Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

အရည္ျပားဟာ ခႏၶာကိုယ္ကို ကာကြယ္ေပးၿပီး ပတ္ဝန္းက်င္က အရာေတြကို ထိေတြ႕ခံစားႏိုင္ဖို႔ လုပ္ေဆာင္ေပးပါတယ္။ အသားအရည္ထိန္းသိမ္းျခင္းဟာ အေရးႀကီးပါတယ္။ သင္ သင္ေပးမယ့္ အသားအရည္ထိန္းသိမ္းတဲ့နည္းလမ္းေတြက သင့္ကေလးအတြက္ သူတို႔အသားအရည္ကို တစ္သက္တာလံုး ကာကြယ္ေပးႏိုင္ဖို႔အတြက္ အေထာက္အကူျဖစ္ေစပါတယ္။

ဒါေၾကာင့္ သင့္ကေလးကို သူတို႔အသားအရည္အတြက္ ဘယ္လိုဂရုစိုက္ရမယ္ဆိုတာ သင္ၾကားဖို႔ လိုကို လိုအပ္ပါတယ္။
အသားအရည္အမ်ိဳးအစားတစ္ခုခ်င္းစီအတြက္ မွန္ကန္တဲ့ အသားအရည္ထိန္းသိမ္းျခင္း အေလ့အထ

က်န္းမာသန္စြမ္းတဲ့အသားအရည္အတြက္ဆိုရင္ ပထမဆံုးသင့္ကေလးကို သင္ေပးသင့္တာက သူတို႔ရဲ႕ အသားအရည္အမ်ိဳးအစားေတြပါ။ အသားအရည္အမ်ိဳးအစားခြဲျခားျခင္းကိုေတာ့ ဆရာဝန္ေတြ၊ အရည္ျပားအထူးကုေတြ၊ ဒါမွမဟုတ္ သင္ကိုယ္တိုင္ကပဲ ျပဳလုပ္ႏုိင္ပါတယ္။ ဒီအခ်က္ေတြကို အေျခခံၿပီးေတာ့ ခြဲျခားႏုိင္ပါတယ္။

ပံုမွန္အသားအရည္။ ။ အသားအရည္ဟာ ညီညာေခ်ာမြတ္ေနၿပီး အထိအေတြ႕က ႏူးညံ့ပါတယ္။ ျမင္ႏိုင္တဲ့ ေခၽြးေပါက္ေတြ၊ နီရဲေနတာေတြ၊ ဆားဝက္ျခံအမဲေတြနဲ႔ အနီစက္ေတြမရွိပါဘူး။ အသားအရည္ရဲ႕ မ်က္ႏွာျပင္က ေျခာက္ေသြ႕လြန္းတာ ၊ အဆီျပန္လြန္းတာမျဖစ္ဘဲ ေရဓာတ္နဲ႔အဆီက ညီညြတ္မွ်တကာ ေသြးလည္ပတ္မႈ ေကာင္းမြန္ပါတယ္။ ဒါဟာ ၿပီးျပည့္စံုတဲ့ အသားအရည္အမ်ိဳးအစားျဖစ္ၿပီး အသားအရည္ထိန္းသိမ္းမႈေတြ အမ်ားႀကီးလုပ္စရာမလိုတဲ့ အသားအရည္မ်ိဳးပါ။

ေျခာက္ေသြ႕တဲ့အသားအရည္။ ။ အသားဟာ ၾကမ္းတမ္းလို႔ အေၾကးခြံေတြလို ကြာၿပီးယားယံေနတတ္ပါတယ္။ ျမင္ႏုိင္တဲ့ ေခၽြးေပါက္ေတြလည္းရွိၿပီး အသားေပၚမွာ အရည္ျပားဆဲလ္ေတြကြာေနတာကိုေတာင္ ျမင္ေနရပါတယ္။ ေျခာက္ေသြ႕တဲ့အသားအရည္ဟာ ေဆာင္းတြင္းလို ေရေငြ႕နည္းတဲ့အခ်ိန္မ်ိဳးမွာ ပိုမိုေျခာက္ေသြ႕တတ္ပါတယ္။ ဆပ္ျပာနဲ႔ ေခ်းခၽြတ္လြန္ျခင္းေတြဟာ အရည္ျပားကို ပိုမိုေျခာက္ေသြ႕ေစပါတယ။္

