Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေလာကမွာ ေရွာင္လႊဲလို႕မရတဲ့ အရာေတြအမ်ားႀကီးရွိပါတယ္။ ေသၿခင္းတရား ကို ဘယ္သူမွ မေရွာင္လႊဲႏိုင္ဘူး။ ဆင္းရဲ ၿခင္း၊ ခ်မ္းသာၿခင္းစတဲ့ ေလာကဓံ အနိမ့္အၿမင့္ေတြ ကိုလည္း ေရွာင္လႊဲလို႕မရဘူး။ ဆင္းရဲၿခင္း ဆိုတဲ့ ေနရာမွာ စိတ္ ဆင္းရဲတာ၊ ကိုယ္ ဆင္းရဲ တာ ႏွစ္ခုလံုးပါတယ္။

အာရုံငါးပါးခံစားႏိုင္တဲ့ ခႏၶကိုယ္ႀကီး ကိုက ေဝဒနာ ေတြခံ စားႏိုင္တယ္။ ၿဖစ္၊ တည္၊ ပ်က္သေဘာအရ ကိုယ္ၿဖစ္မယ္၊ တည္ရွိမယ္၊ ပ်က္စီးမယ္ ေရွာင္လႊဲလို႕မရႏိုင္တဲ့အရာေတြဘဲ။ အဲ့ဒီလိုဘဲ လူ႕ခႏၶာကိုယ္ႀကီး ကလည္း ေနရာတိုင္းမွာတည္ရွိေနတဲ့ ပိုးမႊား ေတြရန္က ေရွာင္လႊဲလို႕မရဘူး။

ေန႕စဥ္ေန႕တိုင္းရႈရႈိက္ေနတဲ့ေလထဲမွာပါေနတဲ့ ပိုးမႊား ေတြဟာ ခႏၶာကိုယ္ထဲ  ဝင္ေရာက္ေနေပမယ့္ တစ္ခါတစ္ေလမွသာ လကၡဏာၿပႀကတယ္။ ေတာ္ေတာ္မ်ားမ်ားကို ခႏၶာကိုယ္ ကတိုက္ခိုက္ၿပီး ၿဖစ္ေနေတာ့ဝင္မွန္းေတာင္မသိလိုက္ႀကဘူး။ နာတယ္၊ က်င္တယ္၊ အေနရခက္တယ္ဆိုမွသာ သတိထားမိႀကေတာ့တယ္။

အဲ့ဒီထဲမွာ ေသးငယ္ေပမယ့္ လူအေတာ္မ်ားမ်ား သတိထားမိတတ္ႀကတဲ့ အနာမ်ိဳးကေတာ့ cold sore လို႕ေခၚတဲ့ပါးစပ္နာ၊ ပါးေစာင္နာ တစ္မ်ိဳးပါဘဲ။ အဂၤလိပ္လို fever blister လို႔လည္း ေခၚႀကပါေသးတယ္။ အေအးေတြစားလို႕၊ ဝမ္းခ်ဳပ္လို႔အစရွိသၿဖင့္ အပူကန္လို႕ၿဖစ္တာဆိုၿပီး အပူကန္နာ လို႕လည္းေခၚႀကပါတယ္။

မၿဖစ္ဖူးတဲ့သူမရွိသေလာက္ပါဘဲ။ စာေရးသူ အပါအဝင္ စာဖတ္ပရိတ္သတ္မ်ားလည္း ၿဖစ္ခဲ့ဖူႀကပါတယ္။ ထမင္းစားတဲ့အခါမွာဘဲၿဖစ္ၿဖစ္၊ အပူအစပ္စားတဲ့အခါ မွာဘဲၿဖစ္ၿဖစ္ ပါးစပ္ မွတဆစ္ဆစ္နဲ႕ကိုက္ရာကေန သတိထားမိတတ္ႀကတယ္။ တခါတရံ ေနရင္းထိုင္ရင္းနဲ႕နာလာလို႕ႀကည္႕လိုက္ေတာ့မွ ပါးစပ္ ထဲမွာအၿဖဴေရာင္အနာေသးေသး ေပါက္တတ္ႀကတယ္။

