Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

လယ္ယာေျမကိစၥ ဆႏၵ ျပရန္ ရဲစခန္းသို႔ ခြင့္ျပဳခ်က္ သြား ေရာက္ေတာင္းခံသည့္ မေကြးေက်ာင္းတိုက္ ဆရာေတာ္ ဦးပါေမာကၡကို ယခင္ထုတ္ထား ေသာ ဝရမ္းျဖင့္ ရဲတပ္ဖြဲ႕က ယမန္ေန႔တြင္ ဖမ္းဆီးခဲ့သည္။

ဆရာေတာ္ ဦးပါေမာကၡ သည္ ၂၀၁၆ ဧၿပီက ႐ိုဟင္ဂ်ာဟု သံုးႏႈန္းခဲ့သည့္ အေမရိကန္သံ႐ံုး ကို အမ်ိဳးသားေရးလႈပ္ရွားသူမ်ား ႏွင့္အတူ ဆႏၵထုတ္ေဖာ္ခဲ့ေသာ ေၾကာင့္ ၿငိမ္းစုစီပုဒ္မ ၁၉၊ ႏုိင္ငံ ေတာ္ အၾကည္ညိဳပ်က္ေစမႈပုဒ္မ ၅၀၅ (ခ) တုိ႔ျဖင့္ ကမာရြတ္ၿမိဳ႕ နယ္တရား႐ံုးတြင္ တရားစြဲဆိုခံထားရၿပီး လာေရာက္အဖမ္းမခံ ေသာေၾကာင့္ ကမာရြတ္တရား႐ံုး က ဖမ္းဝရမ္းထုတ္ထားသည္။

ႏိုဝင္ဘာ ၁၂ ရက္တြင္ ဦးပါေမာကၡသည္ ေျမာက္ဒဂံုၿမိဳ႕ နယ္ စည္ပင္သာယာေရးေကာ္ မတီကို လယ္ယာေျမကိစၥ ဆႏၵ ေဖာ္ထုတ္ရန္ အျခားအရပ္သား မ်ားႏွင့္အတူ ၿမိဳ႕နယ္ရဲစခန္းတြင္ ခြင့္ျပဳခ်က္ပံုစံလာေရာက္ေတာင္း စဥ္ ေျမာက္ဒဂံုၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ က မြန္းလြဲ ၂ နာရီတြင္ ဖမ္းဆီးခဲ့ သည္။

‘‘ကြၽန္ေတာ္တုိ႔က ေျပာ တယ္။ ဦးပၪၥင္းက ဝရမ္းထုတ္ခံ ထားရတယ္။ ဆႏၵျပလို႔ မရဘူးဆုိ ၿပီးေျပာေတာ့ သူက ဒါဆုိ လုပ္ စရာရွိတာ၊ ေဆာင္ရြက္စရာရွိတာ ဆက္လုပ္ပါတဲ့။ ဒါနဲ႔ ကြၽန္ေတာ္ တုိ႔လည္း ဝရမ္းအရပဲ ဖမ္းဖို႔ တုိင္း သံဃနာယကကို ေခၚသြားတယ္။ သူ႔သေဘာသူေဆာင္တာပါ’’ဟု ေျမာက္ဒဂံုၿမိဳ႕နယ္ရဲစခန္းမွ စခန္း မွဴး ဒုရဲမွဴးသန္းေဇာ္မင္းက 7Day Daily သတင္းစာအား ေျပာ သည္။

ဆရာေတာ္ ဦးပါေမာကၡကို ဗဟန္းၿမိဳ႕နယ္ရွိ တုိင္း သံဃမဟာ နာယက႐ံုးတြင္ လူဝတ္လဲေစ ခဲ့ၿပီး ကမာရြတ္ၿမိဳ႕နယ္ရဲစခန္းသို႔ လႊဲအပ္ခဲ့ေၾကာင္း ဒုရဲမွဴးသန္းေဇာ္ မင္းက ဆက္လက္ေျပာသည္။