အဆီျပန္တဲ့အသားအရည္။ ။ အရည္ျပားဟာ ဝင္းေနပါတယ္။ ေခၽြးေပါက္ေတြပြင့္ေနၿပီး ဝက္ျခံေတြနဲ႔ ဆားဝက္ျခံေတြလည္း ရွိေနပါတယ္။ အရည္ျပားေပၚမွာ အဆီေတြကို ေတြ႕ေနရၿပီး အဆီျပန္တဲ့အသားအရည္ဟာ သန္႔ရွင္းေရးပိုၿပီးလုပ္ေဆာင္ေပးဖို႔ လိုအပ္ပါတယ။္

ေပါင္းစပ္အသားအရည္။ ။ အရည္ျပားဟာ ေမးေစ့၊ နဖူးနဲ႔ ႏွာေခါင္းေတြမွာ အဆီျပန္ၿပီး အျခားအစိတ္အပိုင္းေတြမွာ ေျခာက္ေသြ႕ေနတတ္ပါတယ္။ ေခၽြးေပါက္ေတြႀကီးေနတတ္ၿပီး ဆားဝက္ျခံအခ်ိဳ႕လည္း ရွိေနတတ္ပါတယ္။
အသားအရည္က်န္းမာေစဖို႔ သန္႔စင္နည္း

သင့္ကေလးကို သူတို႔ရဲ႕အသားအရည္အမ်ိဳးအစားေပၚလိုက္ၿပီး ပံုမွန္သန္႔စင္ေပးဖို႔ သသတိေပးပါ။ သန္႔စင္ျခင္းဟာ အညစ္အေၾကးေတြ၊ အဆီပိုေတြနဲ႔ ဆဲလ္ေသေတြ ဖယ္ရွားဖို႔အတြက္ အေရးႀကီးပါတယ။္

လက္ကိုသန္႔စင္ေအာင္ထားဖို႔ကလည္း အေရးႀကီးပါတယ္။ ညစ္ပတ္ေနတဲ့လက္ဟာ အညစ္အေၾကးနဲ႔ ပိုးမႊားေတြကို ျဖန္႔ျဖဴးေပးတတ္ပါတယ္။ လက္ေတြကို အေပ်ာ့စားဆပ္ျပာ၊ ေရသန္႔တို႔သံုးၿပီးေဆးေၾကာေပးပါ။ လက္ဖဝါး၊ လက္ေကာက္ဝတ္၊ လက္သည္းေအာက္နဲ႔  လက္ေခ်ာင္းေတြၾကားကိုပါ သန္႔စင္ပါ။ ဒီလိုေနရာေတြမွာ ဘက္တီးရီးယားေတြ ရွိေနတတ္ပါတယ္။

သန္႔စင္ဖို႔အသံုးျပဳတဲ့ထုတ္ကုန္ေတြ (cleansing products) ေတြဟာ ကေလးေတြရဲ႕ အသားအရည္နဲ႔သင့္ေလ်ာ္ဖို႔ လိုအပ္ပါတယ။္ အေမႊးနံ႔ သို႔မဟုတ္ အေရာင္ေတြ အမ်ားႀကီးမပါတဲ့ ထုတ္ကုန္ကို ေရြးခ်ယ္ပါ။ ေရဟာ မပူလြန္းမေအးလြန္းျဖစ္ရပါမယ္။ ၾကက္သီးေႏြးေရကေတာ့ အေကာင္းဆံုးေရြးခ်ယ္မႈပါပဲ။ ခႏၶာကိုယ္ကို ဆပ္ျပာတုိက္ၿပီးသန္႔စင္တဲ့အခါ ခ်ိဳင္းေအာက္နဲ႔ နားေနာက္ေနရာေတြကို သန္႔စင္ဖို႔မေမ့ပါနဲ႔။

