Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

 ေခ်ာကလက္

မၾကာေသးခင္က ေလ့လာေတြ႕ရွိခ်က္အရ ေခ်ာကလက္ ေန႔တိုင္းစားတဲ့ သူေတြဟာ ေခ်ာကလက္ လံုးဝမစားတဲ့ သူေတြနဲ႔ စာရင္ အဆီက် လွပၿပီး ကိုယ္ အေလးခ်ိန္ ေလ်ာ့နည္းသြားတယ္လို႔ သိရပါတယ္။ ဒါ႔အျပင္ ေခ်ာကလက္က စိတ္ခံစားခ်က္ ေကာင္းမြန္ေစတဲ့ ေဟာ္မုန္းဆယ္ရီတိုနင္ အဆင့္ကို ျမင့္တက္ေစတဲ့အျပင္ ဦးေႏွာက္ရဲ႕ အစာစားခ်င္စိတ္ လံႈေဆာ္မႈကို ေလ်ာ့နည္းႏိုင္စြမ္းရွိတဲ့ ဒိုပါမင္း ေဟာ္မုန္းလည္း ထြက္ေစႏိုင္တယ္လို႔ သိရပါတယ္။ ဒီေတာ့ ေခ်ာကလက္ တစ္ေထာင့္ေလာက္ျဖစ္ျဖစ္ ေန႔တိုင္းစားၿပီး ကိုယ္အေလးခ်ိန္ ထိန္းႏိုင္ပါၿပီ။

ေရ 

ေရမ်ားမ်ား ေသာက္တာဟာ ခႏၶာကိုယ္ အသားအေရကို ၾကည္လင္လွပေစတယ္ ဆိုတာ သိၿပီးသား ျဖစ္မွာပါ။ အသားအေရ စိုျပည္ေစတဲ့အျပင္ ေရေသာက္မ်ားတဲ့ အခါ ဗိုက္ျပည့္ၿပီး အစာမ်ားမ်ား စားမိတာမွလည္း တားဆီးေပးတယ္လို႔ သိရပါတယ္။ ေရေအး ေသာက္တဲ့အခါ ဇီဝ႐ုပ္ ျဖစ္ပ်က္မႈကို ျမန္ဆန္ေစတဲ့အျပင္ တစ္ေန႔ေျခာက္ခြက္ ပံုမွန္ေသာက္ပါက ကယ္လိုရီ ၅၀ ယူနစ္ ေလာင္ကၽြမ္း ေစတယ္လို႔ ေလ့လာသူေတြက ဆိုပါတယ္။ ေရေသာက္တာအျပင္ ေရဓာတ္ ျဖည့္ေပးႏိုင္တဲ့ အစားအစာေတြျဖစ္တဲ့ ဖရဲသီး၊ စေတာ္ဘယ္ရီသီး စတာေတြကိုလည္း စားေပးႏိုင္ပါတယ္။

ေထာပတ္သီး 

ေထာပတ္သီးမွာ အစာစားခ်င္စိတ္ကို ဖိႏွိပ္ႏိုင္စြမ္းရွိတဲ့ က်န္းမာတဲ့ အဆီတစ္မ်ဳိး ပါဝင္တာေၾကာင့္ ေသြးတြင္းသၾကားဓာတ္ကို ေလွ်ာ့ခ်ၿပီး အစာေျခတဲ့ အခါမွာလည္း ေျခာက္နာရီနည္းပါး ၾကာျမင့္ေစတဲ့အတြက္ ေတာ္႐ံု ဗိုက္ျပန္မဆာေစပါဘူး။ ဇီဝ႐ုပ္ ျဖစ္ပ်က္မႈကို အားေပးတဲ့ အမိုင္ႏိုအက္စစ္တစ္မ်ဳိး ျဖစ္တဲ့ L-carnitine  ပါဝင္တာေၾကာင့္လည္း ခႏၶာကိုယ္အတြက္ အက်ဳိးရွိပါတယ္။ သင့္တင့္မွ်တတဲ့ ေရဓာတ္၊ အမွ်င္ဓာတ္နဲ႔ အဆီဓာတ္တို႔ ပါဝင္လုိ႔ ေန႔တိုင္း စားႏုိင္ပါတယ္။

