Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အိုင္ဒါဟိုးေဒသက ယာသမားေတြကို အေျခခံၿပီး ျဖစ္ေပၚလာတာဆိုပဲ။ ဒါေပမဲ့ ထူးဆန္းတာက ယာသမားတစ္ဦးက မေရြးဘဲ လွည္းေပၚ အိတ္သြန္ဖာေမွာက္တင္သြားၿပီး ေရာင္းမယ့္ေနရာေရာက္မွ ေကာက္ထည့္တာကိုေတာ့ ပြဲ႐ံုတိုင္းက လိုလိုလားလား လက္ခံေနၾကတာပဲ။

မေန႔တုန္းက စာအုပ္အေရာင္းတန္းေရာက္ေတာ့ စာအုပ္တစ္အုပ္ေကာက္လွန္ၾကည့္လိုက္တယ္။ အဲဒီမွာ ျမင္လိုက္ရတဲ့ေခါင္းစဥ္က သိပ္ကိုစိတ္ဝင္စားစရာပဲဗ်။ အရမ္းဆန္းျပားေနလို႔ေတာ့မဟုတ္ပါဘူး။ ႐ိုး႐ိုးေလးပါပဲ။ “လူေတြသည္ အာလူးႏွင့္တူ၏” တဲ့ဗ်။ က်ေနာ္ ေတာ္ေတာ္ကို စဥ္းစားသြားတယ္။ ဒါနဲ႔ ဆက္ဖတ္ၾကည့္ေတာ့ သေဘာက်စရာေလးပဲဗ်။

အိုင္ဒါဟိုးေဒသက ယာသမားေတြကို အေျခခံၿပီး ျဖစ္ေပၚလာတာဆိုပဲ။ အေၾကာင္းကေတာ့ ဒီယာသမားေတြဟာ အာလူးစိုက္ၿပီးေပၚေတာ့ ၿမိဳ႕ကိုတက္ေရာင္းဖို႔ အႀကီး အလတ္ အငယ္စသျဖင့္ ေရြးၾကရတယ္တဲ့။ အဲဒီလိုမွ ေရြးမသြင္းဘူးဆိုရင္ ကုန္စည္ဒိုင္ေတြ၊ ပြဲ႐ံုေတြကလက္မခံၾကဘူးတဲ့။ အဲဒီေတာ့ ယာသမားေတြခမ်ာလည္း အခ်ိန္ကုန္လူပန္းခံၿပီး ေရြးၾက၊ ခြဲၾကနဲ႔ အလုပ္႐ႈပ္ျခင္းေပါင္းမ်ားစြာနဲ႔ ႐ႈပ္ၿပီးမွ ပြဲ႐ံုကိုသြားသြင္းၾကရတာေပါ့။

ဒါေပမဲ့ ထူးဆန္းတာက ယာသမားတစ္ဦးက မေရြးဘဲ လွည္းေပၚ အိတ္သြန္ဖာေမွာက္တင္သြားၿပီး ေရာင္းမယ့္ေနရာေရာက္မွ ေကာက္ထည့္တာကိုေတာ့ ပြဲ႐ံုတိုင္းက လိုလိုလားလား လက္ခံေနၾကတာပဲ။ ဒါနဲ႔ က်ေနာ္လည္း အေျဖထုတ္ၾကည့္မိတာေပါ့။ ေနာက္ေတာ့ မရတဲ့အဆံုး ဆက္ဖတ္လိုက္မွ အဲဒီလယ္သမားျပန္ရွင္းျပထားတာကို သြားေတြ႔တယ္။ တကယ္ကို ဉာဏ္ႀကီးရွင္ပါပဲ။

