iMyanmarHouse.com - Best Property Website for Myanmar
×

ႏိုက္ဂ်ီးရီးယား ႏိုင္ငံတြင္ အေသခံ ဗံုးသမား ေလးဦး၏ ျဖန္႔က်က္ တိုက္ခုိက္မႈေၾကာင့္ အနည္းဆံုး လူ ၁၀ ဦး ေသဆံုးခဲ့ေၾကာင္း သိရသည္။
ဘိုကိုဟာရမ္ စစ္ေသြးႂကြမ်ား လႈပ္ရွားေနရာ ႏုိင္ငံ အေ႐ွ႕ေျမာက္ပိုင္းရွိ ဘိုႏိုျပည္နယ္အတြင္းမွ မိုင္ဒူဂူရီၿမိဳ႕တြင္ ႏုိဝင္ဘာ ၁၅ ရက္က တိုက္ခိုက္မႈမ်ား ေပၚေပါက္လာျခင္း ျဖစ္သည္။ မ်က္ျမင္မ်ားက အေသခံ ဗံုးသမားမ်ားတြင္ အမ်ိဳးသမီးမ်ားပါ ပါဝင္ခဲ့ေၾကာင္း ဆိုသည္။

မည္သည့္ အဖဲြ႕အစည္းကမွ် ထိုတိုက္ခုိက္မႈအတြက္ တာဝန္ခံ ေၾကညာျခင္း မရွိေသးေသာ္လည္း ဘိုႏိုျပည္နယ္တြင္ ယခင္က အၾကမ္းဖက္ တိုက္ခုိက္မႈမ်ားကို ဘိုကိုဟာရမ္တို႔သာ အဓိက က်ဴးလြန္ေလ့ရွိသည္။ ဘိုကိုဟာရမ္မ်ားသည္ အၾကမ္းဖက္ ဗံုးခြဲမႈအတြက္ အမ်ိဳးသမီးမ်ားကိုလည္း အသံုးခ်ေလ့ရွိသည္။

ပထမဆံုး ဗံုးခြဲမႈသည္ ညေနပိုင္း ဝတ္ျပဳသူမ်ား စု႐ံုးေနစဉ္ ျဖစ္ပြားခဲ့ၿပီး လူ ၇ ဦး ေသဆံုးခဲ့သည္။ အျခား ဗံုးသမား တစ္ဦးကမူ ေနအိမ္တစ္လံုးထဲတြင္ စနက္တံျဖဳတ္ ေဖာက္ခြဲခဲ့ျခင္း ျဖစ္သည္။ ေနာက္ထပ္ ဗံုးသမား ႏွစ္ဦးကမူ ၎တို႔၏ ပစ္မွတ္ေနရာသို႔ မေရာက္ခင္ အသီးသီး ဗံုးခြဲျဖစ္ခဲ့သည္ဟု ယူဆရသည္။ ျဖစ္စဉ္အတြင္း ဒဏ္ရာရသူ အမ်ားအျပားလည္း ရွိခဲ့ေၾကာင္း သိရသည္။

ဘိုကိုဟာရမ္တို႔သည္ ဘိုႏိုကို အေျချပဳ လႈပ္ရွားကာ အုိင္အက္စ္အဖြဲ႕နည္းတူ အစၥလာမ္မစ္ ကိုယ္ပိုင္ႏုိင္ငံတစ္ခု ထူေထာင္ရန္ ႀကိဳးစားေနသည္။ ၂၀၀၉ ခုႏွစ္ကတည္းက အစျပဳခဲ့သည့္ ဘုိကိုဟာရမ္ လႈပ္ရွားမႈမ်ားေၾကာင့္ ႏုိက္ဂ်ီးရီးယားတြင္ လူေပါင္း ေထာင္ေသာင္းခ်ီ ေသဆံုးၿပီး သန္းႏွင့္ခ်ီ ေနရပ္စြန္႔ခြာ ထြက္ေျပးခဲ့ၾကရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


နိုက်ဂျီးရီးယား နိုင်ငံတွင် အသေခံ ဗုံးသမား လေးဦး၏ ဖြန့်ကျက် တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဘိုကိုဟာရမ် စစ်သွေးကြွများ လှုပ်ရှားနေရာ နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဘိုနိုပြည်နယ်အတွင်းမှ မိုင်ဒူဂူရီမြို့တွင် နိုဝင်ဘာ ၁၅ ရက်က တိုက်ခိုက်မှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ မျက်မြင်များက အသေခံ ဗုံးသမားများတွင် အမျိုးသမီးများပါ ပါဝင်ခဲ့ကြောင်း ဆိုသည်။

မည်သည့် အဖွဲ့အစည်းကမျှ ထိုတိုက်ခိုက်မှုအတွက် တာဝန်ခံ ကြေညာခြင်း မရှိသေးသော်လည်း ဘိုနိုပြည်နယ်တွင် ယခင်က အကြမ်းဖက် တိုက်ခိုက်မှုများကို ဘိုကိုဟာရမ်တို့သာ အဓိက ကျူးလွန်လေ့ရှိသည်။ ဘိုကိုဟာရမ်များသည် အကြမ်းဖက် ဗုံးခွဲမှုအတွက် အမျိုးသမီးများကိုလည်း အသုံးချလေ့ရှိသည်။

ပထမဆုံး ဗုံးခွဲမှုသည် ညနေပိုင်း ဝတ်ပြုသူများ စုရုံးနေစဉ် ဖြစ်ပွားခဲ့ပြီး လူ ၇ ဦး သေဆုံးခဲ့သည်။ အခြား ဗုံးသမား တစ်ဦးကမူ နေအိမ်တစ်လုံးထဲတွင် စနက်တံဖြုတ် ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်။ နောက်ထပ် ဗုံးသမား နှစ်ဦးကမူ ၎င်းတို့၏ ပစ်မှတ်နေရာသို့ မရောက်ခင် အသီးသီး ဗုံးခွဲဖြစ်ခဲ့သည်ဟု ယူဆရသည်။ ဖြစ်စဉ်အတွင်း ဒဏ်ရာရသူ အများအပြားလည်း ရှိခဲ့ကြောင်း သိရသည်။

ဘိုကိုဟာရမ်တို့သည် ဘိုနိုကို အခြေပြု လှုပ်ရှားကာ အိုင်အက်စ်အဖွဲ့နည်းတူ အစ္စလာမ်မစ် ကိုယ်ပိုင်နိုင်ငံတစ်ခု ထူထောင်ရန် ကြိုးစားနေသည်။ ၂၀၀၉ ခုနှစ်ကတည်းက အစပြုခဲ့သည့် ဘိုကိုဟာရမ် လှုပ်ရှားမှုများကြောင့် နိုက်ဂျီးရီးယားတွင် လူပေါင်း ထောင်သောင်းချီ သေဆုံးပြီး သန်းနှင့်ချီ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top