ၾကက္ဥ၊ ဘဲဥ 

မနက္စာကို ၾကက္ဥေၾကာ္၊ အျပဳတ္၊ စတာေတြ စားေပးတာေၾကာင့္ ပ႐ိုတင္းဓာတ္ ျပည့္ဝေနၿပီး ညဘက္ အဆီမ်ားတဲ့ အဆာေျပစာေတြ အမ်ားႀကီး စားမိတာမွ ကာကြယ္ၿပီးသား ျဖစ္ေစတယ္လို႔ ကၽြမ္းက်င္သူေတြရဲ႕ အဆိုအရ သိရပါတယ္။ မနက္စာ ေကာင္းေကာင္း စားတာဟာ တစ္ေန႔တာလံုး စိတ္ခံစားခ်က္ ေကာင္းေစၿပီး ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ဖို႔အတြက္လည္း ကူညီေပးႏိုင္ပါတယ္။

ဟင္းႏုနယ္ 

ဟင္းသီးဟင္းရြက္ကို ပံုမွန္ စားေပးတာဟာ ခႏၶာကိုယ္အတြက္ ေကာင္းမြန္ပါတယ္။ ဟင္းႏုနယ္မွာ သံဓာတ္ ျပည့္ျပည့္ဝဝ ပါဝင္ၿပီး ကိုယ္တြင္းစြမ္းအင္အဆင့္ ျမင့္တက္ေစကာ အဆီပိုေလာင္ကၽြမ္းေအာင္ ျပဳလုပ္ေပးႏိုင္ပါတယ္။ အမ်ဳိးသမီးေတြ အေနနဲ႔ တစ္ေန႔ကို သံဓာတ္ ၁၈ မီလီဂရမ္ လိုအပ္ၿပီး ဟင္းႏုနယ္ တစ္ပန္းကန္မွာ သံဓာတ္ ၆ မီလီဂရမ္ ပါဝင္တာေၾကာင့္ ႏွစ္နပ္စား႐ံုနဲ႔ လိုအပ္တဲ့ သံဓာတ္ ပမာဏကို ျဖည့္တင္းၿပီးသား ျဖစ္ေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: အိျဖဴ
(ေဆးဝါးတကၠသိုလ္)

# Unicode Version ျဖင့္ ဖတ္ပါ #

 ချောကလက်

မကြာသေးခင်က လေ့လာတွေ့ရှိချက်အရ ချောကလက် နေ့တိုင်းစားတဲ့ သူတွေဟာ ချောကလက် လုံးဝမစားတဲ့ သူတွေနဲ့ စာရင် အဆီကျ လှပပြီး ကိုယ် အလေးချိန် လျော့နည်းသွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ချောကလက်က စိတ်ခံစားချက် ကောင်းမွန်စေတဲ့ ဟော်မုန်းဆယ်ရီတိုနင် အဆင့်ကို မြင့်တက်စေတဲ့အပြင် ဦးနှောက်ရဲ့ အစာစားချင်စိတ် လှုံဆော်မှုကို လျော့နည်းနိုင်စွမ်းရှိတဲ့ ဒိုပါမင်း ဟော်မုန်းလည်း ထွက်စေနိုင်တယ်လို့ သိရပါတယ်။ ဒီတော့ ချောကလက် တစ်ထောင့်လောက်ဖြစ်ဖြစ် နေ့တိုင်းစားပြီး ကိုယ်အလေးချိန် ထိန်းနိုင်ပါပြီ။

