Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေျခာက္ႏွစ္ေက်ာ္ ေပ်ာက္ဆံုးေနေသာ စိတ္ေဝဒနာ ရွင္တစ္ဦးကို ဒီမိုကရက္တစ္ ျမန္မာ့အသံက ထုတ္လႊင့္ျပသ ေသာ ႐ုပ္သံအစီအစဥ္တြင္ ေတြ႕ ရိွရာမွ မိသားစုႏွင့္ ျပန္လည္ဆံု စည္းခဲ့ေၾကာင္း ေအာင္လံဗုဒၶလမ္းစဥ္အဖြဲ႕မွ ဦးေပါက္က ေျပာၾကားသည္။
ဒီဗီဘီ (ဒီမိုကရက္တစ္ ျမန္မာ့အသံ)၏ ‘ဒို႔ေျပဒို႔ေျမ’အစီ အစဥ္တြင္ ေအာင္လံၿမိဳ႕နယ္ရွိ စိတ္ေဝဒနာရွင္မ်ားႏွင့္ သက္ႀကီး ဘုိးဘြားမ်ားအား ေန႔စဥ္ ထမင္းဘူးမ်ား လွဴဒါန္းေနေၾကာင္း ႐ိုက္ ကူးျပသစဥ္ အဆုိပါစိတ္ေဝဒနာ ရွင္အား ထမင္းဘူးေပးေဝေနပံုကို မိသားစုက ေတြ႕ခဲ့ရာ ႏိုဝင္ဘာ ၇ ရက္က ေအာင္လံၿမိဳ႕သို႔ လာ ေရာက္ေခၚေဆာင္ျခင္းျဖစ္သည္။

‘‘သူက ဒီလိုအေျခအေနျဖစ္ ၿပီးေတာ့ အိမ္ကေန ရြာအနီးအနား ကို ဒီလုိပဲ ထြက္သြားတတ္တာ။ ၿပီးရင္ ျပန္လာတာပဲ။ အဲဒီ လြန္ခဲ့ တဲ့ ေျခာက္ႏွစ္ေလာက္က် ထြက္ သြားတာ သေဘၤာတစ္ခုေပၚ ပါသြားတယ္ပဲ ေနာက္ဆံုး သိခဲ့ ရတယ္။ ရွာလို႔ကို မေတြ႕ေတာ့ တာ။ ၿပီးခဲ့တဲ့လကမွ အိမ္မွာ ဒီဗီဘီၾကည့္ရင္း ေအာင္လံက ကိုေပါက္အေၾကာင္းဆိုတာျပ ရင္းနဲ႔ သူ႔ပံုက ပါလာတာ။ အိမ္က ဟိုမွာ ကိုသိန္းထြန္းႀကီး၊ ကိုသိန္း ထြန္းႀကီးနဲ႔ဆုိေတာ့ အဲဒါ ေအာင္ လံဆုိတာလည္း ဘယ္ဆီေနမွန္း မသိပါဘူး။ ဒီလိုေမးျမန္းရွာႀကံၿပီး လိုက္လာခဲ့တာပါ’’ဟု အဆုိပါ စိတ္ေဝဒနာရွင္၏ အစ္ကိုတစ္ဝမ္းကြဲေတာ္စပ္သူ ဦးသန္းထြန္းက ဆုိသည္။

အဆိုပါ စိတ္ေဝဒနာရွင္ သည္ (၃၄)ႏွစ္အရြယ္ ကိုသိန္း ထြန္းဆိုသူျဖစ္ၿပီး စစ္ကိုင္းတိုင္း ေရႊဘိုခ႐ိုင္ ကန္႔ဘလူၿမိဳ႕နယ္ ေပါက္ကုန္း ေက်းရြာေနသူျဖစ္ ေၾကာင္း ဦးသန္းထြန္းက ေျပာ ၾကားသည္။

‘‘သူငယ္ငယ္က အေကာင္း ပကတိပါ။ သူႀကိဳက္တဲ့ ေကာင္မ ေလးက အိမ္ေထာင္ျပဳသြားလို႔ သူ႔ကိုယ္သူ ပိုးသတ္ေဆးေသာက္ ေသေၾကာင္းႀကံတာ။ ေဆးကုျမန္ လို႔ အသက္မေသခဲ့ေပမယ့္ စိတ္ အေျခအေနက ပံုမွန္မဟုတ္ျဖစ္ သြားတာ။ ညီအစ္ကို ေမာင္ႏွမ ေတြက အိမ္ေထာင္ခြဲေတြ၊ သူက သာ အေမနဲ႔ေနတာ။ အေမလည္း သူ႔စိတ္နဲ႔ ဆံုးသြားခဲ့ၿပီ။ သူ႔အ တြက္ အိမ္ေတြ၊ လယ္ေတြ ရြာမွာ အဆင္သင့္ပါ’’ဟု ဦးသန္းထြန္းကဆုိသည္။