သြားဖံုး ေတြ၊ လွ်ာေအာက္ပိုင္းေတြမွာလဲ ၿဖစ္တတ္ႀကတယ္။ တကယ္ေတာ့ ပါးစပ္နာ (cold sore) ဟာ virus ပိုးတစ္မ်ိဳးေႀကာင့္ၿဖစ္ရတာပါ။ ၿဖစ္တဲ့ဗိုင္းရပ္စ္ပိုးကို Herpes Simplex လို႕ေခၚပါတယ္။ type 1 ႏွင့္ type 2 ဆိုၿပီး ႏွစ္မ်ိဳးရွိတဲ့အထဲက ပါးစပ္နာက type 1 ေႀကာင့္ အၿဖစ္မ်ားပါတယ္။ type 2 ကေတာ့ လိင္အဂၤါနဲ႕ ပတ္သက္တဲ့အနာေတြမွာၿဖစ္တတ္ပါတယ္။

တခါတရံ type 2 ေႀကာင့္လည္း ပါးစပ္နာ ျဖစ္တတ္ေပမယ့္ အလြန္ရွားပါတယ္။ ေရာဂါ ရာဇဝင္ကိုႀကည္႕လိုက္ရင္ လြန္ခဲ့တဲ့ႏွစ္ေထာင္ေပါင္းမ်ားစြာကတည္းက ဒီဗိုင္းရပ္စ္ပိုးဟာရွိခဲ့ၿပီးသားပါ။ ေရာမေခတ္တုန္းက ဘုရင္ႀကီး Tiberius ကတိုင္းၿပည္မွာ ပါးစပ္နာေပါက္သူေတြမ်ားတဲ့အတြက္ ႏႈတ္ခမ္းခ်င္းနမ္းတာကို တားၿမစ္ခဲ့ဖူးပါတယ္။

၁၆ရာစုက နာမည္ႀကီးခဲ့တဲ့ ရိုမီယိုနဲ႕ဂ်ဴးလိယက္ ဇာတ္လမ္း မွာလည္း အဂၤလိပ္ၿပဇာတ္ေရးဆရာ ရွိတ္စပီးယားက ပါးစပ္နာကိုထည္႕သြင္းေရးသားခဲ့ပါတယ္။ ဒီလုိေရာဂါအစဥ္အလာႀကီးမားတဲ့ Hepes simplex ဗိုင္းရပ္စ္ဟာ ဘယ္လိုမ်ားကူးစက္တတ္ပါလိမ့္။ အလြယ္ဆံုးနဲ႕အရွင္းလင္းဆံုးေၿပာရမယ္ဆိုရင္ေတာ့ အသားအေရခ်င္းထိေတြဆက္ဆံမႈမွ ကူးစက္တတ္တယ္လို႕ ဆိုရမွာပါ။

ေရာဂါ ပိုးရွိတဲ့ အနာ ေတြနဲ႕တိုက္ရိုက္ထိေတြ႕ဆက္ဆံၿခင္း (သို႕) အနာကထြက္တဲ့အရည္ေတြနဲ႕ ထိေတြမိၿခင္း စသည္ၿဖင့္ ကူးစက္ တတ္ပါတယ္။ ေရာဂါပိုး ရွိတဲ့တဘတ္၊ သြားပြတ္တံ၊ မုတ္ဆိတ္ရိတ္ဓားစသည္တို႕ကိုမွ်ေဝသံုးစြဲၿခင္းၿဖင့္ ကူးစက္တတ္ပါတယ္။တစ္ခါကူး စက္ၿခင္းခံရပါက ဗိုင္းရပ္စ္ပိုးကို ခႏၶာကိုယ္ က လံုးဝကင္းစင္ေအာင္တိုက္ဖ်က္ဖို႕မၿဖစ္ႏိုင္ဘဲ ခႏၶာကိုယ္ရဲ႕ နာဗ္ဆဲလ္ထဲမွာဘဲ ေနထိုင္ပါေတာ့တယ္။

ေရာဂါ ဝင္ေရာက္ပံုကိုႀကည္႕ရင္ ဗိုင္းရပ္စ္ပိုးဟာ ေရွးဦးစြာ ခႏၵာကိုယ္ ရဲ႕ ေပါက္ၿပဲေနတဲ့ အေရၿပားမွတဆင့္ဝင္ေရာက္လာပါတယ္။ အလြန္ေသးငယ္တဲ့ အၿခစ္ရာ၊ အက္ကြဲေႀကာင္းငယ္ေလးမွတဆင့္ ဝင္ေရာက္ႏိုင္စြမ္းရွိပါတယ္။ ဝင္ေရာက္လာတဲ့ဗိုင္းရပ္စ္ဟာ အာရံုခံနာဗ္ေႀကာတစ္ေလွ်ာက္ ဝင္ေရာက္လာၿပီး နာဗ္ဆဲလ္ထဲမွာ ေနထိုင္ပါေတာ့တယ္။ ခုခံအားက်ဆင္းတဲ့အခါမ်ိဳးမွာ ဗိုင္းရပ္စ္ေတြဟာၿပန္ႀကြလာၿပီး ေရာဂါ လကၡဏာ စတင္ ျပသေလ့ရွိပါတယ္။