မ်က္ႏွာကိုေတာ့ ပိုၿပီးဂရုစိုက္ပါ။ ကေလးက အပ်ိဳေပါက္၊ လူပ်ိဳေပါက္အရြယ္ေရာက္လာတဲ့အခ်ိန္မွာ အရည္ျပားက အဆီေတြကို ပိုၿပီးထုတ္ေပးတာေၾကာင့္ ဂရုတစိုုက္ သန္႔စင္ေပးဖို႔ မေမ့ပါနဲ႔။

မ်က္လံုးနဲ႔ ႏႈတ္ခမ္းက မိတ္ကပ္ေတြကို ဖယ္ရွားဖို႔ သီးသန္႔ထုတ္ကုန္ေတြရိွပါတယ္။မ်က္လံုးကို မထိခိုက္ေစဖို႔ အနံ႔မပါဝင္တဲ့ ထုတ္ကုန္ေတြကိုပဲ အသံုးျပဳပါ။
ေရဓာတ္က အေရးႀကီးပါတယ္။

တကယ္လို႔သင့္ကေလးမွာ အဆီျပန္တဲ့အသားအရည္ရွိခဲ့ရင္ သူတို႔က အစိုဓာတ္ထိန္းေဆး (Moisturizer)မလိုအပ္ဘူးလို႔ ထင္ေကာင္းထင္ပါလိမ့္မယ္။ ဒါေပမဲ့ အဆီျပန္တဲ့အသားအရည္ဟာ အဆီေတြပိုထုတ္ေပးေနတဲ့အေရျပားပါ။ ၿပီးေတာ့ က်န္းမာတဲ့အသားအရည္ဟာ ေရဓာတ္နဲ႔ အဆီမွ်တေနဖို႔လိုအပ္ပါတယ္။ အဆီျပန္တဲ့အသားအရည္အတြက္ အစိုဓာတ္ထိန္းေဆးဟာ အဆီမပါဝင္တာမ်ိဳးျဖစ္ရပါမယ္။

သန္႔စင္ၿပီး ေရဓာတ္ျဖည့္ၿပီးတဲ့အခ်ိန္မွာ Moisurizer ကိုလိမ္းေပးဖို႔ သတိေပးပါ။
အရည္ျပားကို ေနေရာင္ကာလိမ္းေဆးနဲ႔ ကာကြယ္ျခင္း

ေနေရာင္ကာလိမ္းေဆး (sunscreen)ဟာ အရည္ျပားကို ေနေရာင္ကလာတဲ့ ခရမ္းလြန္ေရာင္ျခည္ေတြေၾကာင့္ ပ်က္စီးျခင္းကေန ကာကြယ္ေပးပါတယ္။ အသားမည္းေနတယ္ဆိုရင္ေတာင္ ေနမေလာင္ဖို႔ ေနေရာင္ကာေဆးလိုအပ္ပါတယ္။ SPF ၃၀မွ ၄၀ထိပါဝင္တဲ့ ေနေရာင္ကာေဆးက အသင့္ေလ်ာ္ဆံုးပါ။

ေနကာမ်က္မွန္ေတြ၊ အက်ႌလက္ရွည္၊ ေဘာင္းဘီရွည္ေတြက အရည္ျပားကို ပိုၿပီးကာကြယ္ေပးႏုိင္ပါတယ္။ သင့္ကေလးကို မ်က္ႏွာဖံုးတပ္ဖို႔နဲ႔ ဦးထုပ္ေဆာင္းဖို႔ ေျပာျပေပးပါ။ နံနက္ ၁၀နာရီကေန ေန႔လည္၂နာရီၾကားအျပင္မထြက္ဖို႔ ေျပာပါ။
အရည္ျပားျပႆနာမ်ားကိုေျဖရွင္းျခင္း