သူကေျပာတယ္။ သူ႔အာလူးေတြကို လွည္းေပၚ အိတ္သြန္ဖာေမွာက္ထည့္သြားတယ္ဆိုေပမဲ့ ၿမိဳ႕အတက္မွာ အၾကမ္းဆံုးလမ္းကေနပဲ ေရြးေမာင္းလိုက္ေတာ့ အငယ္ဆံုးအာလူးေတြက လမ္းၾကမ္းတဲ့ဒဏ္ေၾကာင့္ သူ႔အလိုလို ေအာက္ေျခပိုင္းကို နစ္ဝင္က်ဆင္းသြားၾကၿပီး ဟိုေရာက္ေတာ့ အထူးေရြးေနစရာမလိုေတာ့ဘဲ အႀကီး၊ အလတ္၊ အေသးစသျဖင့္ သူ႔အလႊာနဲ႔သူ ကဲ့ယူႏိုင္ေလာက္တဲ့အထိ အဆင္သင့္ျဖစ္သြားတယ္ဆိုပဲဗ်။

ဒါကို ေရာဘတ္႐ႈးလာ (Robert H. Shuller)က ၾကည့္ၿပီး “လူ႔ေလာကမွာလည္း ၾကမ္းတမ္းတဲ့ ေလာကဓံအလွည့္အေျပာင္းကို ရင္ဆိုင္ျဖတ္သန္းၾကရတဲ့အခါ ခံႏိုင္ရည္နည္းတဲ့ လူညံ့လူဖ်င္းေတြက ေအာက္ကိုက်မွန္းမသိက်သြားၾကၿပီး၊ ခံႏိုင္ရည္ရွိတဲ့ လူေတာ္လူေမာ္ေတြေလာက္သာ ထိပ္ဆံုးကို ေရာက္ရွိသြားၾကပါလား” လို႔ ေတြးမိၿပီး “လူေတြဟာ အာလူနဲ႔အတူတူပါပဲ” လို႔ ေကာက္ခ်က္စကားဆိုခဲ့တယ္လို႔ သိလိုက္ရတယ္။ သိပ္ကိုမွန္ပါတယ္။ ဒါေၾကာင့္ က်ေနာ္တို႔ေတြလည္း တန္ေၾကး၊ တန္ဖိုးျမင့္မားတဲ့ အာလူးလံုးႀကီးေတြလိုပဲ ေလာကဓံကို သတၱိရွိရွိ ရင္ဆိုင္ႏိုင္ေအာင္ ႀကိဳးစားၾကဖို႔ လိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#


အိုင်ဒါဟိုးဒေသက ယာသမားတွေကို အခြေခံပြီး ဖြစ်ပေါ်လာတာဆိုပဲ။ ဒါပေမဲ့ ထူးဆန်းတာက ယာသမားတစ်ဦးက မရွေးဘဲ လှည်းပေါ် အိတ်သွန်ဖာမှောက်တင်သွားပြီး ရောင်းမယ့်နေရာရောက်မှ ကောက်ထည့်တာကိုတော့ ပွဲရုံတိုင်းက လိုလိုလားလား လက်ခံနေကြတာပဲ။

မနေ့တုန်းက စာအုပ်အရောင်းတန်းရောက်တော့ စာအုပ်တစ်အုပ်ကောက်လှန်ကြည့်လိုက်တယ်။ အဲဒီမှာ မြင်လိုက်ရတဲ့ခေါင်းစဉ်က သိပ်ကိုစိတ်ဝင်စားစရာပဲဗျ။ အရမ်းဆန်းပြားနေလို့တော့မဟုတ်ပါဘူး။ ရိုးရိုးလေးပါပဲ။ “လူတွေသည် အာလူးနှင့်တူ၏” တဲ့ဗျ။ ကျနော် တော်တော်ကို စဉ်းစားသွားတယ်။ ဒါနဲ့ ဆက်ဖတ်ကြည့်တော့ သဘောကျစရာလေးပဲဗျ။

