Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

Miss Universe Myanmar ရဲ႕ Organazation ရဲ႕ ဒါရိုက္တာ ျဖစ္သူ ေဒၚစုိးယုေဝကေတာ့ Miss Universe တစ္ေယာက္က ေကာင္းျခင္း ငါးျဖာေတြ နဲ႔ အားသားခ်က္ေတြရွိတယ္ဆုိတဲ့ အလွမယ္ဇြန္သံစဥ္ အတြက္ ဆုေတာင္းစကားေတြကုိ Duwun Media ကေနေျပာျပခဲ့ပါတယ္။

” သြားၿပိဳင္မယ့္အလွမယ္က သူ႔ဆီမွာ အားသာခ်က္ေတြရွိပါတယ္။ အားသာခ်က္ဆုိတာ အရပ္အေမာင္းေပါ့ေနာ္၊ ၿပီးေတာ့ အသားအေရေကာင္းတယ္။ ဆံပင္ေတြလည္းေကာင္းတယ္ အေျခခံအားျဖင့္ Miss Universe က ျမန္မာလုိေျပာမယ္ဆုိရင္ေတာ့ ေကာင္းျခင္းငါးျဖာကုိ ၾကည့္ၿပီးေတာ့မွ က်န္တဲ့အရည္အခ်င္းေတြကုိေပါင္းတာဆုိေတာ့ ဒီအားသာခ်က္ေတြသူ႔မွာရွိတဲ့အတြက္ တကယ္ကုိ ထုတ္ျပႏုိင္ပါေစ၊ ထုတ္သုံးႏုိင္ပါေစ” ဆုိၿပီးေတာ့ ဆုေတာင္းစကားဆုိခဲ့ပါတယ္။

Organazation အေနနဲ႔ အလွမယ္ရဲ႕ ျမန္မာ့ဆုိင္းဝုိင္း National Costume ဝတ္စုံအတြက္လည္း ကုန္က်စားရိတ္ကုိ က်ခံခဲ့ရတာ မဟုတ္တ့ဲအတြက္ ဒီဇုိင္နာရဲ႕ ေစတနာေတြေၾကာင့္ ေနာက္ထပ္ ရလာဘ္ေကာင္းေတြကုိ ရေစခ်င္တယ္ဆုိတာကုိလည္း အခုလို ဖြင့္ဟေျပာျပခဲ့ပါေသးတယ္။

” National Costume အတြက္ အစ္မတုိ႔ Organazation က က်ခံရတာမဟုတ္တဲ့အတြက္ သူ႔ကုိဖန္တီးေပးတဲ့ ဒီဇုိင္နာရဲ႕ ေစတနာ ေပါ့ေနာ္။ ေသခ်ာေလးေကာင္းေစခ်င္ေအာင္လုပ္ရင္းနဲ႔ ကုန္က်စားရိတ္က အဲ့ဒီေလာက္ျဖစ္သြားတာပါ။ ဒီဇုိင္နာရဲ႕ ေစတနာကုိလည္း အသိအမွတ္ျပဳပါတယ္ ႀကိဳးစားပမ္းစားလုပ္ထားတာျဖစ္တဲ့အတြက္ ၿပီးခဲ့တဲ့ ႏွစ္ကလည္း ရလာဘ္ေကာင္း ထားတာျဖစ္တဲ့အတြက္ ပရိသတ္ေတြကလည္း ေစာင့္ၾကည့္ေနမွာျဖစ္တဲ့အတြက္ ရလာဘ္ေကာင္းကုိထပ္ၿပီးေတာ့ ပုိင္ဆုိင္ခ်င္တာေပါ့ေနာ္။ ဒီဇုိင္နာအတြက္ ေရာ ပရိသတ္ေတြအတြက္ေရာ ရေစခ်င္တာပါ” လုိ႔ ေဒၚစိုးယုေဝက ေျပာပါတယ္။