တခါတရံ ေရာဂါ လကၡဏာ မၿပဘဲ ကူစက္ႏိုင္စြမ္းရွိပါတယ္။ ဒါေႀကာင့္ လူတစ္ခ်ိဳ႕ဟာ ကူးစက္ခံရမွန္းမသိ ကူးစက္ခံရတတ္ပါတယ္။ ဒီလိုကူးစက္ေနလို႕လည္း လူဦးေရ ရဲ႕ ၉၀% ဟာ Herpes simplex virus (HSV) ကူးစက္ခံထားရၿပီး ၿဖစ္တယ္လို႕ဆို႕ပါတယ္။ လူတစ္ေယာက္ဟာ တစ္ႏွစ္မွာ ၃ ႀကိမ္ မွ ၄ ႀကိမ္အထိၿပန္လည္ေပၚေပါက္လာတတ္ပါတယ္။

HSV ကို ေတြ႕အမ်ားဆံုး လကၡဏာ ကေတာ့ ပါးစပ္မွာအနာေပါက္တဲ့ပံုစံမ်ိဳးပါ။ စၿဖစ္ၿဖစ္ၿခင္းပါးစပ္မွာ အေရႀကည္ဖု Blister တစ္ခု၊ ႏွစ္ခု အစရွိသၿဖင့္ ေပါက္လာတတ္ပါတယ္။ နာက်င္ၿခင္းလည္း မရွိတတ္ေသးပါဘူး။ သံုးေလးရက္ႀကာတဲ့အခါမွာ အေရႀကည္ဖုေတြေပါက္သြားၿပီး အၿဖဴေရာင္အနာ ေသးေသးေလးေတြ အၿဖစ္က်န္ခဲ့ပါတယ္။

တစ္ဆစ္ဆစ္နဲ႕ နာက်င္ကိုက္ခဲတတ္ၿပီး ထုိအခါမွ သတိထားမိတတ္ပါတယ္။ တခါတရံ နာလြန္းလို႕ ပါးကိုအုပ္ၿပီးေတာင္ကိုက္တတ္ႀကပါတယ္။ ပါးစပ္ကိုဟႀကည္႕ရင္း အၿဖဴေရာင္ၿပည္တည္အနာပံုစံ အနာခြက္ခြက္ေလးေတြ႕ရမယ္။ ႏႈတ္ခမ္းသား ေလးကေရာင္ၿပီးရဲေနမယ္။

အစားအေသာက္စားတဲ့အခါမွာဘဲၿဖစ္ၿဖစ္၊ အပူအစပ္စားတဲ့အခါမွာဘဲ ၿဖစ္ၿဖစ္ နာတာကစပ္ဖ်ဥ္းဖ်ဥ္းနဲ႕ပိုသိသာတယ္။ ေရာဂါဝင္စမွာဖ်ားတာ တကိုယ္လံုးေညာင္းညာကိုက္ခဲ တာ မလႈပ္ခ်င္၊ မရွားခ်င္ ႏံုးခ်ိတာ၊ ေခါင္းကိုက္တာ၊ လည္ေခ်ာင္းနာတာ အစရွိသၿဖင့္ ၿဖစ္ေပၚတတ္ပါ တယ္။ လည္ပင္းကိ်တ္ေတြ၊ ေပါင္ၿခံကိ်တ္ေတြလည္းၿဖစ္တတ္ပါတယ္။ အမ်ားအားၿဖင့္ ပါးစပ္အနာရဲ႕ လကၡဏာ aတြဟာ သိသာထင္ရွားတဲ့အတြက္ ေသြးစစ္၊ ဆီးစစ္ေတြလုပ္ေလ့မရွိပါဘူး။

ပါးစပ္နာ၊ အပူကန္နာၿဖစ္္ပါက ေဆးေသာက္ရန္မလိုဘဲ သူဘာသာသူေပ်ာက္ကင္းသြားတတ္ပါတယ္။ ပါးစပ္နာသိပ္ဆိုးလာရင္ paracetamol, ibuprofen အစရွိတဲ့ အကိုက္အခဲေပ်ာက္ေဆးမ်ား ေသာက္သံုးႏိုင္ပါတယ္။ ထံုေဆးပါတဲ့လိမ္းေဆး (lignocain, prilocain) အစရွိတဲ့ လိမ္းေဆး မ်ားကို လည္းအနာေပၚလိမ္းေပးႏိုင္ပါတယ္။ steroid ပါတဲ့လိမ္းေဆးမ်ားကို တတ္ႏိုင္သမွ် ေရွာင္က်ဥ္သင့္ပါ တယ္။ တခါတရံ ဗိုငး္ရပ္စ္ ပိုးသတ္ေဆးေတြကို ေပးတတ္ႀကပါတယ္။