ႏိုဝင္ဘာ ၁၂ ရက္သည္ တနဂၤေႏြတရား႐ံုးပိတ္ရက္ျဖစ္ ေသာ္လည္း ဆရာေတာ္ဦးပါ ေမာကၡကို ညေန ၆ နာရီတြင္ ကမာရြတ္တရား႐ံုး၌ ႐ံုးထုတ္ကာ ရမန္ယူခဲ့သည္။ ထို႔ေနာက္ အင္းစိန္အခ်ဳပ္ေထာင္သုိ႔ တိုက္ ႐ိုက္ပို႔ေဆာင္ခဲ့သည္။

ရခိုင္ျပည္နယ္တြင္ စက္ေလွ ေမွာက္၍ ေသဆံုးသူမ်ားကို ႐ို ဟင္ဂ်ာဟု သံုးႏႈန္းၿပီး ေၾကညာ ခ်က္ထုတ္ျပန္ေသာ အေမရိကန္ သံ႐ံုးကို သံဃာေတာ္မ်ားႏွင့္ အမ်ိဳးသားေရးလႈပ္ရွားသူဟုဆို ေသာ လူ ၂၀၀ ေက်ာ္က ၂၀၁၆ ဧၿပီ ၂၈ ရက္၌ ရန္ကုန္တကၠသိုလ္ေရွ႕ ကစတင္၍ အေမရိကန္သံ႐ံုးေရွ႕ အထိ ခ်ီတက္ဆႏၵျပခဲ့သည္။

ဦးေဆာင္ဆႏၵျပသူမ်ားျဖစ္ သည့္ မေကြးေက်ာင္းတိုက္ဆရာ ေတာ္ ဦးပါေမာကၡအပါအဝင္ မ်ိဳးခ်စ္ရဟန္းေတာ္မ်ားသမဂၢ အဖြဲ႕မွ ဆရာေတာ္ ဦးသုစိတၱ၊ ဦးဉာဏဓမၼႏွင့္ အမ်ိဳးသားေရး လႈပ္ရွားသူဟုဆုိေသာ ဝင္းကိုကို လတ္၊ ေနာင္ေတာ္ေလး၊ သက္ မ်ိဳးဦးႏွင့္ ေနဝင္းေအာင္တုိ႔ကို ၿငိမ္းစုစီပုဒ္မ ၁၉၊ ႏုိင္ငံေတာ္အ ၾကည္ညိဳပ်က္ေစမႈပုဒ္မ ၅၀၅ (ခ) တုိ႔ျဖင့္ ကမာရြတ္ၿမိဳ႕နယ္ တရား ႐ံုး၌ တရားစြဲဆုိခဲ့သည္။ ထို႔ေနာက္ဝင္းကိုကုိလတ္အပါအဝင္ အမ်ိဳး သားေလးဦးကို ဖမ္းဆီးကာ ၿပီးခဲ့သည့္ စက္တင္ဘာ ၂၈ ရက္တြင္ ေထာင္ဒဏ္ခုနစ္လ ခ်မွတ္ခဲ့ သည္။ က်န္ဆႏၵျပ ဦးေဆာင္သူမ်ားျဖစ္သည့္ ဦးပါေမာကၡအပါအ ဝင္ သံဃာသံုးပါးသည္ လာ ေရာက္အဖမ္းမခံသျဖင့္ တရား ႐ံုးက တရားခံေျပးအျဖစ္ ဝရမ္း ထုတ္ျပန္ခဲ့သည္။

ဦးပါေမာကၡ အပါအဝင္ သံဃာေတာ္သံုးပါးကို ၿပီးခဲ့သည့္ ေမလကတည္းက ဖမ္းဝရမ္းထုတ္ထားၿပီး လက္ရွိတြင္ ဦးပါေမာကၡကို ဖမ္းဆီးရမိၿပီး က်န္သံဃာႏွစ္ပါးျဖစ္သည့္ မ်ိဳးခ်စ္ရဟန္းေတာ္ မ်ားသမဂၢအဖြဲ႕မွ ဆရာေတာ္ ဦးသုစိတၱႏွင့္ ဦးဉာဏဓမၼတို႔ လြတ္ေျမာက္ ေနဆဲျဖစ္သည္။