တကယ္လို႔သင့္ကေလးမွာ ဝက္ျခံေတြေပါက္ေနခဲ့ရင္ အဲ့ဒါ ပံုမွန္ပါပဲ။ သူတို႔ကို မေၾကာက္ဖို႔ေျပာျပပါ။ အျခားေျမာက္ျမားလွစြာေသာ ဆယ္ေက်ာ္သက္ေတြဟာလည္း အရြယ္ေရာက္လာခ်ိန္မွာ ဝက္ျခံေပါက္တတ္ၾကပါတယ္။အဆီပိုေတြနဲ႔ အရည္ျပားေပၚက ဆဲလ္ေသေတြ၊ အညစ္အေၾကးေတြနဲ႔ ေရာလိုက္တဲ့အခါ ေခၽြးေပါက္ေတြကို ပိတ္ေစၿပီး ဝက္ျခံေတြျဖစ္လာပါေတာ့တယ္။ ဝက္ျခံေတြကို ရိုးရွင္းတဲ့ကုထံုးေတြနဲ႔ ကုသေပ်ာက္ကင္းေစႏုိင္ပါတယ္။

အဆီပါဝင္တဲ့ထုတ္ကုန္ေတြကို မသံုးဖို႔၊ အလြန္အကၽြံေခ်းမခၽြတ္ဖို႔ ဒါမွမဟုတ္ ဝက္ျခံေတြကို မေဖာက္ပစ္ဖို႔ ေျပာသင့္ပါတယ္။ အခ်ိဳ႕ေသာ OTCေဆးေတြ ဥပမာ benzoyl peroxide စတဲ့ေဆးေတြက ကူညီေပးႏုိင္ပါတယ္။ ဝက္ျခံက အေတာ္ဆိုးေနတယ္ဆိုရင္ ဆရာဝန္နဲ႔ ျပပါ။

သင့္ကေလးကို သူတို႔အရည္ျပားအတြက္ ဘယ္လိုဂရုစိုက္ရမယ္ဆိုတာ သင္ေပးျခင္းက က်န္းမာတဲ့အသားအရည္ကို ထိန္းသိမ္းႏုိင္ဖို႔အတြက္ အေရးပါလွပါတယ္။ သူတို႔ဟာ အရည္ျပားျပႆနာေတြကို ကုသဖို႔ ဒါမွမဟုတ္ ေရွာင္လႊဲႏုိင္ဖို႔အတြက္ ရိုးရွင္းတဲ့ အဆင့္အခ်ိဳ႕ကိုလည္း အသံုးျပဳႏုိင္ပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hello Health Group

# Unicode Version ျဖင့္ ဖတ္ပါ #

အရည်ပြားဟာ ခန္ဓာကိုယ်ကို ကာကွယ်ပေးပြီး ပတ်ဝန်းကျင်က အရာတွေကို ထိတွေ့ခံစားနိုင်ဖို့ လုပ်ဆောင်ပေးပါတယ်။ အသားအရည်ထိန်းသိမ်းခြင်းဟာ အရေးကြီးပါတယ်။ သင် သင်ပေးမယ့် အသားအရည်ထိန်းသိမ်းတဲ့နည်းလမ်းတွေက သင့်ကလေးအတွက် သူတို့အသားအရည်ကို တစ်သက်တာလုံး ကာကွယ်ပေးနိုင်ဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။

ဒါကြောင့် သင့်ကလေးကို သူတို့အသားအရည်အတွက် ဘယ်လိုဂရုစိုက်ရမယ်ဆိုတာ သင်ကြားဖို့ လိုကို လိုအပ်ပါတယ်။
အသားအရည်အမျိုးအစားတစ်ခုချင်းစီအတွက် မှန်ကန်တဲ့ အသားအရည်ထိန်းသိမ်းခြင်း အလေ့အထ