ရေ 

ရေများများ သောက်တာဟာ ခန္ဓာကိုယ် အသားအရေကို ကြည်လင်လှပစေတယ် ဆိုတာ သိပြီးသား ဖြစ်မှာပါ။ အသားအရေ စိုပြည်စေတဲ့အပြင် ရေသောက်များတဲ့ အခါ ဗိုက်ပြည့်ပြီး အစာများများ စားမိတာမှလည်း တားဆီးပေးတယ်လို့ သိရပါတယ်။ ရေအေး သောက်တဲ့အခါ ဇီဝရုပ် ဖြစ်ပျက်မှုကို မြန်ဆန်စေတဲ့အပြင် တစ်နေ့ခြောက်ခွက် ပုံမှန်သောက်ပါက ကယ်လိုရီ ၅၀ ယူနစ် လောင်ကျွမ်း စေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ရေသောက်တာအပြင် ရေဓာတ် ဖြည့်ပေးနိုင်တဲ့ အစားအစာတွေဖြစ်တဲ့ ဖရဲသီး၊ စတော်ဘယ်ရီသီး စတာတွေကိုလည်း စားပေးနိုင်ပါတယ်။

ထောပတ်သီး 

ထောပတ်သီးမှာ အစာစားချင်စိတ်ကို ဖိနှိပ်နိုင်စွမ်းရှိတဲ့ ကျန်းမာတဲ့ အဆီတစ်မျိုး ပါဝင်တာကြောင့် သွေးတွင်းသကြားဓာတ်ကို လျှော့ချပြီး အစာခြေတဲ့ အခါမှာလည်း ခြောက်နာရီနည်းပါး ကြာမြင့်စေတဲ့အတွက် တော်ရုံ ဗိုက်ပြန်မဆာစေပါဘူး။ ဇီဝရုပ် ဖြစ်ပျက်မှုကို အားပေးတဲ့ အမိုင်နိုအက်စစ်တစ်မျိုး ဖြစ်တဲ့ L-carnitine  ပါဝင်တာကြောင့်လည်း ခန္ဓာကိုယ်အတွက် အကျိုးရှိပါတယ်။ သင့်တင့်မျှတတဲ့ ရေဓာတ်၊ အမျှင်ဓာတ်နဲ့ အဆီဓာတ်တို့ ပါဝင်လို့ နေ့တိုင်း စားနိုင်ပါတယ်။

ကြက်ဥ၊ ဘဲဥ 

မနက်စာကို ကြက်ဥကြော်၊ အပြုတ်၊ စတာတွေ စားပေးတာကြောင့် ပရိုတင်းဓာတ် ပြည့်ဝနေပြီး ညဘက် အဆီများတဲ့ အဆာပြေစာတွေ အများကြီး စားမိတာမှ ကာကွယ်ပြီးသား ဖြစ်စေတယ်လို့ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ သိရပါတယ်။ မနက်စာ ကောင်းကောင်း စားတာဟာ တစ်နေ့တာလုံး စိတ်ခံစားချက် ကောင်းစေပြီး ကိုယ်အလေးချိန် လျှော့ချဖို့အတွက်လည်း ကူညီပေးနိုင်ပါတယ်။

ဟင်းနုနယ် 

ဟင်းသီးဟင်းရွက်ကို ပုံမှန် စားပေးတာဟာ ခန္ဓာကိုယ်အတွက် ကောင်းမွန်ပါတယ်။ ဟင်းနုနယ်မှာ သံဓာတ် ပြည့်ပြည့်ဝဝ ပါဝင်ပြီး ကိုယ်တွင်းစွမ်းအင်အဆင့် မြင့်တက်စေကာ အဆီပိုလောင်ကျွမ်းအောင် ပြုလုပ်ပေးနိုင်ပါတယ်။ အမျိုးသမီးတွေ အနေနဲ့ တစ်နေ့ကို သံဓာတ် ၁၈ မီလီဂရမ် လိုအပ်ပြီး ဟင်းနုနယ် တစ်ပန်းကန်မှာ သံဓာတ် ၆ မီလီဂရမ် ပါဝင်တာကြောင့် နှစ်နပ်စားရုံနဲ့ လိုအပ်တဲ့ သံဓာတ် ပမာဏကို ဖြည့်တင်းပြီးသား ဖြစ်စေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: အိဖြူ
(ဆေးဝါးတက္ကသိုလ်)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top