Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဝက္ျခံအမာရြတ္ေတြအတြက္ အိမ္တြင္းေဆးနည္းေတြမွာ ေရခဲ၊ ခရမ္းခ်ဥ္သီး၊ သခြားသီး၊ ၾကက္ဥ၊ နႏြင္း၊ ရွားေစာင္းလက္ပတ္၊ ပန္းသီးရွာလကာရည္၊ သံပုရာရည္၊ ပ်ားရည္၊ ေရ၊ လာဗင္ဒါဆီနဲ႔ အျခားေသာ အသီးအႏွံနဲ႔ ဟင္းသီးဟင္းရြက္ေတြအမ်ိဳးမ်ိဳးပါဝင္ပါတယ္။

ဝက္ျခံအမာရြတ္ေတြအတြက္ အိမ္တြင္းေဆးဝါးေတြဟာ ျပင္းထန္တဲ့ ပိုးဝင္ျခင္းေတြ ဒါမွမဟုတ္ ဝက္ျခံေတြပိုဆိုးလာတာမ်ိဳးေတြ၊ ညွစ္ထုတ္လိုက္တာမ်ိဳးေတါ ဒါမွမဟုတ္ ကုတ္လိုက္မိတာမ်ိဳးေတြအတြက္ အသံုးဝင္လွပါတယ္။

အေပ်ာ႔စား ဝက္ျခံအမာရြတ္ေတြကေတာ့ သူ႕အလိုလိုေပ်ာက္ကင္းသြားေပမယ့္ အမာရြတ္နက္တာေတြကေတာ့ ဘဝတစ္သက္စာလံုး က်န္ရစ္ခဲ့ေတာ့မွာပါ။ အေပ်ာ႔စား ဝက္ျခံအမာရြတ္ေတြကိုေတာ့ သဘာဝပစၥည္းေတြျဖစ္တဲ့ အိမ္တြင္းေဆးဝါးေတြကိုသံုးၿပီးေဘးကင္းကင္းနဲ႔ ထိထိေရာက္ေရာက္ဖယ္ရွားႏုိင္ပါတယ္။
ဝက္ျခံအမာရြတ္ေတြအတြက္ အိမ္တြင္းေဆးဝါးမ်ား

ဝက္ျခံေတြဟာ ေခၽြးေပါက္ေတြပိတ္ရာကေန အနာေတြအျဖစ္ထြက္ေပၚလာတာပါ။ ဝက္ျခံေတြေၾကာင့္ ရွက္စရာေကာင္းၿပီး လူျမင္ကြင္းကိုမထြက္ခ်င္တာမ်ိဳးေတြကို သင့္ရဲ႕ဆယ္ေက်ာ္သက္ဘဝမွာေရာ လူႀကီးဘဝမွာပါ သင္ခံစားေနရတတ္ပါတယ္။

ဒါေပမဲ့ ႏွစ္ေတြၾကာလာၿပီး ေဟာ္မုန္းေတြေျပာင္းလဲသြားတဲ့အခါ ဝက္ျခံေတြ ၿပံဳၿပီးေပါက္လာတာမ်ိဳးေတြ ျပန္ျဖစ္လာတာမ်ိဳးေတြ ေလ်ာ့သြားႏုိင္ပါတယ္။ အမာရြတ္ေတြ၊ အစက္အေျပာက္ေတြနဲ႔ ဝက္ျခံေပ်ာက္ၿပီးက်န္ခဲ့တဲ့အမွတ္ေတြကေတာ့ ကိုယ့္ကိုကိုယ္ယံုၾကည္မႈေလ်ာ့နည္းေစတာမ်ိဳးေတြျဖစ္ေစႏုိင္ပါေသးတယ္။

ဒါေၾကာင့္ ဝက္ျခံေတြကို ကုသရံုနဲ႔ မလံုေလာက္ပါဘူး။ ဝက္ျခံအမာရြတ္ေတြကိုလည္း ဝက္ျခံေတြကို မခ်န္ထားခဲ့ခင္ကတည္းက ေတာက္ေလွ်ာက္ဂရုစိုက္လာဖို႔လိုအပ္ပါေသးတယ္။
ဝက္ျခံအမာရြတ္ေတြအတြက္ အသံုးမ်ားတဲ့ အိမ္တြင္းေဆးဝါးေတြမွာေတာ့ ေအာက္ပါနည္းလမ္းေတြပါဝင္ပါတယ္။