အနာသက္သာတာ ၿမန္ဆန္ေစ သလို မႀကာခဏၿဖစ္တတ္ၿခင္းကိုလည္း ကာကြယ္ေပးပါတယ္။ အသံုးမ်ားတဲ့ ေဆးေတြကေတာ့ acyclovir, famcyclovir နဲ႕ valacyclovir တို႕ၿဖစ္ႀကပါတယ္။ acyclovir 400mg တစ္ေန႕သံုးႀကိမ္ (သို႕) famcyclovir 250mg တစ္ေန႕သံုးႀကိမ္ (သို႕) valacyclovir 1G တစ္ေန႕ႏွစ္ႀကိမ္အစရွိသၿဖင့္ ေပးႏိုင္ပါတယ္။

ဗိုင္းရပ္ပိုးသတ္ေဆးမ်ားဟာ ဆရာဝန္ညႊန္ႀကားခ်က္နဲ႕သာ ေသာက္သံုးသင့္ပါတယ္။ ပံုမွန္အားၿဖင့္ တစ္ပတ္၊ ဆယ္ရက္ေပးရမွာၿဖစ္ေပမယ့္ မႀကာခဏ ၿပန္ၿဖစ္သူမ်ားအတြက္ ေဆး dose ကိုေလွ်ာ့ၿပီး သံုးရက္မွငါးရက္ခန္႔ေပးရပါမယ္။ zinc သြပ္ဓာတ္ ပါတဲ့ အားေဆးမ်ားက ပါးစပ္နာကို လွ်င္ၿမန္စြာ သက္သာေစပါတယ္။ ပ်ားဝတ္မႈန္ (Bee pollen) ဟာ ခုခံအားၿမွင့္တတ္ေပးႏိုင္တဲ့ သဘာဝ ေဆးစြမ္းေကာင္းတစ္လက္ပါ။

အေအးမိတုပ္ေကြးမွာ အသံုးမ်ားတဲ့ ေဆးေၿပာင္းပန္း (Echinacea) ဟာလည္း ပါးစပ္နာသူေတြကို အက်ိဳးရွိေစပါတယ္။ burplex, Cevit နဲ႕ Milk of Magnesia တို႕ကလည္း တနည္းတဖံု အထာက္အကူေပးပါတယ္။ ပ်ားရည္နဲ႕ ေရွာက္ရည္ေရာေသာက္ၿခင္းဟာ ေခ်ာင္းဆိုး၊ ခၽြဲက်ပ္အတြက္သာမက ပါးစပ္နာ အတြက္ပါ အက်ိဳးရွိတယ္လို႕ဆိုပါတယ္။ အစားေသာက္အေနအထိုင္ ကလည္းအေရးႀကီးပါတယ္။

အပူအစပ္စားတာေတြ၊ အက္စစ္ဓာတ္ ပါတဲ့အစားအစာေတြဟာ ပိုဆိုးေစ ပါတယ္။ ေကာ္ဖီ၊ လၻက္ရည္ေသာက္တာဟာ အနာကိုပိုႀကာေစတတ္ပါတယ္။ ဝမ္းခ်ဳပ္ၿခင္းကို အမွ်င္ဓာတ္ပါတဲ့ အစားအေသာက္ေတြ စားေသာက္ၿခင္းၿဖင့္ ကာကြယ္ႏိုင္ပါတယ္။ ဆားရည္နဲ႕ တစ္ေန႕ကို ႏွစ္ႀကိမ္၊ သံုးႀကိမ္ထိ ပလုတ္က်င္းၿခင္းဟာ နာက်င္ကိုက္ခဲၿခင္းကို သိသာစြာသက္သာေစ ႏိုင္ပါတယ္။ ေရာဂါ aတြကိုကာကြယ္ရန္ အနာလိမ္းတဲ့အခါ လက္အိတ္စြပ္ၿပီးလိမ္းသင့္ပါတယ္။ သန္႕စင္တဲ့ဂြမ္းစန႕ဲသာလိမ္းေပးသင့္ပါတယ္။