အဆုိပါ စိတ္ေဝဒနာရွင္ကို လြန္ခဲ့ေသာ ေလးႏွစ္ေက်ာ္က သရက္ၿမိဳ႕တြင္ ခုိကိုးရာမဲ့ အေျခ အေနျဖင့္ စတင္ေတြ႕ခဲ့၍ ေန႔စဥ္ ထမင္းေကြၽးရန္ ေအာင္လံၿမိဳ႕သို႔ ေခၚလာခဲ့ေၾကာင္း ဦးေပါက္က ေျပာသည္။

စိတ္ေဝဒနာရွင္ကို မူလက ေအာင္လံၿမိဳ႕ ေက်ာက္စရစ္ကုန္း သဘာဝတရားရိပ္သာ၌ ထား ေသာ္လည္း ယခုေနထိုင္ရာ ဧရာ ဝတီျမစ္ကမ္းေဘးသို႔ ေျပာင္းသြား၍ ေနထိုင္မႈအဆင္ေျပရန္ အမိုး အကာဖန္တီးေပးထားေၾကာင္း ၎က ဆုိသည္။

ေအာင္လံေဒသခံအမ်ားစု က အဆုိပါ စိတ္ေဝဒနာရွင္၏ အမည္ရင္းကို မသိ၍ ရဲမင္းပိုင္ဟု နာမည္ေပးထားေၾကာင္း ဦးေပါက္က ေျပာသည္။

‘‘ကြၽန္ေတာ္တုိ႔ အစီအစဥ္က ကိုပဲ ျမန္မာႏုိင္ငံ တစ္နံတစ္လ်ား မွာရွိတဲ့ အေျခခံလူတန္းစားေတြ ရဲ႕ဘဝေတြကို ေဖာ္ထုတ္ျပသတဲ့ အစီအစဥ္ေလးျဖစ္တယ္။ ဒီအစီ အစဥ္အရ ပရဟိတလုပ္ေနတဲ့ ကိုေပါက္အေၾကာင္းကို ႐ိုက္ျပ တယ္။ အဲဒီမွာ ဆက္စပ္ၿပီးေတာ့ မိသားစုနဲ႔ ကင္းကြာေနတဲ့ စိတ္ ေဝဒနာရွင္တစ္ဦးက မိသားစုနဲ႔ ျပန္လည္ဆံုစည္းခြင့္ရတယ္ေလ။ ဒါက ဝမ္းသာစရာျဖစ္ပါတယ္။ ပီတိလည္းျဖစ္မိတယ္’’ဟု ဒီဗီဘီ သတင္းဌာန ဒို႔ေျပဒို႔ေျမအစီအစဥ္ ပ႐ိုဂ်ဴဆာ ကိုေအာင္ေက်ာ္ေဇာက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day
#Unicode Version#


ခြောက်နှစ်ကျော် ပျောက်ဆုံးနေသော စိတ်ဝေဒနာ ရှင်တစ်ဦးကို ဒီမိုကရက်တစ် မြန်မာ့အသံက ထုတ်လွှင့်ပြသ သော ရုပ်သံအစီအစဉ်တွင် တွေ့ ရှိရာမှ မိသားစုနှင့် ပြန်လည်ဆုံ စည်းခဲ့ကြောင်း အောင်လံဗုဒ္ဓလမ်းစဉ်အဖွဲ့မှ ဦးပေါက်က ပြောကြားသည်။
ဒီဗီဘီ (ဒီမိုကရက်တစ် မြန်မာ့အသံ)၏ ‘ဒို့ပြေဒို့မြေ’အစီ အစဉ်တွင် အောင်လံမြို့နယ်ရှိ စိတ်ဝေဒနာရှင်များနှင့် သက်ကြီး ဘိုးဘွားများအား နေ့စဉ် ထမင်းဘူးများ လှူဒါန်းနေကြောင်း ရိုက် ကူးပြသစဉ် အဆိုပါစိတ်ဝေဒနာ ရှင်အား ထမင်းဘူးပေးဝေနေပုံကို မိသားစုက တွေ့ခဲ့ရာ နိုဝင်ဘာ ၇ ရက်က အောင်လံမြို့သို့ လာ ရောက်ခေါ်ဆောင်ခြင်းဖြစ်သည်။