ေရခဲ။ ။ မ်က္ႏွာေပၚ ေရခဲကပ္ေပးတာက ေခၽြးေပါက္ေတြကို က်ဥ္းေစၿပီး ဝက္ျခံျဖစ္ေစတဲ့ အဆီေတြကို ထုတ္ေပးတာ ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ ေရခဲဟာ အမာရြတ္ေတြနဲ႔ အမွတ္ေတြနားက ေခၽြးေပါက္ေတြကို က်ဥ္းေစႏိုင္တဲ့ သဘာဝေဆး (astringents)အျဖစ္လည္း အလုပ္လုပ္ပါေသးတယ္။ ေခၽြးေပါက္ေတြရဲ႕အရြယ္အစားကို က်ဥ္းလိုက္ျခင္းက ပထမဆံုး ဝက္ျခံကို သက္သာေစတဲ့အျပင္ အမာရြတ္ေတြကိုလည္း မွိန္သြားေအာင္ လုပ္ေပးႏုိင္္ပါတယ္။

ခရမ္းခ်ဥ္သီး အလႊာ။ ။ ခရမ္းခ်ဥ္သီးကို လႊာထားတဲ့ အကြင္းေလးေတြကို အမာရြတ္ေပၚမွာ ပြတ္ေပးျခင္းကလည္း အမာရြတ္ေတြ အမွတ္ေတြကို ေမွးမိွန္ေစတဲ့ေနရာမွာ ထိေရာက္တယ္လို႔ ေတြ႕ရပါတယ္။ ဒါဟာ ဗီတာမင္ေအေၾကာင့္လည္း တစ္စိတ္တစ္ပိုင္းေတာ့ ပါဝင္ေပမယ့္ အဓိကက ကယ္ရိုတင္း (carotenes) ေတြေၾကာင့္ျဖစ္ၿပီး သူတို႔ဟာ အနီေရာင္ကို ထုတ္ေပးႏုိင္တဲ့အျပင္ ပ်က္စီးေနတဲ့တစ္သွ်ဴးေတြကို ျပန္လည္ေကာင္းမြန္ေစၿပီး က်န္းမာသန္စြမ္းတဲ့ဆဲလ္ေတြကို ျပန္လည္ေမြးျမဴေပးႏုိင္တဲ့ antioxidant ကြန္ေပါင္းေတြပါ။

သခြားသီးအရည္။ ။ သခြားသီးရည္ဟာ စံျပတိုနာတစ္ခုပါပဲ။ သူက အရည္ျပားရဲ႕ အထိအေတြ႕ကို ေကာင္းမြန္ေစႏိုင္ပါတယ္။ သခြားသီးဟာ ေရာင္ရမ္းျခင္းေတြကို ေလ်ာ့က်ေစၿပီး အသားအေရကို ေခ်ာမြတ္ေစတဲ့အျပင္ ဝက္ျခံေၾကာင့္ျဖစ္တဲ့ အမာရြတ္ေတြကိုလည္း ကုသေပးႏုိင္ပါတယ္။

ၾကက္ဥအကာ။ ။ ၾကက္ဥအကာေတြကို အလြယ္တကူရႏုိင္သလို သူတို႔က ဝက္ျခံအမာရြတ္ေတြကို ကုသတဲ့ေနရာမွာလည္း ထိေရာက္ပါတယ္။ဂြမ္းလံုးေလးကိုသံုးၿပီး ၾကက္ဥအကာေတြကို အမာရြတ္ေပၚမွာ လိမ္းလိုက္ပါ။

တစ္ညလံုးဒီတိုင္းထားလိုက္တာက အေကာင္းဆံုးရလဒ္ကို ရရွိေစႏုိင္ပါတယ္။ ၾကက္ဥမွာ ပရိုတိန္းေတြမ်ားစြာပါဝင္တဲ့အျပင္ အေရျပားေပၚကို တိုက္ရိုက္လိမ္းလိုက္ျခင္းက ေပ်ာက္ကင္းေစတဲ့လုပ္ငန္းစဥ္ကို ပိုၿပီးျမန္ဆန္ေစပါတယ္။

ပရိုတိန္းေတြဟာ ဆယ္လူလာတစ္သွ်ဴးေတြနဲ႔ ႀကြက္သားေတြကို အဓိက တည္ေဆာက္ေပးနိုင္တဲ့အရာ ျဖစ္တာေၾကာင့္ မ်က္ႏွာေပၚကို တိုက္ရိုက္လိမ္းၿပီး တစ္ညလံုးထားလိုက္တာက ဝက္ျခံအမာရြတ္ေတြေပ်ာက္ကင္းေစတဲ့ အရွိန္ကို တိုးျမွင့္ေပးလိုက္တာပါပဲ။