ၿပီးခဲ့သည့္ ဩဂုတ္ ၅ ရက္က မႏၲေလးၿမိဳ႕တြင္ အစိုးရဆန္႔က်င္ ေရး သပိတ္ေမွာက္သူမ်ားအနက္ ဦးေဆာင္သူ သံဃာေျခာက္ပါးကို ပုဒ္မ ၅၀၅ (ခ)ျဖင့္ ဖမ္းဆီးလူဝတ္ လဲၿပီး အိုးဘိုအက်ဥ္းေထာင္သို႔ ပို႔ေဆာင္ခဲ့သည္။ မႏၲေလးသပိတ္ မွ သံဃာေျခာက္ပါးသည္ လက္ရွိ အစိုးရလက္ထက္ ပထမဆံုးဖမ္း ဆီးခံရေသာ သံဃာမ်ားၿပီး ဖမ္း ဝရမ္းထုတ္ခံထားရသူ သံဃာႏွစ္ ပါး လြတ္ေျမာက္ေနဆဲျဖစ္ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


လယ်ယာမြေကိစ္စ ဆန္ဒ ပြရန် ရဲစခန်းသို့ ခွင့်ပြုချက် သွား ရောက်တောင်းခံသည့် မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခကို ယခင်ထုတ်ထား သော ဝရမ်းဖြင့် ရဲတပ်ဖွဲ့က ယမန်နေ့တွင် ဖမ်းဆီးခဲ့သည်။

ဆရာတော် ဦးပါမောက္ခ သည် ၂၀၁၆ ဧပြီက ရိုဟင်ဂျာဟု သုံးနှုန်းခဲ့သည့် အမေရိကန်သံရုံး ကို အမျိုးသားရေးလှုပ်ရှားသူများ နှင့်အတူ ဆန္ဒထုတ်ဖော်ခဲ့သော ကြောင့် ငြိမ်းစုစီပုဒ်မ ၁၉၊ နိုင်ငံ တော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) တို့ဖြင့် ကမာရွတ်မြို့ နယ်တရားရုံးတွင် တရားစွဲဆိုခံထားရပြီး လာရောက်အဖမ်းမခံ သောကြောင့် ကမာရွတ်တရားရုံး က ဖမ်းဝရမ်းထုတ်ထားသည်။

နိုဝင်ဘာ ၁၂ ရက်တွင် ဦးပါမောက္ခသည် မြောက်ဒဂုံမြို့ နယ် စည်ပင်သာယာရေးကော် မတီကို လယ်ယာမြေကိစ္စ ဆန္ဒ ဖော်ထုတ်ရန် အခြားအရပ်သား များနှင့်အတူ မြို့နယ်ရဲစခန်းတွင် ခွင့်ပြုချက်ပုံစံလာရောက်တောင်း စဉ် မြောက်ဒဂုံမြို့နယ် ရဲတပ်ဖွဲ့ က မွန်းလွဲ ၂ နာရီတွင် ဖမ်းဆီးခဲ့ သည်။

‘‘ကျွန်တော်တို့က ပြော တယ်။ ဦးပဉ္စင်းက ဝရမ်းထုတ်ခံ ထားရတယ်။ ဆန္ဒပြလို့ မရဘူးဆို ပြီးပြောတော့ သူက ဒါဆို လုပ် စရာရှိတာ၊ ဆောင်ရွက်စရာရှိတာ ဆက်လုပ်ပါတဲ့။ ဒါနဲ့ ကျွန်တော် တို့လည်း ဝရမ်းအရပဲ ဖမ်းဖို့ တိုင်း သံဃနာယကကို ခေါ်သွားတယ်။ သူ့သဘောသူဆောင်တာပါ’’ဟု မြောက်ဒဂုံမြို့နယ်ရဲစခန်းမှ စခန်း မှူး ဒုရဲမှူးသန်းဇော်မင်းက 7Day Daily သတင်းစာအား ပြော သည်။

ဆရာတော် ဦးပါမောက္ခကို ဗဟန်းမြို့နယ်ရှိ တိုင်း သံဃမဟာ နာယကရုံးတွင် လူဝတ်လဲစေ ခဲ့ပြီး ကမာရွတ်မြို့နယ်ရဲစခန်းသို့ လွှဲအပ်ခဲ့ကြောင်း ဒုရဲမှူးသန်းဇော် မင်းက ဆက်လက်ပြောသည်။