‘‘သူက ဒီလိုအခြေအနေဖြစ် ပြီးတော့ အိမ်ကနေ ရွာအနီးအနား ကို ဒီလိုပဲ ထွက်သွားတတ်တာ။ ပြီးရင် ပြန်လာတာပဲ။ အဲဒီ လွန်ခဲ့ တဲ့ ခြောက်နှစ်လောက်ကျ ထွက် သွားတာ သင်္ဘောတစ်ခုပေါ် ပါသွားတယ်ပဲ နောက်ဆုံး သိခဲ့ ရတယ်။ ရှာလို့ကို မတွေ့တော့ တာ။ ပြီးခဲ့တဲ့လကမှ အိမ်မှာ ဒီဗီဘီကြည့်ရင်း အောင်လံက ကိုပေါက်အကြောင်းဆိုတာပြ ရင်းနဲ့ သူ့ပုံက ပါလာတာ။ အိမ်က ဟိုမှာ ကိုသိန်းထွန်းကြီး၊ ကိုသိန်း ထွန်းကြီးနဲ့ဆိုတော့ အဲဒါ အောင် လံဆိုတာလည်း ဘယ်ဆီနေမှန်း မသိပါဘူး။ ဒီလိုမေးမြန်းရှာကြံပြီး လိုက်လာခဲ့တာပါ’’ဟု အဆိုပါ စိတ်ဝေဒနာရှင်၏ အစ်ကိုတစ်ဝမ်းကွဲတော်စပ်သူ ဦးသန်းထွန်းက ဆိုသည်။

အဆိုပါ စိတ်ဝေဒနာရှင် သည် (၃၄)နှစ်အရွယ် ကိုသိန်း ထွန်းဆိုသူဖြစ်ပြီး စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် ပေါက်ကုန်း ကျေးရွာနေသူဖြစ် ကြောင်း ဦးသန်းထွန်းက ပြော ကြားသည်။

‘‘သူငယ်ငယ်က အကောင်း ပကတိပါ။ သူကြိုက်တဲ့ ကောင်မ လေးက အိမ်ထောင်ပြုသွားလို့ သူ့ကိုယ်သူ ပိုးသတ်ဆေးသောက် သေကြောင်းကြံတာ။ ဆေးကုမြန် လို့ အသက်မသေခဲ့ပေမယ့် စိတ် အခြေအနေက ပုံမှန်မဟုတ်ဖြစ် သွားတာ။ ညီအစ်ကို မောင်နှမ တွေက အိမ်ထောင်ခွဲတွေ၊ သူက သာ အမေနဲ့နေတာ။ အမေလည်း သူ့စိတ်နဲ့ ဆုံးသွားခဲ့ပြီ။ သူ့အ တွက် အိမ်တွေ၊ လယ်တွေ ရွာမှာ အဆင်သင့်ပါ’’ဟု ဦးသန်းထွန်းကဆိုသည်။

အဆိုပါ စိတ်ဝေဒနာရှင်ကို လွန်ခဲ့သော လေးနှစ်ကျော်က သရက်မြို့တွင် ခိုကိုးရာမဲ့ အခြေ အနေဖြင့် စတင်တွေ့ခဲ့၍ နေ့စဉ် ထမင်းကျွေးရန် အောင်လံမြို့သို့ ခေါ်လာခဲ့ကြောင်း ဦးပေါက်က ပြောသည်။

စိတ်ဝေဒနာရှင်ကို မူလက အောင်လံမြို့ ကျောက်စရစ်ကုန်း သဘာဝတရားရိပ်သာ၌ ထား သော်လည်း ယခုနေထိုင်ရာ ဧရာ ဝတီမြစ်ကမ်းဘေးသို့ ပြောင်းသွား၍ နေထိုင်မှုအဆင်ပြေရန် အမိုး အကာဖန်တီးပေးထားကြောင်း ၎င်းက ဆိုသည်။

အောင်လံဒေသခံအများစု က အဆိုပါ စိတ်ဝေဒနာရှင်၏ အမည်ရင်းကို မသိ၍ ရဲမင်းပိုင်ဟု နာမည်ပေးထားကြောင်း ဦးပေါက်က ပြောသည်။

‘‘ကျွန်တော်တို့ အစီအစဉ်က ကိုပဲ မြန်မာနိုင်ငံ တစ်နံတစ်လျား မှာရှိတဲ့ အခြေခံလူတန်းစားတွေ ရဲ့ဘဝတွေကို ဖော်ထုတ်ပြသတဲ့ အစီအစဉ်လေးဖြစ်တယ်။ ဒီအစီ အစဉ်အရ ပရဟိတလုပ်နေတဲ့ ကိုပေါက်အကြောင်းကို ရိုက်ပြ တယ်။ အဲဒီမှာ ဆက်စပ်ပြီးတော့ မိသားစုနဲ့ ကင်းကွာနေတဲ့ စိတ် ဝေဒနာရှင်တစ်ဦးက မိသားစုနဲ့ ပြန်လည်ဆုံစည်းခွင့်ရတယ်လေ။ ဒါက ဝမ်းသာစရာဖြစ်ပါတယ်။ ပီတိလည်းဖြစ်မိတယ်’’ဟု ဒီဗီဘီ သတင်းဌာန ဒို့ပြေဒို့မြေအစီအစဉ် ပရိုဂျူဆာ ကိုအောင်ကျော်ဇောက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top