ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ပုပ္ရဟန္းမင္းႀကီးဖရန္ စစ္၏ ျမန္မာျပည္ခရီးစဥ္အတြင္း ႏုိ၀င္ဘာ ၂၉ ရက္တြင္ ရန္ကုန္ ၿမိဳ႕ က်ိဳကၠဆံကြင္း၌ ႐ုိမန္ကက္သ လစ္ဘာသာ၀င္မ်ားႏွင့္ ေတြ႕ဆုံ မည့္ ဆုေတာင္းပြဲျပဳလုပ္မည္ ျဖစ္ရာ က်ိဳကၠဆံအားကစားကြင္း ျပင္ဆင္ထားရွိမႈမ်ားအား ရန္ကုန္ တိုင္း၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း က ႏုိ၀င္ဘာ ၁၈ ရက္တြင္ လာ ေရာက္စစ္ေဆးခဲ့ေၾကာင္း ျမန္မာ ႏုိင္ငံကက္သလစ္ ဆရာေတာ္ႀကီး မ်ား အဖြဲ႕ခ်ဳပ္ လူထုဆက္ဆံေရး ေကာ္မရွင္ ဒါ႐ုိက္တာ ဖာသာ မာရီရာႏုိစုိးႏုိင္က ေျပာသည္။

ပုပ္ရဟန္းမင္းႀကီးႏွင့္ ျမန္ မာႏုိင္ငံ႐ုိမန္ကက္သလစ္ဘာ သာ၀င္မ်ားေတြ႕ဆုံမည့္ ရန္ကုန္ ၿမိဳ႕က်ိဳကၠဆံအားကစားကြင္း ျပင္ဆင္ထားရွိမႈမ်ား၊ အခမ္းအ နားအစီအစဥ္မ်ား၊ တက္ေရာက္ လာသူမ်ားအား ေနရာခ်ထားမည့္ အစီအမံမ်ားကို ၀န္ႀကီးခ်ဳပ္က ၾကည့္႐ႈစစ္ေဆးၿပီး လုိအပ္သည္ မ်ား ညိႇႏႈိင္းတုိင္ပင္ေဆြးေႏြးခဲ့ ေၾကာင္း ဆုိသည္။

‘‘အေစာကတည္းကေတာ့ ႏွစ္ႀကိမ္ေလာက္ေတြ႕ၿပီး ေဆြး ေႏြးၿပီးပါၿပီ။ ဒီေန႔ကေတာ့ ျပင္ ဆင္ထားတဲ့အေပၚ ထပ္စစ္ေဆး တယ္။ အထူးသျဖင့္ ဒီပြဲကကမၻာ တစ္၀န္းကလည္း Live ၾကည့္ေန ၾကမွာျဖစ္တဲ့အတြက္ အမွားအ ယြင္းမရွိ၊ လုိအပ္ခ်က္မရွိေအာင္ စနစ္တက်ျပင္ဆင္ဖုိ႔ အထူးျပင္ ဆင္ရတာေပါ့။ လုိတာေလးေတြ ထပ္တိုင္ပင္ျဖည့္ဆည္းတာေပါ့။ အစုုိးရေရာ၊ အသင္းေတာ္ဘက္ ကေရာ ဘယ္သူမွ မခုိမကပ္ဘဲ ႀကိဳးစားျပင္ဆင္တာ ၀မ္းသာစရာ ပါ’’ ဟု ဖာသာမာရီရာႏုိစုိးႏုိုင္က ေျပာသည္။

ျမန္မာအစုိးရ၏ ဖိတ္ၾကားမႈ ျဖင့္ ပုပ္ရဟန္းမင္းႀကီးဖရန္စစ္ သည္ ႏုိ၀င္ဘာ ၂၇ ရက္မွ ၃၀ ရက္အထိ ျမန္မာႏုိင္ငံသုိ႔ ေလး ရက္ၾကာ လာေရာက္မည္ျဖစ္ သည္။