နိုဝင်ဘာ ၁၂ ရက်သည် တနင်္ဂနွေတရားရုံးပိတ်ရက်ဖြစ် သော်လည်း ဆရာတော်ဦးပါ မောက္ခကို ညနေ ၆ နာရီတွင် ကမာရွတ်တရားရုံး၌ ရုံးထုတ်ကာ ရမန်ယူခဲ့သည်။ ထို့နောက် အင်းစိန်အချုပ်ထောင်သို့ တိုက် ရိုက်ပို့ဆောင်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် စက်လှေ မှောက်၍ သေဆုံးသူများကို ရို ဟင်ဂျာဟု သုံးနှုန်းပြီး ကြေညာ ချက်ထုတ်ပြန်သော အမေရိကန် သံရုံးကို သံဃာတော်များနှင့် အမျိုးသားရေးလှုပ်ရှားသူဟုဆို သော လူ ၂၀၀ ကျော်က ၂၀၁၆ ဧပြီ ၂၈ ရက်၌ ရန်ကုန်တက္ကသိုလ်ရှေ့ ကစတင်၍ အမေရိကန်သံရုံးရှေ့ အထိ ချီတက်ဆန္ဒပြခဲ့သည်။

ဦးဆောင်ဆန္ဒပြသူများဖြစ် သည့် မကွေးကျောင်းတိုက်ဆရာ တော် ဦးပါမောက္ခအပါအဝင် မျိုးချစ်ရဟန်းတော်များသမဂ္ဂ အဖွဲ့မှ ဆရာတော် ဦးသုစိတ္တ၊ ဦးဉာဏဓမ္မနှင့် အမျိုးသားရေး လှုပ်ရှားသူဟုဆိုသော ဝင်းကိုကို လတ်၊ နောင်တော်လေး၊ သက် မျိုးဦးနှင့် နေဝင်းအောင်တို့ကို ငြိမ်းစုစီပုဒ်မ ၁၉၊ နိုင်ငံတော်အ ကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) တို့ဖြင့် ကမာရွတ်မြို့နယ် တရား ရုံး၌ တရားစွဲဆိုခဲ့သည်။ ထို့နောက်ဝင်းကိုကိုလတ်အပါအဝင် အမျိုး သားလေးဦးကို ဖမ်းဆီးကာ ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်တွင် ထောင်ဒဏ်ခုနစ်လ ချမှတ်ခဲ့ သည်။ ကျန်ဆန္ဒပြ ဦးဆောင်သူများဖြစ်သည့် ဦးပါမောက္ခအပါအ ဝင် သံဃာသုံးပါးသည် လာ ရောက်အဖမ်းမခံသဖြင့် တရား ရုံးက တရားခံပြေးအဖြစ် ဝရမ်း ထုတ်ပြန်ခဲ့သည်။

ဦးပါမောက္ခ အပါအဝင် သံဃာတော်သုံးပါးကို ပြီးခဲ့သည့် မေလကတည်းက ဖမ်းဝရမ်းထုတ်ထားပြီး လက်ရှိတွင် ဦးပါမောက္ခကို ဖမ်းဆီးရမိပြီး ကျန်သံဃာနှစ်ပါးဖြစ်သည့် မျိုးချစ်ရဟန်းတော် များသမဂ္ဂအဖွဲ့မှ ဆရာတော် ဦးသုစိတ္တနှင့် ဦးဉာဏဓမ္မတို့ လွတ်မြောက် နေဆဲဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ် ၅ ရက်က မန္တလေးမြို့တွင် အစိုးရဆန့်ကျင် ရေး သပိတ်မှောက်သူများအနက် ဦးဆောင်သူ သံဃာခြောက်ပါးကို ပုဒ်မ ၅၀၅ (ခ)ဖြင့် ဖမ်းဆီးလူဝတ် လဲပြီး အိုးဘိုအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။ မန္တလေးသပိတ် မှ သံဃာခြောက်ပါးသည် လက်ရှိ အစိုးရလက်ထက် ပထမဆုံးဖမ်း ဆီးခံရသော သံဃာများပြီး ဖမ်း ဝရမ်းထုတ်ခံထားရသူ သံဃာနှစ် ပါး လွတ်မြောက်နေဆဲဖြစ် သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top