အိုင်ဒါဟိုးဒေသက ယာသမားတွေကို အခြေခံပြီး ဖြစ်ပေါ်လာတာဆိုပဲ။ အကြောင်းကတော့ ဒီယာသမားတွေဟာ အာလူးစိုက်ပြီးပေါ်တော့ မြို့ကိုတက်ရောင်းဖို့ အကြီး အလတ် အငယ်စသဖြင့် ရွေးကြရတယ်တဲ့။ အဲဒီလိုမှ ရွေးမသွင်းဘူးဆိုရင် ကုန်စည်ဒိုင်တွေ၊ ပွဲရုံတွေကလက်မခံကြဘူးတဲ့။ အဲဒီတော့ ယာသမားတွေခမျာလည်း အချိန်ကုန်လူပန်းခံပြီး ရွေးကြ၊ ခွဲကြနဲ့ အလုပ်ရှုပ်ခြင်းပေါင်းများစွာနဲ့ ရှုပ်ပြီးမှ ပွဲရုံကိုသွားသွင်းကြရတာပေါ့။

ဒါပေမဲ့ ထူးဆန်းတာက ယာသမားတစ်ဦးက မရွေးဘဲ လှည်းပေါ် အိတ်သွန်ဖာမှောက်တင်သွားပြီး ရောင်းမယ့်နေရာရောက်မှ ကောက်ထည့်တာကိုတော့ ပွဲရုံတိုင်းက လိုလိုလားလား လက်ခံနေကြတာပဲ။ ဒါနဲ့ ကျနော်လည်း အဖြေထုတ်ကြည့်မိတာပေါ့။ နောက်တော့ မရတဲ့အဆုံး ဆက်ဖတ်လိုက်မှ အဲဒီလယ်သမားပြန်ရှင်းပြထားတာကို သွားတွေ့တယ်။ တကယ်ကို ဉာဏ်ကြီးရှင်ပါပဲ။

သူကပြောတယ်။ သူ့အာလူးတွေကို လှည်းပေါ် အိတ်သွန်ဖာမှောက်ထည့်သွားတယ်ဆိုပေမဲ့ မြို့အတက်မှာ အကြမ်းဆုံးလမ်းကနေပဲ ရွေးမောင်းလိုက်တော့ အငယ်ဆုံးအာလူးတွေက လမ်းကြမ်းတဲ့ဒဏ်ကြောင့် သူ့အလိုလို အောက်ခြေပိုင်းကို နစ်ဝင်ကျဆင်းသွားကြပြီး ဟိုရောက်တော့ အထူးရွေးနေစရာမလိုတော့ဘဲ အကြီး၊ အလတ်၊ အသေးစသဖြင့် သူ့အလွှာနဲ့သူ ကဲ့ယူနိုင်လောက်တဲ့အထိ အဆင်သင့်ဖြစ်သွားတယ်ဆိုပဲဗျ။

ဒါကို ရောဘတ်ရှုးလာ (Robert H. Shuller)က ကြည့်ပြီး “လူ့လောကမှာလည်း ကြမ်းတမ်းတဲ့ လောကဓံအလှည့်အပြောင်းကို ရင်ဆိုင်ဖြတ်သန်းကြရတဲ့အခါ ခံနိုင်ရည်နည်းတဲ့ လူညံ့လူဖျင်းတွေက အောက်ကိုကျမှန်းမသိကျသွားကြပြီး၊ ခံနိုင်ရည်ရှိတဲ့ လူတော်လူမော်တွေလောက်သာ ထိပ်ဆုံးကို ရောက်ရှိသွားကြပါလား” လို့ တွေးမိပြီး “လူတွေဟာ အာလူနဲ့အတူတူပါပဲ” လို့ ကောက်ချက်စကားဆိုခဲ့တယ်လို့ သိလိုက်ရတယ်။ သိပ်ကိုမှန်ပါတယ်။ ဒါကြောင့် ကျနော်တို့တွေလည်း တန်ကြေး၊ တန်ဖိုးမြင့်မားတဲ့ အာလူးလုံးကြီးတွေလိုပဲ လောကဓံကို သတ္တိရှိရှိ ရင်ဆိုင်နိုင်အောင် ကြိုးစားကြဖို့ လိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top