အသံုးအေဆာင္မ်ား မွ်ေဝသံုးစြဲၿခင္းမွ ေရွာင္ႀကဥ္သင့္ပါ တယ္။ လက္ေဆးၿခင္းဟာ ေရာဂါပိုး ကာကြယ္ၿခင္းအတြက္ ေကာင္းမြန္တဲ့အေလ့အက်င့္တစ္ခုပါ။ တစ္ကိုယ္ရည္သန္႕ရွင္းေရးဟာလည္း ေရာဂါပိုးမ်ားပ်ံ႕ပႊားေရးအတြက္အေရးႀကီးတဲ့အစိတ္အပိုင္း တစ္ခုပါ။ လက္ရွိအခ်ိန္ထိ HSV ဗိုင္းရပ္စ္ ကာကြယ္ေဆးကို စမ္းသပ္ထုတ္လုပ္လွ်က္ပင္ရွိေနၿပီး မႀကာမီအခ်ိန္အတြင္းေပၚေပါက္လာလိမ့္မယ္လို႕ ေမွ်ာ္လင့္ရပါတယ္။ အားလံုးပါးစပ္နာၿခင္းမွ ကင္းေဝးႀကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ေဒါက္တာေအးမင္းထူး
#Unicode Version#
လောကမှာ ရှောင်လွှဲလို့မရတဲ့ အရာတွေအများကြီးရှိပါတယ်။ သေခြင်းတရား ကို ဘယ်သူမှ မရှောင်လွှဲနိုင်ဘူး။ ဆင်းရဲ ခြင်း၊ ချမ်းသာခြင်းစတဲ့ လောကဓံ အနိမ့်အမြင့်တွေ ကိုလည်း ရှောင်လွှဲလို့မရဘူး။ ဆင်းရဲခြင်း ဆိုတဲ့ နေရာမှာ စိတ် ဆင်းရဲတာ၊ ကိုယ် ဆင်းရဲ တာ နှစ်ခုလုံးပါတယ်။

အာရုံငါးပါးခံစားနိုင်တဲ့ ခန္ဓကိုယ်ကြီး ကိုက ဝေဒနာ တွေခံ စားနိုင်တယ်။ ဖြစ်၊ တည်၊ ပျက်သဘောအရ ကိုယ်ဖြစ်မယ်၊ တည်ရှိမယ်၊ ပျက်စီးမယ် ရှောင်လွှဲလို့မရနိုင်တဲ့အရာတွေဘဲ။ အဲ့ဒီလိုဘဲ လူ့ခန္ဓာကိုယ်ကြီး ကလည်း နေရာတိုင်းမှာတည်ရှိနေတဲ့ ပိုးမွှား တွေရန်က ရှောင်လွှဲလို့မရဘူး။

နေ့စဉ်နေ့တိုင်းရှုရှိုက်နေတဲ့လေထဲမှာပါနေတဲ့ ပိုးမွှား တွေဟာ ခန္ဓာကိုယ်ထဲ  ဝင်ရောက်နေပေမယ့် တစ်ခါတစ်လေမှသာ လက္ခဏာပြကြတယ်။ တော်တော်များများကို ခန္ဓာကိုယ် ကတိုက်ခိုက်ပြီး ဖြစ်နေတော့ဝင်မှန်းတောင်မသိလိုက်ကြဘူး။ နာတယ်၊ ကျင်တယ်၊ အနေရခက်တယ်ဆိုမှသာ သတိထားမိကြတော့တယ်။

အဲ့ဒီထဲမှာ သေးငယ်ပေမယ့် လူအတော်များများ သတိထားမိတတ်ကြတဲ့ အနာမျိုးကတော့ cold sore လို့ခေါ်တဲ့ပါးစပ်နာ၊ ပါးစောင်နာ တစ်မျိုးပါဘဲ။ အင်္ဂလိပ်လို fever blister လို့လည်း ခေါ်ကြပါသေးတယ်။ အအေးတွေစားလို့၊ ဝမ်းချုပ်လို့အစရှိသဖြင့် အပူကန်လို့ဖြစ်တာဆိုပြီး အပူကန်နာ လို့လည်းခေါ်ကြပါတယ်။

မဖြစ်ဖူးတဲ့သူမရှိသလောက်ပါဘဲ။ စာရေးသူ အပါအဝင် စာဖတ်ပရိတ်သတ်များလည်း ဖြစ်ခဲ့ဖူကြပါတယ်။ ထမင်းစားတဲ့အခါမှာဘဲဖြစ်ဖြစ်၊ အပူအစပ်စားတဲ့အခါ မှာဘဲဖြစ်ဖြစ် ပါးစပ် မှတဆစ်ဆစ်နဲ့ကိုက်ရာကနေ သတိထားမိတတ်ကြတယ်။ တခါတရံ နေရင်းထိုင်ရင်းနဲ့နာလာလို့ကြည့်လိုက်တော့မှ ပါးစပ် ထဲမှာအဖြူရောင်အနာသေးသေး ပေါက်တတ်ကြတယ်။