ပုပ္ရဟန္းမင္းႀကီးသည္ ျမန္ မာျပည္ခရီးစဥ္အတြင္း ေနျပည္ ေတာ္သုိ႔ သြားေရာက္ကာ ႏုိင္ငံ ေတာ္အႀကီးအကဲမ်ားႏွင့္ ေတြ႕ဆုံ မည္ျဖစ္ၿပီး ရန္ကုန္ၿမိဳ႕က်ိဳကၠဆံ ကြင္း၌ ႏုိ၀င္ဘာ ၂၉ ရက္နံနက္ ၉ နာရီ ၁၅ မိနစ္တြင္ ကက္သ လစ္ဘာသာ၀င္သုံးသိန္းခန္႔ႏွင့္ ေတြ႕ဆုံကာ ဆုေတာင္းပြဲက်င္းပ မည္ျဖစ္သည္။

‘‘ဆုေတာင္းပြဲကုိ က်ိဳကၠဆံ ကြင္းမွာ လုပ္ဖုိ႔စီစဥ္ထားပါတယ္။ အဓိကကေတာ့ ကက္သလစ္ဘာ သာ၀င္ေတြေပါ့။ အခ်ိန္က တစ္ နာရီခြဲ၊ ႏွစ္နာရီေလာက္ၾကာမွာ ဆုိေတာ့ ဆုေတာင္းပြဲလည္းျဖစ္ တဲ့အတြက္  တျခားဘာသာ၀င္ ေတြအေနနဲ႔ ၿငီးေငြ႕တာမ်ိဳးျဖစ္မွာ လည္း စုိးရိမ္ပါတယ္။ ဒါေပမဲ့ တျခားဘာသာ၀င္ေတြအေနနဲ႔ ပုပ္ရဟန္းမင္းႀကီးကုိ ျမင္ဖူးခ်င္ တယ္၊ ေတြ႕ဆုံခ်င္တယ္ဆုိရင္ လာလုိ႔ရပါတယ္’’ ဟု ဖာသာမာ ရီရာႏုိစုိးႏုိင္က ေျပာသည္။

ယင္းေတြ႕ဆုံ ဆုေတာင္းပြဲ အတြက္ ရန္ကုန္တိုင္းေဒသႀကီး အစုိးရအဖြဲ႕ႏွင့္ ႐ုိမန္ကက္သလစ္ ဘာသာ၀င္လူငယ္မ်ားက လုံၿခံဳ ေရးတာ၀န္ယူမည္ျဖစ္သည္။

ဆုေတာင္းပဲြက်င္းပစဥ္ ကြင္းအတြင္း သက္ႀကီးရြယ္အုိ မ်ား၊ ၾကာၾကာမထုိင္ႏုိင္သူမ်ားအ တြက္ ထုိင္ခုံမ်ား၊ မသန္စြမ္းသူ မ်ားအတြက္ သီးျခားေနရာမ်ား၊ ေဆးခန္းႏွစ္ခုႏွင့္ သန္႔စင္ခန္းမ်ား စီစဥ္ထားေၾကာင္း မွတ္ပုံတင္ေရး ႏွင့္ ႀကိဳဆုိေနရာခ်ထားေရးဗဟုိ ေကာ္မတီက ထုတ္ျပန္သည္။

ပုပ္ရဟန္းမင္းႀကီး ဆု ေတာင္းပဲြတြင္ ပါ၀င္လုိသူမ်ား သည္ သက္ဆုိင္ရာသာသနာဘုန္း ေတာ္ႀကီးမ်ားထံ ေအာက္တိုဘာ ၃၀ ရက္ေနာက္ဆုံးထား စာရင္း သြင္းရၿပီး ၀င္ခြင့္ကတ္ပါရွိမွသာ ၀င္ခြင့္ျပဳမည္ျဖစ္သည္။

