန်းစီးဆင်းသွားရာ ဟိုတယ်ပိုင်ရှင်တို့၏ စီးပွားရေး အခြေအနေကို ညွှန်ပြနေသကဲ့သို့ရှိသည်။
“ဒီမှာ အလျင်အမြန် ချမ်းသာလာနိုင်သလို ခဏတာအတွင်း ဒုက္ခရောက်သွားနိုင်တယ်”ဟု ဧည့်ကြိုတဦးက ပြောသည်။
“လူတွေကငွေချေးမယ်၊ ပြီးရင် လောင်းကစားလုပ်မယ်၊ ရှုံးတဲ့အခါ ဒုက္ခရောက်ရော၊ လူတယောက် ကျွန်မတို့ဟိုတယ်မှာ ကိုယ့်ကိုယ် ကိုယ် သတ်သေသွားဖူးတယ်”

မိုင်းလားမြို့မှ မိနစ် ၃၀ ခန့်ကွာဝေးသောနေရာတွင်ရှိသည့် လောင်းကစားရုံများတွင် တရုတ်လောင်းကစားသမားများနှင့်ပြည့်နေသည်။ မြန်နှုန်းမြင့်အင်တာနက်မှတဆင့် ကိုယ်စားလောင်းစားပေးနေသူများပင် ရှိသည်။

တရုတ်အာဏာပိုင်များက တောထဲက နတ်နန်းသဖွယ်ဖြစ်နေသည့် မိုင်းလားကို မျက်ကွယ်ပြုထားသည်က များပါသည်။ တခါတရံမှသာ ဝင်ရောက်စွက်ဖက်တတ်သည်။ ၂၀၀၃ ခုနှစ်က တရုတ်တပ်ဖွဲ့ကြီးတခု နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာပြီး တရုတ်လူမျိုးများဖွင့်ထားသည့် လောင်းကစားရုံ ၅ ခုကို ပိတ်ပစ်ခဲ့သည်။
Asia Times Online ၏ သတင်းဖော်ပြချက်အရ တရုတ်အစိုးရ အဆင့်မြင့်အရာရှိကြီးတဦး၏သမီးဖြစ်သူ မိုင်းလားတွင် လောင်းကစားရာမှ ယွမ်ငွေ ၁ ဒသမ ၄ သန်း(ဒေါ်လာ ၁၆၈၆၇၄ ခန့်) ရှုံးခဲ့ခြင်းကြောင့် ဟုဆိုသည်။
ယင်းနောက် လောင်းကစားရုံသစ်များကို တရုတ်နယ်စပ်နှင့်ခပ်ဝေးဝေးတွင် ဆောက်ကြပြန်ရာ မိုင်းလားမြို့ ပြန်လည်စည်ကားလာသည်။

လွန်ခဲ့သောလအနည်းငယ်ခန့်က တရုတ်အစိုးရနှင့်ရင်းနှီးမှု ခိုင်မာအားကောင်းသော အင်အားကြီး “ဝ”လက်နက်ကိုင်တပ်ဖွဲ့မှ ပေါက်ရောက်သည့် အဖွဲ့ဝင်တဦးအား ဓားဖြင့်ထိုးသတ်ခဲ့သည့် လောင်းကစားရုံပိုင်ရှင်ကို ဖမ်းဆီးရန် တရုတ်တပ်များ ဝင်ရောက်ခဲ့သေးကြောင်း လူသတ်မှုကျူးလွန်သူ၏ မိသားစုမိတ်ဆွေတဦးမှ ပြောပြချက်အရ သိရသည်။

ယင်းအဖြစ်အပျက်များအား ခေါက်ဆွဲစားလျက် ပြန်ပြောပြနေစဉ် သူ၏ပခုံးထက်မှကျော်ကာ ကျီးကြည့်ကြောင်ကြည့် ကြည့်၍ အသံကို လျှော့ချလိုက်သည်။ “ဘာလို့ ရန်ဖြစ်တာလဲတော့မသိဘူး၊ လောင်းကစားရုံမှာ ရန်မကြာခဏဖြစ်လို့ သေတာမနည်းဘူး”ဟု ထိုသူက ပြောသည်။ သူ၏အဆိုကို အတည်ပြုရန်မဖြစ်နိုင်သော်လည်း မိုင်လားတွင် ခိုက်ရန်ဖြစ်ပွားမှုအကြောင်း ကောလာဟလများ ဝေ့လည်နေပါသည်။

မိုင်းလားမြို့ လယ်ကွင်းထဲတွင် ဆောက်ထားသည့် Galaxyse လောင်းကစားရုံသွားရာလမ်းတလျောက် တက္ကစီများ၊ ခရီးသည်တင်ကားကြီးများ နေ့ရောညပါ တန်းစီနေသည်။
မီးဆိုင်းကြီးများအောက်က ကစားဝိုင်းများတွင် လောင်းကစားသူများ ပန်းရောင်ယွမ်ငွေစက္ကူအထပ်လိုက်တင်၍ ကစားနေကြသည်မှာ တပတ် ၇ ရက်၊ တရက် ၂၄ နာရီ။