သွားဖုံး တွေ၊ လျှာအောက်ပိုင်းတွေမှာလဲ ဖြစ်တတ်ကြတယ်။ တကယ်တော့ ပါးစပ်နာ (cold sore) ဟာ virus ပိုးတစ်မျိုးကြောင့်ဖြစ်ရတာပါ။ ဖြစ်တဲ့ဗိုင်းရပ်စ်ပိုးကို Herpes Simplex လို့ခေါ်ပါတယ်။ type 1 နှင့် type 2 ဆိုပြီး နှစ်မျိုးရှိတဲ့အထဲက ပါးစပ်နာက type 1 ကြောင့် အဖြစ်များပါတယ်။ type 2 ကတော့ လိင်အင်္ဂါနဲ့ ပတ်သက်တဲ့အနာတွေမှာဖြစ်တတ်ပါတယ်။

တခါတရံ type 2 ကြောင့်လည်း ပါးစပ်နာ ဖြစ်တတ်ပေမယ့် အလွန်ရှားပါတယ်။ ရောဂါ ရာဇဝင်ကိုကြည့်လိုက်ရင် လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းက ဒီဗိုင်းရပ်စ်ပိုးဟာရှိခဲ့ပြီးသားပါ။ ရောမခေတ်တုန်းက ဘုရင်ကြီး Tiberius ကတိုင်းပြည်မှာ ပါးစပ်နာပေါက်သူတွေများတဲ့အတွက် နှုတ်ခမ်းချင်းနမ်းတာကို တားမြစ်ခဲ့ဖူးပါတယ်။

၁၆ရာစုက နာမည်ကြီးခဲ့တဲ့ ရိုမီယိုနဲ့ဂျူးလိယက် ဇာတ်လမ်း မှာလည်း အင်္ဂလိပ်ပြဇာတ်ရေးဆရာ ရှိတ်စပီးယားက ပါးစပ်နာကိုထည့်သွင်းရေးသားခဲ့ပါတယ်။ ဒီလိုရောဂါအစဉ်အလာကြီးမားတဲ့ Hepes simplex ဗိုင်းရပ်စ်ဟာ ဘယ်လိုများကူးစက်တတ်ပါလိမ့်။ အလွယ်ဆုံးနဲ့အရှင်းလင်းဆုံးပြောရမယ်ဆိုရင်တော့ အသားအရေချင်းထိတွေဆက်ဆံမှုမှ ကူးစက်တတ်တယ်လို့ ဆိုရမှာပါ။

ရောဂါ ပိုးရှိတဲ့ အနာ တွေနဲ့တိုက်ရိုက်ထိတွေ့ဆက်ဆံခြင်း (သို့) အနာကထွက်တဲ့အရည်တွေနဲ့ ထိတွေမိခြင်း စသည်ဖြင့် ကူးစက် တတ်ပါတယ်။ ရောဂါပိုး ရှိတဲ့တဘတ်၊ သွားပွတ်တံ၊ မုတ်ဆိတ်ရိတ်ဓားစသည်တို့ကိုမျှဝေသုံးစွဲခြင်းဖြင့် ကူးစက်တတ်ပါတယ်။တစ်ခါကူး စက်ခြင်းခံရပါက ဗိုင်းရပ်စ်ပိုးကို ခန္ဓာကိုယ် က လုံးဝကင်းစင်အောင်တိုက်ဖျက်ဖို့မဖြစ်နိုင်ဘဲ ခန္ဓာကိုယ်ရဲ့ နာဗ်ဆဲလ်ထဲမှာဘဲ နေထိုင်ပါတော့တယ်။

ရောဂါ ဝင်ရောက်ပုံကိုကြည့်ရင် ဗိုင်းရပ်စ်ပိုးဟာ ရှေးဦးစွာ ခန္ဒာကိုယ် ရဲ့ ပေါက်ပြဲနေတဲ့ အရေပြားမှတဆင့်ဝင်ရောက်လာပါတယ်။ အလွန်သေးငယ်တဲ့ အခြစ်ရာ၊ အက်ကွဲကြောင်းငယ်လေးမှတဆင့် ဝင်ရောက်နိုင်စွမ်းရှိပါတယ်။ ဝင်ရောက်လာတဲ့ဗိုင်းရပ်စ်ဟာ အာရုံခံနာဗ်ကြောတစ်လျှောက် ဝင်ရောက်လာပြီး နာဗ်ဆဲလ်ထဲမှာ နေထိုင်ပါတော့တယ်။ ခုခံအားကျဆင်းတဲ့အခါမျိုးမှာ ဗိုင်းရပ်စ်တွေဟာပြန်ကြွလာပြီး ရောဂါ လက္ခဏာ စတင် ပြသလေ့ရှိပါတယ်။

