Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ထုတ္လုပ္မႈကုန္က်စရိတ္ ျမင့္မားေနလို႔ ေျပာင္းလဲမွာလို႔ ဆိုပါတယ္။

ထပ္မံတိုးျမႇင့္ေကာက္ခံမယ့္ လွ်ပ္စစ္မီတာခႏႈန္းအသစ္ေတြေၾကာင့္ ျပည္သူေတြ အထိတ္တလန္႔ မျဖစ္ေစရဘူးလို႔ လွ်ပ္စစ္နဲ႔စြမ္းအင္ဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာထြန္းႏုိင္က ေျပာလိုက္ပါတယ္။

ႏိုဝင္ဘာ ၁၄ ရက္က က်င္းပခဲ့တဲ့ အမ်ိဳးသားလႊတ္ေတာ္ အစည္းအေဝးကို တက္ေရာက္ၿပီး ျပန္လည္ ထြက္ခြာခ်ိန္မွာ ဒုဝန္ႀကီးက မီဒီယာေတြကုိ အခုလိုေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

‘‘ထုတ္လုပ္မႈကုန္က်စရိတ္ က ျမင့္မားေနတဲ့အတြက္ေၾကာင့္ ဒီေျပာင္းလဲသြားမယ္ဆုိတဲ့ အေနအထားက ခုနက ကြၽန္ေတာ္ရွင္း ျပသလို ဒါႀကီးအေပၚမွာ အရမ္း ႀကီး Shock (အထိတ္တလန္႔) ရသြားေအာင္ မျဖစ္ေစရပါဘူး’’လို႔ ဒုတိယဝန္ႀကီး ေဒါက္တာထြန္းႏုိင္က ေျပာပါတယ္။

လက္ရွိ ေကာက္ခံေနတဲ့ ဓာတ္အားခႏႈန္းက ထုတ္လုပ္မႈကို ကုန္က်စရိတ္ကာမိေစတဲ့ ေဈးႏႈန္းမျဖစ္ဘဲ အိမ္သံုး၊ စီးပြားေရးသံုးႏွင့္ စက္မႈသံုးေတြမွာ ေဈးႏႈန္းအနည္းဆံုးျဖစ္တဲ့ အိမ္သံုးေဈးႏႈန္းနဲ႔ သံုးစြဲသူအမ်ားဆံုး ျဖစ္ေနၿပီး ဓာတ္အားခဝင္ေငြ နည္းပါးေနတယ္လို႔ ဆိုပါတယ္။

လက္ရွိအခ်ိန္မွာ အိမ္သံုးအတြက္ တစ္ယူနစ္ကို အနိမ့္ဆံုး ၃၅ က်ပ္ကေန အျမင့္ဆံုး က်ပ္ ၅၀ ႏႈန္း၊ စီးပြားေရးလုပ္ငန္း၊ စက္မႈလုပ္ငန္းသံုးအတြက္ တစ္ယူနစ္ကုိ အနိမ့္ဆံုး က်ပ္ ၅၀ ကေန အျမင့္ဆံုး က်ပ္၁၅၀ ထိ အလႊာအလိုက္ သတ္မွတ္ေကာက္ခံေနတာ ျဖစ္ပါတယ္။

လွ်ပ္စစ္ဓာတ္ အားထုတ္လုပ္မႈစရိတ္ ျမင့္တက္ေနလို႔ ႏွစ္စဥ္႐ႈံးနိမ့္မႈ ျမင့္တက္ေနၿပီး ၂၀၁၄-၁၅ ဘ႑ာ ႏွစ္တုန္းက တစ္ယူနစ္ကုိ တစ္က်ပ္ ေလာက္ပဲ ႐ႈံးေပမယ့္ ၂၀၁၆-၁၇ ဘ႑ာႏွစ္မွာ တစ္ယူႏွစ္လွ်င္ ၂၇ က်ပ္ေက်ာ္အထိ အ႐ႈံးေပၚေနတယ္လို႔ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန ကေန သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်မားနေလို့ ပြောင်းလဲမှာလို့ ဆိုပါတယ်။

ထပ်မံတိုးမြှင့်ကောက်ခံမယ့် လျှပ်စစ်မီတာခနှုန်းအသစ်တွေကြောင့် ပြည်သူတွေ အထိတ်တလန့် မဖြစ်စေရဘူးလို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောလိုက်ပါတယ်။

နိုဝင်ဘာ ၁၄ ရက်က ကျင်းပခဲ့တဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးကို တက်ရောက်ပြီး ပြန်လည် ထွက်ခွာချိန်မှာ ဒုဝန်ကြီးက မီဒီယာတွေကို အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

‘‘ထုတ်လုပ်မှုကုန်ကျစရိတ် က မြင့်မားနေတဲ့အတွက်ကြောင့် ဒီပြောင်းလဲသွားမယ်ဆိုတဲ့ အနေအထားက ခုနက ကျွန်တော်ရှင်း ပြသလို ဒါကြီးအပေါ်မှာ အရမ်း ကြီး Shock (အထိတ်တလန့်) ရသွားအောင် မဖြစ်စေရပါဘူး’’လို့ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောပါတယ်။

လက်ရှိ ကောက်ခံနေတဲ့ ဓာတ်အားခနှုန်းက ထုတ်လုပ်မှုကို ကုန်ကျစရိတ်ကာမိစေတဲ့ ဈေးနှုန်းမဖြစ်ဘဲ အိမ်သုံး၊ စီးပွားရေးသုံးနှင့် စက်မှုသုံးတွေမှာ ဈေးနှုန်းအနည်းဆုံးဖြစ်တဲ့ အိမ်သုံးဈေးနှုန်းနဲ့ သုံးစွဲသူအများဆုံး ဖြစ်နေပြီး ဓာတ်အားခဝင်ငွေ နည်းပါးနေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ အိမ်သုံးအတွက် တစ်ယူနစ်ကို အနိမ့်ဆုံး ၃၅ ကျပ်ကနေ အမြင့်ဆုံး ကျပ် ၅၀ နှုန်း၊ စီးပွားရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းသုံးအတွက် တစ်ယူနစ်ကို အနိမ့်ဆုံး ကျပ် ၅၀ ကနေ အမြင့်ဆုံး ကျပ်၁၅၀ ထိ အလွှာအလိုက် သတ်မှတ်ကောက်ခံနေတာ ဖြစ်ပါတယ်။

လျှပ်စစ်ဓာတ် အားထုတ်လုပ်မှုစရိတ် မြင့်တက်နေလို့ နှစ်စဉ်ရှုံးနိမ့်မှု မြင့်တက်နေပြီး ၂၀၁၄-၁၅ ဘဏ္ဍာ နှစ်တုန်းက တစ်ယူနစ်ကို တစ်ကျပ် လောက်ပဲ ရှုံးပေမယ့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ တစ်ယူနှစ်လျှင် ၂၇ ကျပ်ကျော်အထိ အရှုံးပေါ်နေတယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ကနေ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top