နႏြင္း။ ။ နႏြင္းကိုေတာ့ အာရွအေရွ႕ပိုင္းနဲ႔ အေရွ႕ေတာင္အာရွ (the Orient)တို႔မွာ လြန္္ခဲ့တဲ့ ႏွစ္ေထာင္ေပါင္းမ်ားစြာတည္းက အလွအပပစၥည္းအျဖစ္ အသံုးျပဳလာၾကတာျဖစ္ၿပီး နႏြင္းအႏွစ္ကို အရည္ျပားေပၚမွာလိမ္းျခင္း ဒါမွမဟုတ္ နႏြင္းကို စားသံုးျခင္းက ဝက္ျခံအမာရြတ္ေတြအတြက္ ထိထိေရာက္ေရာက္ ေကာင္းမြန္ေစပါတယ္။

ရွားေစာင္းလက္ပတ္။ ။ ရွားေစာင္းလက္ပတ္ေတြကိုေတာ့ ဒဏ္ရာေတြကုသေပးႏုိင္တဲ့အရာတစ္ခုအျဖစ္ လူသိမ်ားၾကပါတယ္။ ဒါကပဲ ဝက္ျခံအမာရြတ္ေတြကို သက္သာေစတာေပါ့။ sage ကို ေရပူပူထဲစိမ္လိုက္ၿပီး အေအးခံထားပါ။ ၿပီးရင္ေတာ့ အသားေပၚလိမ္းလို႔ရပါၿပီ။ ရွားေစာင္းလက္ပတ္ကိုေတာ့ အေရျပားေပၚ တုိက္ရိုက္လိမ္းလို႔ရပါတယ္။

ပန္းသီးရွာလကာရည္။ ။ ဒါဟာ ဝက္ျခံအမာရြတ္ေတြနဲ႔ ဝက္ျခံအမွတ္ေတြကို ရွင္းလင္းသန္႔စင္ေပးတဲ့ေနရာမွာ ကူညီေပးႏိုင္တဲ့ တကယ္ေကာင္းတဲ့ တိုနာပါပဲ။ ရွာလကာရည္ဟာ ေသြးလည္ပတ္မႈကို လႈံ႕ေဆာ္ေပးတဲ့ အားေကာင္းတဲ့ေဆးတစ္လက္ျဖစ္ၿပီး ဒါကပဲ ေပ်ာက္ကင္းမႈကို ျမန္ဆန္ေစၿပီး ဆဲလ္အသစ္ျဖစ္ေပၚမႈကိုပဲ ျမန္ဆန္ေစတာပါ။

သံပုရာရည္။ ။ သံပုရာသီးကေန လတ္လတ္ဆတ္ဆတ္ညွစ္ယူူထားတဲ့ သံပုရာရည္ကို အမာရြတ္ေတြအေပၚလိမ္းေပးပါ။ ခဏထားလိုက္ၿပီး ေရေဆးခ်လိုက္ပါ။ သံပုရာရဲ႕ အေရာင္ခၽြတ္ေပးနိုင္တဲ့ ဂုဏ္သတၱိက အမာရြတ္ေတြကို ေမွးမွိန္ေအာင္လုပ္ေပးႏုိင္ပါတယ္။ သံပုရာရည္ဟာလည္း ဆဲလ္ေသေတြကိုဖယ္ရွားေပးႏိုင္ၿပီး ဆဲလ္အသစ္ေတြျဖစ္ေပၚမႈကို အားေပးပါတဲ့အျပင္္ အသားအရည္ရဲ႕ ၾကံဳ႕ဆန္႕ႏိုင္စြမ္းကိုပါ ပိုမိုေကာင္းမြန္ေစပါတယ္။