တခါတရံ ရောဂါ လက္ခဏာ မပြဘဲ ကူစက်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့် လူတစ်ချို့ဟာ ကူးစက်ခံရမှန်းမသိ ကူးစက်ခံရတတ်ပါတယ်။ ဒီလိုကူးစက်နေလို့လည်း လူဦးရေ ရဲ့ ၉၀% ဟာ Herpes simplex virus (HSV) ကူးစက်ခံထားရပြီး ဖြစ်တယ်လို့ဆို့ပါတယ်။ လူတစ်ယောက်ဟာ တစ်နှစ်မှာ ၃ ကြိမ် မှ ၄ ကြိမ်အထိပြန်လည်ပေါ်ပေါက်လာတတ်ပါတယ်။

HSV ကို တွေ့အများဆုံး လက္ခဏာ ကတော့ ပါးစပ်မှာအနာပေါက်တဲ့ပုံစံမျိုးပါ။ စဖြစ်ဖြစ်ခြင်းပါးစပ်မှာ အရေကြည်ဖု Blister တစ်ခု၊ နှစ်ခု အစရှိသဖြင့် ပေါက်လာတတ်ပါတယ်။ နာကျင်ခြင်းလည်း မရှိတတ်သေးပါဘူး။ သုံးလေးရက်ကြာတဲ့အခါမှာ အရေကြည်ဖုတွေပေါက်သွားပြီး အဖြူရောင်အနာ သေးသေးလေးတွေ အဖြစ်ကျန်ခဲ့ပါတယ်။

တစ်ဆစ်ဆစ်နဲ့ နာကျင်ကိုက်ခဲတတ်ပြီး ထိုအခါမှ သတိထားမိတတ်ပါတယ်။ တခါတရံ နာလွန်းလို့ ပါးကိုအုပ်ပြီးတောင်ကိုက်တတ်ကြပါတယ်။ ပါးစပ်ကိုဟကြည့်ရင်း အဖြူရောင်ပြည်တည်အနာပုံစံ အနာခွက်ခွက်လေးတွေ့ရမယ်။ နှုတ်ခမ်းသား လေးကရောင်ပြီးရဲနေမယ်။

အစားအသောက်စားတဲ့အခါမှာဘဲဖြစ်ဖြစ်၊ အပူအစပ်စားတဲ့အခါမှာဘဲ ဖြစ်ဖြစ် နာတာကစပ်ဖျဉ်းဖျဉ်းနဲ့ပိုသိသာတယ်။ ရောဂါဝင်စမှာဖျားတာ တကိုယ်လုံးညောင်းညာကိုက်ခဲ တာ မလှုပ်ချင်၊ မရှားချင် နုံးချိတာ၊ ခေါင်းကိုက်တာ၊ လည်ချောင်းနာတာ အစရှိသဖြင့် ဖြစ်ပေါ်တတ်ပါ တယ်။ လည်ပင်းကျိတ်တွေ၊ ပေါင်ခြံကျိတ်တွေလည်းဖြစ်တတ်ပါတယ်။ အများအားဖြင့် ပါးစပ်အနာရဲ့ လက္ခဏာ aတွဟာ သိသာထင်ရှားတဲ့အတွက် သွေးစစ်၊ ဆီးစစ်တွေလုပ်လေ့မရှိပါဘူး။

ပါးစပ်နာ၊ အပူကန်နာဖြစ်ပါက ဆေးသောက်ရန်မလိုဘဲ သူဘာသာသူပျောက်ကင်းသွားတတ်ပါတယ်။ ပါးစပ်နာသိပ်ဆိုးလာရင် paracetamol, ibuprofen အစရှိတဲ့ အကိုက်အခဲပျောက်ဆေးများ သောက်သုံးနိုင်ပါတယ်။ ထုံဆေးပါတဲ့လိမ်းဆေး (lignocain, prilocain) အစရှိတဲ့ လိမ်းဆေး များကို လည်းအနာပေါ်လိမ်းပေးနိုင်ပါတယ်။ steroid ပါတဲ့လိမ်းဆေးများကို တတ်နိုင်သမျှ ရှောင်ကျဉ်သင့်ပါ တယ်။ တခါတရံ ဗိုင်းရပ်စ် ပိုးသတ်ဆေးတွေကို ပေးတတ်ကြပါတယ်။