Miss Universe Myanmar Organazation အေနနဲ႔ ျမန္မာႏုိင္ငံကုိယ္စားျပဳအလွမယ္မ်ားစြာတုိ႔ကုိ ေမြးထုတ္ေပးႏုိင္ခဲ့တာျဖစ္ၿပီး အခုလက္ရွိမွာလည္းအလွမယ္ ဇြန္သံစဥ္ကုိ Miss Universe Myanmar ကုိယ္စားျပဳအေနျဖင့္ေမြးထုတ္ႏုိင္ခဲ့တာျဖစ္ပါတယ္။ သူ႔အေနနဲ႔ အခုလက္ရွိမွာ Miss Grand International 2017 ၿပိဳင္ပြဲ အတြက္ ႏုိင္ငံကုိယ္စားျပဳအလွမယ္အေျပာင္းအလဲျဖစ္ခဲ့တဲ့ အေပၚ ေရႊအိမ္စည္ဘက္မွ တရားစြဲဆုိထားတယ္လုိ႔လည္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
Miss Universe Myanmar ရဲ့ Organazation ရဲ့ ဒါရိုက်တာ ဖြစ်သူ ဒေါ်စိုးယုဝေကတော့ Miss Universe တစ်ယောက်က ကောင်းခြင်း ငါးဖြာတွေ နဲ့ အားသားချက်တွေရှိတယ်ဆိုတဲ့ အလှမယ်ဇွန်သံစဉ် အတွက် ဆုတောင်းစကားတွေကို Duwun Media ကနေပြောပြခဲ့ပါတယ်။

” သွားပြိုင်မယ့်အလှမယ်က သူ့ဆီမှာ အားသာချက်တွေရှိပါတယ်။ အားသာချက်ဆိုတာ အရပ်အမောင်းပေါ့နော်၊ ပြီးတော့ အသားအရေကောင်းတယ်။ ဆံပင်တွေလည်းကောင်းတယ် အခြေခံအားဖြင့် Miss Universe က မြန်မာလိုပြောမယ်ဆိုရင်တော့ ကောင်းခြင်းငါးဖြာကို ကြည့်ပြီးတော့မှ ကျန်တဲ့အရည်အချင်းတွေကိုပေါင်းတာဆိုတော့ ဒီအားသာချက်တွေသူ့မှာရှိတဲ့အတွက် တကယ်ကို ထုတ်ပြနိုင်ပါစေ၊ ထုတ်သုံးနိုင်ပါစေ” ဆိုပြီးတော့ ဆုတောင်းစကားဆိုခဲ့ပါတယ်။

Organazation အနေနဲ့ အလှမယ်ရဲ့ မြန်မာ့ဆိုင်းဝိုင်း National Costume ဝတ်စုံအတွက်လည်း ကုန်ကျစားရိတ်ကို ကျခံခဲ့ရတာ မဟုတ်တဲ့အတွက် ဒီဇိုင်နာရဲ့ စေတနာတွေကြောင့် နောက်ထပ် ရလာဘ်ကောင်းတွေကို ရစေချင်တယ်ဆိုတာကိုလည်း အခုလို ဖွင့်ဟပြောပြခဲ့ပါသေးတယ်။

” National Costume အတွက် အစ်မတို့ Organazation က ကျခံရတာမဟုတ်တဲ့အတွက် သူ့ကိုဖန်တီးပေးတဲ့ ဒီဇိုင်နာရဲ့ စေတနာ ပေါ့နော်။ သေချာလေးကောင်းစေချင်အောင်လုပ်ရင်းနဲ့ ကုန်ကျစားရိတ်က အဲ့ဒီလောက်ဖြစ်သွားတာပါ။ ဒီဇိုင်နာရဲ့ စေတနာကိုလည်း အသိအမှတ်ပြုပါတယ် ကြိုးစားပမ်းစားလုပ်ထားတာဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ နှစ်ကလည်း ရလာဘ်ကောင်း ထားတာဖြစ်တဲ့အတွက် ပရိသတ်တွေကလည်း စောင့်ကြည့်နေမှာဖြစ်တဲ့အတွက် ရလာဘ်ကောင်းကိုထပ်ပြီးတော့ ပိုင်ဆိုင်ချင်တာပေါ့နော်။ ဒီဇိုင်နာအတွက် ရော ပရိသတ်တွေအတွက်ရော ရစေချင်တာပါ” လို့ ဒေါ်စိုးယုဝေက ပြောပါတယ်။

Miss Universe Myanmar Organazation အနေနဲ့ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်များစွာတို့ကို မွေးထုတ်ပေးနိုင်ခဲ့တာဖြစ်ပြီး အခုလက်ရှိမှာလည်းအလှမယ် ဇွန်သံစဉ်ကို Miss Universe Myanmar ကိုယ်စားပြုအနေဖြင့်မွေးထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့ အခုလက်ရှိမှာ Miss Grand International 2017 ပြိုင်ပွဲ အတွက် နိုင်ငံကိုယ်စားပြုအလှမယ်အပြောင်းအလဲဖြစ်ခဲ့တဲ့ အပေါ် ရွှေအိမ်စည်ဘက်မှ တရားစွဲဆိုထားတယ်လို့လည်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top