ကက္သလစ္ဘာသာ၀င္ မဟုတ္ေသာ အျခားဘာသာ၀င္ မ်ား (မည္သည့္ဘာသာမဆုိ)ပါ၀င္မည္ဆုိပါက မိမိႏွင့္သိရွိသည့္ ကက္သလစ္ဘာသာ၀င္တစ္ဦး က အျပည့္အ၀တာ၀န္ယူၿပီး ေအာက္တိုဘာ ၃၀ ရက္ေနာက္ ဆုံးထား စာရင္းသြင္းခြင့္ျပဳထား သည္။

ဆုေတာင္းပဲြက်င္းပမည့္ ႏုိ၀င္ဘာ ၂၉ ရက္တြင္ ရန္ကုန္ၿမိဳ႕ အတြင္း ယာဥ္ေၾကာက်ပ္ႏုိင္သ ျဖင့္ ယင္းအခက္အခဲကုိရန္ကုန္ ၿမိဳ႕ေနျပည္သူမ်ား နားလည္ သည္းခံေပးရန္ ဖာသာမာရီရာ ႏုိစုိးႏုိင္က ေမတၱာရပ္ခံသည္။

ပုပ္ရဟန္းမင္းႀကီးသည္ ႏုိ ၀င္ဘာ ၂၇ ရက္ေန႔လယ္ ၁ နာရီ တြင္ ရန္ကုန္အျပည္ျပည္ဆုိင္ရာ ေလဆိပ္သုိ႔ ေရာက္ရွိကာ သိမ္ျဖဴ လမ္းရွိ ရန္ကုန္သာသနာဂုိဏ္း ခ်ဳပ္ဆရာေတာ္ေနအိမ္သုိ႔ သြား ေရာက္မည္ျဖစ္သည္။

ႏုိ၀င္ဘာ ၂၈ ရက္တြင္ ေန ျပည္ေတာ္သုိ႔ သြားေရာက္ကာ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္၊ ႏုိင္ငံေတာ္သမၼတႏွင့္ အစုိးရအဖြဲ႕ ၀င္မ်ား၊ သံတမန္မ်ားႏွင့္ေတြ႕ဆုံ မည္ျဖစ္သည္။

ႏုိ၀င္ဘာ ၂၉ ရက္တြင္ က်ိဳကၠဆံကြင္း၌ ႐ုိမန္ကက္သ လစ္ဘာသာ၀င္မ်ားႏွင့္ ေတြ႕ဆုံ  ၿပီး ညေနတြင္ ႏုိင္ငံေတာ္သံဃ မဟာနာယကအဖြဲ႕၊ ကက္သ လစ္ဂုိဏ္းခ်ဳပ္ဆရာေတာ္မ်ားႏွင့္ သီးျခားေတြ႕ဆုံမည္ျဖစ္သည္။

ႏုိ၀င္ဘာ ၃၀ ရက္တြင္ ကက္သလစ္ဘာသာ၀င္လူငယ္ ေခါင္းေဆာင္မ်ားႏွင့္ ေတြ႕ဆုံကာ ဆုေတာင္းပြဲ  ထပ္မံက်င္းပၿပီး ေန႔လယ္၌ ဘဂၤလားေဒ့ရွ္ႏုိင္ငံသုိ႔ ထြက္ခြြာမည္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
ပုပ်ရဟန်းမင်းကြီးဖရန် စစ်၏ မြန်မာပြည်ခရီးစဉ်အတွင်း နိုဝင်ဘာ ၂၉ ရက်တွင် ရန်ကုန် မြို့ ကျိုက္ကဆံကွင်း၌ ရိုမန်ကက်သ လစ်ဘာသာဝင်များနှင့် တွေ့ဆုံ မည့် ဆုတောင်းပွဲပြုလုပ်မည် ဖြစ်ရာ ကျိုက္ကဆံအားကစားကွင်း ပြင်ဆင်ထားရှိမှုများအား ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က နိုဝင်ဘာ ၁၈ ရက်တွင် လာ ရောက်စစ်ဆေးခဲ့ကြောင်း မြန်မာ နိုင်ငံကက်သလစ် ဆရာတော်ကြီး များ အဖွဲ့ချုပ် လူထုဆက်ဆံရေး ကော်မရှင် ဒါရိုက်တာ ဖာသာ မာရီရာနိုစိုးနိုင်က ပြောသည်။