သံလြင္ဆီ။ ။ ခ်က္ျပဳတ္တဲ့ေနရာမွာ ပိုၿပီးစားခ်င္စဖြယ္ေကာငး္ေအာင္ သံလြင္ဆီကို အသံုးျပဳၾကပါတယ္။ သံလြင္ဆီကို ဒီေနရာမွာတင္မကဘဲ ဝက္ျခံအမာရြတ္ေတြ ေမွးမွိန္သြားေအာင္လုပ္တဲ့ေနရာမွာပါ အသံုးျပဳလို႔ ရပါတယ္။ သံလြင္ဆီကို အသားထဲစိမ့္ဝင္သြားေအာင္ အသာအယာႏွိပ္နယ္ေပးပါ။ ဒါက အသားအေရကို ျပန္လည္ေခ်ာမြတ္ေစတဲ့အျပင္ သိသာထင္ရွားတဲ့ အမာရြတ္ေတြကိုပါ ေမွးမွိန္သြားေစပါတယ္။

သံလြင္ဆီမွာ သဘာဝ antioxidant ေတြ အေျမာက္အမ်ားပါဝင္ၿပီး ဒါေၾကာင့္ပဲ ကမာၻတစ္ဝွမ္းမွာ သံလြင္ဆီကို က်န္းမာေရးအတြက္ အမ်ိဳးမ်ိဳးသံုးၾကတာပါ။ ဒါေပမဲ့ အမာရြတ္ေတြနဲ႔ အမွတ္ေတြကို ရွင္းလင္းဖို႔အတြက္ဆိုရင္ေတာ့ အိမ္တြင္းေဆးဝါးေတြထဲမွာ သံလြင္ဆီက အေကာင္းဆံုးေဆးတစ္လက္ပါပဲ။

ပ်ားရည္။ ။ ပ်ားရည္က သဘာဝအစိုဓာတ္ထိန္းေဆးပါ။ သူ႕ကိုေတာ့ ဝက္ျခံအမာရြတ္ေတြကို ကုသတဲ့ေနရာမွာ သံုးၾကပါတယ္။ ပ်ားရည္ကိုစားသံုးတာနဲ႔ ပ်ားရည္မ်က္ႏွာဖံုးလုပ္ၿပီး မ်က္ႏွာမွာကပ္ျခင္းက ဝက္ျခံအမာရြတ္ေတြကို ကုသတဲ့ေနရာမွာ ထိေရာက္တယ္ဆိုတာကို ေတြ႕ရွိခဲ့ၾကပါတယ္။

ေရ။ ။ ေရဟာ ဝက္ျခံအမာရြတ္ေတြကို ကုသေပ်ာက္ကင္းေစႏုိင္တဲ့ အေကာင္းဆံုးေသာ သဘာဝနည္းလမ္းတစ္ခုပါပဲ။ ေရဟာ ခႏၶာကိုယ္ထဲမွာရွိတဲ့ အဆိပ္အေတာက္ေတြကို ကင္းစင္ေစၿပီး စြမ္းအင္သစ္ေတြေပးစြမ္းႏိုင္တာေၾကာင့္ ေရမ်ားမ်ားေသာက္သင့္ပါတယ္။

ေရဟာ ဆဲလ္ေသေတြကို ခြာခ်ၿပီး ဆဲလ္အသစ္ေတြျဖစ္ေပၚမႈကိုလည္း အားေပးပါတယ္။ နံနက္ခင္းပိုင္းမွာ ၾကက္သီးေႏြးေရကိုေသာက္ေပးတာက အဆိပ္အေတာက္ေတြ ပိုၿပီးကင္းစင္ေစပါတယ္။

Rosehipသီး (ႏွင္းဆီသီး)အဆီ။ ။ ဒီအဆီကေတာ့ ဝက္ျခံအမာရြတ္ေတြကို ေလ်ာ့နည္းသြားေစၿပီး အေရာင္မညီတာေတြလည္း နည္းပါးေစပါတယ္။ ဒီအဆီဟာ အိုမင္းရင့္ေရာ္မႈကို တားဆီးေပးႏုိင္တဲ့ အစြမ္းထက္အဆီျဖစ္ၿပီး အေရးအေၾကာင္းေတြကိုေလဆာ့က်ေပးလို႔ အသားအေရကို ျပန္လည္အားျဖည့္ အသစ္ျဖစ္ေစပါတယ္။

ဒီအဆီဟာ အလွကုန္ပစၥည္းေတြအတြက္လည္း အေရးႀကီးတဲ့ ပါဝင္ပစၥည္းတစ္ခုျဖစ္ၿပီး အမ်ားအားျဖင့္ေတာ့ ဝက္ျခံအမာရြတ္ေတြ၊ မ်က္ႏွာေပၚက အမာရြတ္ေတြ၊ ေနေလာင္ဒဏ္ျဖစ္တာေတြနဲ႔ အရြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္တာေတြအတြက္ အမ်ားဆံုးအသံုးျပဳပါတယ္။ ဒီဆီကိုသံုးၿပီး မ်က္ႏွာကို တစ္ရက္ႏွစ္ႀကိမ္ နွိပ္နယ္ေပးပါ။ ဒါက အေကာင္းဆံုးေသာ ရလဒ္ကို ရရွိေစႏိုင္ပါတယ္။

