Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

သူတို႔က တစ္ေယာက္ကို တစ္ေယာက္ ခ်စ္ၾကတဲ့ သူေတြေပါ့။ ဒါေပမယ့္ ကိစၥေသးေသး မႊားမႊားနဲ႔ သူတို႔မၾကာခဏ ရန္ျဖစ္ျငင္းခုန္တတ္ၾကတယ္။ တစ္ခါက ရန္ျဖစ္ၿပီးေနာက္ ေကာင္မေလးက ေျပာတယ္…

“ရန္ျဖစ္ခ်ိန္ဟာ တစ္ေယာက္ေယာက္ရဲ႕ခၽြတ္ယြင္း ခ်က္ကို အလြယ္တကူ သိႏိုင္တဲ့အခ်ိန္ပါ၊ ဒါေၾကာင့္ ရန္တစ္ခါျဖစ္ၿပီးတိုင္း ငါတို႔သည္း မခံႏိုင္တဲ့ တစ္ဘက္သားရဲ႕ခၽြတ္ယြင္းခ်က္ကို ခ်ေရးမယ္။ ေရးထားတဲ့ စကၠဴလိတ္ကို ပုလင္း တစ္ခုထဲမွာ ထည့္ထားမယ္၊ တစ္ႏွစ္ၾကာမွ ပုလင္းခ်င္း လဲွၾကမယ္”တဲ့။

တစ္ဘက္သားရဲ႕ခၽြတ္ယြင္းခ်က္ကို ခ်ေရးၿပီး ပုလင္းထဲထည့္တဲ့ စိတ္ထြက္ေပါက္ရသြားလို႔ သူတို႔ရဲ႕ရန္ျဖစ္တဲ့အႀကိမ္ေရလည္း နည္းသြားတယ္။ ေနာက္ပိုင္း ပုလင္းအေၾကာင္းကို သူတို႔ မေျပာျဖစ္ၾကေတာ့ သလို ရန္လည္း မျဖစ္ခဲ့ၾကေတာ့ဘူး။

ႏွစ္အတန္ၾကာမွ အဲဒီပုလင္းကို ေကာင္ေလးသိမ္းထားေသး တယ္ဆိုတာကို ေကာင္မေလး သတိထားမိတယ္။သူ႔ရဲ႕ခၽြတ္ယြင္းခ်က္ေတြကို ေကာင္ေလးဘာေတြမ်ား ေရးထားမလဲလို႔ ေကာင္
မေလးသိခ်င္ေန ခဲ့တယ္။ ပုလင္းထဲက စာ႐ြက္လိတ္ တစ္လိတ္စီကို သူဖြင့္ဖတ္မိတယ္။

စာ႐ြက္တိုင္းမွာ “နင့္ကို ငါခ်စ္တယ္”ဆိုတာပဲေရး ထားတာကို ေကာင္မေလးေတြ႔ လိုက္ရတယ္။
*** လူတစ္ေယာက္ကို ခ်စ္တယ္ဆိုတာ သူ႔ကိုခ်စ္႐ံုတင္မ၊ သူ႔ဘဝ၊ သူ႔ခၽြတ္ယြင္းခ်က္၊ သူ႔မိသားစုကိုပါ ခ်စ္ရတယ္.. ဒါမွ တကယ္ခ်စ္ တာျဖစ္တယ္။ .

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Nine Nine Sanay
#Unicode Version#
 သူတို့က တစ်ယောက်ကို တစ်ယောက် ချစ်ကြတဲ့ သူတွေပေါ့။ ဒါပေမယ့် ကိစ္စသေးသေး မွှားမွှားနဲ့ သူတို့မကြာခဏ ရန်ဖြစ်ငြင်းခုန်တတ်ကြတယ်။ တစ်ခါက ရန်ဖြစ်ပြီးနောက် ကောင်မလေးက ပြောတယ်…

“ရန်ဖြစ်ချိန်ဟာ တစ်ယောက်ယောက်ရဲ့ချွတ်ယွင်း ချက်ကို အလွယ်တကူ သိနိုင်တဲ့အချိန်ပါ၊ ဒါကြောင့် ရန်တစ်ခါဖြစ်ပြီးတိုင်း ငါတို့သည်း မခံနိုင်တဲ့ တစ်ဘက်သားရဲ့ချွတ်ယွင်းချက်ကို ချရေးမယ်။ ရေးထားတဲ့ စက္ကူလိတ်ကို ပုလင်း တစ်ခုထဲမှာ ထည့်ထားမယ်၊ တစ်နှစ်ကြာမှ ပုလင်းချင်း လဲှကြမယ်”တဲ့။

တစ်ဘက်သားရဲ့ချွတ်ယွင်းချက်ကို ချရေးပြီး ပုလင်းထဲထည့်တဲ့ စိတ်ထွက်ပေါက်ရသွားလို့ သူတို့ရဲ့ရန်ဖြစ်တဲ့အကြိမ်ရေလည်း နည်းသွားတယ်။ နောက်ပိုင်း ပုလင်းအကြောင်းကို သူတို့ မပြောဖြစ်ကြတော့ သလို ရန်လည်း မဖြစ်ခဲ့ကြတော့ဘူး။

နှစ်အတန်ကြာမှ အဲဒီပုလင်းကို ကောင်လေးသိမ်းထားသေး တယ်ဆိုတာကို ကောင်မလေး သတိထားမိတယ်။သူ့ရဲ့ချွတ်ယွင်းချက်တွေကို ကောင်လေးဘာတွေများ ရေးထားမလဲလို့ ကောင်
မလေးသိချင်နေ ခဲ့တယ်။ ပုလင်းထဲက စာရွက်လိတ် တစ်လိတ်စီကို သူဖွင့်ဖတ်မိတယ်။

စာရွက်တိုင်းမှာ “နင့်ကို ငါချစ်တယ်”ဆိုတာပဲရေး ထားတာကို ကောင်မလေးတွေ့ လိုက်ရတယ်။
*** လူတစ်ယောက်ကို ချစ်တယ်ဆိုတာ သူ့ကိုချစ်ရုံတင်မ၊ သူ့ဘဝ၊ သူ့ချွတ်ယွင်းချက်၊ သူ့မိသားစုကိုပါ ချစ်ရတယ်.. ဒါမှ တကယ်ချစ် တာဖြစ်တယ်။ .

ဖိုးသူတော် (www.phothutaw.com)
Credit: Nine Nine Sanay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top