ကျန်းမာသန်စွမ်းတဲ့အသားအရည်အတွက်ဆိုရင် ပထမဆုံးသင့်ကလေးကို သင်ပေးသင့်တာက သူတို့ရဲ့ အသားအရည်အမျိုးအစားတွေပါ။ အသားအရည်အမျိုးအစားခွဲခြားခြင်းကိုတော့ ဆရာဝန်တွေ၊ အရည်ပြားအထူးကုတွေ၊ ဒါမှမဟုတ် သင်ကိုယ်တိုင်ကပဲ ပြုလုပ်နိုင်ပါတယ်။ ဒီအချက်တွေကို အခြေခံပြီးတော့ ခွဲခြားနိုင်ပါတယ်။

ပုံမှန်အသားအရည်။ ။ အသားအရည်ဟာ ညီညာချောမွတ်နေပြီး အထိအတွေ့က နူးညံ့ပါတယ်။ မြင်နိုင်တဲ့ ချွေးပေါက်တွေ၊ နီရဲနေတာတွေ၊ ဆားဝက်ခြံအမဲတွေနဲ့ အနီစက်တွေမရှိပါဘူး။ အသားအရည်ရဲ့ မျက်နှာပြင်က ခြောက်သွေ့လွန်းတာ ၊ အဆီပြန်လွန်းတာမဖြစ်ဘဲ ရေဓာတ်နဲ့အဆီက ညီညွတ်မျှတကာ သွေးလည်ပတ်မှု ကောင်းမွန်ပါတယ်။ ဒါဟာ ပြီးပြည့်စုံတဲ့ အသားအရည်အမျိုးအစားဖြစ်ပြီး အသားအရည်ထိန်းသိမ်းမှုတွေ အများကြီးလုပ်စရာမလိုတဲ့ အသားအရည်မျိုးပါ။

ခြောက်သွေ့တဲ့အသားအရည်။ ။ အသားဟာ ကြမ်းတမ်းလို့ အကြေးခွံတွေလို ကွာပြီးယားယံနေတတ်ပါတယ်။ မြင်နိုင်တဲ့ ချွေးပေါက်တွေလည်းရှိပြီး အသားပေါ်မှာ အရည်ပြားဆဲလ်တွေကွာနေတာကိုတောင် မြင်နေရပါတယ်။ ခြောက်သွေ့တဲ့အသားအရည်ဟာ ဆောင်းတွင်းလို ရေငွေ့နည်းတဲ့အချိန်မျိုးမှာ ပိုမိုခြောက်သွေ့တတ်ပါတယ်။ ဆပ်ပြာနဲ့ ချေးချွတ်လွန်ခြင်းတွေဟာ အရည်ပြားကို ပိုမိုခြောက်သွေ့စေပါတယ။်

အဆီပြန်တဲ့အသားအရည်။ ။ အရည်ပြားဟာ ဝင်းနေပါတယ်။ ချွေးပေါက်တွေပွင့်နေပြီး ဝက်ခြံတွေနဲ့ ဆားဝက်ခြံတွေလည်း ရှိနေပါတယ်။ အရည်ပြားပေါ်မှာ အဆီတွေကို တွေ့နေရပြီး အဆီပြန်တဲ့အသားအရည်ဟာ သန့်ရှင်းရေးပိုပြီးလုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ။်

ပေါင်းစပ်အသားအရည်။ ။ အရည်ပြားဟာ မေးစေ့၊ နဖူးနဲ့ နှာခေါင်းတွေမှာ အဆီပြန်ပြီး အခြားအစိတ်အပိုင်းတွေမှာ ခြောက်သွေ့နေတတ်ပါတယ်။ ချွေးပေါက်တွေကြီးနေတတ်ပြီး ဆားဝက်ခြံအချို့လည်း ရှိနေတတ်ပါတယ်။
အသားအရည်ကျန်းမာစေဖို့ သန့်စင်နည်း