လာဗင္ဒါဆီ။ ။ လာဗင္ဒါဆီမွာ အသစ္ျဖစ္ေပၚမႈကိုအားေပးတဲ့စြမ္းအားေတြ ပါဝင္တာေၾကာင့္ သူ႕ကို ဝက္ျခံအမာရြတ္ေတြေပၚလိမ္းေပးတာကလည္း အသားအရည္ကို ျပန္လည္အားျဖည့္ေပးပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hellosayarwon
#Unicode Version#
 ဝက်ခြံအမာရွတ်တွေအတွက် အိမ်တွင်းဆေးနည်းတွေမှာ ရေခဲ၊ ခရမ်းချဉ်သီး၊ သခွားသီး၊ ကြက်ဥ၊ နနွင်း၊ ရှားစောင်းလက်ပတ်၊ ပန်းသီးရှာလကာရည်၊ သံပုရာရည်၊ ပျားရည်၊ ရေ၊ လာဗင်ဒါဆီနဲ့ အခြားသော အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေအမျိုးမျိုးပါဝင်ပါတယ်။

ဝက်ခြံအမာရွတ်တွေအတွက် အိမ်တွင်းဆေးဝါးတွေဟာ ပြင်းထန်တဲ့ ပိုးဝင်ခြင်းတွေ ဒါမှမဟုတ် ဝက်ခြံတွေပိုဆိုးလာတာမျိုးတွေ၊ ညှစ်ထုတ်လိုက်တာမျိုးတေါ ဒါမှမဟုတ် ကုတ်လိုက်မိတာမျိုးတွေအတွက် အသုံးဝင်လှပါတယ်။

အပျော့စား ဝက်ခြံအမာရွတ်တွေကတော့ သူ့အလိုလိုပျောက်ကင်းသွားပေမယ့် အမာရွတ်နက်တာတွေကတော့ ဘဝတစ်သက်စာလုံး ကျန်ရစ်ခဲ့တော့မှာပါ။ အပျော့စား ဝက်ခြံအမာရွတ်တွေကိုတော့ သဘာဝပစ္စည်းတွေဖြစ်တဲ့ အိမ်တွင်းဆေးဝါးတွေကိုသုံးပြီးဘေးကင်းကင်းနဲ့ ထိထိရောက်ရောက်ဖယ်ရှားနိုင်ပါတယ်။
ဝက်ခြံအမာရွတ်တွေအတွက် အိမ်တွင်းဆေးဝါးများ

ဝက်ခြံတွေဟာ ချွေးပေါက်တွေပိတ်ရာကနေ အနာတွေအဖြစ်ထွက်ပေါ်လာတာပါ။ ဝက်ခြံတွေကြောင့် ရှက်စရာကောင်းပြီး လူမြင်ကွင်းကိုမထွက်ချင်တာမျိုးတွေကို သင့်ရဲ့ဆယ်ကျော်သက်ဘဝမှာရော လူကြီးဘဝမှာပါ သင်ခံစားနေရတတ်ပါတယ်။

ဒါပေမဲ့ နှစ်တွေကြာလာပြီး ဟော်မုန်းတွေပြောင်းလဲသွားတဲ့အခါ ဝက်ခြံတွေ ပြုံပြီးပေါက်လာတာမျိုးတွေ ပြန်ဖြစ်လာတာမျိုးတွေ လျော့သွားနိုင်ပါတယ်။ အမာရွတ်တွေ၊ အစက်အပြောက်တွေနဲ့ ဝက်ခြံပျောက်ပြီးကျန်ခဲ့တဲ့အမှတ်တွေကတော့ ကိုယ့်ကိုကိုယ်ယုံကြည်မှုလျော့နည်းစေတာမျိုးတွေဖြစ်စေနိုင်ပါသေးတယ်။