ပုပ်ရဟန်းမင်းကြီးနှင့် မြန် မာနိုင်ငံရိုမန်ကက်သလစ်ဘာ သာဝင်များတွေ့ဆုံမည့် ရန်ကုန် မြို့ကျိုက္ကဆံအားကစားကွင်း ပြင်ဆင်ထားရှိမှုများ၊ အခမ်းအ နားအစီအစဉ်များ၊ တက်ရောက် လာသူများအား နေရာချထားမည့် အစီအမံများကို ဝန်ကြီးချုပ်က ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ ညှိနှိုင်းတိုင်ပင်ဆွေးနွေးခဲ့ ကြောင်း ဆိုသည်။

‘‘အစောကတည်းကတော့ နှစ်ကြိမ်လောက်တွေ့ပြီး ဆွေး နွေးပြီးပါပြီ။ ဒီနေ့ကတော့ ပြင် ဆင်ထားတဲ့အပေါ် ထပ်စစ်ဆေး တယ်။ အထူးသဖြင့် ဒီပွဲကကမ္ဘာ တစ်ဝန်းကလည်း Live ကြည့်နေ ကြမှာဖြစ်တဲ့အတွက် အမှားအ ယွင်းမရှိ၊ လိုအပ်ချက်မရှိအောင် စနစ်တကျပြင်ဆင်ဖို့ အထူးပြင် ဆင်ရတာပေါ့။ လိုတာလေးတွေ ထပ်တိုင်ပင်ဖြည့်ဆည်းတာပေါ့။ အစိုုးရရော၊ အသင်းတော်ဘက် ကရော ဘယ်သူမှ မခိုမကပ်ဘဲ ကြိုးစားပြင်ဆင်တာ ဝမ်းသာစရာ ပါ’’ ဟု ဖာသာမာရီရာနိုစိုးနိုင်က ပြောသည်။

မြန်မာအစိုးရ၏ ဖိတ်ကြားမှု ဖြင့် ပုပ်ရဟန်းမင်းကြီးဖရန်စစ် သည် နိုဝင်ဘာ ၂၇ ရက်မှ ၃၀ ရက်အထိ မြန်မာနိုင်ငံသို့ လေး ရက်ကြာ လာရောက်မည်ဖြစ် သည်။

ပုပ်ရဟန်းမင်းကြီးသည် မြန် မာပြည်ခရီးစဉ်အတွင်း နေပြည် တော်သို့ သွားရောက်ကာ နိုင်ငံ တော်အကြီးအကဲများနှင့် တွေ့ဆုံ မည်ဖြစ်ပြီး ရန်ကုန်မြို့ကျိုက္ကဆံ ကွင်း၌ နိုဝင်ဘာ ၂၉ ရက်နံနက် ၉ နာရီ ၁၅ မိနစ်တွင် ကက်သ လစ်ဘာသာဝင်သုံးသိန်းခန့်နှင့် တွေ့ဆုံကာ ဆုတောင်းပွဲကျင်းပ မည်ဖြစ်သည်။

‘‘ဆုတောင်းပွဲကို ကျိုက္ကဆံ ကွင်းမှာ လုပ်ဖို့စီစဉ်ထားပါတယ်။ အဓိကကတော့ ကက်သလစ်ဘာ သာဝင်တွေပေါ့။ အချိန်က တစ် နာရီခွဲ၊ နှစ်နာရီလောက်ကြာမှာ ဆိုတော့ ဆုတောင်းပွဲလည်းဖြစ် တဲ့အတွက်  တခြားဘာသာဝင် တွေအနေနဲ့ ငြီးငွေ့တာမျိုးဖြစ်မှာ လည်း စိုးရိမ်ပါတယ်။ ဒါပေမဲ့ တခြားဘာသာဝင်တွေအနေနဲ့ ပုပ်ရဟန်းမင်းကြီးကို မြင်ဖူးချင် တယ်၊ တွေ့ဆုံချင်တယ်ဆိုရင် လာလို့ရပါတယ်’’ ဟု ဖာသာမာ ရီရာနိုစိုးနိုင်က ပြောသည်။

