Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

jeansPurse-headerကိုယ့္အႀကိဳက္ဆံုး အဝတ္အစား ေတြနဲ႔ တန္ဖိိုးႀကီး အဝတ္အစား  ေတြကို ေရ႐ွည္ဝတ္ဆင္ႏိုင္ဖို႔အတြက္ စနစ္တက် ထိန္းသိမ္းဖုိ႔ လိုအပ္ပါတယ္။ သတိမမူမိဘဲ ျပဳလုပ္ေနမိတာေတြေၾကာင့္လည္း အဝတ္အစားေကာင္းေတြက ေစာေစာစီးစီး ယိုယြင္းပ်က္စီးသြားႏိုင္တာေၾကာင့္ ဒါေလးေတြကို သတိထားသင့္ပါတယ္။

၁။ သိုးေမြးထည္
ဆြယ္တာလိုမ်ိဳး သိုးေမြးထည္ေတြကို ခ်ိတ္ေတြနဲ႔ ခ်ိတ္ဆြဲထားတာမ်ိဳး လံုးဝမလုပ္သင့္ပါဘူး။ ေလွ်ာ္ၿပီးလွန္းခ်ိန္မွာဆုိရင္ ဆြယ္တာနဲ႔ေရရဲ႕အေလးခ်ိန္ေၾကာင့္ အက်ႌက ေအာက္ကို႐ွည္သြားႏိုင္ပါတယ္။ ဗီ႐ိုထဲမွာသိမ္းမယ္ဆုိလည္း ေခါက္ၿပီးေတာ့သာ သိမ္းရပါမယ္။

၂။ ဘရာကိုစက္နဲ႔ေလွ်ာ္တာ
ဘရာစီယာေတြြဆိုတာ သာမာန္အက်ႌအဝတ္အစားေတြထက္ ပိုၿပီးဂရုတစိုက္ေလွ်ာ္ရမယ့္အရာေတြပါ။ အျခားအဝတ္ေတြနဲ႔ ဘရာေတြကို ေရာၿပီး စက္ထဲေလွ်ာ္လိုက္မိတဲ့အခါ ဘရာေတြရဲ႕ က်ံဳ႕ႏိုင္/ဆန္႔ႏိုင္အား က်သြားလို႔ ဝတ္လို႔မေကာင္းေတာ့ပါဘူး။ ဘရာေတြကို လက္နဲ႔ပဲေလွ်ာ္ရပါမယ္။ လွန္းရင္လည္း ပုခံုးၾကိဳးေတြနဲ႔ခ်ိတ္ၿပီးမလွန္းပါနဲ႔။ အလယ္ကေခါက္ၿပီး လွန္းမွ ပံုစံမပ်က္မွာပါ။

၃။ ဂ်င္းေတြကိုေလွ်ာ္မယ္ဆိုရင္
ဂ်င္းေတြက မၾကာခဏေလွ်ာ္သင့္တဲ့ အဝတ္အထည္ေတြမဟုတ္ပါဘူး။ ဒါေပမဲ့လည္း ညစ္ပတ္ေနတဲ့ဂ်င္းေဘာင္းဘီကိုေတာ့ ဘယ္သူကမ်ား ဝတ္ခ်င္မွာတဲဲ့လဲ။ ဒီေတာ့ ဂ်င္းထည္ေတြကိုေလွ်ာ္မယ္ဆိုရင္ ေျပာင္းျပန္လွန္ၿပီးမွေလွ်ာ္သင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ကိုယ့်အကြိုက်ဆုံး အဝတ်အစား တွေနဲ့ တန်ဖိုးကြီး အဝတ်အစား  တွေကို ရေရှည်ဝတ်ဆင်နိုင်ဖို့အတွက် စနစ်တကျ ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ သတိမမူမိဘဲ ပြုလုပ်နေမိတာတွေကြောင့်လည်း အဝတ်အစားကောင်းတွေက စောစောစီးစီး ယိုယွင်းပျက်စီးသွားနိုင်တာကြောင့် ဒါလေးတွေကို သတိထားသင့်ပါတယ်။

၁။ သိုးမွေးထည်
ဆွယ်တာလိုမျိုး သိုးမွေးထည်တွေကို ချိတ်တွေနဲ့ ချိတ်ဆွဲထားတာမျိုး လုံးဝမလုပ်သင့်ပါဘူး။ လျှော်ပြီးလှန်းချိန်မှာဆိုရင် ဆွယ်တာနဲ့ရေရဲ့အလေးချိန်ကြောင့် အကျႌက အောက်ကိုရှည်သွားနိုင်ပါတယ်။ ဗီရိုထဲမှာသိမ်းမယ်ဆိုလည်း ခေါက်ပြီးတော့သာ သိမ်းရပါမယ်။

၂။ ဘရာကိုစက်နဲ့လျှော်တာ
ဘရာစီယာတွေဆိုတာ သာမာန်အကျႌအဝတ်အစားတွေထက် ပိုပြီးဂရုတစိုက်လျှော်ရမယ့်အရာတွေပါ။ အခြားအဝတ်တွေနဲ့ ဘရာတွေကို ရောပြီး စက်ထဲလျှော်လိုက်မိတဲ့အခါ ဘရာတွေရဲ့ ကျုံ့နိုင်/ဆန့်နိုင်အား ကျသွားလို့ ဝတ်လို့မကောင်းတော့ပါဘူး။ ဘရာတွေကို လက်နဲ့ပဲလျှော်ရပါမယ်။ လှန်းရင်လည်း ပုခုံးကြိုးတွေနဲ့ချိတ်ပြီးမလှန်းပါနဲ့။ အလယ်ကခေါက်ပြီး လှန်းမှ ပုံစံမပျက်မှာပါ။

၃။ ဂျင်းတွေကိုလျှော်မယ်ဆိုရင်
ဂျင်းတွေက မကြာခဏလျှော်သင့်တဲ့ အဝတ်အထည်တွေမဟုတ်ပါဘူး။ ဒါပေမဲ့လည်း ညစ်ပတ်နေတဲ့ဂျင်းဘောင်းဘီကိုတော့ ဘယ်သူကများ ဝတ်ချင်မှာတဲ့လဲ။ ဒီတော့ ဂျင်းထည်တွေကိုလျှော်မယ်ဆိုရင် ပြောင်းပြန်လှန်ပြီးမှလျှော်သင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top