ဒါကြောင့် ဝက်ခြံတွေကို ကုသရုံနဲ့ မလုံလောက်ပါဘူး။ ဝက်ခြံအမာရွတ်တွေကိုလည်း ဝက်ခြံတွေကို မချန်ထားခဲ့ခင်ကတည်းက တောက်လျှောက်ဂရုစိုက်လာဖို့လိုအပ်ပါသေးတယ်။
ဝက်ခြံအမာရွတ်တွေအတွက် အသုံးများတဲ့ အိမ်တွင်းဆေးဝါးတွေမှာတော့ အောက်ပါနည်းလမ်းတွေပါဝင်ပါတယ်။

ရေခဲ။ ။ မျက်နှာပေါ် ရေခဲကပ်ပေးတာက ချွေးပေါက်တွေကို ကျဉ်းစေပြီး ဝက်ခြံဖြစ်စေတဲ့ အဆီတွေကို ထုတ်ပေးတာ လျှော့ချပေးနိုင်ပါတယ်။ ရေခဲဟာ အမာရွတ်တွေနဲ့ အမှတ်တွေနားက ချွေးပေါက်တွေကို ကျဉ်းစေနိုင်တဲ့ သဘာဝဆေး (astringents)အဖြစ်လည်း အလုပ်လုပ်ပါသေးတယ်။ ချွေးပေါက်တွေရဲ့အရွယ်အစားကို ကျဉ်းလိုက်ခြင်းက ပထမဆုံး ဝက်ခြံကို သက်သာစေတဲ့အပြင် အမာရွတ်တွေကိုလည်း မှိန်သွားအောင် လုပ်ပေးနိုင်ပါတယ်။

ခရမ်းချဉ်သီး အလွှာ။ ။ ခရမ်းချဉ်သီးကို လွှာထားတဲ့ အကွင်းလေးတွေကို အမာရွတ်ပေါ်မှာ ပွတ်ပေးခြင်းကလည်း အမာရွတ်တွေ အမှတ်တွေကို မှေးမှိန်စေတဲ့နေရာမှာ ထိရောက်တယ်လို့ တွေ့ရပါတယ်။ ဒါဟာ ဗီတာမင်အေကြောင့်လည်း တစ်စိတ်တစ်ပိုင်းတော့ ပါဝင်ပေမယ့် အဓိကက ကယ်ရိုတင်း (carotenes) တွေကြောင့်ဖြစ်ပြီး သူတို့ဟာ အနီရောင်ကို ထုတ်ပေးနိုင်တဲ့အပြင် ပျက်စီးနေတဲ့တစ်သျှူးတွေကို ပြန်လည်ကောင်းမွန်စေပြီး ကျန်းမာသန်စွမ်းတဲ့ဆဲလ်တွေကို ပြန်လည်မွေးမြူပေးနိုင်တဲ့ antioxidant ကွန်ပေါင်းတွေပါ။

သခွားသီးအရည်။ ။ သခွားသီးရည်ဟာ စံပြတိုနာတစ်ခုပါပဲ။ သူက အရည်ပြားရဲ့ အထိအတွေ့ကို ကောင်းမွန်စေနိုင်ပါတယ်။ သခွားသီးဟာ ရောင်ရမ်းခြင်းတွေကို လျော့ကျစေပြီး အသားအရေကို ချောမွတ်စေတဲ့အပြင် ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကိုလည်း ကုသပေးနိုင်ပါတယ်။

ကြက်ဥအကာ။ ။ ကြက်ဥအကာတွေကို အလွယ်တကူရနိုင်သလို သူတို့က ဝက်ခြံအမာရွတ်တွေကို ကုသတဲ့နေရာမှာလည်း ထိရောက်ပါတယ်။ဂွမ်းလုံးလေးကိုသုံးပြီး ကြက်ဥအကာတွေကို အမာရွတ်ပေါ်မှာ လိမ်းလိုက်ပါ။

တစ်ညလုံးဒီတိုင်းထားလိုက်တာက အကောင်းဆုံးရလဒ်ကို ရရှိစေနိုင်ပါတယ်။ ကြက်ဥမှာ ပရိုတိန်းတွေများစွာပါဝင်တဲ့အပြင် အရေပြားပေါ်ကို တိုက်ရိုက်လိမ်းလိုက်ခြင်းက ပျောက်ကင်းစေတဲ့လုပ်ငန်းစဉ်ကို ပိုပြီးမြန်ဆန်စေပါတယ်။