အနာသက်သာတာ မြန်ဆန်စေ သလို မကြာခဏဖြစ်တတ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ အသုံးများတဲ့ ဆေးတွေကတော့ acyclovir, famcyclovir နဲ့ valacyclovir တို့ဖြစ်ကြပါတယ်။ acyclovir 400mg တစ်နေ့သုံးကြိမ် (သို့) famcyclovir 250mg တစ်နေ့သုံးကြိမ် (သို့) valacyclovir 1G တစ်နေ့နှစ်ကြိမ်အစရှိသဖြင့် ပေးနိုင်ပါတယ်။

ဗိုင်းရပ်ပိုးသတ်ဆေးများဟာ ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်သုံးသင့်ပါတယ်။ ပုံမှန်အားဖြင့် တစ်ပတ်၊ ဆယ်ရက်ပေးရမှာဖြစ်ပေမယ့် မကြာခဏ ပြန်ဖြစ်သူများအတွက် ဆေး dose ကိုလျှော့ပြီး သုံးရက်မှငါးရက်ခန့်ပေးရပါမယ်။ zinc သွပ်ဓာတ် ပါတဲ့ အားဆေးများက ပါးစပ်နာကို လျှင်မြန်စွာ သက်သာစေပါတယ်။ ပျားဝတ်မှုန် (Bee pollen) ဟာ ခုခံအားမြှင့်တတ်ပေးနိုင်တဲ့ သဘာဝ ဆေးစွမ်းကောင်းတစ်လက်ပါ။

အအေးမိတုပ်ကွေးမှာ အသုံးများတဲ့ ဆေးပြောင်းပန်း (Echinacea) ဟာလည်း ပါးစပ်နာသူတွေကို အကျိုးရှိစေပါတယ်။ burplex, Cevit နဲ့ Milk of Magnesia တို့ကလည်း တနည်းတဖုံ အထာက်အကူပေးပါတယ်။ ပျားရည်နဲ့ ရှောက်ရည်ရောသောက်ခြင်းဟာ ချောင်းဆိုး၊ ချွဲကျပ်အတွက်သာမက ပါးစပ်နာ အတွက်ပါ အကျိုးရှိတယ်လို့ဆိုပါတယ်။ အစားသောက်အနေအထိုင် ကလည်းအရေးကြီးပါတယ်။

အပူအစပ်စားတာတွေ၊ အက်စစ်ဓာတ် ပါတဲ့အစားအစာတွေဟာ ပိုဆိုးစေ ပါတယ်။ ကော်ဖီ၊ လ္ဘက်ရည်သောက်တာဟာ အနာကိုပိုကြာစေတတ်ပါတယ်။ ဝမ်းချုပ်ခြင်းကို အမျှင်ဓာတ်ပါတဲ့ အစားအသောက်တွေ စားသောက်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ဆားရည်နဲ့ တစ်နေ့ကို နှစ်ကြိမ်၊ သုံးကြိမ်ထိ ပလုတ်ကျင်းခြင်းဟာ နာကျင်ကိုက်ခဲခြင်းကို သိသာစွာသက်သာစေ နိုင်ပါတယ်။ ရောဂါ aတွကိုကာကွယ်ရန် အနာလိမ်းတဲ့အခါ လက်အိတ်စွပ်ပြီးလိမ်းသင့်ပါတယ်။ သန့်စင်တဲ့ဂွမ်းစနဲ့သာလိမ်းပေးသင့်ပါတယ်။

အသုံးအဆောင်များ မျှဝေသုံးစွဲခြင်းမှ ရှောင်ကြဉ်သင့်ပါ တယ်။ လက်ဆေးခြင်းဟာ ရောဂါပိုး ကာကွယ်ခြင်းအတွက် ကောင်းမွန်တဲ့အလေ့အကျင့်တစ်ခုပါ။ တစ်ကိုယ်ရည်သန့်ရှင်းရေးဟာလည်း ရောဂါပိုးများပျံ့ပွှားရေးအတွက်အရေးကြီးတဲ့အစိတ်အပိုင်း တစ်ခုပါ။ လက်ရှိအချိန်ထိ HSV ဗိုင်းရပ်စ် ကာကွယ်ဆေးကို စမ်းသပ်ထုတ်လုပ်လျှက်ပင်ရှိနေပြီး မကြာမီအချိန်အတွင်းပေါ်ပေါက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အားလုံးပါးစပ်နာခြင်းမှ ကင်းဝေးကြပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit:ဒေါက်တာအေးမင်းထူး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top