လောင်းကစားရုံမှ ကြိုပို့ကားဖြင့် မိုင်းလားသို့အပြန် ချုံကင်းမှ တရုတ်အမျိုးသမီးကြီးတဦးက ရှင်းပြသည်မှာ လောင်းကစားဝိုင်းများတွင် ရှုံးကြခြင်းသည် သူ့အတွက်တော့အမြတ်ဟုဆိုသည်။ သူမသည် တရား မဝင်ငွေချေးသူဖြစ်သည်။ ယွမ် ၁ သိန်းနှင့်အထက်ကို အတိုး ၆ ရာခိုင်နှုန်းယူပြီး ၁ သန်းနှင့်အထက်ဆိုလျှင် ၈ ရာခိုင်နှုန်းယူသည်။
“လူတိုင်းရှုံးတယ်၊ ဘယ်သူမှ မနိုင်ဘူး”ဟု သူမက ပြောသည်။

သည်းခြေရည်နှင့် ဝက်ဝံတို့၏ ဘဝ
—- —- —- —-
မိုင်းလားမြို့၏ဆိုးရွားလှသည့်သရုပ်သကန်ကို Galaxyse လောင်းကစားရုံအနီးရှိရော်ဘာခြံတွင် လျှို့ဝှက်လုပ်ကိုင်နေသည့် ဝက်ဝံမွေးမြူရေးခြံတွင် အကောင်းဆုံးမြင်တွေ့နိုင်ပါသည်။
အမှတ်အသားတစုံတရာမရှိသည့် ကျောက်စရစ်လမ်းအတိုင်း ၁၅ မိနစ်ခန့် လမ်းလျှောက်ဆင်းခဲ့သည်။ ခြံပိုင်ရှင်သူဌေးမရှိခိုက်ဖြစ်သဖြင့် တိရစ္ဆာန်များကိုလေ့လာရန် ကျွန်တော်တို့ကို မိနစ်အနည်းငယ်ခွင့်ပြုခဲ့သည်။ ဂိုဒေါင်တလုံးတွင် အာရှဝက်ဝံနက်အကောင် ၆၀ ခန့်ကို လှောင်ထားပြီး ဂိုဒေါင် ၉ လုံးခန့်ရှိရာ စုစုပေါင်း ဝက်ဝံအကောင် ၅၀၀ ကျော်ကို မြင်တွေ့ ခဲ့ရသည်။

တဲကုပ်တခု၏အပြင်၌ သံလှည်းတစီးထိုးထားပြီး ဆေးထိုးအပ်များနှင့် သားရေလက်အိတ်များ အနီးအပါးတွင် ပြန့်ကျဲလျက်ရှိသည်ကိုတွေ့ ရသည်။ ငမ်းငမ်းတက်လိုလားလျက်ရှိသော သည်းခြေရည်ထုတ်ယူရန် ဝက်ဝံများအား မွေးမြူထားသည်။ ဝက်ဝံသည်းခြေရည်ကို အရက်နာကျခြင်း၊ ကင်ဆာရောဂါအပါအဝင် ရောဂါများစွာကုစားရာတွင် အသုံးပြုကြသည်။

လှောင်အိမ်အတွင်း၌ ဝက်ဝံများ ဝိုင်းကြီးပတ်ပတ် လှည့်နေသည်။ အချို့ဝက်ဝံများကမူ လှောင်အိမ်သံတိုင်ပေါ်ရှိ ဆေးအနီရောင်ကြောင့် မာန်ဖီလျက် ကိုက်ဖြတ်ရန်ကြိုးစားနေသည်။

ဝက်ဝံများသည် အကျဉ်းသမားများကဲ့သို့ တသက်တာပတ်လုံး အပြင်လောကကို လှောင်အိမ်အတွင်းမှသာ ကြည့်မြင်ကြရပြီး အချိန်ကျလျှင် လှောင်အိမ်ဖွင့်၍ အစာခြေရည်ထုတ်ယူခြင်းခံရသည်။

အရိုင်းသဘာဝအတိုင်းဆိုလျှင် ဝက်ဝံများသည် နှစ် ၃၀ အထိ ရှင်သန်နိုင်မည်ဖြစ်သော်လည်း မွေးမြူရေးခြံတွင် ၁ နှစ်ထက်ပို၍ မခံနိုင်ဟု ကမ္ဘာ့သဘာဝရင်သွေးများ ရန်ပုံငွေအဖွဲ့မှ ဂရေး က ပြောပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top