ပရိုတိန်းတွေဟာ ဆယ်လူလာတစ်သျှူးတွေနဲ့ ကြွက်သားတွေကို အဓိက တည်ဆောက်ပေးနိုင်တဲ့အရာ ဖြစ်တာကြောင့် မျက်နှာပေါ်ကို တိုက်ရိုက်လိမ်းပြီး တစ်ညလုံးထားလိုက်တာက ဝက်ခြံအမာရွတ်တွေပျောက်ကင်းစေတဲ့ အရှိန်ကို တိုးမြှင့်ပေးလိုက်တာပါပဲ။

နနွင်း။ ။ နနွင်းကိုတော့ အာရှအရှေ့ပိုင်းနဲ့ အရှေ့တောင်အာရှ (the Orient)တို့မှာ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာတည်းက အလှအပပစ္စည်းအဖြစ် အသုံးပြုလာကြတာဖြစ်ပြီး နနွင်းအနှစ်ကို အရည်ပြားပေါ်မှာလိမ်းခြင်း ဒါမှမဟုတ် နနွင်းကို စားသုံးခြင်းက ဝက်ခြံအမာရွတ်တွေအတွက် ထိထိရောက်ရောက် ကောင်းမွန်စေပါတယ်။

ရှားစောင်းလက်ပတ်။ ။ ရှားစောင်းလက်ပတ်တွေကိုတော့ ဒဏ်ရာတွေကုသပေးနိုင်တဲ့အရာတစ်ခုအဖြစ် လူသိများကြပါတယ်။ ဒါကပဲ ဝက်ခြံအမာရွတ်တွေကို သက်သာစေတာပေါ့။ sage ကို ရေပူပူထဲစိမ်လိုက်ပြီး အအေးခံထားပါ။ ပြီးရင်တော့ အသားပေါ်လိမ်းလို့ရပါပြီ။ ရှားစောင်းလက်ပတ်ကိုတော့ အရေပြားပေါ် တိုက်ရိုက်လိမ်းလို့ရပါတယ်။

ပန်းသီးရှာလကာရည်။ ။ ဒါဟာ ဝက်ခြံအမာရွတ်တွေနဲ့ ဝက်ခြံအမှတ်တွေကို ရှင်းလင်းသန့်စင်ပေးတဲ့နေရာမှာ ကူညီပေးနိုင်တဲ့ တကယ်ကောင်းတဲ့ တိုနာပါပဲ။ ရှာလကာရည်ဟာ သွေးလည်ပတ်မှုကို လှုံ့ဆော်ပေးတဲ့ အားကောင်းတဲ့ဆေးတစ်လက်ဖြစ်ပြီး ဒါကပဲ ပျောက်ကင်းမှုကို မြန်ဆန်စေပြီး ဆဲလ်အသစ်ဖြစ်ပေါ်မှုကိုပဲ မြန်ဆန်စေတာပါ။

သံပုရာရည်။ ။ သံပုရာသီးကနေ လတ်လတ်ဆတ်ဆတ်ညှစ်ယူူထားတဲ့ သံပုရာရည်ကို အမာရွတ်တွေအပေါ်လိမ်းပေးပါ။ ခဏထားလိုက်ပြီး ရေဆေးချလိုက်ပါ။ သံပုရာရဲ့ အရောင်ချွတ်ပေးနိုင်တဲ့ ဂုဏ်သတ္တိက အမာရွတ်တွေကို မှေးမှိန်အောင်လုပ်ပေးနိုင်ပါတယ်။ သံပုရာရည်ဟာလည်း ဆဲလ်သေတွေကိုဖယ်ရှားပေးနိုင်ပြီး ဆဲလ်အသစ်တွေဖြစ်ပေါ်မှုကို အားပေးပါတဲ့အပြင် အသားအရည်ရဲ့ ကြုံ့ဆန့်နိုင်စွမ်းကိုပါ ပိုမိုကောင်းမွန်စေပါတယ်။

သံလွင်ဆီ။ ။ ချက်ပြုတ်တဲ့နေရာမှာ ပိုပြီးစားချင်စဖွယ်ကောင်းအောင် သံလွင်ဆီကို အသုံးပြုကြပါတယ်။ သံလွင်ဆီကို ဒီနေရာမှာတင်မကဘဲ ဝက်ခြံအမာရွတ်တွေ မှေးမှိန်သွားအောင်လုပ်တဲ့နေရာမှာပါ အသုံးပြုလို့ ရပါတယ်။ သံလွင်ဆီကို အသားထဲစိမ့်ဝင်သွားအောင် အသာအယာနှိပ်နယ်ပေးပါ။ ဒါက အသားအရေကို ပြန်လည်ချောမွတ်စေတဲ့အပြင် သိသာထင်ရှားတဲ့ အမာရွတ်တွေကိုပါ မှေးမှိန်သွားစေပါတယ်။