သင့်ကလေးကို သူတို့ရဲ့အသားအရည်အမျိုးအစားပေါ်လိုက်ပြီး ပုံမှန်သန့်စင်ပေးဖို့ သသတိပေးပါ။ သန့်စင်ခြင်းဟာ အညစ်အကြေးတွေ၊ အဆီပိုတွေနဲ့ ဆဲလ်သေတွေ ဖယ်ရှားဖို့အတွက် အရေးကြီးပါတယ။်

လက်ကိုသန့်စင်အောင်ထားဖို့ကလည်း အရေးကြီးပါတယ်။ ညစ်ပတ်နေတဲ့လက်ဟာ အညစ်အကြေးနဲ့ ပိုးမွှားတွေကို ဖြန့်ဖြူးပေးတတ်ပါတယ်။ လက်တွေကို အပျော့စားဆပ်ပြာ၊ ရေသန့်တို့သုံးပြီးဆေးကြောပေးပါ။ လက်ဖဝါး၊ လက်ကောက်ဝတ်၊ လက်သည်းအောက်နဲ့  လက်ချောင်းတွေကြားကိုပါ သန့်စင်ပါ။ ဒီလိုနေရာတွေမှာ ဘက်တီးရီးယားတွေ ရှိနေတတ်ပါတယ်။

သန့်စင်ဖို့အသုံးပြုတဲ့ထုတ်ကုန်တွေ (cleansing products) တွေဟာ ကလေးတွေရဲ့ အသားအရည်နဲ့သင့်လျော်ဖို့ လိုအပ်ပါတယ။် အမွှေးနံ့ သို့မဟုတ် အရောင်တွေ အများကြီးမပါတဲ့ ထုတ်ကုန်ကို ရွေးချယ်ပါ။ ရေဟာ မပူလွန်းမအေးလွန်းဖြစ်ရပါမယ်။ ကြက်သီးနွေးရေကတော့ အကောင်းဆုံးရွေးချယ်မှုပါပဲ။ ခန္ဓာကိုယ်ကို ဆပ်ပြာတိုက်ပြီးသန့်စင်တဲ့အခါ ချိုင်းအောက်နဲ့ နားနောက်နေရာတွေကို သန့်စင်ဖို့မမေ့ပါနဲ့။

မျက်နှာကိုတော့ ပိုပြီးဂရုစိုက်ပါ။ ကလေးက အပျိုပေါက်၊ လူပျိုပေါက်အရွယ်ရောက်လာတဲ့အချိန်မှာ အရည်ပြားက အဆီတွေကို ပိုပြီးထုတ်ပေးတာကြောင့် ဂရုတစိုုက် သန့်စင်ပေးဖို့ မမေ့ပါနဲ့။

မျက်လုံးနဲ့ နှုတ်ခမ်းက မိတ်ကပ်တွေကို ဖယ်ရှားဖို့ သီးသန့်ထုတ်ကုန်တွေရှိပါတယ်။မျက်လုံးကို မထိခိုက်စေဖို့ အနံ့မပါဝင်တဲ့ ထုတ်ကုန်တွေကိုပဲ အသုံးပြုပါ။
ရေဓာတ်က အရေးကြီးပါတယ်။

တကယ်လို့သင့်ကလေးမှာ အဆီပြန်တဲ့အသားအရည်ရှိခဲ့ရင် သူတို့က အစိုဓာတ်ထိန်းဆေး (Moisturizer)မလိုအပ်ဘူးလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမဲ့ အဆီပြန်တဲ့အသားအရည်ဟာ အဆီတွေပိုထုတ်ပေးနေတဲ့အရေပြားပါ။ ပြီးတော့ ကျန်းမာတဲ့အသားအရည်ဟာ ရေဓာတ်နဲ့ အဆီမျှတနေဖို့လိုအပ်ပါတယ်။ အဆီပြန်တဲ့အသားအရည်အတွက် အစိုဓာတ်ထိန်းဆေးဟာ အဆီမပါဝင်တာမျိုးဖြစ်ရပါမယ်။

