Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×

..
..
..
..
..
..

#Unicode Version#
 ထိုင်းနိုင်ငံ ခါဘင်ဘူရီခရိုင်၌ သတို့ သမီးမိသားစုကတောင်းခံသော တင် တောင်းငွေကိုမပေးနိုင်သောကြောင့် မင်္ဂလာဧည့်ခံပွဲသို့ရောက်ရှိမလာသည့်သတို့ သားကို သတို့သမီးက စိတ်ပိုင်းဆိုင်ရာနှင့် ငွေကြေးထိခိုက်နစ်နာမှုဖြင့် တရားစွဲဆို လိုက်သည်ဟု သိရသည်။
..
အသက် ၂၆ နှစ်အရွယ်ဘွန်ယန်းနှင့် အသက် ၂၄ နှစ်အရွယ်အာရန်နီဂျန်ကရာ ချန်တို့သည် အောက်တိုဘာလ ၂၂ ရက် တွင် မင်္ဂလာပွဲကျင်းပမည်ဖြစ်သော်လည်း သတို့သားက ပေါ်မလာခဲ့ပေ။
..
မင်္ဂလာပွဲမ တိုင်မီတစ်ရက်အလိုတွင် မင်္ဂလာဇနီး မောင်နှံသည် သတို့သမီးမိဘများနှင့်တွေ့ ဆုံကာ ဧည့်ခံပွဲအတွက်တိုင်ပင်စီစဉ် ဆောင်ရွက်နေခဲ့ကြပြီး သတို့သားက လည်း စိတ်ပါဝင်စားစွာလိုက်ပါဆောင် ရွက်ခဲ့သည်။
..
မင်္ဂလာပွဲနေ့တွင် သတို့သား က နောက်ကျနေသောကြောင့် ဖုန်းဆက်သည့်အခါ အကြိမ်ပေါင်းများစွာဆက်မှ ဖုန်းကိုင်ပြီး ဧည့်ခံပွဲအချိန်ကိုနောက်ဆုတ် ပေးရန်ဆိုခဲ့သည်။
..
၆ နာရီမှ ၉ နာရီသို့ရွှေ့ လိုက်သည့်တိုင်အောင် သတို့သားကပေါ် မလာသေးသောကြောင့် ဖုန်းထပ်ဆက်ရာ တွင် အဆက်အသွယ်ပြတ်သွားခဲ့ပြီး နေ အိမ်သို့လိုက်သွားကြည့်သည့်အခါ သတို့သားနှင့်အတူ တစ်မိသားစုလုံးမရှိတော့ သည်ကို မြင်တွေ့ခဲ့ရသည်။ နောက်ပိုင်းမှ သတို့သားသည် တင်တောင်းငွေမပေးနိုင် သည့်အတွက်ထွက်ပြေးသွားသည်ကို သိရှိခဲ့ကြခြင်းဖြစ်သည်။
..
နှစ်ဖက်မိသားစု သည် ဒေါ်လာ ၆၀၂၅ တန်ဖိုးရှိသည့်ငွေ သားနှင့်ရွှေတုံးများဖြင့်တင်တောင်းရန် သဘောတူထားခဲ့ကြခြင်းဖြစ်ပြီး သတို့ သားက တင်တောင်းငွေကိုမတတ်နိုင် ကြောင်း ပွင့်ပွင့်လင်းလင်းမပြောခဲ့ခြင်း ဖြစ်သည်။
..
သတို့သမီးမိသားစုသည် မင်္ဂလာပွဲအတွက် ၃၀၁၈ ဒေါ်လာကုန်ကျခဲ့ပြီး အစားအသောက်အတွက် စားသောက် ဆိုင်ကိုလည်း ၆၆၄ ဒေါ်လာအကြွေးတင်နေသေးသည်ဟု သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: PM(Phyo Kyaw Htet)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top