သံလွင်ဆီမှာ သဘာဝ antioxidant တွေ အမြောက်အများပါဝင်ပြီး ဒါကြောင့်ပဲ ကမ္ဘာတစ်ဝှမ်းမှာ သံလွင်ဆီကို ကျန်းမာရေးအတွက် အမျိုးမျိုးသုံးကြတာပါ။ ဒါပေမဲ့ အမာရွတ်တွေနဲ့ အမှတ်တွေကို ရှင်းလင်းဖို့အတွက်ဆိုရင်တော့ အိမ်တွင်းဆေးဝါးတွေထဲမှာ သံလွင်ဆီက အကောင်းဆုံးဆေးတစ်လက်ပါပဲ။

ပျားရည်။ ။ ပျားရည်က သဘာဝအစိုဓာတ်ထိန်းဆေးပါ။ သူ့ကိုတော့ ဝက်ခြံအမာရွတ်တွေကို ကုသတဲ့နေရာမှာ သုံးကြပါတယ်။ ပျားရည်ကိုစားသုံးတာနဲ့ ပျားရည်မျက်နှာဖုံးလုပ်ပြီး မျက်နှာမှာကပ်ခြင်းက ဝက်ခြံအမာရွတ်တွေကို ကုသတဲ့နေရာမှာ ထိရောက်တယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။

ရေ။ ။ ရေဟာ ဝက်ခြံအမာရွတ်တွေကို ကုသပျောက်ကင်းစေနိုင်တဲ့ အကောင်းဆုံးသော သဘာဝနည်းလမ်းတစ်ခုပါပဲ။ ရေဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ကင်းစင်စေပြီး စွမ်းအင်သစ်တွေပေးစွမ်းနိုင်တာကြောင့် ရေများများသောက်သင့်ပါတယ်။

ရေဟာ ဆဲလ်သေတွေကို ခွာချပြီး ဆဲလ်အသစ်တွေဖြစ်ပေါ်မှုကိုလည်း အားပေးပါတယ်။ နံနက်ခင်းပိုင်းမှာ ကြက်သီးနွေးရေကိုသောက်ပေးတာက အဆိပ်အတောက်တွေ ပိုပြီးကင်းစင်စေပါတယ်။

Rosehipသီး (နှင်းဆီသီး)အဆီ။ ။ ဒီအဆီကတော့ ဝက်ခြံအမာရွတ်တွေကို လျော့နည်းသွားစေပြီး အရောင်မညီတာတွေလည်း နည်းပါးစေပါတယ်။ ဒီအဆီဟာ အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်တဲ့ အစွမ်းထက်အဆီဖြစ်ပြီး အရေးအကြောင်းတွေကိုလေဆာ့ကျပေးလို့ အသားအရေကို ပြန်လည်အားဖြည့် အသစ်ဖြစ်စေပါတယ်။

ဒီအဆီဟာ အလှကုန်ပစ္စည်းတွေအတွက်လည်း အရေးကြီးတဲ့ ပါဝင်ပစ္စည်းတစ်ခုဖြစ်ပြီး အများအားဖြင့်တော့ ဝက်ခြံအမာရွတ်တွေ၊ မျက်နှာပေါ်က အမာရွတ်တွေ၊ နေလောင်ဒဏ်ဖြစ်တာတွေနဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာတွေအတွက် အများဆုံးအသုံးပြုပါတယ်။ ဒီဆီကိုသုံးပြီး မျက်နှာကို တစ်ရက်နှစ်ကြိမ် နှိပ်နယ်ပေးပါ။ ဒါက အကောင်းဆုံးသော ရလဒ်ကို ရရှိစေနိုင်ပါတယ်။

လာဗင်ဒါဆီ။ ။ လာဗင်ဒါဆီမှာ အသစ်ဖြစ်ပေါ်မှုကိုအားပေးတဲ့စွမ်းအားတွေ ပါဝင်တာကြောင့် သူ့ကို ဝက်ခြံအမာရွတ်တွေပေါ်လိမ်းပေးတာကလည်း အသားအရည်ကို ပြန်လည်အားဖြည့်ပေးပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top