ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

မံုရြာၿမိဳ႕မွ ေလယာဥ္ငယ္ တီထြင္သည့္ လူငယ္အား ေလ ယာဥ္တည္ေဆာက္ပံု နည္းပညာ မ်ားကို ႏိုဝင္ဘာ ၆ ရက္တြင္ ရန္ကုန္ၿမိဳ႕သို႔ လာေရာက္ေလ့လာႏိုင္ရန္ ေလေၾကာင္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာနက ဖိတ္ေခၚထားေၾကာင္း ကာယကံရွင္ႏွင့္ အုပ္ခ်ဳပ္ေရးတာဝန္ရွိသူအခ်ိဳ႕က ေျပာသည္။

 လြန္ခဲ့ေသာ ရွစ္လခန္႔က စတင္၍ အလ်ား ၁၄ ေပ၊ ေတာင္ပံအရွည္ ၁၇ ေပ၊ အျမင့္ ၅ ေပခြဲရွိ သံႏွင့္သစ္သားျဖင့္ ျပဳလုပ္ထားၿပီး စက္ေလွအသံုးျပဳ ၁၆ ေကာင္ အင္ဂ်င္ တပ္ဆင္ထားေသာ ေလယာဥ္ငယ္ကို မံုရြာၿမိဳ႕နယ္ ကြၽန္းႀကီးေက်းရြာရွိ စတုတၳတန္း ေအာင္ျမင္ၿပီး လက္သမားလုပ္ကိုင္ေနေသာ အသက္(၁၉)ႏွစ္အရြယ္ ကိုေက်ာ္ဇင္ဝင္းက တည္ေဆာက္ခဲ့သည္။


‘‘ရန္ကုန္က ေလေၾကာင္းပို႔ ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာန က တာဝန္ရွိသူေတြက ဒီကေလး ကို ေခၚယူတာပါ။ ေလယာဥ္ပ်ံ သန္းခြင့္ ခြင့္ျပဳမိန္႔က အဲဒီက ေပး တာဆိုေတာ့ ခြင့္ျပဳခ်က္ေတာင္း ရင္းေပါ့။ ကေလးရဲ႕ဆႏၵကလည္း ေလယာဥ္တည္ေဆာက္တဲ့ ပံုစံ ေတြ ေလ့လာခ်င္တာလည္း ပါ တယ္’’ဟု ကြၽန္းႀကီးေက်းရြာအုပ္ ခ်ဳပ္ေရးမွဴး ဦးတင္ျမင့္က ေျပာ ၾကားသည္။

မံုရြာၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးၾကည္ႏိုင္က ‘‘ေလယာဥ္ပ်ံသန္း ခြင့္က ကြၽန္ေတာ္တို႔ ေပးလို႔မရ ဘူး။ ေလေၾကာင္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာနက ေပးတာ လို႔ ရွင္းျပခဲ့တယ္။ ရန္ကုန္မွာရွိတဲ့ ေလေၾကာင္းပို႔ေဆာင္ေရး ၫႊန္ ၾကားမႈဦးစီးဌာနက အဖြဲ႕နဲ႔ ဖုန္း ဆက္ေပးလို႔ စကားေတြ ေျပာ တယ္။ ေလယာဥ္တည္ေဆာက္ပံု ေတြ သူတို႔ဆီလာၿပီး ေလ့လာပါ။ သူတို႔လည္း ေလယာဥ္ပံုစံေတြ ရွင္းျပမယ္လို႔ ေျပာပါတယ္’’ ဟု ေျပာသည္။

သက္ဆိုင္ရာ ခြင့္ျပဳခ်က္မရွိ ဘဲ စမ္းသပ္ေမာင္းႏွင္ျခင္းေၾကာင့္ ေဘးအႏၲရာယ္ မႀကံဳေတြ႕ေစရန္ ေလယာဥ္ငယ္ တည္ေဆာက္ ေသာ လူငယ္အား ေခၚယူေတြ႕ဆံုခဲ့ေၾကာင္း ဦးၾကည္ႏိုင္ကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
မုံရွာမြို့မှ လေယာဉ်ငယ် တီထွင်သည့် လူငယ်အား လေ ယာဉ်တည်ဆောက်ပုံ နည်းပညာ များကို နိုဝင်ဘာ ၆ ရက်တွင် ရန်ကုန်မြို့သို့ လာရောက်လေ့လာနိုင်ရန် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ဖိတ်ခေါ်ထားကြောင်း ကာယကံရှင်နှင့် အုပ်ချုပ်ရေးတာဝန်ရှိသူအချို့က ပြောသည်။

 လွန်ခဲ့သော ရှစ်လခန့်က စတင်၍ အလျား ၁၄ ပေ၊ တောင်ပံအရှည် ၁၇ ပေ၊ အမြင့် ၅ ပေခွဲရှိ သံနှင့်သစ်သားဖြင့် ပြုလုပ်ထားပြီး စက်လှေအသုံးပြု ၁၆ ကောင် အင်ဂျင် တပ်ဆင်ထားသော လေယာဉ်ငယ်ကို မုံရွာမြို့နယ် ကျွန်းကြီးကျေးရွာရှိ စတုတ္ထတန်း အောင်မြင်ပြီး လက်သမားလုပ်ကိုင်နေသော အသက်(၁၉)နှစ်အရွယ် ကိုကျော်ဇင်ဝင်းက တည်ဆောက်ခဲ့သည်။


‘‘ရန်ကုန်က လေကြောင်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန က တာဝန်ရှိသူတွေက ဒီကလေး ကို ခေါ်ယူတာပါ။ လေယာဉ်ပျံ သန်းခွင့် ခွင့်ပြုမိန့်က အဲဒီက ပေး တာဆိုတော့ ခွင့်ပြုချက်တောင်း ရင်းပေါ့။ ကလေးရဲ့ဆန္ဒကလည်း လေယာဉ်တည်ဆောက်တဲ့ ပုံစံ တွေ လေ့လာချင်တာလည်း ပါ တယ်’’ဟု ကျွန်းကြီးကျေးရွာအုပ် ချုပ်ရေးမှူး ဦးတင်မြင့်က ပြော ကြားသည်။

မုံရွာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်နိုင်က ‘‘လေယာဉ်ပျံသန်း ခွင့်က ကျွန်တော်တို့ ပေးလို့မရ ဘူး။ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ပေးတာ လို့ ရှင်းပြခဲ့တယ်။ ရန်ကုန်မှာရှိတဲ့ လေကြောင်းပို့ဆောင်ရေး ညွှန် ကြားမှုဦးစီးဌာနက အဖွဲ့နဲ့ ဖုန်း ဆက်ပေးလို့ စကားတွေ ပြော တယ်။ လေယာဉ်တည်ဆောက်ပုံ တွေ သူတို့ဆီလာပြီး လေ့လာပါ။ သူတို့လည်း လေယာဉ်ပုံစံတွေ ရှင်းပြမယ်လို့ ပြောပါတယ်’’ ဟု ပြောသည်။


သက်ဆိုင်ရာ ခွင့်ပြုချက်မရှိ ဘဲ စမ်းသပ်မောင်းနှင်ခြင်းကြောင့် ဘေးအန္တရာယ် မကြုံတွေ့စေရန် လေယာဉ်ငယ် တည်ဆောက် သော လူငယ်အား ခေါ်ယူတွေ့ဆုံခဲ့ကြောင်း ဦးကြည်နိုင်ကပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top