ယင်းတွေ့ဆုံ ဆုတောင်းပွဲ အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရိုမန်ကက်သလစ် ဘာသာဝင်လူငယ်များက လုံခြုံ ရေးတာဝန်ယူမည်ဖြစ်သည်။

ဆုတောင်းပွဲကျင်းပစဉ် ကွင်းအတွင်း သက်ကြီးရွယ်အို များ၊ ကြာကြာမထိုင်နိုင်သူများအ တွက် ထိုင်ခုံများ၊ မသန်စွမ်းသူ များအတွက် သီးခြားနေရာများ၊ ဆေးခန်းနှစ်ခုနှင့် သန့်စင်ခန်းများ စီစဉ်ထားကြောင်း မှတ်ပုံတင်ရေး နှင့် ကြိုဆိုနေရာချထားရေးဗဟို ကော်မတီက ထုတ်ပြန်သည်။

ပုပ်ရဟန်းမင်းကြီး ဆု တောင်းပွဲတွင် ပါဝင်လိုသူများ သည် သက်ဆိုင်ရာသာသနာဘုန်း တော်ကြီးများထံ အောက်တိုဘာ ၃၀ ရက်နောက်ဆုံးထား စာရင်း သွင်းရပြီး ဝင်ခွင့်ကတ်ပါရှိမှသာ ဝင်ခွင့်ပြုမည်ဖြစ်သည်။

ကက်သလစ်ဘာသာဝင် မဟုတ်သော အခြားဘာသာဝင် များ (မည်သည့်ဘာသာမဆို)ပါဝင်မည်ဆိုပါက မိမိနှင့်သိရှိသည့် ကက်သလစ်ဘာသာဝင်တစ်ဦး က အပြည့်အဝတာဝန်ယူပြီး အောက်တိုဘာ ၃၀ ရက်နောက် ဆုံးထား စာရင်းသွင်းခွင့်ပြုထား သည်။

ဆုတောင်းပွဲကျင်းပမည့် နိုဝင်ဘာ ၂၉ ရက်တွင် ရန်ကုန်မြို့ အတွင်း ယာဉ်ကြောကျပ်နိုင်သ ဖြင့် ယင်းအခက်အခဲကိုရန်ကုန် မြို့နေပြည်သူများ နားလည် သည်းခံပေးရန် ဖာသာမာရီရာ နိုစိုးနိုင်က မေတ္တာရပ်ခံသည်။

ပုပ်ရဟန်းမင်းကြီးသည် နို ဝင်ဘာ ၂၇ ရက်နေ့လယ် ၁ နာရီ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကာ သိမ်ဖြူ လမ်းရှိ ရန်ကုန်သာသနာဂိုဏ်း ချုပ်ဆရာတော်နေအိမ်သို့ သွား ရောက်မည်ဖြစ်သည်။

နိုဝင်ဘာ ၂၈ ရက်တွင် နေ ပြည်တော်သို့ သွားရောက်ကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့ ဝင်များ၊ သံတမန်များနှင့်တွေ့ဆုံ မည်ဖြစ်သည်။

နိုဝင်ဘာ ၂၉ ရက်တွင် ကျိုက္ကဆံကွင်း၌ ရိုမန်ကက်သ လစ်ဘာသာဝင်များနှင့် တွေ့ဆုံ  ပြီး ညနေတွင် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့၊ ကက်သ လစ်ဂိုဏ်းချုပ်ဆရာတော်များနှင့် သီးခြားတွေ့ဆုံမည်ဖြစ်သည်။

နိုဝင်ဘာ ၃၀ ရက်တွင် ကက်သလစ်ဘာသာဝင်လူငယ် ခေါင်းဆောင်များနှင့် တွေ့ဆုံကာ ဆုတောင်းပွဲ  ထပ်မံကျင်းပပြီး နေ့လယ်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top