သန့်စင်ပြီး ရေဓာတ်ဖြည့်ပြီးတဲ့အချိန်မှာ Moisurizer ကိုလိမ်းပေးဖို့ သတိပေးပါ။
အရည်ပြားကို နေရောင်ကာလိမ်းဆေးနဲ့ ကာကွယ်ခြင်း

နေရောင်ကာလိမ်းဆေး (sunscreen)ဟာ အရည်ပြားကို နေရောင်ကလာတဲ့ ခရမ်းလွန်ရောင်ခြည်တွေကြောင့် ပျက်စီးခြင်းကနေ ကာကွယ်ပေးပါတယ်။ အသားမည်းနေတယ်ဆိုရင်တောင် နေမလောင်ဖို့ နေရောင်ကာဆေးလိုအပ်ပါတယ်။ SPF ၃၀မှ ၄၀ထိပါဝင်တဲ့ နေရောင်ကာဆေးက အသင့်လျော်ဆုံးပါ။

နေကာမျက်မှန်တွေ၊ အကျႌလက်ရှည်၊ ဘောင်းဘီရှည်တွေက အရည်ပြားကို ပိုပြီးကာကွယ်ပေးနိုင်ပါတယ်။ သင့်ကလေးကို မျက်နှာဖုံးတပ်ဖို့နဲ့ ဦးထုပ်ဆောင်းဖို့ ပြောပြပေးပါ။ နံနက် ၁၀နာရီကနေ နေ့လည်၂နာရီကြားအပြင်မထွက်ဖို့ ပြောပါ။
အရည်ပြားပြဿနာများကိုဖြေရှင်းခြင်း

တကယ်လို့သင့်ကလေးမှာ ဝက်ခြံတွေပေါက်နေခဲ့ရင် အဲ့ဒါ ပုံမှန်ပါပဲ။ သူတို့ကို မကြောက်ဖို့ပြောပြပါ။ အခြားမြောက်မြားလှစွာသော ဆယ်ကျော်သက်တွေဟာလည်း အရွယ်ရောက်လာချိန်မှာ ဝက်ခြံပေါက်တတ်ကြပါတယ်။အဆီပိုတွေနဲ့ အရည်ပြားပေါ်က ဆဲလ်သေတွေ၊ အညစ်အကြေးတွေနဲ့ ရောလိုက်တဲ့အခါ ချွေးပေါက်တွေကို ပိတ်စေပြီး ဝက်ခြံတွေဖြစ်လာပါတော့တယ်။ ဝက်ခြံတွေကို ရိုးရှင်းတဲ့ကုထုံးတွေနဲ့ ကုသပျောက်ကင်းစေနိုင်ပါတယ်။

အဆီပါဝင်တဲ့ထုတ်ကုန်တွေကို မသုံးဖို့၊ အလွန်အကျွံချေးမချွတ်ဖို့ ဒါမှမဟုတ် ဝက်ခြံတွေကို မဖောက်ပစ်ဖို့ ပြောသင့်ပါတယ်။ အချို့သော OTCဆေးတွေ ဥပမာ benzoyl peroxide စတဲ့ဆေးတွေက ကူညီပေးနိုင်ပါတယ်။ ဝက်ခြံက အတော်ဆိုးနေတယ်ဆိုရင် ဆရာဝန်နဲ့ ပြပါ။

သင့်ကလေးကို သူတို့အရည်ပြားအတွက် ဘယ်လိုဂရုစိုက်ရမယ်ဆိုတာ သင်ပေးခြင်းက ကျန်းမာတဲ့အသားအရည်ကို ထိန်းသိမ်းနိုင်ဖို့အတွက် အရေးပါလှပါတယ်။ သူတို့ဟာ အရည်ပြားပြဿနာတွေကို ကုသဖို့ ဒါမှမဟုတ် ရှောင်လွှဲနိုင်ဖို့အတွက် ရိုးရှင်းတဲ့ အဆင့်အချို့ကိုလည်း အသုံးပြုနိုင်ပါလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Hello Health Group
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top